သူဌေးဖြစ်ချင်လား…ငါတို့ဘာတွေလုပ်ဖို့လိုမလဲ (၂)

SmiegolJuly 5, 20111min22313

သူဌေးဖြစ်ချင်လား…ငါတို့ဘာတွေလုပ်ဖို့လိုမလဲ (၂)

 

မနေ့က ပြောခဲ့သလို ကျွန်တော်တို့တွေ သူဌေးလုပ်ချင်တဲ့သူတွေများပါတယ်…ကျွန်တော်အပါအဝင်ပါ

အရှင်းဆုံးပြောရရင် သူဌေးလို ဇိမ်ခံချင်တယ်ဗျာ…

ကဲ..အဲဒါဆို သူဌေးဆိုတာ ဘာတွေလုပ်ရလဲ….ဘာတွေကြောင့် ချမ်းသာနေတာလဲ

 

အရင်ဆုံးအောက်ခြေကနေစပြီးစဉ်းစားကြည့်ကြမယ်..

အရမ်းကြီးမားတဲ့လုပ်ငန်းကြီးတွေကိုအသာထားပြီး လုပ်ငန်းသေးသေးလေးတစ်ခုရဲ့ သူဌေးတစ်ယောက် ခဏလောက်လုပ်ကြည့်ရအောင်

 

ကျွန်တော်တို့ အလုပ်တွေမှာ ဝန်ထမ်းတွေရှိကြတယ်..

အဲဒီဝန်ထမ်းတွေဟာ တစ်ယောက်နဲ့တစ်ယောက် အရည်အချင်းတွေပေါ်မှာမူတည်ပြီး လစာနှုန်းထားတွေကွဲပြားကြတယ်..

ဟုတ်ပြီ..အဲဒီလစာနှုန်းထားတွေကို သတ်မှတ်သူတွေက ဘာတွေကိုကြည့်ပြီးဆုံးဖြတ်တယ် ထင်လဲ…

တာဝန်ယူမှုဆိုတဲ့အပေါ်မှာ မူတည်ပြီးဆုံးဖြတ်ကြပါတယ်..

 

တာဝန်ယူနိုင်မှု

အလုပ်ထဲမှာကြားနေကျစကားတစ်ခုပေါ့..ဘာမှတတ်တဲ့ကောင်မဟုတ်ပါဘူး ကောင်းစားနေတာ..ဟုတ်ပြီ သူဘာလို့ကောင်းစားတာတုန်း

သူက တစ်နေရာရာမှာ တခြားသူတွေထက်ပိုပြီး တာဝန်ယူနိုင်လို့ပါ..

သူတာဝန်ယူနိုင်တာ..တခြားလူအတွက်ကောင်းတာဖြစ်ချင်ဖြစ်မယ်..မကောင်းတာဖြစ်ချင်ဖြစ်မယ်နော်..အဲဒါကျွန်တော်ထည့်မပြောဘူး။

 

သူဌေးတစ်ယောက်ဟာလူတစ်ယောက်ကို လစာ ၅သိန်းပေးပြီး အလုပ်ခန့်ထားရင် သူတာဝန်ယူနိုင်တဲ့ပမာဏက ၁၅သိန်းဖိုးလောက် ပြန်ပြီးပေးဆပ်နိုင်လို့ပါ..

အဲဒါဆို တစ်လကို သိန်း၁၅ဝ ရှာနိုင်တဲ့သူတစ်ယောက်က သိန်း၄၅ဝ ဖိုးတာဝန်ယူနိုင်လို့ပါ..

ဥပမာ..

သူဌေးတစ်ယောက်မှာ ဝန်ထမ်း(၁၀)ယောက်ရှိတယ်..

အခန်းတစ်ခန်းငှားပြီး လုပ်ငန်းတစ်ခုထူထောင်တယ်…

ဝန်ထမ်းတစ်ယောက်ကို လစာ ၅သောင်း၊ ၁ဝယောက် ၅သိန်း

အခန်းခ တစ်လ တစ်သိန်းခွဲ၊ စုစုပေါင်း ၆သိန်းခွဲမှ မရရင် အဲဒီအလုပ်မအောင်မြင်ဘူး။

တခြားတိုလီမိုလီတွေမပါသေးဘူးနော်…

ကောင်းပြီ..ရန်ကုန်မြို့ထဲမှာ ရေရှည်မခံတဲ့ အင်တာနက်ဆိုင်တွေ၊ Fancy ဆိုင်လေးတွေ၊ စားသောက်ဆိုင်လေးတွေ ဘာဖြစ်လို့ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာတုန်း

ရှင်းရှင်းပြောရင် သူတို့ တာဝန်မခံနိုင်လို့ပါ..လစဉ်အသုံးစရိတ်ကို တာဝန်မခံနိုင်လို့ပါ..

