ဥပါဒါန်ကြောင့် ဥပါဒ်ရောက်ကြရသူများ

meengelayJuly 6, 20111min23912

ဥပါဒါန်ကြောင့် ဥပါဒ်ရောက်ကြရသူများ
From , http://www.ywarookyaung.blogspot.com
အလုပ်တစ်ခုမှာ တစ်ယောက်က သူခင်တဲ့သူ၊ သူ အားကိုးနေရတဲ့သူကို အလုပ်မပြောင်းနဲ့နော် နင်မရှိရင် ငါတို့မဖြစ်ဘူးတဲ့၊ ဒါပေမဲ့ ပြောတဲ့သူက သာတဲ့နေရာ ရတော့ ပြောင်းသွားတယ်။

နောက် လင်နဲ့မယား၊ မိန်းမက ကွဲမယ် ကွာမယ်ပြောနေတယ်၊ ယောက်ျားက တကယ် ကွာလိုက်တော့ မိန်းမ ကျန်ခဲ့တယ်။

ကျောင်းတက်တဲ့ ကျောင်းသူနှစ်ယောက် နင်ကျောင်းမပြောင်းနဲ့နော် တဲ့၊ သူ့သူငယ်ချင်းကို တဖွဖွပြောတယ်၊ ပြောတဲ့သူကပဲ အရင် နောက်တစ်ကျောင်းပြောင်းသွားတယ်။

မိဘက ငါမရှိရင် နင်တို့ ခွေးဖြစ်မယ်နော်၊ ငါမရှိမှ ငါ့အကြောင်း သိမယ်ပြောတယ် သေသွားရတာပဲ။

တစ်ယောက်ကို မှီမယ်လို့ တွေးရင် ကိုယ်မှီမယ့်သူက ခွဲခွာခြင်း မတည်မြဲခြင်း သဘောတရားတွေက အမြဲစိုးမိုးလို့နေတယ် ဒါတွေက ဘုရားဟောလည်း ဟုတ်တယ် ကိုယ်ရှာဖွေရင်လည်း တွေ့မှာပဲ၊ ဒါဟာသဘာဝတရားပဲ သဘာဝထဲမှာပဲ နေကြရအောင်၊။

အမှန်တရားဟာ ခါးတယ် ရင်ဆိုင်ဖို့ ခက်တယ်၊ ရင်ဆိုင်ကြရတယ် ရှောင်လို့မရဘူး၊
အရက်သောက်တဲ့သူဟာ အရက်ကို ချိုလို့ သောက်တာလားမေးကြည့် အဲလိုပဲ၊ လက်မခံချင်ပဲ တွန့်နေမယ့်အစား လက်ခံလိုက်တာက ကြိုက်လိုက်တာက ကိုယ့်အတွက်သက်သာတယ်။
အော် … သဘာဝတရားတွေပဲကိုး။

အထက်ပါ ပြောဆိုမှူများကို လက်မခံချင်သကဲ့သို့ရှိပေလိမ်မည်။ အကျွန်ုကိုယ်တိုင်းလည်း လက်မခံချင်ပေ၊ အဘယ်ကြောင့် လက်မခံချင်သနည်းဟု၊ စစ်ဆေးကြည့်သော် ဤကဲ့သို့ ခွဲခွါရမည်ကို ကြောက်သောကြောင့်ဟု ဖြေရပေလိမ့်မည်။

မှန်ပေသည် လူတိုင်းလူတိုင်းသည် မိမိတို့ ချစ်ခင်မြတ်နိုးသူများ၊ အားကိုးအားထား ပြုရသူများနဲ ့၊ မခွဲခွါလိုကြပေ။ သို့သော် အနှစ်တရာ မကြာသော အလွန်တိုတောင့်လှသော ကာလအတွင်းဝယ် မလွဲမသွေ ခွဲခွါကြရမည်ဖြစ်၏။

သူမရှိလျှင် မဖြစ်ဟု အားကိုးအားထား ပြုနေခဲ့ရသူများသည်၎င်း၊ ငါမရှိလျှင် မဖြစ်ဟု အထင်ကြီးနေခဲ့သူများသည်၎င်း၊ မည်၍ မည်မျှ မျက်ကွယ်ပြုသွားကြလေသနည်း ဟူသည်မှာ ရေတွက်၍ မကုန်နိုင်တော့ပေ။

