ဂျမခါနာမှာ အရေးပေါ်မဟုတ်ရင် …….

fattyJuly 4, 20111min13118

ရန်ကုန်မြို့ ဂျမခါနာဆေးရုံမှာ ကလေးမွေး မည့်သူများကို အရေးပေါ်မဟုတ်ပါက ခွဲစိတ်မွေးဖွားပေးခြင်း လုပ်မပေးတော့ဘူးလို့သိရပါတယ်။
အရင်ကတော့ လိုချင်တဲ့နေ့ခွဲမွေးပေးဟန်တူပါတယ် ..။

ဘာကြောင့် မလိုအပ်ဘဲ ခွဲမွေးချင်ရတာလဲ ……။
ကျနော်သိသလောက်ကတော့ ……………………..
၁. မိန်းကလေးများ မမွေးခင် နာကျင်မှု ဝေဒနာ မခံစားချင်ကြရျ်။
၂. ဗေဒင်ကိန်းခန်းအရ နက္ခတ်များ အကောင်းဆုံးအနေအထား ဖြစ်နေသည့်အချိန် ကိုလိုချင်ခြင်း။
၃. အမျိုးသားများ၏ တောင်းဆိုမှု အရသော်လည်းကောင်း ( ကျနော်သိသလောက်ကတော့ အမျိုးသားများ၏ တောင်းဆိုမှုထက် အမျိုးသမီးများကိုယ်တိုင်က
ကိုယ့်ယောကျာင်္း ဖေါက်ပြန်မှာကိုကြောက်ပြီး ဆရာဝန်ကို ပြုပြင်ခိုင်းခြင်း ….တို့ကြောင့်ဖြစ်ပါတယ်။)

ယခုအခါ ထိုသို့မလိုအပ်ဘဲခွဲစိတ်မွေးဖွားလိုပါက ပုဂ္ဂလိက ဆေးခန်းများမှာသာ လုပ်ပေးပါတော့တယ် ။

18 comments

  • pan pan

    July 4, 2011 at 9:42 am

    အမျိုးသမီးများကိုယ်တိုင်က ကိုယ့်ယောက်ျား ဖေါက်ပြန်မှာကိုကြောက်ပြီး ဆရာဝန်ကို ပြုပြင်ခိုင်းခြင်း ဆိုတာကြီးကို နားမလည်ဘူး

  • စုံ စုံ

    July 4, 2011 at 10:13 am

    ဟုတ်ပါတယ်ဦးဖက်ရေ
    ဟိုတလောကသူငယ်ချင်းတယောက်ဂျမခါနာမှာမွေးပါတယ်
    သူကကိုယ်ဝန်စရှိကတည်းကရိုးရိုးမမွေးချင်ဘူးခွဲမွေးချင်နေတာ
    ဒါပေမယ့်သူ့အိုဂျီကလဲရိုးရိုးမမွေးနိုင်မှခွဲမွေးပေးမယ်လို့ဆိုတာကတကြောင်း
    ဂျမခါနာမှာမွေးတော့လဲဆရာဝန်တွေကမလိုအပ်လို့မခွဲမွေးပေးလိုက်တာက
    တကြောင်းနဲ့ရိုးရိုးဘဲအန္တရာယ်ကင်းစွာမွေးနိုင်ခဲ့ပါတယ်