ဝန်ထမ်းလစာနဲ့ အခြားခံစားခွင့်တွေကို တာဝန်မခံနိုင်ရင် ဝန်ထမ်းမမြဲတာတို့ ဝန်ထမ်းကောင်းမရတာစတဲ့ ပြသနာတွေကို အမြဲတမ်းဖြေရှင်းနေရမှာပဲ..

 

လကုန်လို့ ဝန်ထမ်းတွေလစာထုတ်ပေးဖို့ သူဌေးတစ်ယောက်မှုာ အဆင်သင့်ရှိရပါမယ်.. ရှုံးတာမြတ်တာသူ့တာဝန်ပါ..လစာယူမှာ ဝန်ထမ်းတွေတာဝန်ပါ..

ကဲ ကျွန်တော်တို့ အဲဒီတာဝန်ယူနိုင်လား..

 

နောက်တစ်ခု ကိုယ့်လုပ်ငန်း၊ ကိုယ့်ဆိုင်လေးကို ဝယ်ယူသူများများသိမှ အောင်မြင်မယ်လေ

မြတ်မလား၊ ရှုံးမလား၊ မသိရသေးတဲ့ အလုပ်တစ်ခုအတွက် တာဝန်ဘယ်လောက်ယူနိုင်လဲ..

တကယ်လို့ရှုံးပြီတဲ့..ကုန်းကောက်စရာမရှိအောင်ရှုံးပြီဆိုရင်..အကြွေးတွေရှိမယ်..ရစရာမမြင်တဲ့အချိန်မှာ..

ကျွန်တော်တို့တာဝန်ယူနိုင်လား..

 

ကိုယ်ရွေးချယ်တဲ့ဝန်ထမ်းကို ကိုယ့်အလုပ်မှာအံဝင်ဂွင်ကျဖြစ်အောင်

ဝန်ထမ်းကောင်းတွေ အလုပ်ကနေထွက်မသွားအောင်

ညံ့တဲ့ဝန်ထမ်းတွေတော်လာအောင်၊ သုံးမရတဲ့ဝန်ထမ်းတွေ နဲသထက်နဲအောင်လုပ်ဖို့

ကျွန်တော်တို့ တာဝန်ယူနိုင်လား..

 

ကိုယ်ပိုင်အလုပ်ပဲဖြစ်ဖြစ်..ဝန်ထမ်းပဲဖြစ်ဖြစ် တာဝန်ယူမှုဟာ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော တစ်ဦးနဲ့တစ်ဦးကွာခြားချက်ပါ။ သူဌေးဖြစ်ချင်တယ်ဆိုရင် အရင်ဆုံး ကျွန်တော်တို့ကြိုးစာရမှာက သူများထက်ပိုပြီးတာဝန်ယူနိုင်တဲ့သူ အစစအရာရာ ခေါင်းခံနိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် လုပ်ရမှာပါ..

သင်တို့ ကျွန်တော်တို့ လုပ်နိုင်ပါ့မလား…

(ဆက်ရန်..)

13 comments

  • pan pan

    July 5, 2011 at 4:16 am

    သေချာတာတော့ သူဌေးဖြစ်ချင်တော့ သူများထက် အပင်ပန်းခံရမှာပဲ 😀

  • pan pan

    July 5, 2011 at 4:17 am

    သေချာတာတော့ သူဌေးဖြစ်ချင်ရင်တော့ သူများထက် အပင်ပန်းခံရမှာပဲ 😀

  • manawphyulay

    July 5, 2011 at 4:20 am

    ဟုတ်ကဲ့ပါ လောလောဆယ် ငွေကြေးလည်းမတတ်နိုင်သေးတော့ သူဌေးအဆင့်ကို မမှန်းရဲသေးလို့ ခေါင်းဆောင်ကောင်းဆိုတာ ဘာလဲပဲ လေ့လာနေတော့တယ်။ 😛

