ဖားကန့်မြို့ ရဲ့ ဒုက္ခ

နွယ်ပင်July 4, 20111min15717


ဖားကန့်မြို့လယ် မြင်ကွင်း


ဥရုချောင်းကူးတံတားမြင်ကွင်း

ကချင်ပြည်နယ် ဖားကန့်မြို့က ရေကြီးနေတဲ့ ဓာတ်ပုံတွေပါ ဖားကန့်တမြို့လုံးနီးပါး ရေမြုပ်တယ်လို့ ဆိုပါတယ်..။ လက်ရှိ ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ စစ်ဘေး၊ စစ်ဒဏ် ရေဘေးဒဏ်တွေ ကချင်ပြည်နယ်က လူထုလက်ရှိခံစား နေရတဲ့ ဒုက္ခတွေပါ….။

17 comments

  • pan pan

    July 4, 2011 at 9:41 am

    အဆိုးတွေများ တစ်ခုတည်းမလာဘူး
    ဟိုဒုက္ခ ဒီဒုက္ခ အကုန်ရောက်တာပဲ
    စစ်ဘေးရော ရေဘေးရော
    အစားအစာရော ဘယ်လိုလာမယ်မသိ

  • လင်းဝေကျော်

    July 4, 2011 at 9:42 am

    သဘာဝပတ်ဝန်းကျင်က ထုတ်ယူစရာကိုထုတ်ယူပြီး
    ဘာမှ ထိမ်းသိမ်းမှု မလုပ်ကြတော့ ခံကြရတာပေါ့။
    စားတော့ အနည်းစု ခံတော့ အကုန်လုံး

  • koyewin80

    July 4, 2011 at 10:07 am

    ဥရုအလှကတော့ လူနည်းစုရဲ့ လောဘတွေကြောင့် ပျက်စီးခဲ့ပါပြီ ….

  • Thanlwinoo

    July 4, 2011 at 10:21 am

    နေပြည်တော်ကျောက်ပွဲမှာ လုံးခင်းဖားကန့်က ကျောက်စိမ်းတွေ ဒေါ်လာသန်းပေါင်းများစွာ ရောင်းချနေပါတယ်။ ဖားကန့်ကတော့ ဘဝပျက်နေပါပြီ။
    ပုသိမ်သာပေါင်းဘက်မှာ တန် (၂၀၀)စကူစက်ဆောက်ပြီး သစ်တောတွေအပြောင်ခုတ်လို့ တောပြုန်းပြီး ဆင်တွေတောင်နေစရာမရှိတော့ပါဘူး။ ရာသီဥတုလည်း အရမ်းပူလာပြီး မုန်တိုင်းကြိုက်တဲ့ရာသီဥတုဖြစ်လို့ မြေနိမ့်တဲ့ဧရာဝတီတိုင်းဟာ မကြာခင်ကာလမှာ အနရာယ်ဆိုးတွေနဲ့ မကြာခဏကြုံလာရနိုင်ပါတယ်။
    ကြိုတင်ကာကွယ်မှုတွေ ဘယ်လိုလုပ်မလဲ…။ ဖြစ်လာရင်ဘယ်လိုရင်ဆိုင်ကြမလဲ…။ ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ…။

  • mzm

    July 4, 2011 at 10:51 am

    ကျေးဇူးပါဗျာ………သတင်းအသစ်တွေရရင်လည်းတင်ပေးပါအုံး…………

  • ရွှေဘိုသား

    July 4, 2011 at 11:07 am

    တရုတ်တွေက သယံဇာတ တွေတင်မကဘူးဗျ
    လူတွေတောင်ဝယ်လာကြပြီ

    (အင်းလေ မြင်းမလိမ္မာတော. ကြိုးပျက်
    သူကြီးမလိမ္မာတော. ရွာပျက်) ဆိုတဲ.စကားပုံလေးတောင် သတိရမိပါရဲ.

  • pooch

    July 4, 2011 at 11:57 am

    ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာ တဲ့ ဒါမျိုးကို ပြောတာနေမှာ. . လူတွေ ဘယ်လောက်တောင် ဒုက္ခတွေ ရောက်လိုက်ကြမလဲမသိဘူး ….

  • ဆူး

    July 4, 2011 at 12:53 pm

    ပုံတွေ မြင်တော့ တော်တော် လန့်သွားတယ်။
    ရေက အကြာကြီး လား ခဏလေး လား.. ခဏခဏ ကြီးတတ်လား

  • fatty

    July 4, 2011 at 2:32 pm

    ဖားကန့်ကိုတခေါက်ရောက်ဖူးတယ် ..။ မြို့လယ်မှာကို တူးထားတဲ့ ချိုင့်ကြီးတွေ အကြီးကြီးတွေဖြစ်နေတာ
    တွေ့ရတယ်။ အနေအထားက မြေပြိုဖို့သိပ်လွယ်တယ်ထင်တာဘဲ။ တချို့အိမ်တွေက အနိမ့်ပိုင်းမှာ
    အင်း … စီမံခန့်ခွဲမှု အရေးကြီးတယ် …။

  • naywoonni

    July 4, 2011 at 3:57 pm

    အင်းးးးး သူတည်းတစ်ယောက်
    ကောင်းဖို့ရောက်မူ
    တစ်ယောက်သူမှာ
    ပျက်လင့်ကာသာ ဓမ္မတာတည်းးး တဲ့……

  • Ko Ko Aung

    July 4, 2011 at 4:10 pm

    လူလေးလက်တဆုပ် ကျိကျိတက်ချမ်းသာသွားဘို့
    ပေးဆပ်လိုက်ရတဲ့ဘဝတွေ ဒုက္ခဆင်းရဲတွေ မကုန်နိုင်မပြီးနိုင်တော့ဘူး။

  • unclegyi1974

    July 4, 2011 at 4:15 pm

    ကိုနီရေ သံဝေဂလင်္ကာကိုပြင်တယ်ဗျာ
    သူတည်းတယောက်ကောင်းဖို့ရောက်မူ
    အများမှာသာပျက်လင့်ကာသာဓမ္မတာတည်း

  • bigcat

    July 5, 2011 at 1:39 am

    ရေရှားတယ် ငြီးကြအုံးလေ… 😀

    • ဆူး

      July 5, 2011 at 6:12 am

      ပင်လယ်ထဲမှာ ရေငတ်နေသူကို ရေရှားတယ် ငြီးကြ အုန်းလေ လို့ ပြောနိုင်မလား..
      သနားပါတယ် ပုံတွေ ကြည့်ရတာ စိတ်တောင် မကောင်းဘူး။

  • etone

    July 5, 2011 at 3:02 am

    ရေရှည်လမ်းပမ်း ဆက်သွယ်ရေးကောင်းအောင် ကားပိုင်မဝယ်ပဲ ၊ လှေပိုင်ဝယ်ထားကြပါဗျို့ ဖားကန့်သားတို့ရေ… ။

  • R Ga

    July 5, 2011 at 8:05 am

    ပုံတွေမမြင်ရဘူး…။ဘာဖြစ်လု့ိလည်းမသိဘူး..။ သူများရေးထားတာကြည့်ပြီးဖတ်နေရတယ်။

  • Big Defender

    July 7, 2011 at 8:43 pm

    ဒါကတော့ ရာသီဥတုဖောက်လာတယ်လိုပဲ ဆိုရမှာပဲ

Leave a Reply