  • moethidasoe

    July 4, 2011 at 10:40 am

    ပန်ပန် သိချင်တယ် ဆိုလို့ ရေးပြမယ်နော် ..
    ကလေးကို ပုံမှန် အောက်လမ်းကြောင်းက မွေးရင် ကျယ်သွားတယ် .. ပုံပျက်သွားတယ် .. အဲဒါဆို ယောက်ျားက မကြိုက်တော့ဘူး .. နောက်ပြီး ချုပ်ပေးတယ် ဆိုဦးတော့ ပုံမှန်လောက် ပြန်မရဘူး (အထူး ချုပ်ဆိုရင်တော့ တစ်မျိုးပေါ့)
    ခွဲမွေးရင် မကျယ်တော့ဘူးပေါ့ .. ပုံမပျက်ရင် ယောက်ျားတွေ ကြိုက်တယ် လို့ မှတ်လိုက်ပါ ..
    ခွဲမွေးရခြင်း အကြောင်းရင်းထဲမှာ အဓိက က ဗေဒင်တွေ မေး .. ကိုယ့်ကလေးကို အထွဋ်အထိပ် ရောက်စေချင်ကြတော့ .. အချိန်အတိအကျ ရက် အတိအကျဖြစ်အောင် မွေးနိုင်တာ ခွဲတာ တစ်ခုပဲ ရှိတယ် .. တချို့များဆိုရင် သန်းကောင်ကျော် ဘယ်နှမိနစ် ဆိုတဲ့ အထိ အချို့က စက္ကန့်အထိတောင် လုပ်ရတယ် .. ဗေဒင်ဆရာအလိုကျ လှုပ်ရှားကြတယ်ပေါ့ ..
    ဒီနေရာမှာ တကယ် မွေးဖို့ ဗိုက်နာတာ မဟုတ်ပဲ မွေးတဲ့အခါ ကလေး အတွက် မကောင်းဖူး .. ဒါပေမယ့် ဒါတွေ မသိတဲ့ လူကြီးတွေကြောင့် မဖြစ်သင့်တာတွေလဲ ဖြစ်တတ်သလို ထင်သလောက်လဲ ကလေးတွေက အထွဋ်အထိပ် ရောက်ချင်မှ ရောက်ကြတာ ဆိုတော့ အခု သိပ် ခေတ် မစားပြန်ဘူး ..
    နောက်ပြီး မလိုအပ်တာ မလုပ်ဖို့ လမ်းညွှန်ချက်တွေ ရောက်လာလို့ တကယ် အရေးပေါ်မှ ခွဲကြပြီ

    • bigcat

      July 5, 2011 at 4:21 am

      ဆေးသိပ္ပံပညာနဲ့ ခလေးကိုသေးသေးလေးမွေးပြီး အပြင်ကြမှ အောက်ဆီဂျင်ဓာတ်နဲ့ ချက်ခြင်းကြီးလာအောင် လုပ်လို့မရဘူးလား၊ ပန်ဒါဝက်ဝံတွေလိုလေ…သဂျီးတို့သိပ္ပံပညာက အလကားလေကျယ်နေတာ၊ ပန်ဒါဝက်ဝံမလောက်တောင် အသုံးမကျဘူး… 🙁

    • pan pan

      July 5, 2011 at 4:32 am

      အဲလိုကိစ္စတွေရှိတာပဲလား ဒေါက်တာရယ်
      မကြားဖူးလို့ပါ
      ခုလိုသေချာရှင်းပြတာ အရမ်းကျေးဇူးတင်ပါတယ်

    • နွယ်ပင်

      July 5, 2011 at 4:43 am

      အဲလိုမျိုးတွေလဲ ရှိတာလား ကျေးဇူးတင်ပါတယ်ဒေါက်တာရေ
      နွယ်ပင်က ခွဲမွေးတယ်ဆိုတာ ဗိုက်မနာချင်လို့ပဲထင်နေတာ
      အခုလိုကိစ္စတွေလဲ ရှိတာကိုး …..

  • nozomi

    July 4, 2011 at 1:26 pm

    အဲ ဒေါက်တာကြီးကလဲ ရှက်စရာကြီး 🙂
    ရှက်တော့ ရှက်တယ် တစ်ခုတော့ ထပ်သိချင်တယ် ပိုချုပ်လို့ရလား အထူးချုပ်တဲ့ပိုတဲ့ ထူးထူးရှယ် ဆိုတာမျိုးပေါ့
    ရွာထဲက ညီလေးတွေအတွက် မေးပေးတာပါ 🙂

  • ဆူး

    July 4, 2011 at 1:59 pm

    ကြားဖူးတာ တခု ရှိတယ် နေ့ အတိအကျ တွက်ချက်ပြီး မွေးတိုင်း အကြောင်း အမျိုးမျိုးကြောင့် အချိန်လွဲ တာတွေ ရှိလို့.. ကံတရားကို ဉာဏ်များလို့ မရဘူးဆိုပြီး ပြောကြတယ်။

