Toast ( ကွမ်းပို ့စ်)

မောင် ပေJuly 5, 20111min994

Toast  (noun) an act of toasting : Let’s drink a toast to our friends ! ( verb ) to drink ceremonially in honour of , or to wish success to ( someone or something ) : we toasted  the bride and bridegroom\the new ship

အနောက်နိုင်ငံ များတွင် တော့ ယမကာ တစ်ခုခုသောက်ကြတိုင်း toast လုပ်လေ့ ရှိသည် ဟု ကြားဖူးသည် ။ ယနေ ့ခေတ် မြန်မာပြည် တွင်လည်း toast လုပ်နေကြပြီ ဖြစ်သည် ။

` ရည်းစားချစ် ၊ စီးပွားဖြစ် ၊ ဘာမှ မလုပ်ပဲ သူဌေးဖြစ် ….. cheers ! ´

ချာတိတ် တစ်သိုက် ဘီယာခွက်တိုက်နေကြခြင်း ဖြစ်သည် ။

ဘေးချင်းကပ်ရပ် ဝိုင်းတွင် ထမင်းထိုင်စားနေသည်မို  ့ သူတို ့ပြောသမျှ အကုန်ကြားနေရသည် ။

` ရည်းစား က လည်းချစ်ရမယ် ။ စီးပွား ကလည်း ဖြစ်ရမယ် ။ ဘာမှ မလုပ်ပဲနဲ ့ကို သူဌေး ဖြစ်ရမယ် … အင်း..သူတို ့လေးတွေ ရဲ  ့toast  မဆိုးပါလား ´ ဟု စဉ်းစားမိသွားသည် ။

ရည်းစား ချစ်ဖို ့ဆိုရင် ရည်းစား တစ်ယောက် တော့ ရှိဖို ့လိုမယ် ။ ကောင်မလေး တစ်ယောက် က ကိုယ့်ကို ပြန်ကြိုက်မှ ပြန်ချစ်မှ ရည်းစား ဖြစ်မည် မဟုတ်လား ။ ကောင်မလေး ကိုယ့် ကို ချစ်ဖို ့ဆိုတာကလဲ ထိုကောင်မလေး ကိုယ့် ကို ချစ်နိုင်လောက်အောင် ကြိုက်နိုင်လောက်အောင် ကိုယ့်ဘက်မှာ အရည်အချင်း သော်လည်းကောင်း ရုပ်ရည်သော် လည်းကောင်း ရှိရမည် ။ အနည်းဆုံးတော့ သန် ့သန် ့ပြန် ့ပြန် ့လေး ဝတ်စားဆင်ယင်မှုတော့ ရှိရမှာပေါ့နော် ။ ဒါမှ လည်း ကိုယ် က သွားမကြိုက်တောင် ကိုယ့်စတိုင်လ် ကို ကြိုက်မိခိုက်မိသွားပြီး ကိုယ် နှင့် ရည်းစား ဖြစ်လို သည့် ကောင်မလေး များ ရှိလာနိုင်မည် မဟုတ်လား ။

စီးပွားဖြစ်ဖို ့ဆိုရင်တော့ လက်ရှိလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်း တစ်ခုခုသော်လည်းကောင်း ၊ အလုပ် တစ်ခုခု သော လည်းကောင်း ရှိနေမှ ဖြစ်မည် ဟု ထင်မိသည်  ။ စီးပွားဖြစ်တယ် ဆိုတာ ကိုယ့်လုပ်ငန်း က ဝင်ငွေတိုးတက်လာခြင်း ၊ ကိုယ့်စီးပွားရေး ကို အားပေးသည့် ဝယ်သူ အားပေးသူ များ တိုးပွားလာခြင်း ၊ ဝန်ထမ်း လုပ်နေသည် ဆိုလျှင်လည်း ရာထူးတက်ခြင်း ၊ လခ တိုးခြင်း သို ့သည် စီးပွားဖြစ်သည် မဟုတ်လား ။ ဘာအလုပ်မှ မလုပ် ပဲ နဲ ့တော့ စီးပွားဖြစ်ဖို ့ဆုတောင်းနေလျှင် တော့ ဘာမှ ဖြစ်လာမည် မဟုတ်ဟု ထင်မိသည် ။ တာရာမင်းဝေ ၏ စကားတစ်ခွန်းရှိသည် ။ ` ထိုင်နေရင်း အလုပ်ဖြစ်သွားတာတော့ ကြက်မတွေပဲ ရှိတယ် ´ ဟူ ။

