ခေတ်သစ် အိမ်ရှင်

Ma MaJuly 3, 20111min15912

ခေတ်တွေ အမျိုးမျိုး ပြောင်းလာခဲ့ပါပြီ။ အင်တာနက်ခေတ်မှာ ကမာ္ဘကြီးဟာ ရွာကြီးတစ်ရွာလို့တောင် ပြောနေကြရပြီ မဟုတ်လား။
မန်းဂေဇက်ရွာကြီးထဲမှာလည်း ရွာသူရွာသားတွေများလာလို့ လူဦးရေထူထပ်မှုစာရင်းကို သဂျီးက မကြာခဏ တင်ပြနေလို့ သိရှိရပါတယ်။
ခေတ်တွေပြောင်းလာတာနဲ့အတူ အရှေ့တိုင်းနဲ့ အနောက်တိုင်း လူတွေရဲ့ အသိပညာတွေ၊ ယဉ်ကျေးမှုတွေကလည်း ကူးလူးလာပါတယ်။
အရင်ကဆို ဆန့်ကျင်ဖက်လို့ ထင်နေကြရာကနေ ခုဆို အနောက်တိုင်း ချွေးမတွေရဲ့ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေ ဘယ်လောက်များကြာင်းကို သိလာကြရတယ်။
အရှေ့တိုင်းသားကလည်း လိုက်နာချင်ရင် ပိုမိုယဉ်ကျေးတဲ့၊ သိမ်မွေ့တဲ့ အနောက်တိုင်းက စည်းကမ်းတွေ၊ ယဉ်ကျေးမှုတွေကို သိနိုင် လိုက်နာ နိုင်ကြပါပြီ။
ဥပမာ- တံခါးကို ဖွင့်ပြီး သွားရတဲ့အခါမှာ နောက်လူတွေရှိရင် အဲဒီလူတွေ အားလုံး ထွက်ပြီးတဲ့အထိ တံခါးကို ကိုင်ပေးထားရတာမျိုးတွေပေ့ါ။
ကျမတို့လည်း မန်းဂေဇက်ရွာထဲမှာ နေရင်းထိုင်ရင်း စာတွေဖတ်ရင်းမှာပဲ ခရီးသွား ဆောင်းပါးတွေ ဖတ်မိပြီး ဧည့်သည်သွားလုပ်ရင် လက်ဆောင်ယူသွားရမယ်ဆိုတဲ့ ယဉ်ကျေးမှုကို သိလာကြရပါတယ်။
ခုတလောမှ တိုက်တိုက်ဆိုင်ဆိုင် ဧည့်သည်ပိုစ့်ကို တင်ပြီးချိန်မှာပဲ ဧည့်သည်တစ်ယောက် ရောက်လာပါတယ်။ လာတောင့်လာခဲ ဧည့်သည်မို့ ဧည့်ဝတ်ကျေအောင် သွားချင်တဲ့ နေရာလေးတွေ လိုက်ပို့ပေးဖို့ စဉ်းစားထားတာပေ့ါ။ ဧည့်သည်က ရန်ကုန်ရောက်ပြီဆိုတာကို ဖုံးဆက်တော့ တွေ့ရမယ့် နေရာကို ချိန်းပါတယ်။
ရန်ကုန်ကို မကျွမ်းတဲ့ ဧည့်သည်မို့ အိမ်ကလည်း လမ်းညွှန်ရခက်တာမို့ သူသွားတတ်မယ့် နေရာကို ချိန်းလိုက်တော့ လမ်းပေါ်မှာ စောင့်ခိုင်းသလို ဖြစ်သွားပါတယ်။
ဒါပေမယ့်လည်း မတတ်နိုင်တာမို့ ကိုယ်ကိုယ်ကိုတော့ ဧည့်ဝတ်မကျေဘူးလို့ မပြောရက်ဘူးပေ့ါ။ (ပြောစရာရှိရင် ဧည့်သည်က ပြောပါလိမ့်မယ်။) 🙂
သူကလည်း ခေတ်သစ် ဧည့်သည်မို့ အိမ်ရှင်အတွက် လက်ဆောင် ယူလာပါတယ်။ ဧည့်သည်က ယူလာတော့လည်း အားနာစရာကြီးလို့ ပြောပြီး အိမ်ရှင်က ယူထားလိုက်ရတာပေ့ါ။ 🙂
အိမ်ရှင်လုပ်တဲ့အခါ လိုက်နာရမယ့်၊ ကျင့်သုံးသင့်တဲ့ စည်းမျဉ်းစည်းကမ်းတွေအရ မနက်စာနဲ့ ဧည့်ခံလိုက်မယ်လို့ စဉ်းစားလိုက်တော့ ထူးထူးခြားခြားလေး ဖြစ်သွားအောင်ဆိုပြီး သတ်သတ်လွတ် ဘုန်းကြီးကျောင်းမှာ ကျွေးလိုက်ပါတယ်။ (အကုန်အကျ များမှာစိုးလို့ မဟုတ်ပါ။) 😀
သွားရင်းလာရင်း ကြုံတာနဲ့ စုပေါင်းဒါနလေး လုပ်ဖြစ်တာတော့ ဝမ်းသာစရာပေါ့။
တစ်မနက်လုံး နေရာတော်တော်များများကို လိုက်လည်ကြပါတယ်။
ညနေစောင်းလောက်ကျတော့ အအေးသောက်ရအောင်ဆိုပြီး သာကေတက ရွှေပုဇွန် ကို သွားပြီး အအေးသောက်ကြပါတယ်။
အဲဒီမှာ ဧည့်သည်က သူမွေးနေ့နဲ့ ကြုံတာမို့ သူကျွေးမယ်လို့ ပြောပါတယ်။ အဲဒီတော့လည်း ရန်ကုန်သားပီပီ အားလည်းနာတယ်၊ ခင်လည်းခင်တယ်ပေ့ါ။
စားပြီးသောက်ပြီးချိန်မှာတော့ အိမ်ပြန်ဖို့ ဧည့်သည်ကို လိုက်ပို့ပါတယ်။
ဧည့်သည်ကို ပြန်ပို့ပြီး အိမ်ပြန်ရောက်တော့ စာရင်းတွက်ကြည့်လိုက်တဲ့အခါမှာ မောင်ကြောင်ဖားလို “ဟိုက်” လို့ အော်စရာမလိုပဲ ဧည့်သည်ယူလာပေးတဲ့ လက်ဆောင်လေးတွေကို စားသောက်ရင်း ဒါလည်း ခေတ်သစ်အိမ်ရှင် လုပ်နည်းပါပဲလားလို့။ 😀