ငါမရှိလျှင် လုံးဝမဖြစ်ဟု ထင်မိခဲ့သော ပြင်သစ်ဧကရစ် နပိုလီယံ ဘိုနာပတ်သည်၎င်း၊ အမေရိကန်သမ္မတ အေပရာဟင်လင်ကွန်းသည်၎င်း၊ သဲကန္တာရမြေခွေးဟု တင်စားခံခဲ့ရသော စစ်သူကြီးရွှမ်းမဲ သည်၎င်း၊ မဟာမိတ်တပ်တို့၏ ဦးစီးဦးဆောင် စစ်သူကြီးမောင့်ဂိုမာရီသည်၎င်း၊ ထိုကဲ့သို့သော အားကောင်းမောင်းသန် ယောက်ျားကြီးများသည်၎င်း၊ အသီးသိး မျက်ကွယ်ပြုသွား ခဲ့ကြလေပြီ။ သို့သော်= သူတို့မရှိတော့သော်လည်း ဖြစ်နေကြသည်သာ။

အမှန်မှာမူ= အားကြီးသူတို့အပေါ် အားကိုးတတ်သော အားငယ်သူ တို့၏ အယူအဆသည်၎င်း၊ အားငယ်သူတို့အား အားကိုးမှူကို ပေးတတ်သော အားကြီးသူတို့၏ အယူအဆသည်၎င်း၊ မိမိတို့၏ စွဲလမ်းမှုတည်းဟူသော ဥပါဒါန်သာဖြစ်လေသည်။

အချုပ်အားဖြင်ဆိုရပါမူ။ ။ အားကြီးသူကို အားကိုးနေရ ခြင်းဟုဆိုအပ်သော ဒုက္ခ၊ အားငယ်သူကို စိတ်မချခြင်းဟု ဆိုအပ်သော ဒုက္ခ၊ စသည် စည် ဒုက္ခအဖုံဖုံတို့သည်၊ တစ်ပါးသူတို့အပေါ် မိမိ၏ စွဲလမ်းမှူ ဥပါဒါန်ကြောင့် ဒုက္ခရောက်နေကြခြင်းသာလျှင် ဖြစ်လေ၏။

အတ္တာဟိ အတ္တနော နာထော၊ မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။

မိတ်ဆွေတစ်ဦး၏ ပြောပြခြင်းများ အား ပြန်လည် တင်ပြခြင်းဖြစ်ပါသည်။
From , http://www.ywarookyaung.blogspot.com

12 comments

  • bigcat

    July 6, 2011 at 10:10 am

    တပ်မတော်ကလည်း သူတို့မကယ်ရင် တိုင်းပြည်ချောက်ထဲကျသွားမယ်တဲ့။ အဲဒါကြတော့ရော.. 🙄

  • manawphyulay

    July 6, 2011 at 10:15 am

    ဟုတ်ပါတယ်။ အရမ်းသံယောဇဉ်ရှိပြီးရင် အပေါင်းအသင်းတွေ ခင်မင်မှုတွေ ပျက်ယွင်းမှာတို့ ခွဲခွာရမှာတို့ကို အရမ်းကြောက်ရွံ့ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်တက်လမ်းအတွက် မခွဲခွာချင်ပဲ ခွဲခွာခဲ့ရတာတွေ၊ နောက်ဆုံးတော့ ရှင်ခွဲမခွဲတောင် သေခွဲခွဲရတာ လူ့သဘာဝရဲ့ ဓမ္မတာပါပဲ။ ဒါတွေကို နားလည်ထားမယ်ဆိုရင် နေရတာ ဘယ်နေရာရောက်ရောက် အဆင်ပြေမယ်ထင်ရပါတယ်။ ကိုယ်ခင်မင်ရတဲ့သူတွေနဲ့ ခွဲခွာခဲ့ရတဲ့အချိန်မှာ ရင်ထဲမှာဟာတာတာနဲ့ အရမ်း ကြေကွဲခဲ့ရပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 6, 2011 at 10:34 am

    နိဒါန်းနဲ့ နိဂုံးကတော့ ဥပါဒါန်အကြောင်းတွေဖြစ်နေတယ်
    စာကိုယ်ကတော့ သံဝေဂတွေဖြစ်နေတယ်
    ဖြစ်သင့်တာကတော့
    စာကိုယ်မှာဆိုရင်
    စိတ်အတ္တဘောတို့ရဲ့စေ့စော်မှု့တွေကြောင့်
    ထိုခန္ဓာ ဒုက္ခရောက်ပုံ ကိုရေးလိုက်မယ်ဆိုရင်
    တော်တော်ညီညွှတ်သွားမယ်လို့တော့ ထင်မိတာဘဲ

