ဓမ္မခရီးစဉ် ဒုတိယနေ့

ဆူးJuly 5, 20111min19721

သန်လျင်သွားတော့ အလှူ အတန်းတွေနဲ့ ပျော်ရွင်ဖွယ် အမှတ်တရလေးတွေ အများကြီး ရှိခဲ့ပါတယ်။ရှေးနှစ်ပေါင်းများစွာ က တည်ဆောက်ထားတဲ့ တပါးကျောင်း တွေ တွေ့တယ်။ ခုနစ် ထိုးထားတာကတော့ ၁၉၀၉ ဆိုပြီး တွေ့မိတယ်။ ရှေးဟောင်းဆန်တဲ့ ဗိသုကာတွေ သရဲကား ရိုက်မယ်ဆိုရင် ထိတ်လန့်စရာ ဇတ်ကား ရိုက်နိုင်မယ် ထင်တယ်။ စိမ်းစိမ်းစိုစိုနဲ့ သစ်ဝါး ရိပ်တွေ နဲ့ တောလမ်း ခရီးကြမ်း ဇတ်လမ်းထဲမှာ ပါနေကျ ပုံစံတွေ မြင်ခဲ့တယ်။ သန်လျင် ဂိုက်ကတော့ အတော်ကို တော်ပါတယ်။ နောက်နေ့မှာ မှော်ဘီ အလှူသွားဖို့ ရှိတယ် ဆိုပြီး ပြောကြရင်းနဲ့ ကားကြုံတာနဲ့ မဝေ ကို မှော်ဘီ အလည်ခေါ်ခဲ့တယ်။ သန်လျင်နဲ့ မတူညီတာကတော့ မှော်ဘီ သွားတဲ့ လမ်းက အဝေးပြေးလမ်းလိုပဲ လမ်းဖြူးနေလို့ပါပဲ။ သန်လျင်သွားတုန်းကတော့ စကားတွေ ပြောလိုက်ကြတာ လမ်းမကောင်းမှန်း တောင် မသိလောက်အောင် ပွဲစည်နေကြပါတယ်။ မှော်ဘီ ကတော့ လူမများတော့ဘူး လမ်းကောင်းတာလည်း သတိထားမိလာတယ်။ ဖြူးနေတဲ့ ရန်ကုန်ပြည်လမ်း ကနေ မောင်းနှင်လာရင်းနဲ့ ထောက်ကြံ့ကြတော့ လမ်းခွဲ တခု ရှိပါတယ် အဲဒီ လမ်းခွဲ အတိုင်း ဆက်မောင်းရင်တော့ အနည်းငယ် ကြမ်းတဲ့ လမ်းတွေ ရှိပါတယ် တဖြတ်လောက် ကျော်ဖြတ်လိုက်တဲ့ အခါ မှော်ဘီ ဆီကို ဦးတည်ပြီး ဆက်တိုက် မောင်းနှင်ရင်းနဲ့  မနက် ၉နာရီ တရားပွဲ ရှိလို့ အမြန်မောင်းလာလိုက်တာ.. မှော်ဘီ မှာ ဘုန်းကြီးကျောင်း ကိုသွားတဲ့ လမ်းခွဲကို တော့ ၁၅မိနစ်လောက် ကျောက်ကြမ်းလမ်းကို မောင်းရင်း တောင်ကုန်းလေးတွေ ဆင်းလိုက် တက်လိုက်နဲ့ ဘုန်းကြီးကျောင်းကို မြင်ရပါတော့တယ်။ သွားတာ အဖွဲ့ ၂ခု ကွဲသွားတာနဲ့ ဘုန်းကြီးကျောင်း