iPhone လိုချင်သည့်​ တရုတ်မိန်း​ကေ​လး​ အပျိုစင်ဘဝနှင့်​ အလဲအလှယ် လုပ်မည်ဟုဆို

“တရုတ်နိုင်ငံတွင် လူငယ်ပိုင်း​များ​မှာ Appleကုမ္ပဏီထုတ် iPhone တစ်လုံး​ ပိုင်ဆိုင်နိုင်ရန် အလွန်ရူး​သွပ် ေ​တာင့်​တ​နေ​လေ့​ ရှိသည်ကို မိန်း​ကလေး​ တစ်ဦး​က သက်သေပြခဲ့​သည်။ အသက် ၂ဝ ဝန်း​ကျင်သာ ရှိ​သေး​သာ တရုတ်မိန်း​ကေ​လး​ တစ်ဦး​

i phone 4
i phone 4

သည်  Weibo (တရုတ် Version ဖြစ်သည့်​ Twitter)တွင် သူမအ ​နေနှင့်​  iPhone 4 တစ်လုံး​ကို ပိုင်ဆိုင်ရန် ဆန္ဒရှိ​  နေေြ​ကာင်း​၊​ သို့ေ​သာ်လည်း​ ဝယ်ယူရန် မတတ်နိုင်သဖြင့်​ ထိုဖုန်း​ကို ဝယ်ယူေ​ပး​သူအား​ သူမ၏ အပျိုစင်ဘဝကို ေ​ပး​အပ်ရန် အသင့်ရှိေြ​ကာေ​ပြာကြား​ခဲ့​သည်။ ထိုမိန်း​က​လေး​က သူမအတွက် iPhone 4 တစ်လုံး​ ဝယ်ေ​ပး​သူ မည်သူနှင့်​မဆို တစ်ညအိပ်မည်ဟု Weibo တွင် ​ရေး​သား​ခဲ့​သည်။ ဂွမ်​ဒေါင်း​တွင်နေထိုင်ေ​သာ မိန်း​ကေ​လး​က သူမသည် iPhone 4 ကို အလွန်နှစ်သက်ပြီး​ လိုချင်​နေမိေြ​ကာင်း​လည်း​ ဝန်ခံထား​သည်။ သို့သော်လည်း​ သူမ၏ Post​ အောက်တွင် အများ​စုက မပြုလုပ်သင့်​သည့်​ ရူး​မိုက်​သော ကမ်း​လှမ်း​မှု တစ်ခုဟု ေ​ဝဖန်ေ​ရး​သား​ခဲ့​သည်။ထိုအပြင် အခြားေ​သာ အဆင်အခြင် နည်း​ပါး​သည့်​ မိန်း​ကေ​လး​ငယ်များ​လည်း​ အလား​တူ လုပ်ရပ်မျိုး​ ပြုလုပ်လာမည်ကို အချို့က စိုး​ရိမ်ေ​နကြ သည်။ ပြီး ​ခဲ့​သည့်​ ဧပြီလကလည်း​ တရုတ်နိုင်ငံမှ အသက် ၁ရ နှစ်အရွယ် လူငယ်​လေး​ တစ်ဦး​သည် Apple၏ ထုတ်လုပ်သည့်​ Tablet ကွန်ပျူတာ iPad 2အား​ ဝယ်ယူနိုင်ရန် ၎င်း၏ ​ကျောက်ကပ် တစ်လုံး​ကို ခွဲထုတ်​ရာင်း​စားခဲ့ေြ​ကာင်း​ သိရှိရသည်။

