သူဌေးဖြစ်ချင်လား…ငါတို့ဘာတွေလုပ်ဖို့လိုမလဲ (၃)

SmiegolJuly 5, 20111min1325

ပြောခဲ့တဲ့အတိုင်း..ကျွန်တော်တို့ တာဝန်ခံနိုင်ပြီလားတဲ့

တာဝန်ခံနိုင်တဲ့သူတွေအများကြီးရှိနိုင်ပါတယ်။ ဆက်ပြောကြရအောင်

စီးပွားရေးတစ်ခုလုပ်ဖို့အရင်းအနှီးလိုတယ်…

ဟုတ်ပြီ..သင်ဘာလုပ်မှာလဲ..အရင်းအနှီးက ဘယ်လောက်လိုမလဲ

 

ကျွန်တော်ကတော့ အင်တာနက်ဆိုင်ကြီးကို ထောင်ချင်တယ်၊ သိန်း၁၀ဝ လောက်လိုမယ်..

ကျွန်မကတော့ Fashion ဆိုင်တစ်ဆိုင်ဖွင့်ချင်တယ်၊ သိန်း၅ဝ လောက်လိုမယ်..

အရင်ဆုံးစဉ်းစာပါ..အဲဒီပိုက်ဆံတွေအရှုံးခံနိုင်လား..

နောက်တစ်ခုက ရှိသမျှအကုန်ပုံအောပြီး စီးပွားရေးလုပ်တယ်..လုပ်နေရင်းခါးပြတ်သွား နိုင်တယ်။ အဲဒီတော့ တစ်နိုင်တစ်ပိုင်လုပ်နိုင်ဖို့ပဲ စဉ်းစားပါ..

ကျွန်တော်တို့နိုင်ငံမှာ ဘယ်အရာကို စိတ်ချပြီး ရေရှည်ရင်းနှီးမှု လုပ်မှာလဲ..

အဲဒါဆို ကျွန်တော်တို့ တစ်နိုင်တစ်ပိုင် ငွေဘယ်လောက်အရှုံးခံနိုင်လဲလို့စဉ်းစားကြည့်မယ်။

တစ်သိန်းလား၊ နှစ်သိန်းလား..ကိုယ်နေတဲ့ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်မယ့် ရင်းနှီးမှုကိုတော့လုပ်ရမှာပေါ့..

အရင်းအနှီးရှိမှ သူဌေးဖြစ်မယ်ဆိုရင်..ဘယ်သူဌေးမှ ငွေထုပ်ပိုက်ပြီးမွေးလာတာမဟုတ်သလို

မျှတတဲ့ပြိုင်ဆိုင်မှုမှာ တိုးတက်ဖွံ့ဖြိုးလာတဲ့စီးပွားရေးလုပ်ငန်းအားလုံးဟာလဲ အခွင့်အရေး အလုပ်ကြောင့်တိုးတက်လာတာပါ..အခွင့်ထူးခံလူတန်းစား၊ မိုးကျရွှေကိုယ်တွေရဲ့စီးပွားရေးမျိုး မဟုတ်ပါဘူး။

 

အဲဒီတော့ အရင်းအနှီးလေးနဲနဲနဲ့ ကျွန်တော်တို့ ဘာလုပ်နိုင်မလဲ..

အရင်ဆုံး လူအများစုရဲ့ငွေကြေးကိုင်တွယ်ပုံလေးကို ပြောပြပါ့မယ်..

မှန်သလား၊ မှားသလား ကိုယ်တိုင်စဉ်းစားကြည့်ကြပါ

မှားတယ်လို့ထင်ရင်လဲ ဝေဖန်နိုင်ပါတယ်..

 

ရေသေ နှင့် ရေရှင်

အရင်ဆုံးအကြောင်းအရင်းလေးကို စဉ်းစားကြည့်ရအောင်….