ဘာမှ မလုပ်ပဲ သူဌေးဖြစ်ဖို ့ကတော့ တော်တော့် တော်တော် ကို မလွယ်တဲ့ ကိစ္စဟု ထင်မိသည် ။ ထီထိုးပေါ့ ဟု ဆိုလာလျှင် တော်တော့် တော်တော် ကို ကံကောင်းဦးမှ အနည်းဆုံး ၁ သိန်းဆု ပေါက်မည်သာ ။ ဘာမှ မလုပ်ပဲ သူဌေးဖြစ်ဖို ့ဆိုလျှင်တော့ ရှေးဘဝ က ကုသိုလ်ကံ တော်တော် ကောင်းမှ သာ ဖြစ်နိုင်မည် ။ သို ့မဟုတ် ကိုယ့်ဆွေမျိုးသားချင်း ထဲ မှ ဘောစိ တစ်ယောက် နေရင်းထိုင်ရင်း လျှော သွားပြီး ၊ ကိုယ့်အတွက် သေတမ်းစာ ရေးပေးထားခဲ့သဖြင့် အမွေရလျှင် တော့ ဘာမှ မလုပ်ပဲ သူဌေး ဖြစ်နိုင်သည် ။ ကိုယ် ချမ်းသာ ဖို ့အတွက် ကိုယ့် အမွေ ပေးမည့် သူ သေဖို ့မျှော်လင့်ခြင်းသည် ကောင်းသောအလုပ် မဟုတ် ။ လမ်းမှာ သွားရင်း ရွှေထုပ် ကောက်ရဖို ့ဆိုတာကလည်း သိပ်မဖြစ်နိုင် ။  ကောက်ရခဲ့လျှင် လည်း ပိုင်ရှင် ရှိ ပစ္စည်း ဖြစ်နေသဖြင့် စိတ်သန် ့မှာ မဟုတ် ။ ပြန်ပေးလိုက်မည်သာ  ။ သို ့ဆိုလျှင် ဘာမှ မလုပ်ပဲ သူဌေးဖြစ်ဖို ့က တော့ ထီ ထိုးရန်သာ ရှိသည် ။ ထီ က လည်း ထိုးမည် ဆိုမှ ဈေးတွေ တက်နေသည် ။

` ဪ..ဘာမှ မလုပ်ပဲ သူဌေးဖြစ်ဖို ့တောင် မှ ထီထိုးစရာ ပိုက်ဆံ ရှိဖို ့လိုသေးတာပါလား ။  ကဲပါလေ ဂေဇက်မှာ တင်ဖို ့ရေးစရာလေး တစ်ခု တော့ ရတာ အမြတ်ပဲ ။ ဒီနေ ့မောင်ပေ ကံကောင်းပါလား ´ ဟူ

4 comments

  • MaMa

    July 6, 2011 at 7:46 am

    ဘေးချင်းကပ်ရပ် ဝိုင်းတွင် ထမင်းထိုင်စားနေသည်ကို ကြားနေရသော မောင်ပေသည်လည်း ၎င်းဝိုင်း၏ ဘေးဝိုင်းတွင် ထမင်းစားနေလိမ့်မည်ကို မြင်ယောင်နေမိပါသည်။ အဲဒါဆို ` ရည်းစားချစ် ၊ စီးပွားဖြစ် ၊ ဘာမှ မလုပ်ပဲ သူဌေးဖြစ် ‘ နေလောက်မှာပါ။
    🙂

  • Shwe Tike Soe

    July 6, 2011 at 9:29 am

    မိန်းမချစ် ၊ စီးပွားဖြစ် ပြီးရင် KTV လစ် ဟိဟိဟိ

  • Yan Shin

    July 6, 2011 at 12:03 pm

    ဘာမှ မလုပ်ပဲ သူဌေးဖြစ်တာပျော်စရာပါ။

    သူဌေးဖြစ်ပြီး ဘာမှ မလုပ်တာကော……….

    ရှိနိုင်ပါ့မလား???????????????????

  • စုံ စုံ

    July 6, 2011 at 4:16 pm

    ထီတကယ်ထုးိချင်ရင်တော့
    လပေးနဲ့အကြွေးရောင်းတဲ့နေရာရှိတယ်နော်
    ဈေးလဲမကြီးဘူး
    သူများနည်းတူဘဲ 🙂

Leave a Reply