သတင်းမူရင်း — လူထုအသံ

အော် ဖြစ်မှဖြစ်ရလေ ကလေးမတို့ ရယ်။ လဲစရာရှားလို့ တခြားနည်းလမ်းတွေမရှိတော့ဘူးလား လို့သာမေးလိုက်ချင်တော့တယ်။ အာရှသားတို့ရဲ့ တန်ဖိုးထားမှုတွေ ရွေ့လာတဲ့ပြယုတ်တစ်ခုများလား။ i phone 4 တစ်လုံးရဲ့တန်ဖိုးက apple ရဲ့ site မှာရေးထားတဲ့အတိုင်းဆိုရင်တော့ 16 GB ကို ၁၉၉ ဒေါ်လာပါတဲ့။ ထားပါတော့ တရုတ်ပြည်မှာဝယ်ရင် အလွန်ဆုံး ၂၅၀-၃၀ဝ ပေ့ါ။ တရုတ်ငွေနဲ့ဆိုရင် ၁၆၀ဝ ယွမ်ပတ်ဝန်းကျင်လောက်ရှိမှာပေါ့။ သူမနေတဲ့ ဂွမ်ဒေါင်းမှာ အနည်းဆုံးလုပ်ခက ယွမ် ၈၀ဝ ကနေ ၁၃၀၀ အထိရပါတယ်တဲ့။ အလုပ်လုပ်ပြီးစုမယ်ဆိုရင်တောင် အကြာကြီးစုရမယ်မထင်ပါဘူး။

ပြောသာပြောရတာပါ။ ကိုယ်က သူ့ရဲ့အခြေအနေမှမသိတာ။ အပျိုစင်ဘဝဆိုတာ အရေးမကြီးသူတွေအတွက်တော့ တစ်ညလေးနဲ့ i phone 4 ရမှာ ဆိုတော့ အေးဆေးပဲ ဖြစ်ရင်ဖြစ်မှာပေါ့။ ကျောက်ကပ်နဲ့လဲတဲ့သူငယ်လေးကတော့ သူ့ထက် ပိုစွန့်စားရတယ်ထင်တာပဲ။ သူ့ခမျာ ခွဲစိပ်ခန်းဝင်ရမယ်။ ခန္ဒာကိုယ်ရဲ့ အစိတ် အပိုင်းတစ်ခုကို ခွဲထုတ်ဖြတ်ပေးရတာ။

သူတို့ဘာလို့ i phone ကိုဒီလောက်ရူးသွပ်နေတာလဲ။ iphone လေးက လှတယ်၊ နည်းပညာမှာလည်း မြင့်တယ်။ သုံးလို့ရတဲ့ application တွေကလည်းစုံတယ်။ ဒီလောက်ပါပဲ။ ဒါပေမယ့် ဒီ iphone လေးကိုမှ ကိုင်လိုက်ရရင် လူရာဝင်သလို သူများတွေထက်ရှေ့ရောက်သွားသလိုခံစားရတဲ့ ဘဝင်စိတ်ကလေးကပိုများမယ်ထင်တာပါပဲ။ လူငယ်တွေကြားထဲမှာ ခေတ်စားနေတဲ့ trend တစ်ခုပေါ့။ phone ရဲ့ function တွေသုံးချင်တာဆိုရင်တော့ တရုတ်ကထုတ်တဲ့ ဈေးချိုတဲ့ဖုံးတွေလည်း iphone လောက်မဟုတ်တောင်မှ သူ့လောက်နီးနီး သုံးလို့ရတဲ့ ဖုံးတွေရှိနေတာပဲ။

အော်. . . ဂုဏ် . . ဂုဏ် . . ဂုဏ် . .
ဂုဏ် ဆိုတာ i phone ကိုခေါ်တယ်လို့သာ ဆိုရမလိုဖြစ်နေပြီလား။ တို့မြန်မာနိုင်ငံမှာကော ဒီလိုမျိုးတွေရှိနေပြီလားကွယ်. . .

34 comments

  • windtalker

    July 4, 2011 at 4:38 am

    ပိုက်ဆံ ရှာနေရသော ပိုက်ဆံ စု မိနေသော ပိုက်ဆံ ထောသော ပေါသော ကိုကို ဦးဦး ညီညီ တို ့အတွက် သတင်းကောင်းပေါ့နော် ။ ရောင်းသူ ဝယ်သူ စိတ်ချမ်းသာ ကျေနပ်မှု အပြည့်အဝ ရှိမယ့် အရောင်းအဝယ် တစ်မျိုးပေါ့လေ ။ ဟီဟိ