  • naywoonni

    July 4, 2011 at 2:18 pm

    ဘာပဲဖြစ်ဖြစ်ပေါ့လေ….. အော်ရီဂျင်တယ်(အော်ရီချင်တယ်)လောက်တော့ မကောင်းပါ..။ ဒါပေမဲ့ တစ်ချို့ကျတော့ လဲ အသစ်မဝယ်နိုင်သေးတော့ ဘာမှမရှိတာနဲ့ စာရင် ဆိုပြီး အဟောင်းလေးပဲသုံးနေရတာပေါ့..။ နေဝန်းနီမှာ စက်ဘီး အဟောင်းလေးပဲရှိတယ်..။ ဘဲလ်က လွဲရင် အကုန်အသံမြည်တယ်..။ အသစ်ဝယ်စီးချင်ပေမဲ့ ပိုက်ဆံမရှိလို့ ဝယ်မစီးနိုင်ဘူး..။ အဲဂလိုလေးပေါ့..။ စက်ဘီးက ဘယ်လောက် စုတ်သလဲ မမေးနဲ့ လမ်းပေါ်မှာ သော့ခတ်ဖို့မေ့နေရင်တောင် ခိုးမဲ့သူမရှိဘူး..။ သူကြီးဆီက ငွေထုတ်ပြိးရင်တော့ အသစ်ဝယ်စီးမယ်စိတ်ကူးတာပဲ..။ တရုတ်ဘီး တစ်စီးဖိုးတော့ရမှာပေါ့…။ ခုတော့ နှစ်သောင်းခွဲပဲရှိသေးတယ်…။

    • intro

      July 5, 2011 at 2:58 am

      အဲ့သည့် မခိုးဘူးဆိုတဲ့ ဘီးကို သော့လေး မေ့ချင်ယောင်ဆောင်ပြီး ကျွန်တော်တို့ ကစားနေကျ ဂိမ်းဆိုင်ရှေ့မှာ လာရပ်ကြည့်ထားပါလား?

  • unclegyi1974

    July 4, 2011 at 3:56 pm

    ဘာဖြစ်လို့ခွဲမပေးလဲရှင်းပါတယ်ကိုဖက်ရယ်
    ဟိုဟာဖြစ်ဒီဟာဖြစ်ဂျာနယ်တွေကဖွ
    ရတဲ့လခနဲ့ပြသနာဖြစ်ရင်မတန်ဖူးလေ
    တန်အောင်ရတဲ့နေရာတွေကလုပ်လိမ့်မပေါ့နော်

  • moethidasoe

    July 5, 2011 at 4:42 am

    နေဝန်းနီက နိမိတ်ပုံနဲ့ စက်ဘီးစုတ်ဆိုပြီး ရေးတာလား ..
    နိုဇိုမီ သိချင်တယ်ဆိုလို့ ထပ်ရေးလိုက်ပါတယ် ..
    အောက်ပိုင်း ချုပ်ရိုး ဆိုတာ ရိုးရိုး ချုပ်လို့လဲ ရတယ် ..
    ကျွမ်းကျင်သူတွေရဲ့ လက်ထဲမှာ ဆိုရင် (နဂို ကျယ်နေတယ်လို့ ထင်ရင် .. အပေးအယူလဲ လုပ်ထားရင်) မွေးပြီးတဲ့အခါ တစ်ခါတည်း ချုပ်လို့လဲ ရတယ် .. တင်းတင်းချုပ်တာ .. အသား မစုတ်သွားအောင်လဲ ဂရုစိုက်ရတာပေါ့ ..
    အများအားဖြင့်တော့ .. နောက်ထပ် ကလေး မမွေးတော့မယ့် အမျိုးသမီးတွေ ဥမ္မာဒန္တီ operation ဆိုပြီး နာမည်တပ်ထားတဲ့ အောက်ပိုင်းပြင် ခွဲစိတ်တာ လုပ်ကြတယ်
    (အတင်း ချရရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်ပိုင်းတွေမှာ စစ်တပ်က ကတော် ကြီးကြီးတွေ လုပ်ကြတယ်)

