မြန်မာနိုင်ငံ ဆရာဝန်များအသင်းမှ အရှုပ်တော်ပုံ Scandal

doctor

 

မြန်မာနိုင်ငံ ဆရာဝန်များအသင်း အရှုပ်တော်ပုံကဒီလိုပါ။ ဆရာဝန်အသင်းတိုက်က ဦးအရှုပ်ဆိုတဲ့လူ တော်ပုံများ သူငယ်စဉ် ဆယ်တန်း ကျောင်းသားဘဝကထဲက ၆ဘာသာဂုဏ်ထူးနဲ့ ထူးထူးချွန်ချွန်အောင်တယ်။ ဆေးကျောင်းမှာလည်း နှစ်တိုင်း Roll number 1 ရတယ်။ ဒါတင်မက မဟာဘွဲ့၊ FRCP ဆိုတဲ့ အင်္ဂလန်က သမားတော်ဘွဲ့လည်းရတယ်။ စစ်ဗိုလ်ချုပ်ကြီးတဦးနဲ့လည်း ဆွေမျိုးနီးစပ်တော်တယ်။ သူများတွေ တော်ပုံများ ပြောပါတယ်။

ဘာရယ်ဟုတ်ပါဘူး၊ မန်းဂေဇက်ရွာထဲမှာ ဆရာဝန်၊ ဆရာဝန်တွေနဲ့ပတ်သက်သူ၊ သူတို့ကို စိတ်ဝင်စားသူ ဘယ်နှစ်ယောက်များ ရှိလည်းလို့သိချင်လို့ စိတ်ဝင်စားမဲ့ ခေါင်းစဉ်လေးနဲ့ လှုပ်ကြည့်လိုက်တာပါ။ လွန်တာရှိ ဝန္ဒာမိပါ။ 😉

18 comments

  • etone

    July 6, 2011 at 9:48 am

    နေမကောင်းဖြစ်တဲ့ အချိန်ကလွဲလို့ ကျန်တဲ့ အချိန် စိတ်မဝင်စားပါ … ။ 😛 😛 😛

    • etone

      July 6, 2011 at 9:56 am

      အာ ဆောရီးဆောရီး … etone ကို စာမူတခုအတွက် အကူညီပေးနေတဲ့ MMA (မြန်မာနိုင်ငံဆရာဝန်အသင်း)က ဆရာဝန်တယောက်ကိုတော့ ကျေးဇူးတင်ပါတယ် … ဒီရက်ပိုင်းအတွင်း အဲ့ဒီ Dr.ရဲ့ ပညာပေး ပို့စ်လေးတွေရွာထဲ ဖတ်နေရတယ် … ။ သူအကူညီပေးလို့ စာမူကိစ္စ အဆင်ပြေခဲ့တယ် … ။

    • AKKO

      July 6, 2011 at 11:12 am

      ရုံးမှာ ပတ်ချာရမ်းအောင် အလုပ်ရှုပ်ပြီး ပဲကြီးလှော်ဝါးသလို ဆေးတွေစားနေတဲ့လူက :P:P:P etone အာရွှီး … 😀

