တစ်ခါ က မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက် အတူတွေ့ကြပြီး
စားသောက်ဆိုင်မှာ အမူးသောက်ကြတယ်… ဒီလိုနဲ့ပြန်ချိန်ရောက်တော့
ကားတွေမမှီတော့ အောက်ဆိုဒ်ကားတွေပဲမှီတော့တယ်

“သာကေတ သာကေတ ကို တစ်စီးပဲရှိတော့ တာနော် တစ်ယောက်နှစ်ရာ လိုက်ချင်လိုက်
မလိုက်ချင်နေ ဟို လူကြီးရှေ့တိုး လေ ဗျာ စာနာပါဗျ စီးပွါးရှာနေတာ
အလိုက်သိမှပေါ့´´

“ ဟ ရှေ့မှာ ကားမှန်ပဲရှိတော့တယ် ပေါက်ထွက်သွားလိမ့်မယ် ကွ ´´

“အေးလေ ဟုတ်ပ သူမတိုးရတိုင်း ´´

ဒါကတော့ လိုင်းကားတွေ ရဲ့ထုံးစံ အသံပေါ့ဗျာ ဒီလိုနဲ့
သူငယ်ချင်းနှစ်ယောက်လည်း ကားပေါ် အပြေးအလွှားတက် ကားပေါ်က
ရှိပြီးသားလူတွေအပေါ်ကို ထပ်တိုးပေါ့

“ကားခလေးတွေ ထုတ်ထားနော် လက်တို့တောင်းရင်ရှက်ဖို့ကောင်းတယ်
မရှိရင်ပြောပြီးစီးသွား ကုသိုလ် ယူတယ်သဘောထားတယ် အကြွေထုတ်ထား နော်
ပြန်အမ်းဖို့လက်မလည် ဘူး … ´´

ဒီလိုနားငြီးအောင်အော်နေတော့ သူငယ်ချင်းနှစ်ယောက်လည်း ဒေါခီးလာတယ်
အဲ့တော့ အိပ်ထဲက တစ်ထောင်တန်ကိုထုတ်လိုက်ပြီး

“ဟေ့ကောင်ရော့ရော့ တစ်ထောင်တန် နှစ်ယောက်ပြန်မအမ်းနဲ့တော့ နားငြီးတယ် ´´

ဒီအချိန်မှာပဲ သူတို့ပိုက်ဆံလှမ်းပေးတဲ့ လူက “ဘာကွ ´´လို့ အော်တယ် …
ဟုတ်တယ်လေ အော်မှာပေါ့ တကယ်က သူတို့ ပေးလိုက်တာ စပယ်ယာမှ မဟုတ်တာ
လူရည်သန့်တစ်ယောက် …လေ အဲ့လူ ကဆက်ပြီး …

“ဟေ့ကောင် လူပုံသေချာကြည့်ကွ စပယ်ရာ မဟုတ်ဘူး သင်္ဘောသားကွ …´´လို့
အားရပါးရအော်လိုက်တယ် ။ အဲ့လိုကြားလိုက်တော့ သူငယ်ချင်းနှစ်ယောက်လည်း
တစ်ယောက်လက်တစ်ယောက်တို့ပြီး …

“ဟေ့ကောင် တို့တော့ ငါးပါးမှောက်ပြီ ကွ ငါတို့စီးလာတာ ဘတ်စ်ကား
မဟုတ်ဘူးကွ သဘောင်္ကြီးပဲ´´လို့ ပြောလိုက်တယ် …။တစ်ယောက်ကလည်း “အေးဒါဆို
ငါတို့ဘာလုပ်မလဲ ´´ တဲ့

“ကမ်းနဲ့ မဝေးခင် ခုန်ဆင်းရမှာပေါ့ကွ ´´ လို့ပြန်ပြောတယ်
းဒါနဲ့နှစ်ယောက်သား ကားနောက်ကိုထွက်ပြီး ခုန်ချလိုက်တယ် …။

“၀ုန်း ၀ရုန်း´´

ဆိုတဲ့ အသံနဲ့အတူ နှစ်ယောက်သား ကားလမ်းမပေါ်ကျသွားကြတယ် … ။ အား ..အီး
နဲ့ ငြီးနေတဲ့ ကြား ကတစ်ယောက် ကပြောလိုက်တာ … “ တော်သေးတယ်
သူငယ်ချင်းရာ ရေတွေက ခဲနေတော့ ငါတို့မြုပ်မသွားဘူး´´တဲ့ …။အော်
အမူးလွန်တော့လည်း ဆိုပါတော့ …

About meengelay

Mee Nge has written 42 post in this Website..