  • pan pan

    July 4, 2011 at 5:28 am

    ပိုက်ဆံ ပိုက်ဆံ အားလုံးလိုအပ်တယ်
    ပိုက်ဆံ ပိုက်ဆံ ရှာရန်မလွယ်ဘူးကွယ်
    အဓိကကတော့ iphone ဝယ်ဖို့ ပိုက်ဆံမရှိလို့ပေ့ါနော်

  • နွယ်ပင်

    July 4, 2011 at 6:07 am

    iphone တစ်လုံးနဲ့ ကိုယ့်ရဲ့အပျိုစင် ဘဝကိုလဲမယ်ဆိုတော့ သူက သူ့ကိုယ်သူ iphone တစ်လုံးလောက်ပဲ တန်ဖိုးရှိတယ်လို့ ယူဆနေပုံရတယ်

  • PaukPhaw

    July 4, 2011 at 6:14 am

    ဟိတ်..ဟိတ်..
    ဒီသတင်းမပြန် ့စေနဲ ့..
    နဂိုထဲက ဒို ့က အသည်းခိုင်တာမဟုတ်ဘူး..
    အတုမြင် အတတ်သင်ချင်နေတာ
    မတော်..
    လိုက်ပြီး စတန် ့ထွင်သလိုလို..အတုယူသလိုလိုနဲ ့..ဒီမှာပါ အစဉ်အလာတစ်ခုဖြစ်သွားရင် နိုးဂွတ်ဒ် ပဲ
    သိုသိုသိပ်သိပ် ဖတ်ကြ

  • Smiegol

    July 4, 2011 at 6:39 am

    iPhone ကို တစ်ညဆိုရင် Macbook Air ပေးမယ်ဆိုရင်…….

  • etone

    July 4, 2011 at 6:41 am

    ဆုတ်ယုတ်တဲ့ ခေတ် ရောက်လာပြီဆိုတာ တကယ်မှန်တယ် … ။ လူက အရေးကြီးသလား ဖုန်းက အရေးကြီးသလား မပြောတတ်တော့ပါဘူး … တချို့ မိန်းမတွေများ အပျိုစင်ဘဝပြန်ရချင်လွန်းလို့ … ဖုန်းတလုံးဖိုး မက အကုန်ခံချင်ပါတယ် ဆိုတာတောင် ပြန်မရနိုင်တာမို့ ….. ။ ထိန်းထိန်းသိမ်းသိမ်းနေသင့်နေပါပြီ …….။

    • pan pan

      July 4, 2011 at 9:21 am

      ဘယ်တတ်နိုင်မလဲ မetoneရယ်
      အသုံးအဆောင်ပစ္စည်းတွေက အဆန်းအပြားတွေ အသစ်အသစ်ထွက်နေတော့
      လူငယ်တွေ သုံးချင်ကြတာပေ့ါ
      အဲဒီမှာ သုံးစွဲဖို့ပိုက်ဆံမရှိတော့ ကြံမိကြံရာတွေကြံစည်၊ လုပ်မိလုပ်ရာတွေလုပ်ကြတော့တာပေ့ါ
      လှချင်ပချင်၊ မော်ချင်ကြွားချင်၊ ကောင်းပေ့ဆိုတဲ့ နောက်ဆုံးပေါ်တွေနောက်ကို လိုက်နေကြတော့
      ဒီလို မကြားဖူးတာတွေ ကြားနေရပြီလေ

  • king

    July 4, 2011 at 7:25 am

    ဒေါ်လာ 200 ပဲ ထားအုန်း
    ၁၀၀ဝိ/- နှုန်းနဲ့ပဲဆိုရင်တောင် မြန်မာငွေ သန်း ၂ဝ
    အင်း …………..
    တော်ပီ စီးပွားရေးပဲ လုပ်တော့မယ် …… 😛

    • AKKO

      July 4, 2011 at 7:57 am

      1USD = 1,000Ks ဆိုလျှင် 200USD ဆိုမှ နှစ်သိန်းကျပ်ပဲ ရှိပါတယ် မောင်ကင်းရဲ့ …. ဘယ်လို ဖြစ်လို့ သန်း ၂ဝ ရသွားတာလဲ … ။