12 comments

  • manawphyulay

    July 3, 2011 at 12:31 pm

    မဆိုးဘူး။ အိမ်ရှင်တွေအနေနဲ့ လိုက်နာမှတ်သားပြီး မနက်ကတော့ ဧည့်သည်ကို ဧည့်ခံတဲ့ လေးပေါက်ကို ဆင်ဖြူတော်မှီပြီး လေးဖက် ကျွေးတာတွေ စားခဲ့ရတဲ့ အိမ်ရှင်လုပ်နည်းတစ်မျိုးပါပဲ အဟဲ…..

  • weiwei

    July 3, 2011 at 12:32 pm

    ခေတ်သစ်ဧည့်သည်ကို ဧည့်ခံရတာ တယ်ကောင်းပါလား …
    အိမ်ကိုတောင် ဧည့်သည်ကို ခေါ်စရာမလိုလိုက်ဘူးနော် … 😛

  • ဆူး

    July 3, 2011 at 2:12 pm

    ဘုန်းကြီး ကျောင်း ဆိုတော့ ဖလား ဝါးတီး စိတ်ကြိုက်ဆွဲလို့ရတာပဲ.. မိုက်တယ်.. ဟဲဟဲ.. နောက်ဆို.. ဧည့်သည်တွေ ကို ဘုန်းကြီးကျောင်း ခေါ်ခေါ် သွားရမယ်။

  • တညင်သား

    July 3, 2011 at 2:46 pm

    “နောက်တော့.. တညင်သားစီက လူကြုံနဲ့ စာရောက်လာပါလိမ့်မယ် ဆွေတွေ မျိုးတွေက ဧည့်ဝတ်ကျေပွန်တဲ့ မမ ကို ချီးမွမ်းခန်းဖွင့်ထားကြောင်း.. နောက်မကြာခင် ဧည့်သည်ထပ်ရောက်လာမယ့်အကြောင်း ဖတ်ရပါလိမ့်အုံးမယ်…ခင်ဗျားးးးး …:)