  • maungmoenyo

    July 6, 2011 at 9:58 am

    တယ်စာတဲ့ ဆိုပါလား…
    ခေါင်းစဉ်မက်လုံးလေးပေးပြီး…..သတင်းတွေ အစ်အောက်နေတော့လဲ….ပြောပြောကစောချင်လှပေသကိုး…..လွန်ခဲ့တဲ့ ရာစု အစိတ်လောက်တုံးကတော့..သမာဓိရှိသူတွေမှာ အဲ့ဒီနေရာချိန်နိုင်တာကလား…
    ခုတော့..အထက်က ပုဂ္ဂိုလ်ကြီးများနဲ့ နီးစပ်နိုင်သူတွေ မျက်စပြစ်နိုင်တဲ့ ဂုဏ်ဒြပ်တွေပေါ့..ဒီအထဲ မြန်မာနိုင်ငံဆေးကောင်စီ…ကြက်ခြေနီအသင်းဥက္ကဌ တို့လဲပါလာပြီလေ….
    ဒီနေ့ ကတော်တွေထဲမှာလဲ ဆရာဝန်တွေပါလာပြီမို့ သူတို့ရဲ့ ပါတ်သက်မှုတွေကလဲ အရေးပါလာပါတယ်…
    စောစောကပြောတဲ့…နီးစပ်မှုကပိုလို့တောင်အရေးကြီးပါသေးတယ်။
    အခုနေပြည်တော်ကောင်စီဝင်ဖြစ်နေသူ ဒေါက်တာပိုင်စိုးဟာ ဗိုလ်ချုပ်မှူးကြီးဒေါ်ကွိုင်ကွိုင် ရဲ့ တူအရင်းမိုူ ယခင်ဒုဝန်ကြီးဘဝကနေ ခုထိ ပန်းပန်လျက်ပါဘဲ။ ဗိုလ်ချုပ်မှူးကြီး နဲ့ သူဆေးဘက် ဗိုလ်ချုပ်သန်းအောင်ခေါ် ကိုဂျင်မီ နဲ့ ဝန်ကြီးဟောင်း ဒေါက်တာကျော်မြင့် တို့ရဲ့ အခါတော်ပေးတွေကြောင့် လည်း FRCP ဘွဲ့ရ လူရည်ချွန် (၆)ထပ်ကွမ်း ကိုဖေသက်ခင် တယောက်လဲ ကျန်းမာရေးဝန်ကြီးဖြစ်နေပါပေါ့လား။
    ဆိုလိုတာက..အမှီသဟဲမပါဘဲမြန်မာပြည်မှာ ဘာမှမဖြစ်နိုင်ပါဘူး ဆိုတာ နားလည်ရင်..မကြေနိုင်မချမ်း နိုင်တာတွေ..မောင်မိုးညိုတို့ တသိုက်ရဲ့ ပစ္စည်းမဲ့ဒေါသတွေ ပြေငြိမ်းလောက်ပါရဲ့။

  • shweminthar

    July 6, 2011 at 10:22 am

    အဲလို နောက်ရဘူးလေ…..
    တကယ့် ဆရာဝန်နဲ့ ပါတ်သတ်တဲ့သတင်းတွေ မကြာခင်ထပ်ထွတ်လာခဲ့ရင်
    လူတွေ စိတ်ဝင်စားဘဲဖြစ်သွား လိမ့်မယ်။
    း)

  • wakawaka7

    July 6, 2011 at 10:35 am

    နယ်မြို့လေးတစ်မြို့က OGမမကိုသတိရတယ်။ပြည်သူ့ဆေးရုံကြီကပေါ့။ သူဆီလာအပ်တဲ့ကိုယ်ဝန်သည်တွေကို စိုးရီမ်ရတယ် ဗိုက်ခွဲမွေးမှဖြစ်မယ်ဆီုပြီးခြိမ်းခြောက်တယ်။ ပြီးတော့ခွဲးမွေးခကို နှင့်နေအောင်တောင်းတယ်။ တစ်နေ့တစ်နေ့ သူ့မှာခွဲမွေးတဲ့
    ကိုယ်ဝန်သည် မရှိဆို အနည်းဆုံးဆယ်ဂဏန်းပဲ။ ခုလောက်ဆိုရင် တော်တော်ကိုစုဆောင်းမိနေလောက်ပြီး။

    • AKKO

      July 6, 2011 at 11:14 am

      ရှိပါတယ် လူအမျိုးမျိုးပေါ့ …။ ကလေးမွေးပေးတဲ့ အိုဂျီမမတွေထဲက တစ်ချို့က ဇီဇာကြောင်တယ် ။ ပိုက်ပိုက်မက်တယ် ။

  • Yan Shin

    July 6, 2011 at 11:14 am

    ဟိုတစ်လောကတော့
    ရွာထဲမှာ အမှီသဟဲပါလာလို့ဆိုပြီး
    သဟောက်သဟန်နဲ့ လာလုပ်နေလို့

    ရွာထိပ်က ပရောဂဆရာပြေးခေါ်တော့

    ဆေးကြိမ်လုံးနဲ့ ဆော်ပလော်တီးခံရတာမှ……………..