      • king

        July 4, 2011 at 8:36 am

        အဟီးးးးးးးး
        ကောင်မလေးပုံကို မြင်ပြီး
        တန်မယ်ထင်ပြီး ပေးကြည့်တာ
        အမှားထောက်ပြတဲ့အတွက်ကျေးဇူးပဲ 😀
        အဲလောက်ဈေးမရှိဘူးဆိုတော့ ဟိ ဟိ …. 😛

  • Foreign Resident

    July 4, 2011 at 8:18 am

    In fact, Unlocked i-phone 4 price is roughly 600 US$ around the world.
    This means, it costs 480000 Kyats.
    Actually, the price of virginity cannot be said definitely
    as it depends on various factors (eg, beauty, complexion, figure, age, etc…)
    But, Generally accepted price of virginity in Myanmar ( commercial sex worker to be ) is around 300000 Ks.
    How do you think guys, Is it over priced or under priced ?

    Anyway, I think she is very stupid.
    If she were my sister, I will beat her for her stupidity.
    Why cannot she wait for another 3 more months ? Stupid Stupid Stupid !!!
    I-phone 5 will release on next September, 2011.
    Then, she will have nothing left to give up for this i-phone 5.
    Be wise & be preserved !!! ( for i-phone 5 ) 🙂

  • Foreign Resident

    July 4, 2011 at 8:27 am

    By the way, for your info, please see this
    http://peoplemediavoice.net/regional/despos-strip-for-marriage.html
    – ခင်ပွန်းကောင်းရရှိရေး အဆန်းထွင် ဆွဲဆောင်သည့် တရုတ်မိန်းကလေးများ
    – မိန်းကလေးများသည် အ သက်၂၅ နှစ်မှ ၃၅ နှစ်ကြား အရွယ်များဖြစ်ပြီး ချောမောပြေပြစ်ကာ ပညာတတ် လူတန်းစားများ ဖြစ်​ကြသည်။
    – ချောမောသော မိန်းကလေးများ စုရုံးကာ သီချင်းဖွင့် ကခုန်ရင်း အဝတ်များကို ချွတ်ပစ်ခဲ့ကြောင်း
    – သင့်တော်သည့် ခင်ပွန်းလောင်းကို ရှာဖွေနေခြင်းဟု ကြေညာခဲ့သည်။
    – အမျိုးသားသည် အသက် ၃၁ နှစ်မှ ၃၆ နှစ်ကြား အရပ် ၁.ရ မီတာထက်မြင့်ပြီး ပညာတတ် ဖြစ်ရမည်
    🙂

    • king

      July 4, 2011 at 8:42 am

      အသက် သေးနေသေးတယ်ကွာ ..
      အဲ ငယ်နေသေးတယ် .. 😛
      ဟူးးးးးးးးး ………

  • kai

    July 4, 2011 at 8:36 am

    ရှေးဂရိ ဒဏ္ဍာရီမှာတော့.. ဗီးနပ်စ်က.. ကဲချင်တိုင်းကဲပြီးရင်… အပျိုစင်ပြန်ဖြစ်တဲ့..ရေကန်ထဲဆင်းရင်… အပျိုပြန်ဖြစ်သတဲ့..။
    ဒီခေတ်တော့….
    http://anthropologist.livejournal.com/797878.html
    More U.S. women getting ‘revirgination’ surgery
    Amy Chozick, Wall Street Journal, Dec. 15, 2005 12:14 PM

    For her 17th wedding anniversary, Jeanette Yarborough wanted to do something special for her husband. In addition to planning a hotel getaway for the weekend, Yarborough paid a surgeon $5,000 to reattach her hymen, making her appear to be a virgin again.

    “It’s the ultimate gift for the man who has everything,” says Yarborough, 40 years old, a medical assistant from San Antonio.

    Hymenoplasty, a controversial medical procedure known mostly for its prevalence in the Middle East and Latin America, is becoming popular in the U.S. Although there are no hard data, the American Society of Plastic Surgeons says vaginal surgery, including hymenoplasty, is one of the industry’s fastest-growing segments. Gynecologists are marketing hymenoplasty in magazines, local newspapers and online. They report business is booming.