  • နောက်ဒီလိုဧည့်သည်မျုးိလာရင် သံချောင်းခေါက်ပါဗျို့။
    အိမ်ရှင်လုပ်ချင်လို့ပါနော်။
    မမရေးသလိုဆိုရင ်သိပ်ပျော်စရာကောင်းမှာဘဲနော်။
    နောက်တစ်ခါသွားရင် ကျနော်လဲခေါ်နော်။
    မေ့မထားနဲ့။

  • shweminthar

    July 3, 2011 at 3:11 pm

    ပျော်စရာကြီးပေါ့…….
    ဝမ်းသာပါတယ်ဗျာ။
    ဧည့်သည်ကြီးပျော်နေတဲ့ပုံကို မျက်လုံးထဲမှာ မြင်မိပါတယ်။

  • fatty

    July 3, 2011 at 3:21 pm

    ရွှေမင်းသားကတော့ လတ်တလော ဧည့်သည်ဖြစ်နေတဲ့ ကိုပေါက်ကိုဆော်ပြီ

  • forever

    July 4, 2011 at 2:13 am

    တအိမ်လုံးလှုပ်ရှားမှ အဆင်ပြေနိင်တဲ.ခေတ်ကြီးမှာ
    အချိန်ဆိုတာ တော်တော်ရှားနေတာမို.
    ကျွန်တော်ကတော.ဧည်.သယ်လုပ်တော.မယ်ဆိုရင်
    အိမ်ရှင်အား မအား သေချာအောင် မေးပြီးမှသွား လည်ဖြစ်တော.တယ်

  • pan pan

    July 4, 2011 at 4:09 am

    ဒီတိုင်းဆိုရင်တော့ မမက အတော်ကံကောင်းတာပဲ
    ဒီလိုမျိုး ကြုံဖူးသေးဘူး

  • bigcat

    July 4, 2011 at 4:10 am

    ရိုက်စားတွေ မလုပ်ကြစမ်းပါနဲ့ … တနေ့က ဦးဖက်တီးရေးခဲ့တဲ့ ပို့စ်ခေါင်းစဉ်နာမည်တခုပါ။

  • MaMa

    July 4, 2011 at 2:33 pm

    ကိုယ်တစ်ယောက်တည်း ခေတ်သစ်အိမ်ရှင် ထင်နေတာ မနောကပါ ခေတ်သစ်အိမ်ရှင်ဖြစ်နေပါလား။
    ခေတ်သစ်ဧည့်သည်က သိတတ်တယ်လေ မုန့်လည်း ယူလာပေးတယ်။ ကျွေးလည်း ကျွေးသွားသေးတယ် ဝေဝေရ။
    ဆူးလည်း ဧည့်သည် ဧည့်ခံနည်း တစ်မျိုး ရသွားပြီပေ့ါ နော်။
    တညင်သားရေ- ခေတ်သစ်ဧည့်သည်မျိုးဆိုရင်တော့ လာလို့ရပါတယ်။
    အိမ်ရှင်လုပ်ချင်တယ်လည်း ပြောသေးတယ်။ မန္တလေး လာလည်ပါလို့တော့ မပြောပါလား ကိုပေါက်ရ။
    ရွှေမင်းသားလည်း ပိုစ့်ဖတ်ပြီး အပျော်ဓာတ် ကူးသွားရတာပေ့ါ။
    ဦးဖက် ကတော့ နေရစ်တော့ ခေတ်ဟောင်း စနစ်ဟောင်းရဲ့ အိမ်ရှင် ပဲ။ ဦးဖက်လိုတော့ ခေတ်ဟောင်းအိမ်ရှင် မလုပ်ချင်ဘူး။ 🙂
    forever ရဲ့ အိမ်ကို လာလည်ခါနီးရင်လည်း အားမအား သေသေချာချာ မေးပါ့မယ်။
    pan pan ရေ- ကံကောင်းချင်ရင် ဧည့်သည်ရွေးပြီးမှ ဖိတ်လေ။
    ရိုက်စား မဟုတ်ပါဘူး ဦးကြောင်ရယ်။ လိုက်စားပါ။ ဧည့်သည်နဲ့ လိုက်စားတာလေ။ 🙂

  • padonmar

    July 6, 2011 at 9:19 pm

    တော်ပြီ။မမနဲ့ဆိုရင် ဧည့်သည် မလုပ်ဘူး။ဧည့်မြှောင်ဘဲလုပ်မယ်။

Leave a Reply