လူ့အဖြစ်ကို ရခဲခြင်းနှင့် လူဦးရေတိုးပွားလာရခြင်း၊

meengelayJuly 6, 20111min1327

From : http://www.ywarookyaung.blogspote.com
ရွာဦးကျောင်းကို အခုမှရောက်ဖူးတာပါဘုရား။
အဲဒီတော့ ဆရာတော်ဖြေကြားထားတဲ့ မနုဿတ္တဘာဝေါ ဒုလ္လဘော မေးခွန်းမှာ ဖြေကြားထားတဲ့ အထဲမှာ တပည့်တော် တစ်ခုသဘောမပေါက်ဘူး ဖြစ်နေတယ်ဘုရား။ ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀ဝ လောက်နဲ့စာရင် အခုခေတ်မှာ လူဦးရေရော၊ တိရစ္ဆာန်ဦးရေရော ပိုပြီး တော့များလာတယ်မလားဘုရား။

အဲဒီများလာတဲ့ လူတွေ၊ တိရစ္ဆာန်တွေ ဟာဘယ်ဘုံဌာနတွေက ဒီလူ့ဘုံ၊ တိရစ္ဆာန်ဘုံတွေကို ရောက်လာကြတာလဲဘုရား။ တပည့်တော်ကြားဖူးသည်မှာ သတ္တဝါတစ်ဦးဦးဒီဘဝမှ သေသွားလျှင် နောက်ဘဝမှာ သွားဖြစ်ရင် ဒီဘဝမှာ သတ္တဝါဦးရေ လျှော့ဆင်းသွားရမယ်မလားဘုရား။

အခုက လူတွေလည်းများလာတယ်။ တိရစ္ဆာန်တွေလည်း များလာတယ်။ သတ္တဝါတစ်ခု ကံတစ်ခု မဟုတ်လားဘုရား။ သတ္တဝါတွေ တိုးပွါးလာဖို့အတွက် အဲဒီကံတရားတွေက ဘယ်ကနေတိုးလာတာလဲဘုရား။ ကြောင်းကျိုး ဆီလျော်အောင် ဖြေကြားပေးစေလိုပါတယ် ဘုရား။

ဖြေ။ ။ လွန်ခဲ့သော နစ်ပေါင်း ၁၀ဝ လောက်နှင့် စာလျှင် လူဦင်္းရေတိုးပွားလာသည် ဆိုသည်မှာ မှန်ပေသည်၊ လူ့အဖြစ်ကိုရခဲ၏ဟု ဘုရားဟောထားခဲ့ခြင်းသည်လည်း လူဦးရေမတိုးပွားတော့ဘူုး၊ တစ်နစ်ထက် တစ်နစ်လျှော့နည်းသွားမည်ဟု ဟောခဲ့ခြင်း မဟုတ်ပေ။ လူ့အဖြစ်ဆိုတာ အလွန်ရခဲသည်၊ ရရှိနေသောလူ့ဘဝကို အကျိုးရှိရှိ အသုံးချကြပါဟု တိုက်တွန်းခဲ့ခြင်းသာဖြစ်ပေသည်။ လူ့ှုအဖြစ်ကို ရခဲသော်လည်း လူဦးရေ လျှော့နည်းမသွားပါ၊ ရတောင့်ရခဲ ရနေကြမည်သာဖြစ်၏။

(တပည့်တော်ကြားဖူးသည်မှာ သတ္တဝါတစ်ဦးဦး ဒီဘဝမှသေသွားလျှင် နောက်ဘဝမှာ သွားဖြစ်ရင် ဒီဘဝမှာ သတ္တဝါဦးရေလျှော့ဆင်းသွားရမယ်မလားဘုရား။) ဒကာတော် ဤသို့ကြားဖူးသည် ဆိုသည်မှာ အရပ်စကား လူငယ်တို့စကားသာ ဖြစ်ပေလိမ့်မယ်၊ ဘဝတစ်ခုမှ သေဆုံးပြီးလျှင် နောက်ဘဝတစ်ခုတွင် ဖြစ်တတ်သည်ဆိုသည်မှာ မှန်သော်လည်။ ဒီဘဝမှ သတ္တဝါများ ဦးရေလျှော့ဆင်းသွားရမည်ဆိုုသည်မှာ မမှန်ပေ။ အဘယ်ကြောင့်ဆိုသော်၊ သေသူရှိသကဲ့သို့၊ မွေးဖွားလာသူလည်း ရှိနေမည်သာ။ ဤသည်ကိုပင်လျှင် သံသရာလည်သည်ဟု ခေါ်သည်ဟူ၍မှတ်ပါလေ။