    Restoring innocence this way has sparked criticism. Religious groups that value abstinence until marriage say hymen repair is a deception. Some feminists liken hymenoplasty to female genital mutilation. In addition, hymen repair, unlike other types of reconstructive surgery, isn’t taught in medical residencies. Some medical associations worry that surgeons might be improperly trained.

    “Revirgination” costs as little as $1,800 at Ridgewood Health and Beauty Center, a spa and cosmetic-surgery center in the New York City borough of Queens. To promote the procedure, the center’s owner, Cuban-born Esmeralda Vanegas, has given away hymenoplasties on a Spanish-language radio station. She also promotes them in her eponymous magazine, Esmeralda.

    • king

      July 4, 2011 at 8:48 am

      သူဂျီးရ
      ဟိုတစ်လောတုန်းက ဖတ်လိုက်ရသေးတယ် ဂျာနယ်တော့ မမှတ်မိတော့ဘူး
      သူတို့ရေးထားတာကတော့ ကိုရီးယားမှာ အိမ်ထောင်မပြုခင် အပျိုစင်ဖြစ်အောင် ပြန်ပြီးပြုပြင်တဲ့ ကိစ္စ ခေတ်စားလာတယ်လို့ ရေးထားပါတယ် …..
      ဘယ်လိုလုပ်လဲ ဆိုတာတော့ တားက ငယ်သေးတော့ သိသေးဘူးဗျ ……….. 😛

  • fatty

    July 4, 2011 at 9:01 am

    အဲဒီတရုပ်မက နောက်ကျနေပြီ ကျုပ်တောင် ကျောက်ကပ်တဖက် ဒေါ်လာ ၅၀၀၀ဝ ဆိုလို့စဉ်းစားနေတယ်

    • kai

      July 4, 2011 at 9:14 am

      Organ trafficking prices are based upon publicly available documents and is quoted in US Dollars. The price represents the amount either paid to the seller of the organ or the price paid by the buyer for the organ. Click on the price for source information.

      View all organ trafficking statistics.

      http://www.havocscope.com/black-market-prices/organs-kidneys/
      * Average paid by Kidney Buyer: $150,000
      * Average paid to Seller of Kidney: $5,000
      * Kidney broker in Yemen: $60,000
      * Kidney broker in the Philippines: $1,000 to $1,500
      * Kidney buyer in Israel: $125,000 to $135,000
      * Kidney buyer in Moldova: $100,000 to $250,000
      * Kidney buyer in Singapore: $300,000
      * Kidney buyer in United States: $30,000
      * Kidney buyers in China: $87,000
      * Kidney buyers in Saudi Arabia: $16,000
      * Kidney seller in China: $15,000
      * Kidney seller in Egypt: $2,000
      * Kidney seller in Moldova: $2,500 to $3,000
      * Kidney seller in Peru: $5,000
      * Kidney seller in Ukraine: $200,000
      * Kidney seller in Yemen: $5,000
      * Kidney seller in the Philippines: $2,000 to $10,000
      * Liver buyer in China: $21,900
      * Liver seller in China: $3,660

  • nature

    July 4, 2011 at 9:12 am

    လက်မှာသရေကွင်းအဝါလေးပတ်ထားပါလို့ အကြံပေးလိုက်ပါလား။ တည iphioe ၁လုံးနှုန်းဆိုဈေးကြီးတယ်နော်။ နိုင်ငံခြားမှာတော့ အပျိုစင်ဘဝဆိုတာ တန်ဖိုးမှမထားကြပဲ။

  • pooch

    July 4, 2011 at 9:48 am

    ဒီခေတ်ကြီး မှာ မကြားဖူးတာတွေလည်း ကြားရတယ်။ မကြုံဖူးတာတွေလည်း ကြုံရတယ်။ မဖြစ်ဖူးတာတွေ
    လည်း ဖြစ်ကြတယ်။ အံ့ကို ဩရောပဲ… မိဘနဲ့ အတူ မနေရဘူးထင်တယ်။

  • moethidasoe

    July 4, 2011 at 10:44 am

    သူကတောင် အိုင်ဖုန်း ရဦးမှာ ဒီမှာတော့ .. ကျောက်သင်ပုန်းဖိုးနဲ့ လဲရသူတွေ အများကြီး ..

