Mandalay Gazette မှာ Comment ပေးတာလေးတွေ သတိထားစေချင်

etoneJuly 5, 20111min27522

ရွာသူရွာသား အားလုံးပဲ ခါတော်မှီသတင်းလေးပေးချင်ပါတယ် … ။

အခုလေးတင် သဂျီးဆိုက်ကို ပြင်တဲ့အခါ အယ်ရာ နည်းနည်းရှိနေပါသေးတယ်။ သုံးစွဲရတာ မြန်ဆန်လာပေမဲ့ … ပရိုက်ဗိတ်ဆီနဲ့ နည်းနည်းပတ်သတ်တဲ့ အယ်ရာ တွေ့လို့ သဂျီးကို လှမ်းပြောထားပါတယ် … အရင်ကလို ဖွက်သင့်တဲ့စာသားတွေ မဖွက်ပဲ ပေါ်နေတာလေးတွေ ရှိနေသေးလို့ … ကိုယ်နဲ့ မသိတဲ့လူရဲ့  ပို့စ်မှာ မန်းတာလေးတွေ ခဏလောက်မလုပ်ပါနဲ့ သေးဦးလို့ ကြိုပြောထားချင်ပါတယ်… ။ သဂျီးကိုလည်း အကြောင်းကြားထားပြီးပါပြီ … ။

comment ပေးတာလေးတွေ ခဏဆင်ခြင်သင့်အောင်ပါ …။  ပြင်ပြီးပြီလို့ သဂျီး confirm လုပ်တော့မှ ဆက်မန်းလျှင် အားလုံးရဲ့    ပရိုက်ဗိတ်ဆီ လုံခြုံပါလိမ့်မယ် … ။

 

22 comments

  • pan pan

    July 5, 2011 at 8:59 am

    မetneပိုစ့်ကိုရော မန်းလို့ရလား

  • etone

    July 5, 2011 at 9:05 am

    အင်း စိတ်ချရတဲ့လူ ထင်လျှင်တော့ မန်းလို့ရပါတယ် … ။
    အစ်မက သိတာလေးကို ပြန်ပြောပြတာပါ … သူများ address သိတော့လည်း ဘာမှ လုပ်မိမှာမဟုတ်ဘူးလေ… တချို့ မသမာတဲ့လူတွေ သိသွားလျှင်သာ အင်ဗိုက်လုပ်ချင်လုပ်ပြီး အနှောက်ယှက်ပေးမှာ စိုးတာမို့ပါ ။

  • nozomi

    July 5, 2011 at 9:10 am

    email address ပေါ်တာမျိုးလား အရင်တစ်ခါက ပေါ်တယ် အခုနောက်ပိုင်း မတွေ့မိပြန်ဘူး
    သူကြီးလဲ မိန်းမနဲ့ တစ်ခါရန်ဖြစ် တစ်ခါပြောင်းများ လုပ်နေလားမသိဘူး
    မနက်ကလည်း အမည်မပြောင်းပဲ အရင် နာမည်ပေါ်နေလို့ ပြန်ပြောင်းရသေးတယ်

  • etone

    July 5, 2011 at 9:15 am

    ရွာသူရွာသား အားလုံးပဲ သဂျီး setting ပြန်ချိန်လိုက်ပြီဖြစ်လို့ … လွတ်လပ်စွာ ပြန်မန်းနိုင်ပါပြီ … ကိုယ့် မေးလ်address တွေ ပို့စ်ပိုင်ရှင်က သိနိုင်မှာ မဟုတ်တော့ပါဘူး … ။ 😛 😛 😛

  • Yan Shin

    July 5, 2011 at 9:50 am

    ကျေးဇူးပဲ etone ရေ။
    တို့များတော့ သိပါဘူးကွယ်။
    သူကြီးက အမွေပေးမယ်ဆို တို့ပဲ အရင်ဆုံးရမယ်ထင်ပ။

  • eros

    July 5, 2011 at 10:46 am

    သူကြီးနှင ့်သက်ဆိုင်သူများသိစေရန်
    erosသည ်ဤGZကို သံယောဇဉ်ရှိသည့်အားလျှော်စွာ ရွာထဲတွင်လည်ပတ်ရသည်ကို နေ့စဉ်အလုပ်တခုကဲ့သို့ပျော်ပိုက်ခဲ့သည်။
    သူငယ်ချင်းမိတ်ဆွေများကိုလည်း ခင်မင်ကူညီအားနာတတ်သည့်အကျင့်လည်း ရှိပါသည်။
    ယခုတလော ဤGZတွင် သူ့ထက်ငါတိုက်ခိုက်လို၍သော်လည်းကောင်း စနောက်၍သော်လည်းကောင်းရေးသားမှုများသည် ရေးသူအဖို့အဘယ်သို့အကျိုးရှိသည်မသိသော်လည်း သူတဖက်သား၏ကိုယ်ရေးကိုယ်တာက ိုထိခိုက်သည်ကိုသတိပြုစေချင်သည်။
    နောင်အခါတွင် ကိုယ်ပေးသောcommentသည ်သူတပါးအားထိခိုက်မှုရှိမရှိစမ်းစစ်ပီးမှရေးလျင် ပိုပီးသင့်တော်မည်လို ့အကြံပေးလိုပါသည်။