  • fatty

    July 5, 2011 at 5:19 am

    ဒေါက်တာကိုကျေးဇူး အထူးတင်ပါကြောင်းမန်းထားခဲ့တာလေးပျောက်သွားပြီ။ ဒါကြောင့် အခု ထပ်ပြီး
    ကျေးဇူးတင်ကြောင်းပြောပါရစေ။
    ဒေါ်ဆူး ကိုလဲကျေးဇူးတင်ပါကြောင်း … ကျနော်အဖြေရှာနေတာလေး အလွယ်တကူနဲ့ရလိုက်လို့ပါ။
    ကျနော် ကံကြမ္မာ ကိုလေ့လာနေတာကြပါပြီ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကံမပါဘဲ လုပ်ယူလို့ကိုမရပါဘူး
    ကြီးပွါးချမ်းသာချင်ကြတယ် … ကံမပါရင်မရပါ။ အဲလိုလေံ့လာနေချိန်မှာ အချိန်ကိုက်မွေးတဲ့ ကလေးတွေ
    ရဲ့ ကံကြမ္မာကို လေ့လာဘို့က လက်လှမ်းမမှီဘူးဖြစ်နေလို့ …. ဘယ်လိုလုပ်ရပါ့လို့တွေးနေတုန်း
    ကံတရားကို ညဏ်များလို့တော့မရဘူး ဆိုတာလေး သိလိုက်ရပါတယ်။ ကံမပါရင် အချိန်ကိုက်မွေးဖွါး
    ဖို့ကြိုးစားတာတောင် မအောင်မြင်နိုင်ပါဘူးလို့ လောလော ဆယ်တော့ ကောက်ချက်ချထားလိုက်ပါပြီ။
    ဆက်တော့လေ့လာကြည့်ပါအုံးမယ်။

  • moethidasoe

    July 5, 2011 at 6:07 am

    ကိုဖက်တီး ရေးတာလေး ဖတ်လိုက်ရလို့ စနေလေ စနေလွင့် ဆိုတာလဲ သတိရမိပါတယ် ..

    နောက်ပြီး ရွှေထီးဆောင်းရမယ် လို့ ဟောလို့ ဘာမှ မလုပ်ပဲ နေခဲ့တဲ့ သူဌေးသား .. နောက်ဆုံး လမ်းဘေးမှာ သူတောင်းစား ဖြစ် .. တစ်ချိန်ထဲမှာ မွေးတဲ့ ဆင်းရဲသား ရဲ့ သားလေးက အရာရာမှာ ကြိုးစားလို့ ပညာရှိအမတ်ဖြစ်လို့ ရွှေထီး ဆောင်းနေတဲ့ အချိန် လမ်းမှာ လဲနေတဲ့ သူတောင်းစားကို သနားလို့ ထီးတော်မိုးကို ပြောလိုက်တော့ ထီးတော်မိုးက သူတောင်းစားကို သွားမိုးပေးတဲ့အချိန်မှာ သူတောင်းစားလဲ ထီးကို မော့ကြည့်ပြီးတော့ .. ဪ ရွှေထီးဆောင်းရပြီ လို့ ပြောပြီး သေသွားတယ်တဲ့ ဇာတ်လမ်းရယ် ..
    သတိရမိပါတယ် ..

    နောက်ပြီးတော့ နာမည်ပေးကိစ္စ အကြောင်းတိုက်ဆိုင်ရင် ရေးမယ်နော်

  • ဆူး

    July 5, 2011 at 6:43 am

    အန်တီ ပြောလို့ အသိ တယောက်က သူ့ကလေးကို ဘယ်နေ့ မွေးမယ် ဘာညာနဲ့ သူပြောတော့ တနင်္ဂနွေနေ့.. ကလေးက ကြာသပတေးနေ့ ကတည်းက ခုန်ဆင်းသွားလို့.. နောက်မှ.. ဘယ်တတ်နိုင်မလဲ.. ကြာသပတေးနေ့လည်း နေ့ကောင်းပါတဲ့..

    နောက် တယောက် ကြားဖူးသေးတယ်.. နာရီ အတိအကျ အဖေ ပါ နာရီကြီး ပတ်ပြီး ခွဲစိတ်ခန်းထဲ ဝင်ပြီး စောင့်ကြည့်နေတာ.. ပြသနာ တခု ပေါ်သွားလို့.. ၁ဝမိနစ် ကျော်သွားတာ ဒေါတွေ ပွပြီး အော်ဟစ်ပြီး သောင်းကျန်းနေလို့.. နာစ်တွေ က သူကျေနပ်အောင် နာရီလှည့်လိုက်လို့ ပြောချင်တာ ဆိုပြီး အတင်းတုတ်တာ ကြားခဲ့တယ်။