  • ရွှေဘိုသား

    July 4, 2011 at 11:14 am

    အပျိုစင်ဘဝကို တော်တော်ကိုထိန်းသိမ်းသင်.ကြပြီနော်
    နောက်ပိုင်း ရှားပါး အမျိုးနွယ်ဝင်ဖြစ်မှာသေချာတယ်
    မြန်မာနိုင်ငံ မှာယောကျင်္ားလေး လာဖြစ်ရတာတောင် တော်တော်ကုသိုလ်ကံကောင်းနေပြီဗျာ ဒီအတိုင်းဆိုရင်

    ချွင်းချက် ကံကောင်းတဲ. အထဲမှာ အစိုးရ မပါ

    • Foreign Resident

      July 4, 2011 at 11:58 pm

      Dear ရွှေဘိုသား & my beloved villagers,
      For your information,
      ” အပျိုစင်ဘဝကို ထိန်းသိမ်းသင်. ”
      The feminists (women’s right group) will not agree with this idea.
      They think this idea indirectly prevent the women’s right.
      This indirectly ” prevents/limits the right of women to have sex ” ( any time ).

      If somebody said ” အပျိုစင်ဘဝကို ထိန်းသိမ်းသင်. ” in public,
      then, majority of women will accuse him as discriminator (very rude, lack of manner & barbarian person ).
      They (both women & men ) will kick him out from decent community.

      For your consideration & be realistic.
      Thanks.

  • ဆူး

    July 4, 2011 at 12:21 pm

    ကွန်မန်းတွေ ဖတ်ပြီး တယောက် တပေါက်နဲ့ တချို့ဟာတွေက ရီစရာ ကောင်းတယ်။ အားလုံးကတော့ လဲလှယ်မှု မတန်ဘူးလို့ ယူဆ ပြီး ရေးကြတာပါပဲ။

  • naywoonni

    July 4, 2011 at 2:01 pm

    ဘာလို့ မတန်ရ မှာလဲ သူကတန်လို့ လဲမယ်ပြောနေပြီပဲ..။ လဲချင်တဲ့သူလဲလိုက်ကြပေါ့..။

  • poeharpsg

    July 4, 2011 at 2:38 pm

    hi အစ်ကိုတို့ရေ..မှားနေတာလေးတွေ့လို့..ထောက်ပြချင်လို့ပါ…အကိုရေးထားတဲ့ iPhone4 တန်ဖိုးက.
    မူရင်းတန်ဖိုးမဟုတ်ပါဘူးအကို..ဆက်သွယ်ရေးCompanyတွေက..သတ်မှတ်ထားတဲ့ initial cost ပါ.
    one time payment ပေါ့..အဲ့ဒါက..ဆက်သွယ်ရေးCompanyတွေက..သူတို့ဆီက.လိုင်းယူအောင်..
    handset ပါပေးထားတဲ့သဘောပါ..ပီးတော့..မှ..တလကို..အကိုပြောချင်တဲ့.မိနစ်..internet သုံးချင်ရင်လဲ..data capacity ပေါ်မူတည်ပီး..ပေးသွားရတာပါ..US မှာတော့..ဘယ်နှစ်နှစ်ချုပ်ရလဲ..
    မသိဘူး..စလုံးမှာတော့..နှစ်နှစ်ချုပ်ရပါတယ်..မူရင်းတန်ဖိုးကတော့…စလုံးငွေနဲ့တော့..ဒီလင့်မှာ..
    ရှိပါတယ်.. http://store.apple.com/sg/browse/home/shop_iphone/family/iphone
    16 gb ကို US 680 ကျော်ကျော်လောက်ရှိမယ်ထင်တယ်..ပျမ်းမှ..1.3 နဲ့တွက်ထားတာ..
    နည်းပညာတွေ..တိုးတက်လာတာနဲ့အမျှ..လူတွေ.ရဲ့လိုအင်တွေကလဲ..အတောမသတ်နိုင်တော့ပါဘူး
    ဘယ်ပစ္စည်းတွေတန်ဖိုးကြီးကြီး..လူ့တန်ဖိုးထက်..အဖိုးတန်တာ..ဘာရှိအုံးမှာလဲ..ဗျာ..
    အဲ့ကလေးမ..မလုပ်သင့်ပါဘူး. PoeHarp