သတ္တဝါတစ်ခု ကံတစ်ခုဟု ဆိုရာတွင်၊ သဗ္ဗေသတ္တာ ကမ္မသကတာ- ဟူုသောပါဠိမှ ဆင်းသက်လာဖွယ်ရှိသည်၊ သတ္တဝါတို့မည်သည် မိမိအကြောင်း မိမိဖန်တီးနေကြသည်ဟု ဆိုလိုရင်းဖြစ်ပါသည်။

ဒကာတော် ဆိုလိုသည်မှာ၊ သတ္တဝါတို့သည်၊ မည်သည့်ဘုံဋ္ဌာနကမှ ရောက်လာခြင်း မဟုတ်ပဲ၊ ယခုမှ အသစ်စက်စက် ပေါ်ပေါက်လာကြ၍ သတ္တဝါဦင်္းရေများ များပြားလာရသည်ဟု ဆိုလိုချင်ပုံပေါ်သည်။ အကယ်၍သာ ခွေးတစ်ကောင် သေ၍ လူဖြစ်ခဲ့လျှင် လူဦးရေ တစ်ယောက်တိုးပြီး၊ ခွေးဦးရေ တစ်ကောင်နည်းသွားရမည်ဟု အယူရှိနေပုံပေါ်နေသည်။

သတ္တဝါများ တိုးပွားလာရခြင်းသည်ကား၊ မည်သည့်ဘုံမျိုးတွင်မှ မဖြစ်ဖူးသေးပဲ အခုမှ ကံအသစ်ဖြင့် သတ္တဝါသစ်တစ်ခု အသစ်စက်စက် ဖြစ်လာခြင်းမျိုးမဟုတ်ပေ။ ၃၁ ဘုံတွင် လူသားများ သိရှိလေ့လာနိုင်သော ဘုံမှာ လူ့ဘုံနှင့် တိရိစ္ဆာန်ဘုံသာ ရှိပါသည်၊ အခြားအခြားသော မြောက်များစွာသော နတ်ဘုံ ဗြဟ္မာဘုံများကိုမူ လူသားများ အိမ်ထောင်စုစာရင်း ကောက်ယူဖို့ရန် မဖြစ်နိုင် မသိနိုင်သော နေရာများ ဖြစ်သည်၊ ၎င်းဘုံများမှလည်း ဤလူ့ဘုံသို့ ရောက်ရှိလာနိုင်ကြောင်းကို ဗုဒ္ဓစာပေများတွင် မြောက်များစွာ ဖတ်မှတ်ဖူးပါသည်။

လွန်ခဲ့သော နစ်ပေါင်းများစွာက ရှိခဲ့ဖူးသော ဒိုင်နိုဆောကဲ့သို့ သတ္တဝါများ မျိုးပြုန်းသွားခဲ့သည်ကို မှတ်သားဖူးပါသည်။ လူသာအရေအတွက်များလာသော်လည်း တစ်ဖက်တွင် မျိုးတုန်းသွားသော သတ္တဝါများ မြောက်များစွာ ရှိသည်ကို သတိထား သင့်ပေသည်။ ထိုနည်းတူစွာ အထက်က ပြောခဲ့သလို လူသားများ မမြင်နိုင်မတွေ ့နိုင်သော နာနာဘာဝ အစရှိသော နတ် ဗြဟ္မာများမှလည်း လူ့ဘုံ လူ့ဘဝသို့ ကူးပြောင်းလာနိုင်ကြောင်းကို ဖြေကြားလိုုက်ရပါသည်။

အထက်ပါ မေးခွန်းများအား ကျမ်းတတ်အကျော် ဆရာတော်များကိုလည်း မေးမြန်း၍ ကြည့်စေချင်ပါသည်။
From : http://www.ywarookyaung.blogspote.com