ရောက်ရောက်ချင်း ရောက်ပြီး ဖုန်းဆက်ပါတယ်။ ဆူး က မိုးရွာနေလို လမ်းမှာ ဖြေးဖြေး မောင်းခဲ့တာလည်း ပါတယ် ဒီအတွက် နောက်ကျတဲ့ အခါ လာမှ လာရဲ့လား ဆိုတဲ့ အတွေးနဲ့ ၃၉ ဧက ကျယ်ဝန်းတဲ့ ကျောင်းကြီးထဲမှာ ရှိနိုင်မဲ့ နေရာတွေ လိုက်ရှာပါတယ်။ မတွေ့တဲ့ အဆုံး ဖုန်းဆက်လိုက်ပါတယ်။ ဖုန်းကို ပြန်ချ လိုက်တယ် ဆိုတော့ တရားနာ နေတယ် ထင်တယ် ဆိုပြီး နေလိုက်တယ်။ ခဏနေတော့ ပြန်ဆက်လာတယ်.. စိတ်ထဲ တမျိုးဖြစ်သွားတယ် ဖုန်းမမိလို့ အသံမကြားတာများလား ဆိုပြီး ပြန်ဆက်ပေမဲ့ ဆက်သွယ်မှု ဧရိယာ ပြင်ပ ရောက်နေခဲ့ပါတယ်။ ဖုန်းစာပို့ စနစ်နဲ့ ရောက်ပြိ ဖြစ်ကြောင်း စာပို့လိုက်တော့ ဖုန်းခေါ်သံနဲ့ အတူ တရားနာနေတယ်တဲ့။ စိ်တ်ထဲမှာ ဖြစ်မှ ဖြစ်ရလေ.. လို့သာ တွေးလိုက်ပါတော့တယ်။ ဘာလို့လဲ ဆိုတော့ မနေ့က မဝေ တို့နဲ့ တူတူသွားတုန်းက ဖိနပ် မှတ်မိနေလို့.. တရားပေးတဲ့ နေရာမှာ ချွတ်ထားတဲ့ ဖိနပ်တွေမှာတော့ မှတ်မိတဲ့ ဖိနပ် မတွေ့လို့ မလာဖြစ်ဘူးနဲ့တူတယ်လို့ တွေးမိနေတာပါ။ မဝေ ကိုတွေ့တော့ ဒီနေ့ စီးလာတာ မနေ့က ဖိနပ်လည်း မဟုတ်ဘူးလို့ ပြောလိုက်မိပါသေးတယ်။ ကျယ်ဝန်းတဲ့ ကျောင်းထဲမှာ အလှူရှင်များ ဆိုင်ရာ မိတ်ဆွေကို ဧည့်ခံနေသလို ဆူး ကလည်း ဆူး ရဲ့ မိတ်ဆွေများကို နေရာ အနှံ လိုက်ပို့ပါတယ်။ ဖြစ်ချင်တော့ အဓိက ဆက်သွယ်တဲ့ လမ်းတခုက ပြင်ဆင်မှု တခု လုပ်နေလို့ ဖြတ်မရတာနဲ့ အနည်းငယ်သာ လိုက်ပြ လိုက်ပါတယ်။ အမှန်တော့ တရားစခန်းဖွင့်တဲ့ အချိန် ရိပ်သာနေ ယောဂီများရဲ့ ပုဆိုးများ ခေါက်ပေးတဲ့ သရဲ ရှိတဲ့ အဆောင်နဲ့ ဘုရားကို လိုက်ပြပေးချင်နေတာပါ။ အခြေအနေ အရပ်ရပ်ကြောင့် နေရာ အနှံ လိုက်မပို့ ဖြစ်လိုက်တာ စိတ်တော့ မကောင်းဘူး။