    • niyezaw

      July 5, 2011 at 2:53 am

      ဒီလိုထောက်ပြပေးတာကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော်က အပြင်ကတကယ်ပေါက်ဈေးတွေကို မသိပါဘူး။ အင်တာနက်ကနေ ရှာကြည့်လို့ ရသလောက်ပဲ တင်ပြလိုက်တာပါ။

  • poeharpsg

    July 4, 2011 at 2:41 pm

    ဆိုင်လားမဆိုင်လားတော့..မသိပေမဲ့..ကျွန်တော်.ကြားဘူးတာလေး..တခုပြောပြချင်မိတယ်.
    ဆိုကရေးတီစ်..လားမသိဘူး..ပြောသွားတာ…ဆိုကရေးတီးစ်..နေတဲ့မြို့ရဲ့..မြို့လည်ခေါင်မှာ..ကုန်စုံဆိုင်
    ကြီးရှိတယ်.တဲ့..လူတွေကလဲ..ကြိတ်ကြိတ်တိုးဆိုပဲ..ဝယ်ကြခြမ်းကြတာ..ဆိုကရေးတီစ်ကတော့..အဲ့ဆိုင်ရှေ့
    သေချာကို..ရပ်ကြည့်တယ်..ဆိုင်ထဲ..ဝင်ကြည့်တယ်..ပစ္စည်းတခုချင်းလဲ..ကြည့်တယ်..ပီးတော့မှ..မှတ်ချက်
    ချတယ်တဲ့… “အော်..လောကမှာ..ငါမလိုတဲ့..ပစ္စည်းတွေ..အတော်များပါလားတဲ့..”. စိတ်ထားတတ်ရင်
    နေလို့ရပါတယ်..ဗျာ..ဘယ်သူတွေ..ဘာပဲသုံးနေသုံးနေ..
    best regards,PoeHarp

  • Aung

    July 4, 2011 at 3:00 pm

    199 US$ ဆိုတာက ၂ နှစ်စာ စာချုပ် ချုပ်ပြီး SIM CARD လစဉ်ကြေးပြန်သွင်းပေးရမှရတာပါ။
    လစဉ်ကြေးများများပေးနိုင်ရင်တော့ တနှစ် စာချုပ် နဲ့ အပိုင်ရမှာဖြစ်တာပါ။
    စာချုပ် ချုပ်ပြီး ဝယ်တာကတော့ တထိုင်ထဲ US$500 ကိုမပေးရတာဘဲရှိတာပါ။

    တကဲ့ ဖုန်း ဘဲဝယ်မယ်ဆိုရင်တော့ 550 US$ ဝန်းကျင်တော့ အသာလေးပေးရမယ်။

  • gyinkalay

    July 4, 2011 at 5:01 pm

    ကျွန်တော့်ရဲ ့လူပျိုဘဝကိုလဲ….အိုင်ဖုန်း…တစ်လုံးနဲ ့လဲချင်ပါတယ်….ဆက်သွယ်ချင်သူများ…gyinkalay@gmail.com သို ့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်..
    PS- အသက်သုံးဆယ်ကျော်များမပါရ 😛

    • bigcat

      July 4, 2011 at 7:41 pm

      ဂျင်ကလေးရေ…ကြောင်ကြီး ဖုံးထားတာ (အိုင်ဖုံး) တလုံးမကဘူး နှစ်လုံးတောင်ရှိတယ်။ အိုးလ်ဒ် မော်ဒယ်ဖြစ်သွားပေမယ့် အလတ်ကြီးရှိပါသေးတယ်။ ဆက်သွယ်လိုက်ရမလား။ မြန်မြန်ပြောနော် တော်ကြာ မိုက်ကယ်ဂျော်လကီအောင်ပု ဦးသွားရင် မတတ်နိုင်ဘူး။ first come first serves ပဲ။ 😳

    • မိုက်ကယ်ဂျော်နီအောင်ပု

      July 5, 2011 at 2:30 am

      ဂယ်ပြောဒါလား?