  • weRone

    July 5, 2011 at 4:27 am

    ကျွန်မ ကတော့ သူဌေးမဖြစ်ချင်းဘူး၊ ချမ်းပဲချမ်းသာချင်တာ။ 😀

  • bigcat

    July 5, 2011 at 4:37 am

    လူအတော်များများမှာ entrepreneurship ဆိုတဲ့ စွန့်ဦးလုပ်ငန်းရှင် အရည်အချင်းရှိကြတယ်။ မရှိတာ ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်စွမ်း၊ အဲဒါအရမ်း အရေးကြီးတယ်။ စီးပွားရေးလုပ်တယ်ဆိုတာ တာဝေးပြေးတာ၊ အများက တာတိုပြေးသလို ဝုန်းကနဲထွက်နိုင်တယ်၊ ကြာလာရင် ပန်းလာပြီး ဖေါက်ကုန်တယ်။ လူတရာမှာငါးဆယ်က လုပ်ငန်းတခု စတင်နိုင်တယ်၊ သို့ပေမယ့် ငါးယောက်တောင် ကြာရှည်မမြဲဘူး၊ ရေရှည်မှာကြုံရတဲ့ စီမံခန့်ခွဲမှု၊ ဈေးကွက်ပြိုင်ဆိုင်မှု၊ စည်းမျဉ်းဥပဒေ စတာတွေကြောင့် လုံးပါးပါးသွားတာများတယ်။ ဒါကြောင့်လည်း သူဌေးနဲပြီး အလုပ်သမားများတာပေါ့နော်။ ကိုယ့်ဖာသာ အေးအေးနေပြီး သူဌေးဆီက ရသလောက်ချူစားတာပဲ ကောင်းပါတယ်.. 😮

  • weiwei

    July 5, 2011 at 4:47 am

    သူဌေးတော့ မလုပ်ချင်ဘူး ..
    သူဌေးသမီးပဲ လုပ်ချင်တယ် 😛

  • mnoe

    July 5, 2011 at 4:50 am

    တာဝန်ယူမှုဆိုတာလေးကို သဘောကျတယ်။ အလုပ်ရှင်ကော ဝန်ထမ်းမှာပါ တာဝန်ယူတတ်ဖို့ တာဝန်ရှိပါတယ်။ ဘယ်အလုပ်မဆို စေတနာပါပါလေးလုပ်မယ်ဆိုရင် တာဝန်ဆိုတာကို ဝန်ထုပ်ဝန်ပိုးအဖြစ် မမြင်တော့ပါဘူး။ ဆက်ရန်ကို စောင့်နေပါတယ်နော်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 5, 2011 at 5:02 am

    လိုခြင်နေသ၍တော့ဆင်းရဲနေဦးမှာပါဘဲ
    ဒါပေမယ့်
    သူဌေးတို့ လူခြမ်းသာတို့ဆိုတာကိုအသာထားကြစမ်းပါ
    တစ်ကယ်ခင်ဗျားတို့နားလည်ရမှာက
    ခင်ဗျားတို့ကိုယ်တိုင်ကြားဘူးတယ် သိတယ်ဆိုတဲ့
    ဝင်ငွေနဲ့ထွက်ငွေမျှအောင်ဒါကမဖြစ်မနေလုပ်ရမှာ
    ဆယ်ဘီလီယံလောက်ရှိရင်ဘာလုပ်မယ်ညာလုပ်မယ်ဆိုတဲ့လူကခပ်များများရယ်
    ( ဘယ်အလုပ်ကို များဘယ်လိုအုပ်ချုပ်ရမယ်ဘာညာပေါ့
    ဆိုတော့ကာ
    မိမိသေခြာစွာပြုကျင့်နိုင်ရမှာပါ
    ငွေကို မဖြုန်းတီးမိဘို့ပါ
    ဒီနေရာမှာ တစ်ချို့တွေဟာ ရတဲ့ငွေကို လှည့်ပတ်တတ်ကြပါတယ်
    တစ်ချို့က စုစောင်းတတ်ကြပါတယ်
    ဝင်ငွေကို မတိုးပွားနိုင်သ၍ ဖြုန်းတီးတဲ့နည်းနဲ့ငွေကိုလျှောနည်းသွားအောင် မလုပ်မိဘို့ပါ
    ဒီအကြောင်းတွေက ပြောတာ တော်တော်လွယ်ပါတယ်
    ခင်ဗျားတို့ကိုယ်တိုင်သိပါတယ်
    ကျပ်ပြားစလေးကနေစုစောင်းတတ်တဲ့သူဟာ
    ထောင်သောင်းအစရှိသည်ကို ဖန်တီးဘို့မခက်တော့ပါဘူး
    ဒီနေရာမှာဖြစ်တတ်တာက တစ်ကွက်ကျော်သွားကြတာများပါတယ်
    ဒီကျော်သွားတဲ့အကြောင်းဟာလည်း ခင်ဗျားတို့သိတဲ့စုစောင်းခြင်းပါဘဲ
    စုစောင်းခြင်းဆိုတာ တည်ဆောက်ခြင်းလို့ သဘောပေါက်နိုင်ပါတယ်
    အစပထမ ကျပ်ပြားလေးကိုမှ
    မစုစောင်းနိုင်ဘဲ ( သုံးစွဲခြင်းတွင် မဆင်ခြင်နိုင်ဘဲ )
    အများအပြားကို ထိမ်းသိမ်းဘို့ဘယ်လိုဖြစ်နိုင်မှာလဲ
    စုစောင်းဘို့ အရည်အချင်း ဘယ်လိုရှိနိုင်မှာလဲ
    ဒါကြောင့်
    ခင်ဗျားတို့ကို ကျုပ်လေးလေးနက်နက်တိုက်တွန်းပါတယ်
    လိုခြင်မှုလွန်ကဲခြင်းဟာ ကိုယ်ဒုက္ခရောက်ပါတယ်
    ဘာမှလောစရာမလိုဘူး အေးဆေးပါ လို့သဘောထားပြီး
    ထိုင်းမှိုင်းနေတာဟာလည်း ကိုယ်ဒုက္ခရောက်နိုင်ပါတယ်
    ပြောတော့ ပြောခြင်သား