ကျွန်တော့်မှာ ပိုက်ဆံ (၃)သိန်းရှိတယ်ဆိုပါစို့၊

ကျွန်တော်တစ်နှစ်လောက် ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီးစုထားတဲ့ပိုက်ဆံ…

ကျွန်တော်တို့လွယ်လွယ်နဲ့ အရင်အနှီးပြုပြီး စီးပွားရေးတစ်ခု သေးသေးလေးပဲဖြစ်ဖြစ် လုပ်ဖြစ်လား။

ဒါမှမဟုတ် ဘာလုပ်လိုက်လဲ..ဘဏ်ကိုအပ်လား၊ စိတ်ချရတဲ့နေရာ၊ စိတ်ချရတဲ့ လူတစ်ဦးတစ်ယောက်ဆီကို အပ်မိလား။

အပ်ခဲ့မိတာ၊ သိမ်းခဲ့မိတာ၊ ဘဏ်ထဲပို့လိုက်မိတာများပါတယ်။

ေငွေစုတတ်တဲ့သူမဟုတ်ရင်တော့ လိုချင်တာတစ်ခုခု ဝယ်လိုက်မိမှာပေါ..

အဲဒါတွေက ကျွန်တော်တို့ငွေကြေးလေး မပျောက်မပျက်ရအောင် ထိန်းသိမ်းတာပါ..

ပျောက်ပျက်သွားရင်ရော ဘာဖြစ်မတုန်း

ကျွန်တော်တို့ ပင်ပင်ပန်းပန်းရှာထားရတာလေးကို ကိုယ်စီနှမြောမိကြတာပဲလေ

အဲဒီတော့မပျောက်ပျက်မယ့်နည်းလမ်းကိုပဲရှာကြတာပေါ့။

အဲဒီလိုဆို ကျွန်တော်တို့ရဲ့ ပိုက်ဆံလေးဟာ ရေကန်ထဲကရေတွေပေါ့..

စီးဆင်းမှုမရှိတဲ့ရေ…ဒါတွေဟာ တစ်ချိန်ချိန်ကျရင် အငွေ့ပြန်ဦးမှာ..

လွန်ခဲ့တဲ့ အနှစ် (၂၀)လောက်က နယ်မြို့တစ်မြို့က အမွေရတဲ့ နှစ်ထပ်အိမ်ကြီးကို ၃၄ သိန်းနဲ့ ရောင်းပြီးတော့ ဘဏ်ထဲမှာထည့်ပြီး အတိုးစားနေတဲ့ဝန်ထမ်းလင်မယား(၂)ယောက် အခုဆို ဘယ်လိုများနေကြပါ့မလဲ..

အဲဒီတော့ ကျွန်တော်တို့ရဲ့ငွေလေးတွေကို ရေရှင်လေးတွေဖြစ်အောင် ကိုယ်စွမ်းရှိသမျှကြိုးစားရမယ်..

 

ပင်လယ်ပြင် သင်္ဘောမှောက်ခြင်း

လွန်ခဲ့တဲ့ (၁၂)နှစ်လောက်က လစာ ၂သောင်းခွဲရပါတယ်..မလောက်ပါ..

အသက်ကြီးလာတာနဲ့အမျှ လစာလေးများကြီးလာပါတယ်..မလောက်ပါ..

ဒီထက်ပိုကြီးလာရင်ရော..မလောက်ပါ..

အဲဒါဆို သေခါနီးရင်ရော..မလောက်ပါ..

လစာ (၂)သောင်းခွဲမှာ BUS ကားစီးပါတယ်..PCO လမ်းဘေးဖုန်းဆိုင်မှာသုံးပါတယ်..

အသက်ပိုကြီးလာပါတယ်..ပင်ပန်းတယ်အကြောင်းပြပြီး သက်သာရာရှာ Taxi စီးချင်ပါတယ်..

Mobile Phone ကို သိန်း၃ဝ ခန့်ပေးဝယ်ပါတယ်..