7 comments

  • moethidasoe

    July 6, 2011 at 2:02 pm

    ကြားဖူးသလောက် ဝင်ရေးမိပါတယ်
    နဂိုရှိတဲ့ လူတွေက ကုသိုလ် ကံကြောင့် အထက်ဘုံကို ရောက်သွားမှာ ရှိသလို အကုသိုလ်ကံကြောင့် အပယ်လေးဘုံ ဆင်းသွားမှာလဲ ရှိတယ်
    အထက်ဘုံက ကုသိုလ် အကျိုးပေး ကံကုန်လို့ လူ့ပြည်ကို ပြန်ရောက်တာ ရှိသလို
    အောက်ဘုံကနေ အကုသိုလ် အကျိုး ကုန်သွားလို့ ပြန်တက်လာတာလဲ ရှိနေမှာ
    မြင်သာထင်သာ တိရစာ္ဆန်တွေ များလာတာတွေ့တော့ အကုသိုလ်အကျိုးပေး ငရဲက လွတ်ပြီး တိရစာ္ဆန်တွေ အဖြစ် မြင်နေရတာ ဖြစ်မှာ ..
    အသူရကာယ် ပြိတ္တာကတော့ ကိုယ်ထင်ပြတဲ့အခါက လွဲလို့ မတွေ့တတ်ဘူးလေ
    လူတွေ များလာတာက အထက်က ပြန်ဆင်းလာတာလား .. အောက်က ပြန်တက်လာတာလားပေါ့ ..

  • zaw min

    July 6, 2011 at 2:58 pm

    မိမိနေထိုင်ရာအိမ်မှာပင် လူနှင့်တိရစာ္ဆန်မျိုးနွယ်ဝင်များဖြစ်ကြသော ချ၊ခြင်၊ယင်၊ပုရွက်ဆိပ်၊ပိုးဟပ်စသော ပိုးမွားတိရစာ္ဆန်များနှင့်အိမ်ရှိနေထိုင်ကြသော လူ အဘယ်ကပို၍များသည်ဟုထင်ပါသနည်း။
    ဘုန်းကြီး၊ရဟန်းများသည်ပင် ဤသုဂတိဘုံသို့ ပြန်ရောက်ရန်အင်မတန်ခဲရင်းပါသည်။ဘုန်းကြီးရဟန်းသည်လည်းရဟန်းတို့၏ကျင့်ဝတ်သီလ၊သမာဓိနှင့်ပြည့်စုံရန်လိုအပ်ပါမည်။လူသည်လည်း လူုကျင့်ဝတ်၊သီလ၊သမာဓိ၊ဘာဝနာ တရားများအားထုတ်နိုင်မှသာလျှင် အပ္ပါယ်လေးဘုံမှ လွတ်မြောက်နိုင်ပါမည်ဟု ဆရာတော်အရှင်သူမြတ်များမှ မိန့်ကြားတော်မူခဲ့ပါသည်။

  • ဆူး

    July 6, 2011 at 8:13 pm

    ငရဲပြည်က လိုင်စင်မဲ့ သတ္တဝါတွေ တိရိစာ္ဆန်လာဖြစ်.. သေသွားတဲ့ အကောင်တွေ ငရဲပြည်ဆင်း
    နတ်ပြည် ဗြဟ္မပြည်က လိုင်စင်မဲ့ သတ္တဝါတွေ လူပြည်ဆင်း ဒါန သီလ ကောင်းတဲ့ လိုင်စင်ရ လူတွေ အပေါ်တက်.. အဲလိုနဲ့ တက်လိုက် ဆင်းလိုက် လည်ပတ်နေတာပါကွယ်။

