တို့တိုင်းပြည်

ထလော့မြန်မာ၊ အိုမြန်မာတို ့
တို ့ရွာ တို ့မြေ၊တို ့ရွာမြေဝယ်
စေတီစပါး၊များလည်းများ၏
များပါလေလဲ၊တမွဲမွဲနှင့် ဆင်းရဲကာသာ၊
ကာလကြာလျှင် ယာစကာမျိုး၊
… တညှိုးညှိုးနှင့်ပုထိုးမြင့်မောင်း၊
ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျှက်
မစားလေရ၊ ဝမ်းမဝ၍ ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့မြန်မာ၊ အိုမြန်မာတို ့
တို ့ရွာတို ့မြေ၊ တို ့ရွာမြေဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏ များပါလေလည်း၊
တမွဲမွဲနှင့် ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍ တောကပြိတ္တာ၊
ဖြစ်မည်တည်း။

ထလော့မြန်မာ၊ မြန်မာထလော့၊
အားမပျော့နှင့်၊ မလျော့လုံ ့လ သူကစ၍၊
ငါကအားလုံး လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့် စွမ်းဆောင်ကြလေ
ဤမြေဤရွာ ဘယ်သူ ့ရွာလဲ ဤယာစပါး၊ ဘယ်သူ ့စပါးလဲ
ထားလော့တာဝန်၊ ဉာဏ်ရှေ ့ပန်း၍ တဝမ်းတစိတ်၊ ညီစေသတည်း။
တစ်ချိန်က တို့ဗမာအစည်းအရုံးအတွက် ဆရာဇော်ဂျီရဲ့ ဇာတိမာန် ကဗျာလေးပါ