တစ်သက်လုံးသုံးလာတဲ့ Desktop လေးကို ဘက်ကန်ပြီး Laptop တစ်လုံးဝယ်ချင်ပါတယ်..

iPhone သုံးချင်ပါတယ်..LCD TV ကြည့်ချင်ပါတယ်..

ငါတို့ ဘာဖြစ်နေသလဲ..

ကျားကြီးတော့ ခြေရာကြီးတယ်တဲ့..ဒါဆို ဖင်ခေါင်းကျယ်တော့..အီးတုံးကြီးတာပေါ့..

စဉ်းစားနော် မင်းရှာတဲ့ ရေရှင်လေးက ပင်လယ်လောက်ဖြစ်နေလဲ အဲဒီထဲမှာ သင်္ဘောမှောက်မှာပဲ..

 

ကောင်းပြီ အဲဒီလိုမဖြစ်အောင် မင်းဘယ်လိုနေမလဲ..

သူငယ်ချင်းတစ်ယောက်ရဲ့ iPhone Wallpaper လေးကို တွေ့တော့ အရမ်းသဘောကျမိတယ်

iPhone Lock Screen မှာ ဖွင့်လိုက်တာနဲ့

ဖုန်းအကြာကြီးမပြောနဲ့ Bill တက်တယ်တဲ့၊ အင်တာနက်မလိုရင်မသုံးနဲ့ တစ်မိနစ် (၄)ကျပ်တဲ့

ဖုန်းဆက်မလို့ ဖွင့်တာနဲ့တွေ့နေပြီ။ အရမ်းမထိရောက်ပေမယ့် သတိပေးရာတော့ ရောက်သား။

အဲဒီတော့ ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ရအောင်..

မေး-

၁။ ကွန်ပျူတာလိုသလား၊ ဘာအတွက်သုံးမှာလဲ

၂။ Mobile Phone လိုသလား၊ ဘာအတွက်သုံးမှာလဲ

၃။ Game Console တွေလိုသလား။

၄။ LCD TV လိုသလား။ Home Theater လိုသလား။

ဖြေ-

၁။ ကွန်ပျူတာလိုပါတယ်၊ ရုံးအလုပ်တချို့အိမ်ယူလုပ်ဖို့နဲ့ ကလေးတွေအတွက်အကြောင်းပြပြီး ကိုယ်ကလိဖို့ပါ။

၂။ Mobile Phone လိုပါတယ်။ ဆက်သွယ်ရန်လွယ်ကူဖို့ပါ။

၃။ Game Console တွေလိုပါတယ်။ ပျင်းရင်ဆော့ဖို့ပါ

၄။ LCD TV နဲ့ Home Theater လိုပါတယ်။ DVD ရုပ်ရှင်တွေကို အရုပ်အသံကောင်းကောင်းကြည့်ချင်တယ်..

 

လူတိုင်း ကွန်ပျူတာကိုယ်ပိုင်ရှိသင့်ပါတယ်..Budget PC ဝယ်သုံးပါ

OS နဲ့ Office ကောင်းကောင်းအလုပ်လုပ်ရင်ရပါပြီ..

i5 တို့ i7 တို့ Macbook တို့ ဖြစ်စရာမလိုပါ။

အပျင်းပြေ ဂိမ်းသေးသေးလေးတွေပဲဆော့ပါ။

Game Console တွေမဝယ်ပါနဲ့။

ဈေးသက်သာတဲ့ ရိုးရိုးTV ကို အသံကျယ်ကျယ်လေးနဲ့ Virtual Surround နဲ့ကြည့်ပါ။

iPhone မဝယ်ပါနဲ့။ Phone ခေါ်လို့ကောင်းပြီး  Battery သက်တမ်းရှည်တဲ့ Phone Only ကို ပဲဝယ်သုံးပါ။

နည်းပညာနောက်လိုက်ရင်း စိတ်ဆင်းရဲမှုတွေမဖြစ်ရသလို..

