ရပ်ကွက်အုပ်ချုပ်ရေးမှူးများပြောင်းလဲ

ThanlwinooJuly 6, 20111min1028

ပြီးခဲ့တဲ့ ၂၀၁၁-ခုနှစ်၊ ဇူလိုင်လဆန်းပိုင်းက ဒဂုံမြို့သစ်မြို့နယ်များနဲ့ မြောက်ဥကလာပမြို့နယ်များမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပြောင်းလဲခန့်ထားလိုက်ပါတယ်။ အသစ်ခန့်အပ်လိုက်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှာ ကြံ့ဖွံ့နှင့်နီးစပ်သူများ၊ အမာခံများဖြစ်တယ်လို့ သိရပါတယ်။ ပြည်သူများနဲ့ အနီးကပ်ဆုံး ဆက်ဆံဆောင်ရွက်ကြမည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေနဲ့ အရည်အချင်းပြည့်ဝမှု၊ အကျင့်စာရိတနဲ့ စိတ်သဘောထား ကောင်းမွန်မှုရှိဖို့ အထူးလိုအပ်ပါတယ်။ ဖြုတ်လိုက်သော အုပ်ချုပ်ရေးမှူးဟောင်းများရော၊ အုပ်ချုပ်ရေးမှူးသစ်များရော အချိန်လုံလောက်စွာ ကြိုတင်သိရှိထားခြင်း မရှိဘဲ အလျင်စလိုပြောင်းလဲလိုက်တာကြောင့် အုပ်ချုပ်ရေးလွှဲပြောင်းမှု၊ အသစ်ဆောင်ရွက်မှုများမှာ အားနည်းချို့ယွင်းချက်များ ရှိနိုင်ပါတယ်။ လက်ရှိအစိုးရအနေနဲ့ လုပ်ငန်းများဆောင်ရွက်ရာမှာ ပွင့်လင်းမြင့်သာမှု Transparency ရှိရန် လိုအပ်ပါတယ်။ သို့မှသာ အများပြည်သူများ၏ ယုံကြည်မှုရရှိနိုင်ပြီး သမတဦးသိန်းစိန် မကြာခဏပြောကြားနေသည့် ကောင်းမွန်သည့်အုပ်ချုပ်ရေးစနစ် Good Governance ကို လက်တွေ့ဆောင်ရွက်နိုင်ပါလိမ့်မည်…။

(ပထမဦးဆုံးအကြိမ် Post တင်ခြင်းဖြစ်သည့်အတွက် သည်းခံပါရန် တောင်းပန်ပါသည်..)

8 comments

  • bigcat

    July 6, 2011 at 10:53 am

    ဦးသိန်းစိန်က ပြောတဲ့အတိုင်းလုပ်သားပဲ။ ကောင်းမွန်သည့် သူတို့ကောင်းကောင်း အုပ်ချုပ်လို့ ရမဲ့သူကို ရွေးတယ်လေ။ :O:

    • Thanlwinoo

      July 6, 2011 at 11:55 am

      ပထမဦးဆုံးတင်တဲ့ Post မှာ ပထမဦးဆုံးရတဲ့ Comment မို့ ဦးကြောင်ကြီးကို အထူးကျေးဇူးတင်ပါတယ်…။ ဦးကြောင်ကြီးရဲ့ Post တွေ Comment တွေကို ဂရုစိုက်ပြီး ဖတ်ဖြစ်ပါတယ်…။ နှစ်သက်ပါတယ်…။

  • Yan Shin

    July 6, 2011 at 2:43 pm

    ကိုသံလွင်မိုးရေ
    အလျှင်စလိုပြောင်းလဲလိုက်ရပါတယ်ဆိုမှ
    ဘယ်လိုလုပ် Transparency (ထင်သာမြင်သာရှိမှု့) ရှိနိုင်ပါ့မလဲဗျ။

    ဘာပဲဖြစ်ဖြစ် ငုပ်တုပ်ခံနေရတဲ့ဘဝမှာတော့
    Good Governance ကို ပြောင်းလဲရောက်ရှိပါစေလို့ပဲ ဆုတောင်းယုံပဲပ………………

  • ဆူး

    July 6, 2011 at 8:16 pm

    ပထမဆုံး ပိုစ်တင်သူ ဖြစ်ပေမဲ့ တင်ထားတာ အဆင်ပြေပါတယ်။
    Categories ကိုလည်း သေချာ ရွေးတင်ထားတယ်။ ဒီမှာ ပထမ ဖြစ်ပေမဲ့ တခြားမှာ တင်ဖူးချင် တင်ဖူးမှာပေါ့။

  • nature

    July 6, 2011 at 10:35 pm

    လူနဲ့မူ ဘယ်နေရာအားနည်းလဲ။ဘာကြောင့်လဲ ။ ဘယ်လိုပြင်သင့်လဲ။ ဒါတွေဟာထည့်စဉ်းစားရမဲ့ အချက်တွေလို့ ထင်ပါတယ်။

  • windtalker

    July 7, 2011 at 12:20 am

    လမ်းတွေ တော့ ပြန် ပြင်နေတာ မြင်တာပဲ

  • meengelay

    July 7, 2011 at 9:27 am

    အစကတော့ ဒဂုံမြို့သစ်မြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီက လမ်းတွေခင်းပေးထားပါတယ် လမ်းတစ်ချို့လဲ တစ်ဝက်တစ်ပျက်နဲ့ရှိနေပါသေးတယ်.. မဲရှုံးတဲ့မြို့နယ်တွေထဲမှာ မြောက်ဒဂုံက ရှေ့ဆုံးကမို့ လမ်းတွေခင်းပေးဖို့များ ရွှေ့ဆိုင်းထားတာလား မသိဘူးနော် မြောက်ဒဂုံလမ်းတွေက တော်တော်ဆိုးပါတယ် ပြည်ထောင်စုလမ်းနဲ့ ပင်လုံလမ်းတွေမှာ ချိုင့်ခွက်ကြီးငယ်နဲ့ လမ်းကျဉ်းလမ်းသွယ်လေးတွေနေရာပါ မကျန် ချိုင့်တွေကနေရာယူထားပါတယ်

  • zippo

    July 8, 2011 at 11:12 am

    ကောင်းသလားဆိုးသလားပြောပါ မုသားမသုံးနဲ့လေးး…

Leave a Reply