အလှူရှင်များ ကျွေးမွေးတဲ့ ဟင်းလျှာ သုံးမျိုး (ကြက်သား ငါးဖယ် ဆိတ်သား ) အရွက်ကြော် (ဂျူးဖူး နဲ့ ပုဇွန်ကြော်) ဟင်းချို (ကြံမဆိုင်) စတဲ့ အစားအစာ များကို ဖွယ်ဖွယ်ရာရာ မြိန်ရည်ရှက်ရည် စားသောက်ပြီး တခုပြီး တခု လာချ တဲ့ အချိုပွဲတွေ ဘုန်းကြီးပွဲလို နိုက်စားကြတယ်။ စကားလေး တပြောပြောနဲ့ အလုပ် ကိစ္စများ ကပ်ပါလာကြတဲ့ အတွက် စားပြီးနောက် ကျောင်းကနေပြန်လာခဲ့ပါတယ်။

ဆူးတို့ကတော့ ဝါတွင်းဆိုရင် ပုံမှန် ဥပုသ်နေ့တိုင်း သီလယူ ဆွမ်းလောင်းကြပါတယ်။ တချို့ကတော့ တရားထိုင် ပြီး သန့်ရှင်းရေး လုပ်ပြီးမှ ပြန်ကြတယ်။ အလုပ် ရှိတဲ့ နေ့ဆိုရင်တော့ ဆွမ်းလောင်းပြီး ပြန်ပြေးရတော့တာပဲ။ သွားနေကျ ဆိုတော့ ဒကာတွေကလည်း မိတ်ရင်းဆွေရင်းလိုပဲ အချင်းချင်း သိနေကြပါတယ်။ သီးသန့် ဝေယျဝစ္စ အဖွဲ့ မတဲ့ အတွက် စေတနာရှင် ဒကာ ဒကာမ များက ကိုယ့်အိမ် ကိုယ့်ယာ လိုပါ လုပ်နေကြတာ ဖြစ်ပါတယ်။ ထိုနေ့တော့ ဘာတခုမှ သွားကူမပေးလိုက်ဘူး ဧည့်သည်ပါတယ် ဆိုပြီး ခပ်တည်တည် နဲ့ စားပြီး ပြန်လာတယ်။ မဝေ ရဲ့ ဓမ္မ ခရီးစဉ် ဒုတိယနေ့ ကို ဒီတင် အဆုံးသတ်ပေးလိုက်ပါသည်။

21 comments

  • shwe ni

    July 5, 2011 at 3:52 pm

    ွှအားကျစရာပါလား ဆူးရေ ဓမ္မခရီးစဉ် တွေ ကော ။အလှူရှင်များ ကျွေးမွေးတဲ့ ဟင်းလျှာတွေကော (၂)ခုလုံးအားကျပါ၏ ။

    • ဆူး

      July 5, 2011 at 3:58 pm

      ဟင်းတွေက ရှယ်ကောင်းတယ်။ အိမ်ဟင်း အိမ် ထမင်းတွေ စားရသလိုပဲ.. နောက် ကြုံရင် လိုက်ပို့ပေးမယ်နော်.. ရိပ်သာတော့ ဝင်ရမယ်.. ဟဲဟဲ.. တရား တကယ် တက်မတက် သိအောင် မမြင်ရတဲ့ နာနာဘာဝတွေက လာစမ်းလိမ့်မယ်။ တချို့ဆို ကြောက်လို့ ထွက်ပြေးတာ အမှန်တော့ အမျှ လိုချင်လို့ လာပြီး အကြောင်းကြားတာ အကြောင်းကြားတာ နဲ့ ခြောက်လန့်တာ မကွဲတော့ ပွဲဖြစ်ကုန်ရော..

  • windtalker

    July 5, 2011 at 3:59 pm

    သာဓု သာဓု သာဓု ။ ယခုပြုသော ကုသိုလ်ကောင်းမှုကြောင့် ဖွားဆူး တစ်ယောက် ဟာ ဝါမဝင်ခင်သော် လည်းကောင်း ၊ ဝါကျွတ်လျှင်သော် လည်းကောင်း ကိုယ် ချစ်သောသူ နဲ ့မလွဲမသွေ ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်း နိုင်ပါစေ လို ့ အဝေးမှ မြေးငယ် က ဆုတောင်း မေတ္တာ ပို ့လိုက်ပါတယ်နော် ။ ဟီဟိ

    • ဆူး

      July 5, 2011 at 4:07 pm

      ဆက်သွယ်မှု ဧရိယာ ပြင်ပ က တညင်သား ကို ဧရိယာထဲ ရောက်ရင် အလည်ခေါ်မယ်နော်။

  • weiwei

    July 5, 2011 at 4:14 pm

    ဒုတိယနေ့နဲ့ ပထမနေ့နဲ့ ကွာခြားပါတယ် … ပထမနေ့ဂိုက်က လေ့လာရေးခရီးစဉ်ဖြစ်ပြီးတော့ ဒုတိယနေ့ကတော့ အလှူသွားစားခြင်း သက်သက်လို ဖြစ်သွားခဲ့လို့ ဘယ်လိုရေးရင် ကောင်းမလဲလို့ စဉ်းစားနေတာ …