  • bigcat

    July 7, 2011 at 8:51 am

    အဲဒါက သံသရာဆိုတာနဲ့လည်း ဆိုင်မယ်ထင်တယ်။ လူရယ်လို့ ဟုတ်တိပတ်တိဖြစ်လာ ထွန်းကားလာတာ ကမာ္ဘသက်နဲ့ရှင်ရင် မကြာသေးဘူးလေ၊ စတြာဝဠာသက်နဲ့ဆို ပမွှားလေးပဲရှိမှာပေါ့၊ အဆုံးအစမဲ့ သံသရာစက်ဝန်းမှာတော့ ပြောမနေနဲ့တော့။ လူမရှိခင်ကာလမှာ သတ္တဝါတွေက ၃၁ဘုံထဲက အခြားဘုံတွေမှာ ရှိနေတာလေ။ သချင်္ာနည်းနဲ့ပြောရင် အောက်ကပိုင်းခြေဂဏန်းကြီးလာလေ အပေါ်ပိုင်းဝေဂဏန်းသေးသွားလေပဲလေ၊ နောက်ဆုံး အင်ဖင်န်နတီဂဏန်းကို ရောက်သွားတာပေါ့။
    ဗုဒ္ဓဘာသာကျမ်းတွေမှာဆိုထားတာ ကမာ္ဘဖြစ်၊ ဖြစ်ဆဲ၊ ဖြစ်ရာမှပြန်ပျက်၊ ကမာ္ဘပျက်ဆိုပြီးလား မသိဘူး အချိန်အပိုင်းအခြား လေးခုရှိတယ်။ အခုအချိန်က ဆုတ်ကပ် ကမာ္ဘဖြစ်ပြီးလို့ပျက်နေတဲ့ကာလပေါ့။ ပိဋကတ်မှာတော့ ကမာ္ဘတခုပျက်ဖို့ ဘယ်လောက်ကြာသလဲဆိုရင် အလွန်နူးညံ့တဲ့ ကမ္ဗလာအထည်စနဲ့ ယူဇနာတရာ အလျားအနံရှိတဲ့ ကျောက်တုံးကို နှစ်တရာကြာတိုင်း တခါပွတ်လိုက် ကျောက်တုံးကြီး ပွန်းပျောက်သွားရင်တောင် ကမာ္ဘမပျက်သေးလို့ အဆိုရှိတယ်။ အဲဒီကာလတခုမှာ လူသတ္တဝါဖြစ်လာသူ အရေအတွက်နဲ့ လူသတ္တဝါမဖြစ်ကြသူ အရေအတွက် ဘယ်သူကပိုများမလဲ၊ တခါ လူဖြစ်ခွင့်ရှိတဲ့ ကာလနဲ့ လူရယ်လို့ ဖြစ်ခွင့်မရှိတဲ့အချိန်ကာလ ဘယ်ဟာက ပိုများမလဲ။ ဒီလိုတွေးရင် မနုသတ္တ ဒုလ္လဘ ရခဲခြင်းဆိုတာ ဖြစ်နို်ငတယ်လို့ ဆင်ခြင်ကြည့်နိုင်ပါတယ်….

  • meengelay

    July 7, 2011 at 9:57 am

    လူတစ်ယောက်ဖြစ်ဖို့က အင်မတန် ခက်ခဲပါတယ်.. လူ့ဘဝက ကုသိုလ် တရား၊ ဒါနတရား၊ ဘာဝနာ၊ သီလတရား အဆောက်တည်နိုင်ဆုံး အပွားများနိုင်ဆုံး နေရာတစ်ခုပါ.. တိရစာ္ဆန်များမှာတော့ ကုသို်လ်မသိ အကုသိုလ်လဲ မသိ အတိ ဒုက္ခရောက်ရပါတယ်. နတ်ပြည်ကျပြန်တော့လဲ နတ်စည်းစိမ်များနဲ့ ကုသိုလ်တရား၊ ဘာဝနာတရားများ၊ ဒါနတရားများ ဖြစ်ဖို့ အားနည်းပါတယ်.. ရခဲလှတဲ့ လူ့ဘဝမှာတော့ အဲဒါတွေ ရနိုင်တာမို့ ကုသိုလ်ရေးတွေ လုပ်သင့်ပါတယ်.. မန်းဂေဇက်က လူတွေစုပြီး တစ်နှစ်တစ်ခါ ပရဟိတ လုပ်ငန်းလေးတွေ လုပ်စေချင်ပါတယ်.. တစ်နှစ်တစ်ခါဆိုသလိုမျိုးပေါ့ မန်းဂေဇက် နှစ်ပတ်လည်အထိမ်းအမှတ်အနေနဲ့ လှူတာမျိုး ဖြစ်စေချင်ပါတယ်..

  • etone

    July 7, 2011 at 11:58 am

    ထော်လော်ကန့်လန့် အမြဲ တွေးတတ်တဲ့ etone ..
    သေပြီးလျှင် ဆိုတဲ့ စကားရဲ့ နောက်ဆက်တွဲ …သိကိုမသိချင်ဘူး … … ရောက်ချင်တဲ့ဆီရောက်ပါစေတော့ ။

Leave a Reply