သင့်အတွက် စီးပွားရေးလုပ်ဖို့ ရေစက်ရေပေါက်ကလေးများထွက်လာပါလိမ့်မယ်။

ဒါဟာ သင့်အတွက် အခြေခံအကျဆုံး ချွေတာနည်းကတော့..

အရှင်းဆုံးပြောရရင်..မလိုအပ်ရင်မဝယ်ပါနဲ့..သူများသုံးပြရင် မျက်နှာလွှဲလိုက်ပါ

သင်စိတ်ချမ်းသာပါလိမ့်မယ်..

သုံးပါမဖြုန်းပါနဲ့..မဟုတ်ရင် ပင်လယ်ပြင်မှာ သင်္ဘောမှောက်လိမ့်မယ်..

(ဆက်ရန်…)

5 comments

  • forever

    July 5, 2011 at 11:08 am

    တွေ.ဘူးတာကတော.
    ခုခေတ်မှာ ကို.မှာရှိတဲ.ငွေထက်
    တဆခွဲလောက်တန်တဲ.မြေကိုဝယ်
    စရံပေးကျန်တာကိုအရစ်၃ရစ်လောက်ပေးလို.ရအောင်ငိုပြ
    ပြိးမှနောက်လူကိုလက်လွဲရိုက်
    ခေတ်ကတက်ခေတ်ဆိုတော.
    လက်ထဲမှာ ၁၀၀ဝ ရှိရင်၂၅၀ဝတန်မြေကိုဝယ်စရံ၅၀ဝလောက်ချလိုက်
    ကျန်တာကို၃လ၃ရစ်ခွဲပေးမယ်ပေါ.ပြိးမှလက်လွဲရိုက်လိုက်
    နောက်ဆုံးပိတ်စရင်းချုပ်တော.ကို.ငွေ၁၀၀ဝကနေ၃၀၀ဝလောက်၃လအတွင်း
    ပွားသွားတဲ.လူတွေရန်ကုန်မှာတွေနေရတယ်
    မန္တလေးမြေဈေးနဲဆို မန်းသားတွေကပိုလုပ်ကွက်ကောင်းနေတယ်လေ
    ကိုတော်ကာတို.ပိုသိမှာပေါ.

  • ဆူး

    July 5, 2011 at 2:43 pm

    သိတာတခုကတော့ အလုပ်တခု လုပ်မယ် ဆိုရင် ၁ဝသိန်း ရှိတာနဲ့ ၁ဝ ဖိုး လုပ်လို့ မဖြစ်ဘူး ၅သိန်း လောက်နဲ့ စပြီး လိုအပ်တာ တဖြေးဖြေး တိုးချဲ့..ဒါမှ ခါးမပြတ်မှာ..

  • unclegyi1974

    July 5, 2011 at 3:24 pm

    အင်း ever ရဲ့နည်းကခေတ်သစ်
    သူဌေးတွေရဲ့လုပ်နည်းကိုင်နည်းလေးတွေပါ
    ဘတို့ကအန်းတိတ်တွေဆိုတော့
    ဒီလိုစွန်းစားခန်းတွေမကြိုက်ပါဖူး
    ကိုယ့်လက်ထဲကငန်းကိုပဲပိုတန်ဖိုးထားပါတယ်
    ဒါကြောင့်လည်းကိုယ့်ကိုဟောတယောက်ဟောတယောက်ကျော်တက်သွားလိုက်ကြတာ

  • antimoe

    July 5, 2011 at 4:25 pm

    ဒီလိုတွေးတာ…သဘောသိပ်သဘောကျတယ်။
    ံHPဝယ်မဲ့အစား မြေတကွက်သာဝယ်ထား။
    ရွှေ—-ကျပ်သား၊ စိန်လော်ကက်၊ ဂျော်ဒါနို
    ဒါတွေ ဝယ်မဲ့အစား မြေတကွက်သာဝယ်ထား။
    လစဉ်….မလိုအပ်ပဲ…ဖြုန်းနေတဲ့ငွေကို….စုပြီး… မြေတကွက်သာဝယ်ထား။
    ရွာထဲ….အကြာကြီးလျှောက်လည်မဲ့အစား ….စုပြီး… မြေတကွက်သာဝယ်ထား။
    စုနိုင်မှ…ချမ်းသာမယ်။