    ဗောဓိရိပ်ငြိမ်ရိပ်သာထဲရောက်တော့ အလှူရှင်များ၏ သဒ္ဓါတရားနဲ့ လှူဒါန်းမှုတွေက အားရစရာကောင်းတာ တွေ့ရပါတယ် … တစ်ပါးကျောင်းဆောင်များနဲ့ ကျယ်ဝန်းတဲ့မြေနေရာနဲ့ တောတောင်ပုံစံဖြစ်နေတဲ့ သဘာဝက တရားအားထုတ်ချင်စရာကောင်းပါတယ် …
    ဒါပေမယ့် စိတ်ထဲမှာ ပထမနေ့က သန်လျင်သဘာဝရိပ်သာကိုရောက်ထားတော့ ရိပ်သာလုပ်တာခြင်းတူတာတောင်မှ ချမ်းသာခြင်းနဲ့ ဆင်းရဲခြင်း ကွာခြားပုံကိုတော့ သံဝေဂရမိပါတယ် ..

    • ဆူး

      July 5, 2011 at 4:18 pm

      အလှူခံ ပိတ်ထားတာ.. ဆရာတော် ခရီးတခေါက် ထွက်ရင် တမျိုးပြောင်းပြောင်းသွားတယ်။ အမှန်တော့ ရိပ်သာ အချိန်ဆို လူတွေ ကြပ်လွန်းတော့ အဆင်မပြေလို့ ဝိုင်းပံ့ပိုးတဲ့ သဘောပါပဲ။
      အဲဒီ မှာ နိုင်ငံခြားက လာပြီး အိုးအိမ် မိဘ ပိုင်ဆိုင်မှု စတာတွေကို စွန့်လွတ်ပြီး နေနေတဲ့ ရဟန်းများလည်း ရှိတယ်။
      ဆရာတော်က ပြောဖူးတယ် သူကျောင်းမှာ တကယ် အားထုတ်တာ မဟုတ်ပဲ ခိုကပ်နေတဲ့ ရဟန်းများဆို မနေနိုင်ဘူး ထွက်ပြေးရတယ်တဲ့ စိတ်က ဟိုရောက် ဒီရောက်နဲ့ တီဗွိမရှိ ဘာမရှိ ဖျော်ဖြေရေး မရှိတော့ ငြီးငွေ့ပြီး ထွက်သွားကြတယ်။ တပါးကျောင်းတွေက ရိပ်သာ အချိန်ဆို လူ ၃ဝ ၄ဝ လောက် ထားပြီး အိပ်ခိုင်းရတာ..

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 5, 2011 at 4:20 pm

    အံ့ဖွယ်ရှိပေစွ
    မဖြစ်ဘူးမြဲဖြစ်ပေစွ
    ဓမ္မခရီးစဉ်မှာ ဟင်းတွေရဲ့ကောင်းကြောင်းတွေကတော
    စားသောက်ဆိုင်သွားတောလားနဲ့မှားလောက်တယ်
    သာဓုပါဗျာ
    သာဓု သာဓု
    တစ်ပါးကျောင်းတွေကို သရဲကားရိုက်ဘို့ရှူတင်အဖြစ်တွေ့ခဲ့တာကို
    သာဓုခေါ်ပါတယ်

    • ဆူး

      July 5, 2011 at 4:22 pm

      တပါး ကျောင်းမှာ သရဲကား ရိုက်ဖို့ ဘယ် အခန်းက ပါမလဲ..

  • ကိုပေါက်နဲ့ကိုပု အရက်မူးနေတုန်းထန်းပင်ပေါ်က သူရဲဆင်းလာတဲ့အခန်းကို ဖီလင်အပြည့်နဲ့သရုပ်ဆောင်ပေးမယ်။

    • ဆူး

      July 5, 2011 at 4:49 pm

      ထန်းပင်က တော်တော် မြင့်တာ ဆိုတော့.. ပြေးလို့ လွတ်နိုင်မယ် ထင်တယ်။ အဟိ.. နောက်နေ့ ပုံတွေ တင်လိုက်ပါအုန်း..

