ဒီနေ့ ………..

ဒီနေ့  မိုးတွေရွာတယ်…

စီပွားရေးလုပ်တဲ့ သူဌေးကြီးတွေကပြောတယ်
သူတို့  မှာ ဒီနေ့  ဆိုတာပဲ ရှိသတဲ့ …
သူတို့  နေ့ တိုင်း…..နေ့ တိုင်း….. မိုးမိလားလို့  မေးချင်လိုက်တာဟာ….

ဒီနေ့  လေ… နင့် ကိုလွမ်းလိုက်တာ ….
ဦးကြီးတွေက ပြောတာပဲလေ….
မိုး မှန်တာကြောင့် ပျိုးတွေ သန်ရသတဲ့ 
ငါ့ ရဲ့  အလွမ်းပျိုးပင်တွေ လည်း….
မိုးမြင်လို့ ပိုသန်လာတယ်ထင်တယ် သိလား …..

ဒီနေ့  မိုးမိတာ ချမ်းလိုက်တာ …..
ဆရာဝန်တွေကပြောတယ်…
လူကိုယ်ငွေ့ က အနွေးဆုံးတဲ့
ငါ အချမ်းပြေချင်တာ တစ်ခဏတာအတွက်မဟုတ်ပဲ
တစ်ဘ၀စာပါဆိုတာ …
ဒီနေ့  ရွာတဲ့ မိုးကို သက်သေတည်ပြီးပြောလိုက်တယ်ဟာ...

ဒိနေ့  ငါရင်ကအချစ်တွေ တောင်းခံတော့မယ်
မင်းဘက်က
လက်ဝါးလေးဖြန့် ထားပေးဖို့ ….တစ်ခုပဲ တောင်းဆိုပါရစေ….
ဘယ်လာက်ပဲ ဝေးဝေး ငါအပြေးလာပါ့မယ်
ဘယ်လောက်ကြမ်းကြမ်း ငါလှမ်းခဲ့ပါ့မယ်……….
လက်ခုပ်ဆိုတာ နှစ်ဘက်စလုံးထိပြီးတီးမှ အသံမြည်မှာမို့ပါ ….….

ခင်မင်သော
ရွှေအိမ်စည်

(အညတရတစ်ယောက်ရဲ့ ကဗျာကိုနှစ်သက်ပါက ကဗျာရေးသူအမည်ထိကူပြီးဝေမျှနိုင်ပါတယ်။)

About ရွှေအိမ်စည်

shweaeim si has written 103 post in this Website..