၂ လုံး ၊ ၃ လုံး များကို အပြီးတိုင် ချုပ်ငြိမ်းပါစေ

ုုko sai naungJuly 4, 20111min955

ဆင်းရဲ မွဲတေမှု ပပျောက်ရေး အကောင်အထည်ဖော်မှု၏ တစိတ်တဒေသ အဖြစ် နေရာဒေသ အနှံ့ ၂ လုံးထီ ၊ ၃ လုံးထီများကို လိုက်လံ ဖမ်းဆီးနေမှုကို အများပြည်သူများက ကြိုဆိုလျက်ရှိပါသည်။ သို့သော် ကောက်ရိုးမီး ကဲ့သို့ ခန တာ နှိမ်နင်းခြင်းမျိုးမဟုတ်ဘဲ ထာဝရ ချုပ်ငြိမ်း စေလိုကြပါသည်။ ယင်းကဲ့သို့ လုပ်ဆောင်ရာတွင် လောင်းကစားလုပ်သူများကို သာ ဖမ်းဆီးခြင်းမျိုးမဟုတ်ဘဲ လာဘ်စား ကာ ဒိုင်များကို အကာကွယ် ပေးထားကြသော ဥပဒေဘက်တော်သားများ ကိုလည်း နိမ်နင်းသင့်ကြောင်း များကို အသံ ကျယ် ကျယ် ပြောကြားနေကြပါကြောင်း။

5 comments

  • pan pan

    July 4, 2011 at 7:56 am

    ဆင်းရဲ မွဲတေမှု ပပျောက်ရေး အကောင်အထည်ဖော်ဖို့
    ၂ လုံးထီ ၊ ၃ လုံးထီများကို တားဆီးတယ်။
    အဲဒါကလည်း ဆင်းရဲမွဲတေလို့ လုပ်ကြတာလေ…။
    ပိုက်ဆံလိုချင်ကြတာကိုး
    ပုံမှန်အတိုင်းအလုပ်လုပ်လို့ ရတဲ့ဝင်ငွေနဲ့ မလုံလောက်တော့
    ဒါတွေပဲလုပ်နေကြတာပေ့ါ
    ၂ လုံးထီ ၊ ၃ လုံးထီကို တားဆီးရုံနဲ့ မပြီးဘူး (မွဲတေမှုကို မတားဆီးနိုင်ဘူး)
    ပြည်သူတွေ စီပွားရေးအဆင်ပြေဖို့လည်းလိုတယ်

  • fatty

    July 4, 2011 at 8:42 am

    ထောက်ခံတယ်ဗျာ ပိုစ်တင်သူရော မန်းသူရော။

  • လင်းဝေကျော်

    July 4, 2011 at 9:38 am

    ရဲတွေတော့ ၂လုံး ၃လုံး မရှိလို့ ဝင်ငွေတော်တော်နည်းသွားတယ်ဆိုပဲ

  • စုံ စုံ

    July 4, 2011 at 10:21 am

    ၂လုံး၃လုံးထိုးလို့အချီကြီးရပြီးအေးဆေးနိုင်နိုင်သွားတယ်လို့မကြားဖူးဘူး
    အချီကြီးရှုံးလို့ဘဝပျက်သွားတယ်လို့ဘဲကြာဖူးပါတယ်
    ဒါကြောင့်ဘယ်လောက်ဘဲထိုးထိုး
    ဘယ်လိုသဘောနဲ့ဘဲထိုးထိုး၂လုံး၃လုံးကိုလုံးဝအားမပေးပါဘူး
    တကယ်ထိုးချင်အောင်ဘာလေထီဘဲထိုးကြပါ
    အများကြီးထိုးဖို့တောင်မလိုဘူး
    ထီ၂စောင်လောက်ဘဲထိုးလိုက်
    ကံကောင်းရင်သိန်း1500ရမှာ

  • naywoonni

    July 4, 2011 at 2:52 pm

    ဆင်းရဲ မွဲတေမှု ပပျောက်ရေး အကောင်အထည်ဖော်ဖို့…. ဆိုလား? ဟုတ်လား ဗျ အဲဒါက ဟင်….။ တစ်ချို့ အလုပ်မရှိ ပညာလေးမတောက်တစ်ခေါက်တတ်..။ ဒီတော့ ဘာလုပ်စားရမလဲ? လုပ်တတ်တာလေးနဲ့ ဒိုင်ကြီးဆီမှာ သွား လက်ခွဲလေးရောင်းပါရစေပေါ့..။ တစ်ရာကို 15ကျပ် ကော်မရှင်ရတယ်..။ နှစ်လုံးမှာ မနက်တစ်ခါ ည တစ်ခါ နှစ်ကြိ်မ်ရတာလေ…။ တစ်ကြိမ် သုံးသောင်းဖိုးလောက်ပဲ ရောင်းရတယ်ထားဦး …။ သူ့မှာ တစ်နေကုန် ဝင်ငွေ 9000 လောက် ဒါလေးနဲ့ မိသားစုနေ့စဉ်ဘဝ ကိုဖြေရှင်းပေးနေရတာ …။ ဒါမလုပ်ရရင် ဘယ်ကဝင်ငွေမှမရှိဘူး..။ လူရွှင်တော်တွေပြောသလိုပဲ..။ ဒါမလာရင် ဒါမလာဘူးပဲ..။ သူတို့ကို ပုံမှန်ဝင်ေငွေရအောင် ဘာအလုပ်ဖန်တီးပေးမလဲ…။ တစ်မြို့ တစ်မြိဲု့ မှာက ဒီလိုလူမျိုး ထောင်နဲ့ချီပြီး ရှိနေတယ်…။ ခုတော့ ခိုးချောင်ခိုးဝှက်လုပ်ရင်း အခြေအနေ ကောင်းလာမလားစောင့်နေတဲ့သူချည့်ပဲ..။ သူတို့ကို ဘယ်သူကမှလဲ အလုပ်မပေးကြပါဘူး..။ လောင်းကစားသမားမယုံရဘူးဆိုပြီးတော့ …။ ပေးရင်လည်း သူတို့ အရင်နှစ်လုံးရောင်းသလောက်မှမရတာ..။ ဘယ်လုပ်ချင်မလဲ …။ ဒီတော့ အချိန်နဲနဲကြားရင် ဒုံရင်း ဒုံရင်း ပြန်ဖြစ်သွားမဲ့ပုံပါဘဲ..။

Leave a Reply