  • nature

    July 5, 2011 at 4:49 pm

    ဘုန်းကြီးတရားဟောတာကလည်းကောင်းတယ်။ ကျောင်းဆိုတဲ့အဓိပါယ်လေးကိုငိလိုက်ရပါတယ်။

  • shweminthar

    July 5, 2011 at 4:53 pm

    အခုလို ကုသိုလ်ပြုနိုင်တဲ့ အတွတ် သာဓုဗျာ သာဓု သာဓု
    တူမကြီး တို့ကို အားကျသကွဲ့။

  • shadowless

    July 5, 2011 at 6:50 pm

    “အမှန်တော့ တရားစခန်းဖွင့်တဲ့ အချိန် ရိပ်သာနေ ယောဂီများရဲ့ ပုဆိုးများ ခေါက်ပေးတဲ့ သရဲ ရှိတဲ့ အဆောင်နဲ့ ဘုရားကို လိုက်ပြပေးချင်နေတာပါ။”

    ပုဆိုး ခေါက်ပေးတဲ့ သရဲက မီးပူကော တိုက်ပေးလား
    အဲဒီ သရဲက ဘယ်ဘုံထဲ ပါလဲ
    ပြိတ္တာတွေက လူ့အသုံးအဆောင်တွေကို ထိပါးလို့ရသလား
    နေရာရွှေ့တာမျိုးပဲဖြစ်ဖြစ် လုပ်လို့ရသလား
    ဒါဆိုရင်တော့ ပြောလိုက်ပါ အဲဒီ သရဲကို ပုဆိုးမခေါက်နဲ့လို့
    ဟိုနားသွား တံဆိပ်တုံးလေး ခိုးပေးခဲ့ပါ
    ၁ဝ တန်း မေးခွန်းလေး ယူပေးလှည့်ပါလို့

    “ဆူးတို့ကတော့ ဝါတွင်းဆိုရင် ပုံမှန် ဥပုသ်နေ့တိုင်း သီလယူ ဆွမ်းလောင်းကြပါတယ်။ ”

    သာဓု…သာဓု…သာဓု (ကောင်းလေစွ… ကောင်းလေစွ…ကောင်းလေစွ)
    အမျှဝေမထားပေမယ့် ရင်ထဲကနေ သာဓုခေါ်ပါတယ်…

    ဝါတွင်းဆိုရင် ဥပုသ်နေ့တိုင်း… သီလယူ ဆွမ်းလောင်းသူတွေများလှပါတယ်..
    ကျန်သော နေ့များမှာတော့ မပြောတတ်ပါဘူး..

    ပင်လယ်ထဲမှာ မိုးရွာပါတယ်…
    ပတ်ကြားအက်နေတဲ့ လယ်မြေတွေမှာ မိုးမရွာပါဘူး..

    အချို့များ ဘုန်းကြီးကျောင်း.. ရိပ်သာများဆီ အလည်အပတ်သွားနေတတ်ကြပါပြီ..
    အိမ်က ဘုရားကို ပစ်ပြီး ဘုရားဖူးထွက်တတ်ကြပါသည်…
    ငါးပါးသော သီလတို့ကို အခါအားလျှော်စွာ မေ့လျက်..
    ရှစ်ပါးသော သီလတော်မြတ်ကို စတိုင်လ်အလို့ငှာ ယူနေတတ်ကြပါပြီ..
    ပုံတော်ကို ဂုဏ်တော်မသိဘဲ ဦးချ တတ်ကြပါကုန်၏..
    တရားရိပ်သာများသို့လည်း.. ငါ တရားအားထုတ်၏ ဟုဆို၍ သွားတတ်ကြပါကုန်၏…
    ကောင်းမှုတို့ကိုလည်း… ကောင်းမှု ကုသိုလ်အလို့ငှာ ပြုတတ်ကြပါကုန်၏..
    ၃၈ ဖြာသော မင်္ဂလာတရားတို့ကိုလည်း.. သိပါလျက် မေ့ထားကြပြီး…
    မင်္ဂလာ ရှိရန်အလို့ငှာ.. သူ့ထက်ငါ..
    အခါကြီး ရက်ကြီး တို့တွင်… မင်္ဂလာ ယူတတ်ကြပါကုန်၏

