မြန်မာပြည်မှာ ပင်စင်လစာ တိုးသွားပြီလို့ ကြားရတဲ့အချိန်မှာ ပင်စင်စားကြီးတွေရဲ့ တဦးနဲ့တဦး ၀မ်းသာအားရ ဖုံးဆက် အကြောင်းကြားတဲ့ အသံလေးတွေ ကြားရတာ အင်မတန်မှ ၀မ်းသာပီတိ ဖြစ်မိပါတယ် ။ လုပ်သင့်လုပ်ထိုက်တာကို သတ္တိရှိရှိ လုပ်လိုက်တဲ့အတွက် ချီကြူးရမှာပါ။ တိုးလိုက်တာဟာလည်း အမည်ခံ တိုးရုံသက်သက် မဟုတ်ပဲ ထိုက်သင့်သော လုံလောက်မျှတသော နှုန်းလို့ မြင်တဲ့အတွက် ဒါဟာ ဒီအစိုးရသစ်လက်ထက်မှာ အင်မတန် ထူးခြားပြီး ဆန်းသစ်တဲ့ ပြောင်းလဲမှုရဲ့ အစလို့ ဆိုရမယ် ထင်ပါတယ် ။

ယခင်လို အထက်မြင် တခုလည်းကို ပုံသေဆွဲကိုင်မထားပဲ အောက်ခြေကတင်ပြတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားလာတာကိုလည်း ကြိုဆိုပါတယ် ။ပဲ export licene ကို တပတ်အတွင်း အပြီးချပေးတာ ၊ တန်120ကို ပဲရှိကြောင်းပြဖို့မလိုတာ၊  TT credit ကို သဘောင်္ထွက်အောင် မစောင့်ပဲရောင်းလို့ရတာ (ကုန်သည်များအတွက် ငွေလည်ပတ်မှုကိုမြန်စေပြီး အတက်အကျမြန်နေတဲ့ ဒေါ်လာဈေးကိုလည်း ရှောင်ချိန်ရနိုင်ပါတယ်)

တွေဟာလည်း တိုးတက်မှု တခုလို့မြင်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဟာ လာဘ်ပေးလာဘ်ယူ ကို အမြစ်ပြတ် ဖြေရှင်းနိုင်မဲ့ ပထမခြေလှမ်းလို့ မြင်ပါတယ်။

ပင်စင်စားကြီးတွေရဲ့ဘ၀ဟာ အင်မတန် သနားစရာ ကောင်းပါတယ်။ သူတို့ရဲ့ အရွယ်ကောင်း သန်မြန်ချိန်တွေမှာ နိုင်ငံတော်အတွက် အလုပ်လုပ်ပေးခဲ့ပြီး အသက်ကြီးပြီး အိုမင်းမစွမ်းချိန်မှာ အားကိုးရမဲ့ ပင်စင်လစာလေးကို လုံလုံလောက်လောက် တိုးပေးလိုက်တဲ့အတွက် ပင်စင်စားကြီးတွေနဲ့တကွ ၀န်ထမ်းများ အားလုံးက နိုင်ငံတော်အပေါ်ကို စိတ်ချ ယုံကြည်အားကိုး မှုများ ပိုလာမယ်ဆိုတာ သိသာပါတယ်။ တလက်စတည်း အကြံပေးချင်တာကတော့ မြန်မာငွေမာနေတဲ့ အချိန်မှာ ၀န်ထမ်းလစာများ ကိုပါ အချိန်မဆွဲပဲ တိုးပေးရန် အချိန်ကောင်းဖြစ်ပါကြောင်း ထပ်လောင်းအကြံပေးအပ်ပါသည်။

မြန်မာပြည်သူပြည်သားများကလည်း တိုင်းပြည်တိုးတက်ရေးအတွက်  ကောင်းမည့်နည်းလမ်းများကို ၀ိုင်းဝင်း အကြံပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

 

 

About nature

has written 52 post in this Website..

THAKHIN CJ #3262011 (5/5/16)