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 5, 2011 at 2:43 am

    ဒီကိစ္စလေးကတော့တစ်မျိုးဘဲ
    ပြောလို့သာပြောနေကြတာပါ
    လူမသိသူမသိဖြစ်သွားတဲ့ကိစ္စတွေ အကြောင်းတွေက အများကြီးရှိလောက်ပါတယ်
    တစ်ယောက်နဲ့တစ်ယောက်တော့ ဖီးလ်းလာပုံခြင်းတူမည်မထင်
    အထူးသဖြင့်အာရှတိုက်သားတွေမှာ
    အပျိုစင်ဆိုတဲ့ သဘောကို တော်တော်အလေးထားတာလား
    ပညက်တာလားတော့သိဘူး
    ဒီအသက်အရွယ်တွေက မနူးမနပ်လေးတွေလို့ပြောလို့ရနိုင်တယ်
    ( အိပ်စပီးရီးယန့်မရှိရင်ပြောတာပါ )
    အတွေ့ကြုံရှိလို့ကတော့ ဒီလိုဘယ်လုပ်မလဲ
    အတွေ့ကြုံရှိဘို့ဆိုတာကလည်း အရင်ဆုံးပေးဆပ်ရဦးမှာပါ
    ဥပမာ အကောင်ကြီးကြီးအမြီးရှည်ရှည်တွေရဲ့ အငယ်လေးတွေလုပ်လိုက်ရင်
    အိုင်ပိပေးလိုက်ရင် အိုင်ဖုန်းဆိုတာကလေးပေါ့
    စက်ရုံကြီးတောင်ရနိုင်တယ်
    ဒီနေ့ခေတ်ကြီးမှာ တော်ရုံရုပ်ရည်လေးကတော့
    နည်းနည်းပါးပါး လက်ပူတိုက်လိုက်ရင် ဈေးကွက်ဝင်သွားမှာပါ
    ကျုပ်က ဒီလိုအကြောင်းတွေကို သေခြာကိုလေ့လာထားတာ
    ပြောစရာတွေက အများကြီးပေါ့ဗျာ
    ကျုပ်ဆိုရင်လည်း တစ်ခါမှ မတစ်ခါဖူးဘူးနော်
    အမှန်အကန်အတိအကျ

  • Yan Shin

    July 5, 2011 at 3:10 am

    ကျွန်တော်တို့ မြို့မှာ လူမှု့ရေးအဖွဲ့က
    လူငယ်လေးတွေစကားဝိုင်းနားက ကြားခဲ့ရဘူးတယ်။

    တစ်ယောက်က ဟန်းဖုန်းလေးကိုင်လို့ပေါ့
    တစ်ယောက်က နောက်လတွေမှာ ငွေစုပြိး ဟန်းဖုန်းဝယ်ဘို့ပြောနေတယ်။
    တစ်ယောက်ကတော့ သူခု ငွေစုနေကြောင်းနဲ့ သူကတော့ laptop computer ဝယ်လိုကြောင်း selfstudy
    လုပ်ဘို့လိုကြောင်းနဲ့ ………………………….

    WANT တွေကတော့ များမှများ
    လိုတာတွေရှိနေသေးတဲ့ ကိုယ်တို့ဘဝမှာ
    NEED ကိုပဲ အရင်ဦးစားပေးကြတာပေါ့။

  • zawthulay

    August 3, 2011 at 1:58 pm

    ဒါဆိုရင်လေ ကျွန်တော့်ကိုလည်း ကားတစ်စီး၊ တိုက်တစ်လုံး၊ ခြံတစ်ခြံ၊ ပေးမယ့် မမများရှိရင် ကျွန်တော့်ရဲ့ ဘဝလေးကိုပေးချင်လို့ပါ (ဟိဟိ ကိုကိုတွေမပါဘူးနော်)

Leave a Reply