  • bigcat

    July 6, 2011 at 10:05 am

    အဲသည်လောက် ဟင်းကောင်းကျွေးကောင်းပေါများနေလို့ သရဲမပြန်နိုင်ဖြစ်တာ နေမှာပေါ့…. 🙄

  • nature

    July 6, 2011 at 10:32 am

    အဝတ်လျှော်မီးပူတိုက်ပေးတဲ့သူရဲများရှိရင်လိုချင်ပါတယ်။

  • AKKO

    July 6, 2011 at 11:24 am

    လူစုပြီး လေ့လာရေးခရီးစဉ်လေး လုပ်လိုက်ရင် မကောင်းဘူးလား ဆူးရေ ။

    • ဆူး

      July 6, 2011 at 7:39 pm

      ညအိပ် ထွက်မှ သိလိမ့်မယ်.. အရမ်းကြီးတော့ မခြောက်ပါဘူး။ ရိပ်သာမှာ ပုဆိုးခေါက်ထားပေးတယ် ဆိုတာလည်း အမျိုးသား ယောဂီတွေက အမျိုးသားတွေ ထုံစံ အတိုင်း ဟိုပုံ ဒီပုံ ထားတာ.. ညနေကျတော့ သပ်သပ် ယပ်ယပ် ဖြစ်နေတော့ ထူးဆန်းတာနဲ့ စုပေါင်း သံချောင်းခေါက်ပြီး စမ်းထားလို့ သတင်းကြားတာ.. တခါမှ တတော့ အခြောက်မခံရဘူးသေးဘူး။

  • ဆူး

    July 6, 2011 at 7:45 pm

    အဲဒီ ကျောင်းနဲ့ ပတ်သတ်လို့ ထူးခြားတာ တခုတော့ ကြုံဖူးတယ်။
    အလှူ တခု အတွက် ပန္နက်ချ မင်္ဂလာ ပြုလုပ်တော့ သွားခဲ့တယ်။ ကိုယ်တိုင်လည်း တူ သွားရိုက်ခဲ့တယ်။ ပန္နက်ရိုက်တာ ဆိုတော့ အမွှေးနံသာတွေနဲ့ လုပ်ပြီး ပက်ဖြန်းကြတယ်။ ပန္နက်ရိုက်ပြီး အိမ်သာ သွားချင်တော့ အိမ်သာကို သွားတဲ့လမ်းက အဲဒီ အနားက ဖြတ်ပြီး သွားတာ.. ပန္နက်ရိုက်တဲ့ နေရာနားက ဖြတ်တော့ အမွှေးနံရတယ်။ စိတ်ထဲမှာ ရိုးရိုးသားသားပဲ.. စောစောက အမွှေးနံက အခုထိ မွှေးတုန်းပဲ ဆိုပြီး ပြောရင်း ဖြတ်သွားလိုက်တယ်။ ပြန်ထွက် လာတော့ စောစောက အမွှေးနံရတာ သတိမရတော့ဘူး ကားဆီ ဦးတည်ပြီး လာလိုက်တယ် ပြန်ဖို့ အတွက် ကားပေါ်ရောက်မှ စောစောက မွှေးတဲ့ အနံ ပြန်ရတယ်။ သိလိုက်တယ်.. စောစောက ချောလဲ ရောထိုင်ထင်နေတာ မဟုတ်ဘူး ဆိုတာ သိအောင် တမင် အနံပေးတာပဲ လို့.. ကားပေါ်မှာ အနံရတာ ကိုယ်တယောက်တည်း တခြားသူတွေ မရဘူး။

  • padonmar

    July 6, 2011 at 8:28 pm

    ဒီတစ်ခါ သွားရင် အသံပြုနော်။သရဲလိုက်ကြည့်မယ်။:D

Leave a Reply