  • fatty

    July 5, 2011 at 8:11 am

    ကံကိုကျနော်လေ့လာနေတာနဲ့ပါတ်သက်ပြီး နောက်တော့ သပ်သပ်တင်ချင်ပါတယ်။ ဒေါက်တာ ပြောတဲ့
    ပုံပြင်နဲ့ပါတ်သက်လို့ … ကျနော်လေ့လာထားတာထဲက အနည်းငယ်ပြောရရင်။ ကံအရ ပစ္စည်းဥစ္စာချမ်းသာ
    ခြင်း ကသပ်သပ် .. အလုပ်ကောင်းပြီး ကြိုးစားလို့ချမ်းသာခြင်းက သပ်သပ်ဖြစ်ပါတယ်။
    မင်းကြီးပွါးချမ်းသာလိမ့်မယ်လို့ တွက်ချက်ပြိးအဖြေထုတ်ကြည့်ရင် ထိုင်နေရင်း ကြီးပွါးမှာလား
    အလုပ်လုပ်မှ ကြီးပွါးမှာလားဆိုပြီး ၂ မျိုးထွက်ပါတယ်။ ချမ်းသာတိုင်း အလုပ်မကောင်းတာကိုလဲတွေ့ရပါတယ်။ အလုပ်အကိုင် မကောင်းဘူး လူကတော့ချမ်းသာမှာဘဲ
    ဆိုတဲ့သူမျိုး ကြပြန်တော့ အလုပ်ကောင်းကောင်းမလုပ်ရဘဲ အမွေရတာ မျိုး .. တခုခု အားမစိုက်ရဘဲ
    အချောင်ရတာမျိုးတွေ့ပါတယ်။ အလုပ်လုပ်ပြီးချမ်းသာမယ်ဆိုတဲ့လူမျိုးကို မင်းချမ်းသာမှာဘဲကွာ
    ဘာမှ လုပ်မနေဘဲ ထိုင်စောင့်ကြည့်ပါဆိုရင် … အဲဒီလူဟာ နေကိုမနေနိုင်ပါဘူး အလုပ်တခုခုလုပ်ဖြစ်ပါလိမ့်မယ်။ တားလို့လဲမရပါဘူး ။ အဲဒီသဘောမျိုးတွေ့ရပါတယ်။
    အဲပုံပြင်ထဲကလိုဘဲ … ရွှေထီးဆောင်းရမယ်ဆိုလို့ထိုင်နေတဲ့သူကို အသေအချာပြန်တွက်ကြည့်ရင်
    သူ့ကံမှာ ထိုင်နေရမဲ့ကံပါပါလိမ့်မယ်။ ရွှေထီးဆောင်းရမဲ့ကံလဲပါ ပါလိမ့်မယ်။ ထိုင်နေရမယ့်ကံပါသူမှာ
    အလုပ်လုပ်လို့ကိုမရတာတွေ့ရပါတယ်။ ကိုယ်တွေ့လေးတွေ နောက်ကြုံရင်တင်ပါအုံးမယ်။
    နောက် တင်တော့မှ ကျနော်ထပ်ရေးချင်ပါသေးတယ်။

  • Big Defender

    July 7, 2011 at 8:39 pm

    ကျွန်တော်ကတော့ပုံမှန်အတိုင်းပဲ ဖြစ်စေချင်တယ်။

  • kai

    July 8, 2011 at 7:30 am

    ဂျပန်မတွေက..တင်ပဆုံရိုးကျဉ်းတော့.. သဘာဝအတိုင်းထက်စာရင်… ခွဲမွေးကြရတာများတယ်..။
    ယူအက်စ်ကတော့…ဂျူးဒိတ်ရောက်ပြီး ဆေးရုံတက်ရင်.. ဗိုက်နာနေတာစောင့်ရတာ..အလုပ်ရှုပ်အချိန်ကုန်တာမို ့… ငွေလည်းပိုရလိုရ.. ခွဲမွေးတာတွေရှိတယ်..။
    ဆေးသွင်းလည်း.. အချိန်ကြာစောင့်ရသေးတာကိုး..။

    ပြောရရင်…
    တစက္ကန့်မှာ ကလေး၃ယောက်မွေးနေတဲ့ ဒီကမ္ဘာမှာ..ဘယ်လိုမွေးမွေး.. မွေးတယ်ဆိုတာ.. လွယ်ပါတယ်နော..။ များများမှန်မှန်လေး ထွက်လာရင် ပြီးတာပါပဲ..။
    လူအဖြစ်က..အင်မတန်ကို ရလွယ်ပါတယ်..။ 🙂
    http://www.worldometers.info/population/

Leave a Reply