ကျော်ထွေးကို စာသင်မယ်။

Yan ShinJuly 5, 20111min1287

ကျွန်တော် တပည့်ကျော်မောင်ကျော်ထွေးကို စာသင်ပုံကို အရိပ်အမွက်လောက်ပြောပြထားပြီးပါပြီ။
ကျွန်တော့်သူငယ်ခြင်း ငကြပ်ကောင်မောင်စည်သူ ခံရပုံကိုလည်းသိပြီးပြီဟုတ်….
နောက်တစ်ခါ ကျွန်တော် မောင်ကျော်ထွေးကို စာသင်တော့ကြုံရပုံကို ထပ်ပြောပါရစေ။
ကျွန်တော်ဒီတစ်ခါ သင်တော့ ဗျဉ်းသုံးဆယ့်သုံးလုံးကုန်သလောက်ဖြစ်နေပါပြီ။
ကျွန်တော် သင်တော့ အက်ခရာဥ အက်ခရာအော (ဥဩ) ကို သင်ပေးနေတာပါ။

ကျွန်တော် မောင်ကျော်ထွေးကို စာတတ်အောင်သင်ပေးခြင်ပါတယ်။ ဒါကြောင့် စိတ်ရှည်ရှည်နဲ့ ဥပမာ ဥပမေယျတွေနဲ့ သင်ပါတယ်။

ကျော်ထွေး ဥဩဆိုတာ မင်းတို့ အေရာဝတီတိုင်းမှာတော့ သိပ်မတွေ့ရဘူးပေါ့။
ဥဩဆိုတာ မင်းဟိုးမှာမြင်လား ဟိုးအင်းရေပြင်ထဲက တိုင်ငုပ်ကလေးပေါ်မှာ နားနေတဲ့ ဒင်ကျီး(တင်ကျီး)ငှက်
အေး အဲလို မဲမဲကောင်လေး အဲလိုငှက်မျိုးပါပဲ။
ဒါပေမဲ့ သူက ဒင်ကျီးလိုတော့ ရေးမကူး ငါးမဖမ်းတတ်ဘူးပေါ့ကွာ။

အဲဒီလို စိတ်ရှည်လက်ရှည် ဥပမာ ဥပမေယျတွေနဲ့ သင်ပေးထားခဲ့ပါတယ်။

နောက်မေ့လောက်တော့ ကျွန်တော် ကျော်ထွေးကို စာပြန်မေးရင်း ဥဩကိုပြန်ဖတ်ခိုင်းခဲ့ပါတယ်။

မောင်ကျော်ထွေး စိတ်ပါဝင်စားစွာ ဖတ်ပါတယ်
အထစ်ထစ်အငေါ့ငေါ့နဲ့ပါပဲ မောင်ကျော်ထွေး မှတ်မှတ်သားသားကို ဖတ်တာပါ။ နားဆင်ကြည့်ပါ။

အက်ခရာဥ အက်ခရာအော
ဒင်ကျီး ပါတဲ့ခင်ဗျား…………………………

ဒဲ့မဟုတ်တောင် တွတ်ဝင်ရင်ကြေနပ်ပါသေးတယ်။ ခုတော့

မိတ်ဆွေ ကျော်ထွေးမွေးစားဆရာတော် ကြမ်းကျောင်းသုံးကျောင်းကုန်တာ မဆန်းပါ။ မိတ်ဆွေကော ကျော်ထွေးကဲ့သို့သော တပည့်ကျော်တစ်ယောက်လောက်စာသင်ပေးခြင်စိတ် ပေါက်ပါသလားခင်ဗျာ ….
လိပ်စာသာပို့ပေးလိုက်ပါ။
ကြမ်းကျောင်းငါးကျောင်းစာလောက်ကို ထုပ်ပိုးပြီး မောင်ကျော်ထွေးနှင့် တပါတည်းပို့ပေးပါမည့်အကြောင်း။

7 comments

  • forever

    July 5, 2011 at 12:38 pm

    ဒါဆိုကျော်ထွေး က အိုင်းစတိုင်းလိုခပ်ထုံထုံလေးနဲ.တော်တာထင်တယ်

  • naywoonni

    July 5, 2011 at 1:57 pm

    တော်တဲ့နေရာလေးတစ်ခု သင်စရာမလိုတဲ့ ဟာလေးတစ်ခုလောက်တော့ရှိမှာပါ..။ အားမလျော့နဲ့ ကြိတ်ထား

  • Yan Shin

    July 6, 2011 at 8:44 am

    ကိုယ်က စနေသားလေ(စိတ်မျိုး)
    ဘယ်လက်လျှော့လေမလဲ ဆက်လက်ကျိုးစားဆဲ
    သူတို့မှာတော်တဲ့နေရာလေးတွေတော့ရှိတာပေါ့……..
    ရွာလည် လက်စမ်းစားပေ စင်မြင့်ပေါ်တွင် ဆက်လက်ရှုစားပါလေ……………..

  • bigcat

    July 6, 2011 at 9:16 am

    နောက်တခါသင်ရင် သူ့ကို ဘဘကြီးနာမည် စာလုံးပေါင်း သင်ပေးလိုက်ပါ။ စာပြန်မေးရင် ဘယ်လိုဖြေမလဲလို့….

  • nozomi

    July 6, 2011 at 5:06 pm

    ညဏ်ရည်က သာမန်ကလေးတွေနဲ့ မတူတဲ့ ကလေး ကို စာသင်တာနဲ့ ပတ်သက်လို့ အမီခန်းပါတဲ့ ကုလားကား Stars on the ground လေး မကြည့်ဘူးသေးသူများ ကြည့်ကြည့်ပါ အရမ်းကောင်းပါတယ်

  • Yan Shin

    July 7, 2011 at 10:16 pm

    လေးကြောင်နံမည်ကို ရေးပြရမှာလားဟင်?
    nozomi ရေကျေးဇူးပါ။ ရှာပြီးကြည့်မယ်နှော်။
    ရန်ကုန်မှာ ရှာဝယ်ရင်ရမလား?

Leave a Reply