မြန်မာသင်္ဘောသား ၁ဝ ဦး ပါဝင်သည့် ကိုရီးယားနိုင်ငံသားပိုင် MT. SAMHO FREEDON သင်္ဘောပေါ်တွင် လစာမရရှိမှု သင်္ဘောသား အလုပ်အကိုင် ကြီးကြပ်ရေးဌာနသို့ တိုင်ကြား

ရန်ကုန်၊ မြန်မာသင်္ဘောသား ၁ဝ ဦး ပါဝင်သည့် ကိုရီးယားနိုင်ငံသားပိုင် MT.SAMHO  FREEDON သင်္ဘောပေါ်တွင် သင်္ဘောသားများ လစာ မရရှိခြင်းကြောင့်  သင်္ဘောသား အလုပ်အကိုင် ကြီးကြပ်ရေးဌာန (SECD)ရုံးကို တိုင်ကြားထားကြောင်း မိသားစုဝင်များ၏ ပြောကြားချက်အရ သိရသည်။ ကိုရီးယားသင်္ဘောလိုင်း တစ်ခုဖြစ်သည့်  South Korea Sanbo Shipping လိုင်းမှ MT. SAMHO  FREEDON သင်္ဘောပေါ်ရှိ မြန်မာသင်္ဘောသားများ ခြောက်လကျော် ကြာသည်အထိ လုပ်ခလစာ လုံးဝ မရရှိသေးကြောင်း ယင်း သင်္ဘောပေါ်ရှိ သင်္ဘောသားတစ်ဦး၏ မိသားစုဝင် တစ်ဦးဖြစ်သည့် ကိုပီတာက ထုတ်ဖော်ပြောကြားခြင်း ဖြစ်သည်။ ယင်းအပြင် မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အသင်းကိုလည်း တိုင်ကြားထားကြောင်း ယင်းက ဆက်လက်ပြောသည်။ “အဲဒီ သင်္ဘောသားတွေ လစာမရသေးတဲ့ ကိစ္စကို မိုဆာကို လာတိုင်ထားတယ်။ အဲဒါကြောင့် ဒီမှာရှိတဲ့ အေးဂျင့်ရုံးကို ဘယ်လိုပုံစံမျိုး ဖြစ်နေသလဲလို့တော့ စာနဲ့အကြောင်း ကြားထားတယ်။ အခုထက်ထိတော့ အဲဒီကုမ္ပဏီက အကြောင်းပြန်တာတော့ မရှိသေးဘူး”ဟု မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများအသင်း (မိုဆာ)မှ ဦးကိုကိုနိုင်က ဆိုသည်။ “ဒီဇင်ဘာလ ကတည်းက တက်သွားတာ။ ပထမတစ်လပဲ လစာရတယ်။ နောက်လတွေ လုံးဝ မရသေးဘူး။ အခု လစာမရတာ ခြောက်လကျော်နေပြီ။ ကုမ္ပဏီကို သွားပြောတော့ နှစ်ပတ်စောင့်ပါဦးလို့ အမြဲပြောတယ်။ အခုထိတော့ လုံးဝ မရရှိသေးပါဘူး”ဟု ယင်းက ဆိုသည်။

 