    • Smiegol

      July 5, 2011 at 5:35 am

      နောက်ပိုင်းမှာ အရင်းအနှီးနဲနဲလေးနဲ့ လုပ်ငန်းလေးစကြည့်ဖို့နဲ့
      ချွေတာစုဆောင်းသူဌေးလောင်းကို အမြင်သစ်နဲ့ရေးမှာပါ..
      အခုလောလောဆယ်ရေးနေမိတာတွေအားလုံးက လုပ်ငန်းလေးတစ်ခု အစပိုင်းမှာ လိုအပ်တဲ့ အခြေခံလေးတွေကို အရိုးရှင်းဆုံးစကားလုံးအသုံးအနှုန်းကအစ ရွေးပြီးသုံးခဲ့တာပါ..
      မှားတာရှိရင်လဲ ပြင်ပေးနိုင်ပါတယ်..
      အမြင်မတူရင်လဲ ဝင်ဆွေးနွေးနိုင်ပါတယ်..
      တကယ်တော့ ဒီ Post လေးကို ဖတ်ရင်း ရင်ထဲမှာ တစ်ခုခုကျန်ခဲ့ရင်ပဲ ကျေနပ်ပါတယ်..

  • ဆူး

    July 5, 2011 at 5:57 am

    အလုပ်လုပ်တာ အမြတ် အသာထား အရင်ဆုံး သူများ အတွက် အရင်ရှာရတာ.. ဝန်ထမ်း လစာ အခန်းစရိတ် မီတာ ရေ စသဖြင့်.. ပြီးတော့ အရင်း ဆက်လက်တည်တံ့ဖို့.. နောက်ဆုံးကတော့ ကိုယ့်အတွက်.. ရုန်းကန်ရင်း တက်သွားတဲ့ လူတွေ ရှိသလို ရုန်းရင်းနဲ့ မြုပ်သွားတဲ့ လူတွေလည်း ရှိတယ်။
    အလွယ်ဆုံးကတော့ ငွေ အရင်းများများနဲ့ လိုက်ရင် သိပ်ပြီး မတွေးရတော့ဘူး။

  • MaMa

    July 5, 2011 at 8:17 am

    Bravo! Smiegol ။ ဘယ်အလုပ်မဆို ရင်နှီးရတာ များလေ တာဝန်ယူရတာ များလေလို့ပဲ ထင်ပါတယ်။ ဆန်းသစ်တဲ့ အတွေးအခေါ်လေးတွေ ရလိုက်လို့ ကျေးဇူးတင်ပါတယ်။ အမြန်ဆုံး ဆက်တင်နိုင်ရန်လည်း မျှော်လင့် နေပါတယ်။

  • Big Defender

    July 5, 2011 at 12:42 pm

    သူဌေးလုပ်ရတာတော့ လွယ်တယ်
    သူဌေးဖြစ်ရတာကိုကခက်တာ

  • forever

    July 5, 2011 at 12:47 pm

    သူဌေးမဖြစ်ချင်တော.ဘူး
    အာဏာရှင်ဘဲဖြစ်ချင်တယ်
    သူဌေးတွေဟောတယောက် ဟောတယောက်နဲ.
    ဒေါ်လာတွေ အထပ်လိုက်နဲ. လာလာ ဂါရဝ ပြုနေရတာတွေ.နေရလို.

Leave a Reply