  • MaMa

    July 6, 2011 at 8:07 am

    စီးပွားရေးတစ်ခုလုပ်ဖို့စဉ်းစားပြီဆိုရင် ဆိုင်ဖွင့်မှာလား၊ မြေဝယ်မှာလား။ သဘာဝချင်း မတူတာမို့ ခွဲခြားပြီး စဉ်းစားဖို့ လိုပါတယ်။
    ၁။ ဆိုင်ဖွင့်မယ်ဆိုရင် ကိုယ်တတ်နိုင်တာရဲ့ တစ်ဝက်လောက် (သို့) လေးပုံတစ်ပုံလောက်ကို စပြီး ရင်းနှီးပြီးလုပ်။ စတင်တည်ထောင်နေစဉ်မှာ လုပ်ငန်းက မတည်ငြိမ်သေးခင် လိုအပ်တာတွေ ထပ်ဖြည့်ဖို့ လိုလာတဲ့အခါ နောက်အားနဲ့ လိုက်နိုင်ဖို့ လိုပါတယ်။ လုပ်ငန်း ခါးပြတ်မသွားအောင်ပေ့ါ။ လုပ်ရင်းနဲ့မှ ကိုယ့်လုပ်ငန်းရဲ့ သဘောသဘာဝကို သိသွားပြီး ဘယ်နေရာကိုတိုးသင့်တယ်။ ဘယ်နေရာမှာ လျှော့သင့်တယ်ဆိုတာကို ချင့်ချိန်နိုင်လာမယ်။ ဒီတော့မှ ထပ်တိုးချဲ့ဖို့ စဉ်းစား။ အဲဒါမှ လုပ်ငန်း အခြေခိုင်တယ်။ ရေရည်ရပ်တည်နိုင်မယ်။ အောင်မြင်နိုင်မယ်။
    ၂။ မြေဝယ်မှာလား။ ဒါက ဆိုင်ဖွင့်သလို နေ့စဉ်ဝင်ငွေ ပုံမှန် မရတဲ့ လုပ်ငန်းမို့ ပုံမှန်ဝင်ငွေ (နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ စားသောက်စရိတ် လုံလောက်အောင်) ရှိတဲ့ လုပ်ငန်း တစ်ခု သီးသန့် ရှိရင် ပိုကောင်းပါတယ်။ စရံနဲ့ ဝယ်ပြီး လက်လွှဲရောင်းဖို့ဆိုရာမှာလည်း ဝယ်တိုင်း မြတ်ဖို့ မလွယ်ပါဘူး။ ဖြစ်တတ်တဲ့ သဘာဝတွေကို ကြိုတွေးထားဖို့လိုပါတယ်။ စရံချပြီး ဝယ်မယ်။ အချိန်မီ ပြန်ရောင်းလို့ မရရင် (သို့) ရှုံးရင် စိုက်ထည့်ဖို့ ငွေပိုငွေလျှံ ရှိပါသလား။ မြေ အရောင်းအဝယ်နဲ့ အဆပေါင်းများစွာ မြင့်တက်သွားသူတွေ မြင်ဖူးသလို၊ ဘဝပျက်သွားသူတွေကိုလည်း မြင်ဖူးပါတယ်။
    (စေတနာနဲ့ ကိုယ်သိသလောက် မျှဝေတာ ဖြစ်ပါတယ်။ မှန်ချင်မှလည်း မှန်မှာပါ။)
    ပင်လယ်မှာ သင်္ဘော မမှောက်အောင်တော့ လိုက်နာသင့်ပါတယ်။

Leave a Reply