Weekly Eleven website ရဲ့ ပင်မစာမျက်နှာ အောက်ဆုံးမှာ ကာတွန်းလေးတွေရှိပါတယ် သူတို့ ထုတ်ဝေတဲ့ ဂျာနယ်တွေမှာ ဖော်ပြထားတဲ့ ကာတွန်းလေးတွေကို ဖော်ပြထားတာပါ သတင်းထူး သတင်းဦးလေးတွေ ဖော်ပြတတ်၊ ကာတွန်းလေးတွေက အတွေးလေးတွေကောင်းလို့ အချိန်ရတာနဲ့ အမြဲကြည့်ဖြစ်ပါတယ် အောက်က ကာတွန်းလေးက “လူကြီးမင်း” (နာမည်ကတော့ အပျံစားပါ) ဆိုတဲ့ ကာတွန်းဆရာ ဆွဲထားတာပါ အတွေးလေးကောင်းလို့သဘောကျမိပါတယ် မြန်မာပြည်ရဲ့ လက်ရှိအခြေအနေလေး တစ်ခုကို သရော်ထားတာပါ ဖော်ပြထားတဲ့ အစီအစဉ်အရ သူတို့ဂျာနယ်တွေမှာ လွန်ခဲ့တဲ့ ၁ လလောက်အတွင်း ဖော်ပြထားတယ်လို့ ယူဆရပါတယ်..

 

 

ကျွန်တော့်အိမ်မှာ ပုံမှန်ယူဖတ်တဲ့ ဂျာနယ်ရှိသလို သွားရင်းလာရင်း ဖော်ပြထားတဲ့ သတင်းကို စိတ်ဝင်စားလို့ တစ်ခါတစ်ရံ ၀ယ်ဖတ်ဖြစ်တဲ့ ဂျာနယ်တွေလဲရှိပါတယ် ၂-၆-၁၁ တုန်းကတော့ ပုဂ္ဂလိကဆေးရုံတွေရဲ့ဝန်ဆောင်ခတွေချမယ် ဆိုတဲ့ သတင်းလေးစိတ်ဝင်စားလို့ Popular News Journal (No 25, Vol 3 )ကို ၀ယ်ဖတ်ဖြစ်ပါတယ် အောက်က ကာတွန်းလေးက အဲဒီဂျာနယ်ထဲမှာ ဖော်ပြထားတဲ့ ကာတွန်းလေး တစ်ခုပါ ဆွဲတဲ့သူကလည်း “လူကြီးမင်း”ပါပဲ ဒီဆရာ တော်တော်ဆွဲနိုင်တာပဲပေါ့ ကြည့်လိုက်တော့မှ အရမ်းတော်တဲ့ ဆရာဖြစ်နေတော့တာပဲ…

 

 

ကြိုက်တာမေးဆိုလို့    မေးတာလေဗျာ   နဲ့    မေးနေတာလေ   ဆိုတာလေးပဲကွဲတယ်

မီဒီယာ တစ်ခုခုကို ၀တ္ထု၊ကဗျာ၊ကာတွန်း ပို့ရင် ဒါမှ မဟုတ် ပြိုင်ပွဲတစ်ခုခုမှာ ၀င်ပြိုင်ရင် မိမိရေးသားထားတဲ့ စာမူဟာ ဘယ်မီဒီယာမှာမှ ဖော်ပြခံထားရခြင်းမရှိကြောင်း ကိုယ်တိုင်ခံဝန်ချက် နဲ့အတူ ရေးသား ပေးပို့ရပါတယ်၊တစ်ခုမှာပေးပို့ထားရင် နောက်တစ်နေရာကိုပေးပို့ခွင့်မရှိပါဘူး ….

 

အခုဆရာလူကြီးမင်းက ပေးပို့ထားပါတယ် ဆရာအယ်ဒီတာမင်းကလည်း ထည့်ပေးထားပါတယ် ဘာဖြစ်လို့များလည်း

WElevne နဲ့ PNews က ညီအမဂျာနယ်တိုက်တွေမို့ ထည့်လို့ရတာလား

ပရိသတ်များများ ဖတ်မိ တွေးမိအောင်လို့ ဂျာနယ်နှစ်စောင်မှာ ထည့်တာလား (အဲဒါဆို ဂျာနယ်တိုင်းမှာ ထည့်လိုက်ရင် ပိုဖတ် ပိုတွေးကြမှာ)

တစ်စောင်နဲ့ တစ်စောင်ထုတ်တဲ့ရက် ကွာနေတာပဲ ဘယ်သူမှ မသိလောက်ပါဘူးဆိုပြီး ထည့်တာလား

ပထမ တစ်စောင်ပို့တာ တော်တော်နဲ့မပါနိုင်လို့ နောက်တစ်စောင်ပို့တာလား (အဲဒါဆို ပထမတစ်စောင်ကို သေချာအောင်မေးသင့်တယ်)

 

တကယ်တော့ ဂျာနယ်နှစ်စောင် မှာ ကာတွန်းတစ်ခု နှစ်ခါပါတာ ပြသနာကြီးကြီးမားမားတော့ မဟုတ်ပါဘူး ဒါပေမဲ့ အခုလိုအချိန်မှာ လူထုရင်ထဲ ဘာဖြစ်နေလဲ ဘာပြောချင်လဲ ဆိုတာတွေကို သက်ဆိုင်သူတွေသိအောင် အမြန်ဆုံးနဲ့ အမှန်ဆုံးဖော်ပြပေးနိုင်တာ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ မီဒီယာတွေပါ အလွတ်လပ်ဆုံးမဟုတ်တောင် အရင်ထက်ပိုလွတ်လပ်တဲ့အနေအထားနဲ့ ဖော်ပြခွင့်ရနေတဲ့ အနေအထားမှာ ပြည်သူလူထု ရဲ့ ယုံကြည်လေးစားမှုကို အလွဲသုံးစားမလုပ်သင့်ဘူးလို့ထင်ပါတယ် ဒီအချိန်မှာ စာနယ်ဇင်း ဆရာတွေကိုမှ မယုံရရင် ကျွန်တော်တို့ ဘယ်သူ့ကို ယုံရမှာလဲ

မောင်ဆန်း

About မောင်ဆန်း

has written 64 post in this Website..

မကောင်းတာ မတွေးနဲ့ မကြံနဲ့ မလုပ်နဲ့ ၊ ကုသိုလ်ရမဲ့ဟာလုပ် ၊ စိတ်ချမ်းသာအောင် ငြိမ်းချမ်းအောင်နေပါ