အဆိုပါ MT.SAMHO FREEDON သင်္ဘောမှာ ယခုအခါ အီဂျစ်နိုင်ငံတွင် ကျောက်ချထားသည်မှာ သုံးလခန့် ကြာမြင့်ပြီဖြစ်ကြောင်း သင်္ဘောသားများ ပြန်လည် ပြောကြားချက်များကို မိသားစုဝင်များက ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ပြောကြားသည်။ ယင်း သင်္ဘောပေါ်တွင် မြန်မာသင်္ဘောသား ၁ဝ ဦးနှင့် ကိုရီးယားနိုင်ငံသား တစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။ ယင်း ကိုရီးယားသင်္ဘောသည် ကိုရီးယားနိုင်ငံ တရားရုံးတွင် Bankruptcy ရရန်အတွက် လျှောက်လွှာ တင်ထားကြောင်း အင်တာနက် သတင်းများအရ သိရသည်။ (www. eworldship.com) တွင် ဝင်ရောက် ကြည့်ရှုနိုင်သည်။ “ဒီဇင်ဘာလကတည်းက တက်သွားတာ။ ပထမတစ်လပဲ လစာ ရတယ်။ နောက်လတွေ လုံးဝ မရသေးဘူး။ အခု လစာမရတာ ခြောက်လကျော်နေပြီ။ ကုမ္ပဏီကို သွားပြောတော့ နှစ်ပတ်စောင့်ပါဦးလို့ အမြဲပြောတယ်။ အခုထိတော့ လုံးဝ မရရှိသေးပါဘူး”ဟု မင်္ဂလာတောင်ညွန့် မြို့နယ်နေ သင်္ဘောသား တစ်ဦး၏ မိသားစုဝင် တစ်ဦးဖြစ်သည့် ကိုပီတာက ဆိုသည်။ ထို့ကြောင့် ဗိုလ်တထောင်မြို့နယ်ရှိ အဆိုပါ သင်္ဘောအေးဂျင့်ရုံးကို မေးမြန်းရာ “အဲဒီအတွက် စီစဉ်နေပါတယ်။ ဘယ်လို စီစဉ်နေတယ် ဆိုတာကိုတော့ ပြောမပြနိုင်ပါဘူး”ဟု ယင်း ကုမ္ပဏီမှ တာဝန်ရှိသူ ဒေါ်ညိုညိုဟန်ကို ဖုန်းဖြင့် မေးမြန်းရာ ယင်းက ရန်ကုန်တိုင်းမ် ဂျာနယ်သို့ ပြန်လည် ပြောကြားခြင်း ဖြစ်သည်။ “ပထမ တစ်လအတွက် လစာပဲ ရသေးတယ်။ နောက်လတွေကို မရသေးဘူး။ အခု စားနပ်ရိက္ခာတွေ နည်းနေတယ်။ ကုမ္ပဏီကို သွားပြောတော့လဲ နှစ်ပတ် စောင့်ပါဦး၊ တစ်လ စောင့်ပါဦးလို့ ပြောတယ်။ ပြီးခဲ့တဲ့လက ဖုန်းနဲ့ ပြောတုန်းကတော့ ရိက္ခာတွေ လာပို့တယ်။ လစာတော့ မရသေးဘူးလို့ ပြောတယ်”ဟု ကျောက်မြောင်း မဂ္ဂင်လမ်းတွင်နေသည့် သင်္ဘောသား တစ်ဦး၏ မိသားစုဝင် တစ်ဦးက ပြောသည်။

5 comments

  • စုံ စုံ

    July 6, 2011 at 12:36 pm

    kokolusoe ရေ
    ဒီသတင်းတင်ပေးတာကျေးဇူးတင်ပါတယ်နော်
    နောက်လဲဒီလိုသဘောင်္နဲ့ပတ်သက်တဲ့သတင်းတွေရရင်
    ထပ်တင်ပေးပါဦးနော်

  • AKKO

    July 6, 2011 at 1:36 pm

    သဘောင်္သား နဲ့ ပတ်သတ်ဆက်နွယ်သူတွေ ကတော့ ဒီသတင်းကြားပြီး .. ငါ့ယောကျာ်းလိုက်သွားတာ ဒီသဘောင်္လား … ငါ့ သားလေး ၊ ငါ့တူလေး … ငါ့အမျိုးများ ဒီသဘောင်္ပေါ်ပါသလား ရင် တမမနဲ့ … လစာမရမှာ စိုးတာကိုး 😛

  • kokolusoe

    July 6, 2011 at 1:58 pm

    ကုမ္ပဏီကပြောပါတယ် သင်္ဘောပေါ်မှာမပေးဘူးတဲ့ အောက်ဆင်းမှပေးမယ်တဲ့ 😛

  • စုံ စုံ

    July 6, 2011 at 3:45 pm

    ဘယ်လိုဘဲပေးပေးပါ
    လစာအကုန်ရရင်တော့ကံကောင်းတာပေါ့ 🙂
    မဟုတ်ရင်တော့ငိုချင်စရာကြီး

  • windtalker

    July 7, 2011 at 12:27 am

    ငါးမရ ရေချိုးပြန် ကြဘာ လို ့ဒီကနေ အကြံ ပြု လိုက်မယ် ဗျာ

Leave a Reply