    • etone

      July 6, 2011 at 9:23 am

      သူကြီးနှင ့်သက်ဆိုင်သူများသိစေရန် ဆိုပြီး စကားဦးသန်း မနေနဲ့ … ပြောချင်တာကို တည့်တည့်ပြော ။ သဘောထားသေးသိမ်တဲ့ အမျိုးစားထဲက ချစ်သူကို ရထားတော့လည်း ကွိုင်ပတ်ပြီး လိုင်းပူးတာ မဆန်းပါဘူး ။ အပျော်သဘောနဲ ့ ငါတို့ ရေးလိုက်ပေမဲ့လည်း တကယ့် အကြောင်းရာ အပေါ် အခြေခံပြီး ရေးတာ ဟုတ်မဟုတ်ဆိုတာ … ကာယကံရှင်ဖြစ်တဲ့ နင် ၊တခြား သူငယ်ချင်းတွေ အသိဆုံးပါပဲ ။ မပိုင်ပဲ ဂေါ်လီမလုပ်ချင်ပါနဲ့ ဟာ ။

      • eros

        July 6, 2011 at 2:55 pm

        ရေးချင်ရင်ကိုယ့်အကြောင်းကိုရေးပေါ့။ မဆိုင်တဲ့သူနာမည်ရေးဖို့မလိုဘူးထင်တယ်။ သူများကိုယ်ရေးကိုယ်တာကိုလည်း ဝေဖန်ဘို့မလိုပါ။

        • etone

          July 6, 2011 at 4:24 pm

          ရော် …ခက်တာပဲ ။ ကိုယ်ရေးကိုယ်တာကို ဝေဖန်တာမဟုတ်ဘူးဟေ့ နင့်အဖြစ်သည်းနေတဲ့ comment ကြီးကို နေရာလေးခုမှာ တွေ့ရလွန်းလို့ အလွတ်တောင် ရနေပြီ … . reply to ဆူး ၊ reply to etone နဲ့ တခြားပို့စ် နှစ်ခုအောက်မှာလည်း ရေးထားတယ် … ဒီလောက်သည်းစရာ ဘာလိုလို့လဲ ။ ဆိုရှယ်ဆိုက်ပဲ … တယောက်နဲ့ တယောက် သိနေတာပဲ ဒါရေးတာ နင်က ပ ွန်းပဲ့သွားတယ် ထင်လို့လား ။

          တချို့ လူတွေ ဆို ….. ယောကျာ်းတန်မဲ့ အလိုက်ကန်းဆိုး မသိ ရုံးချိန်တွင်းရော ၊ ရုံးချိန်ပြင်ပပါ အကြိမ်ကြိမ် ဖုန်းဆက်တာတောင် … ငါ့ဘဲက နားလည်ပေးနိုင်တယ် …။ မန်းတဲ့အထဲမလာတဲ့ လူတွေ နာမည်တောင် ပျော်အောင် ရေးထားသေးတာပဲ … ။ တကယ်ရောက်မလာခဲ့ဘူးဆိုလျှင် နင့်နာမည်လည်း ထည့်ရေးမိမှာ မဟုတ်ဘူး ။ ဒါကြောင့် မဆိုင်တဲ့ လူနာမည် ထည့်ရေးတာ ဟုတ်မဟုတ် ပြန်စဉ်းစား ။

  • Big Defender

    July 5, 2011 at 12:19 pm

    ဟုတ်ကဲ့ ကျွန်တော်လည်းဒီအတိုင်းပါပဲ

  • Shwe Tike Soe

    July 5, 2011 at 12:55 pm

    မဝင်တာကြာတော့ ရွာထဲမှာဘာတွေဖြစ်နေကြပါလိပ် နှစ်ရက်ပဲရှိသေးတယ်

  • ဆူး

    July 5, 2011 at 1:52 pm

    အဲလို ဖြစ်တာ တွေ့မိတယ်.. ကွန်မန်း တိုင်းတော့ မဟုတ်ဘူး။ အခုတော့ မသိဘူး.. အခု မြင်ရသေးလား။ မြင်ရင် အကြောင်းပြန် ဒါပဲ

    • etone

      July 6, 2011 at 9:25 am

      အခု မမြင်ရတော့ပါဘူး ဆူးရေ … မနေ့က တည်းက ပို့စ်တင်ပြီး ခဏကြာတော့ သဂျီးပြန်ပြောင်းလိုက်တယ် ထင်ပါတယ် … ။

  • bigcat

    July 6, 2011 at 8:56 am

    ကျနော့် avatar ပုံတော့ကြွသွားပြီ၊ နတ်ပြည်ကို…..

  • chitpyae

    July 6, 2011 at 11:05 am

    ရွာထဲမှာ ဘာတွေဖြစ်နေတာလဲ လိုက်မမှီတော့ဘူး …. ။
    မှီရာ ကားနဲ့လိုက်တော့မယ် … Taxi .. taxi ….

  • လင်းဝေကျော်

    July 6, 2011 at 4:56 pm

    တို့လည်း ဘာမှန်းတောင်မသိတော့ပါဘူး။

  • shweaeimsi

    July 26, 2011 at 11:09 pm

    ဖွင့်ထားတာဘဲ..တိတောင်မတိဝူး….

    တို ့ကတော့…သချီးကိုယုံတယ်…..

  • pisikway

    July 29, 2011 at 11:15 am

    တို့ရော ပဲ။ သုံးသာသုံးနေတာဘာမှမသိဘူး၊ နာမည်တောင်သူများနဲ့တူနေတယ်ဆိုလို့ပြောင်းချင်တာ မပြောင်းတတ်လို့ ဒီအတိုင်းထားထားရတယ်။ 🙂

  • taungpawthar

    September 22, 2011 at 1:21 pm

    ပြန်ပြင်ပြီးမှ ဒီအကြောင်းသိ လိုက် တော့ နေ မြဲ မန်းမြဲ ပေါ့်

Leave a Reply