  • လင်းဝေကျော်

    July 6, 2011 at 2:32 pm

    ဘာသတင်းမှလဲမပါပဲ ဘာလုပ်တာတုန်း။
    ဆရာဝန်ဖြစ်ဖြစ် အင်ဂျင်နီယာဖြစ်ဖြစ် ဆိုက်ကားသမားဖြစ်ဖြစ် လူအများဆိုရင် ကောင်းတာရှိသလိုမကောင်းတာလည်း ပါမှာပဲ။
    သို့သော် ဆရာဝန်ဖြစ်ကြသူများက အတ္တကြီးပြီး လူအထင်ကြီး သိပ်ခံချင်ကြတယ်။

  • pooch

    July 6, 2011 at 3:29 pm

    ရော် ဘာများလဲလို့ အဟုတ်မှတ်နေတာ … ဦးကြောင်ကြီး အတော် နောက်…..

  • cobra

    July 6, 2011 at 4:12 pm

    ကျွန်တော်ကိုယ်တိုင်ရွာထဲကကျန်းမာရေးဌာနမှာသွားရှုပ်လိုက်မယ်….။

  • padonmar

    July 6, 2011 at 6:42 pm

    (ဆရာဝန်ဖြစ်ကြသူများက အတ္တကြီးပြီး လူအထင်ကြီး သိပ်ခံချင်ကြတယ်။)
    ွှအဲသလိုကြီးတော့ ရမ်းမပြောပါနဲ့။
    အတ္တမကြီးတဲ့ ဆရာဝန်တွေအများကြီးပါ။
    ယခုလက်ရှိ ရန်ကုန်ဆေးရုံသစ်ကြီးက ဆရာ ဦးညွန့်သိန်းဆိုရင် ဆင်းရဲတဲ့ လူနာတွေအတွက် သူ့ကိုယ်ပိုင်ငွေနဲ့ ဆေးဖိုးထောက်ပံ့ပေးနေတာပါ။Health Digest ထဲမှာ အမရာ့ဆောင်းပါးတွေဖတ်ကြည့်ပါ။
    အခြားဆရာဝန်တွေ ကောင်းတာလည်း အများကြီးပါ။

    • maungmoenyo

      July 8, 2011 at 10:05 am

      ဟစ်ပိုကရေတီ ထိုင်ငိုရမဲ့ ခေတ်ထဲ ဆိုက်ဆိုက်မြိုမြိုက်ရောက်နေပါပေါ့လား…။

    • maungmoenyo

      July 8, 2011 at 10:09 am

      ဒီလိုဆရာဝန်မျိုးတွေ လက်ချိုးရေရတဲ့ ခေတ်ပါ။ နယ်တွေမှာ ဒီ လိုဆရာဝန်တွေ အများကြီးရှိပါတယ်။ မောင်မိုးညိုလက်လှမ်းမှီသလောက်ဆိုရင်…လက်ရှိ လားရှိုးဆေးရုံအုပ်ကြီး (ရှိဆဲလို့ထင်ပါတယ်။) ဒေါက်တာစိုးမြတ်ဆွေ (စာရေးဆရာကြီးသော်တာဆွေရဲ့ တူကြီး) ဟာ ဒီ လိုလူစားထဲက လူမျိုးပါ။ လူနာအတွက် ကုသစရိတ်တောင်မကဘူး၊ တခြားစရိတ်ပါပံ့ပိုးပေးတာတွေ လုပ်ပေးခဲ့တာကြုံဘူးပါတယ်။

  • ဆူး

    July 6, 2011 at 11:02 pm

    ဘာများလဲလို့.. ဦးကြောင်ကြီး ကို ၅ပွိုင့် လက်ချောင် လာပေးသည်။

  • windtalker

    July 7, 2011 at 12:27 am

    ကျွန်တော်လည်း ပေးလိုက်ပြီနော်

  • nature

    July 7, 2011 at 8:02 am

    အရှုပ် တော်ပုံ့ လို့ ရေးရင်ပိုကောင်းမယ်။

  • pan pan

    July 12, 2011 at 10:49 am

    ဆရာဝန်အကြောင်း စိတ်ဝင်စားတာပေ့ါ ဦးကြောင်ကြီးရယ်
    မပတ်သက်လို့မှ မရတာ

Leave a Reply