  • နီလေး

    July 6, 2011 at 11:15 am

    မိဘ၊ကိုယ်ခင်မင်ရတဲ့ မိတ်ဆွေ သူငယ်ချင်း တွေနဲ့ခွဲရတဲ့အခါ ရင်ထဲမှာ တကယ်ခံစားရတယ် တကယ်ဝမ်းနည်းရတယ်နော် သူမရှိရင်မဖြစ်ဘူးဆိုတာ တကယ်တော့မဟုတ်ပါဘူး အချိန်အတိုင်းအတာတစ်ခုပဲလိုတာပါ ဥပါဒါန်ကြောင့် ဥပါဒ်ဖြစ်တယ်ဆိုတာကို လက်ခံနိုင်ရင်တော့ ကိုယ်သက်သာမယ် ဒါမှမဟုတ်ရင်တော့ ခံပေရော့ပဲ

  • chitpyae

    July 6, 2011 at 12:59 pm

    ဘုရားရှင် ဟောထားခဲ့တဲ့ စကားလေးတစ်ခွန်းကို ရင်ထဲအမြဲ ထည့်ထားရမယ် ….
    “ငါ ဧ။် ချစ်ခင်အပ် ၊ မြတ်နို်းအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲ ကွဲရခြင်း ၊ သေကွဲ ကွဲရခြင်း ဖြစ်ချေမည်”
    တချိန်မှာတော့ အကုန်လုံးကို ခွဲခွာသွားကြရမှာပါပဲလေ …. 🙂

  • etone

    July 6, 2011 at 1:55 pm

    ရှင်ကွဲကွင်လျှင်တောင် တနည်းနည်းနဲ ့ ပြန်ဆုံ နိုင်သေးတာမို့ သေကွဲကွဲရတာ ဓမ္မတာဆိုပေမဲ့ ကြောက်တယ်… ။ အသက်ရှင်နေတဲ့ အချိန်လေးကို ပျော်ရွှင်စွာနဲ့ ကုန်ဆုံးချင်လို့ ကိုယ်အနှစ်ကြိုက်ဆုံး ၊အပျော်ဆုံးအလုပ်ဖြစ်တဲ့ အိပ်စက်အနားယူခြင်းတွေ လုပ်တာတောင် …. နားခါးအောင် လာလာပြောနေကြသေးတယ်… အိပ်ပုတ်ကြီးတယ်တဲ့ 😥

  • monmon

    July 6, 2011 at 2:46 pm

    တွေ့ဆုံကြုံကွဲ ဖြစ်မြဲဓမ္မတာပါ….
    အလုပ်အတွက်ဆိုရင်တော့… ငကန်းသေရင် ငစွေပေါ်လိမ့်မယ်တဲ့….

  • လင်းဝေကျော်

    July 6, 2011 at 3:38 pm

    မရှိရင်မဖြစ်တာတော့ မဟုတ်ပါဘူး။
    မရှိလည်းဖြစ်တာပဲ ကမာ္ဘကြီးပျက်သွားတာမှ မဟုတ်တာ။
    ဖြစ်သင့်သလောက် ဖြစ်တာလား ဖြစ်ချင်သလိုဖြစ်တာလား တော့ ရှိသေးတာပေါ့လေ။
    တပ်မတော်ကတော့ တိုင်းပြည်ကို ချောက်ထဲကျမှာ စိုးလို့ လိုက်ဆွဲရင်း သူကပါ ဆွဲချသွားတာပါ။

  • နွယ်ပင်

    July 6, 2011 at 3:48 pm

    ဒီလိုကိစ္စတွေက တစ်နေ့ဖြစ်မယ်ဆိုတာ သိသိကြိးပဲလေ
    စိတ်ထဲကရှိတဲ့ အတိုင်းဆို အဲဒီဖြစ်မြဲဓမ္မတာဆိုတာကြီး
    တစ်နေ့ရောက်လာမှာကို ကြောက်တာ ဒါပေမဲ့
    တစ်နေ့နေ့မှာတော့ လူတိုင်း မလွဲမသွေကြုံလာရမှာပါပဲလေ ….

  • ဆူး

    July 6, 2011 at 9:25 pm

    ကွဲ တာ မကွဲတာ တော့ မသိဘူး.. မခွဲချင်ပေမဲ့ ကံတရားက ခွဲ ထားလို့ မကွဲပဲ အခွဲ ခံထားတာတွေ တပုံကြီး ဩလို့..

  • windtalker

    July 7, 2011 at 12:22 am

    ဒီခေါင်းစဉ်လေး ကို ကြိုက်တယ်

  • pan pan

    July 12, 2011 at 10:43 am

    တဏှာကြောင့် ဥပါဒါန်ဖြစ်

Leave a Reply