ဒီနေ ့

ဒီနေ ့………..

ဒီနေ ့ မိုးတွေရွာတယ်…

စီပွားရေးလုပ်တဲ့ သူဌေးကြီးတွေကပြောတယ်
သူတို ့ မှာ ဒီနေ ့ ဆိုတာပဲ ရှိသတဲ့ …
သူတို ့ နေ ့တိုင်း…..နေ ့တိုင်း….. မိုးမိလားလို ့ မေးချင်လိုက်တာဟာ….

ဒီနေ ့ လေ… နင် ့ကိုလွမ်းလိုက်တာ ….
ဦးကြီးတွေက ပြောတာပဲလေ….
မိုး မှန်တာကြောင့် ပျိုးတွေ သန်ရသတဲ ့
ငါ့ ရဲ ့ အလွမ်းပျိုးပင်တွေ လည်း….
မိုးမြင်လို့ ပိုသန်လာတယ်ထင်တယ် သိလား …..

ဒီနေ ့ မိုးမိတာ ချမ်းလိုက်တာ …..
ဆရာဝန်တွေကပြောတယ်…
လူကိုယ်ငွေ့ က အနွေးဆုံးတဲ့
ငါ အချမ်းပြေချင်တာ တစ်ခဏတာအတွက်မဟုတ်ပဲ
တစ်ဘဝစာပါဆိုတာ …
ဒီနေ ့ ရွာတဲ့ မိုးကို သက်သေတည်ပြီးပြောလိုက်တယ်ဟာ...

ဒိနေ ့ ငါရင်ကအချစ်တွေ တောင်းခံတော့မယ်
မင်းဘက်က
လက်ဝါးလေးဖြန့် ထားပေးဖို ့….တစ်ခုပဲ တောင်းဆိုပါရစေ….
ဘယ်လာက်ပဲ ဝေးဝေး ငါအပြေးလာပါ့မယ်
ဘယ်လောက်ကြမ်းကြမ်း ငါလှမ်းခဲ့ပါ့မယ်……….
လက်ခုပ်ဆိုတာ နှစ်ဘက်စလုံးထိပြီးတီးမှ အသံမြည်မှာမို့ပါ ….….

ခင်မင်သော
ရွှေအိမ်စည်

(အညတရတစ်ယောက်ရဲ ့ကဗျာကိုနှစ်သက်ပါက ကဗျာရေးသူအမည်ထိကူပြီးဝေမျှနိုင်ပါတယ်။)

25 comments

  • gabar

    July 6, 2011 at 3:33 pm

    မျှော်လင့်နေတဲ့ လက်ခုပ် တစ်ဘက် နဲ့မြန်မြန်ဆုံတွေ့ပါစေ မိုးကခု နေ့တိုင်းလိုလိုရွာနေလို့ နွေမရှောင် ဆောင်းမရှောင် လေ

    • shweaeimsi

      July 6, 2011 at 5:00 pm

      အဲ ့ဒါမှကောင်းတာ..နေ ့တိုင်းဖွင့်ပြောမှာလေ
      ကျေးဇူးပါ

  • manawphyulay

    July 6, 2011 at 3:49 pm

    ဒီနေ့……………….. စက် ဗိုင်းရပ်ကိုက်နေလို့ စိတ်ညစ်နေတယ်…..
    ဒီနေ့………………. မိုးမရွာပါစေနဲ့ ဆုတောင်းနေတယ်……
    ဒီနေ့………………. လိုင်းကားချောင်ပါစေ………
    ဒီနေ့……………. ဒီနေ့…………..

  • pooch

    July 6, 2011 at 4:09 pm

    ဒီနေ့ ဒီမှာ အရမ်းပူတယ် ….

    • shweaeimsi

      July 6, 2011 at 5:03 pm

      အား…………..ပူလိုက်တာ

      ပူတယ်..ပူတယ်

      ်မခံစားနိုင်ဘူး

      ရုံးတက်ဖို ့အိမ်ကထွက်ရင်…နေကပူတယ်..

      ကားကြပ်ကြပ်တိုးစိးရရင်..လူတွေ နဲ ့ပူတယ်…

      အလုပ်တွေ အရမ်းရှုတ်ရင်..ခေါင်းကပူတယ်

      တစ်စုံတစ်ယောက်ကိုသတိယမိရင်..ရင်ကပူတယ်

      …..နောက်မှကဗျာဆက်ရေးပေးတော့မယ်…………

      အညာတရကဗျာလေးအားပေးတာကျေးဇူးပါ

  • gabar

    July 6, 2011 at 4:14 pm

    မနက်ဖြန်မဟုတ်သေးတဲ့ ဒီနေ့
    မနေ့က မဟုတ်တော့တဲ့ ဒီနေ့
    မျှော်လင့်ချက် ချို့တဲ့နေသေးတဲ့ ဒီနေ့
    မိုးကောင်းတုန်းရွာထားဦးပေါ့ ဒီနေ့
    ရက်ပ် သီးချင်းမညည်းဖြစ်တဲ့ ဒီနေ့
    ရွှေအိမ်စည် နဲ့ မနောဖြူလေးတို့အတွက် ဒီနေ့
    ဒီနေ့ မရှိဘူးဆိုတာမသိတဲ့ ဒီနေ့
    ကိုယ့်ဝါသနာနဲ့ကိုယ် ကြိုးရှုပ်နေရတဲ့ ဒီနေ့
    ရတနာပုံနေပြည်တော်သတင်းစာထဲက ဒီနေ့

    • shweaeimsi

      July 6, 2011 at 5:13 pm

      gabarရေ…….

      ဌက်ကလေးတွေ လို

      အသီးရှိတဲ့အပင်တွေဆီမပျံသန်းချင်ပါနဲ ့
      မုဆိုးရဲ့ညွတ်ကွင်းတွေရှိတယ်

      မိုးခေါင်လိုက်တာသစ်ပင်တွေပျိုးထားကာမှ
      သစ်ရွက်လေးတွေ ငြိုးစပြုနေပြီ

      ဆာလောင်ချိန်မှာ စားစရာမရှိတောင်
      နာမ်အာဟာရတစ်ခုရှိနေရင်တော်သေးရဲ့

      ဒီလိုနဲ့……….
      ရတနာပုံသတင်းစာထဲ ကနေ….

      သန်းခေါင်းယံကြက်တွန်သံတွေညစဉ်ကြားနေလေရဲ့။

      ရွှေအိမ်စည်

  • etone

    July 6, 2011 at 4:51 pm

    ဒီနေ့ဆိုတာဟာ မနေ့က ပြောတဲ့ မနက်ဖြန်ပါ ၊ မနက်ဖြန်ရဲ့ မနေ့ကနေ့ဖြစ်မယ်ဆိုလည်း မမှားတာမို့ …. ကွေးသောလက်မဆန် ့မှီ ၊ ဆန့်သောလက်မကွေးမီ … ချစ်သူရှိရာ အပြေးသွားလိုက်ပါ ။ ပြေးသွားဖို့ အလှမ်းဝေးနေတယ်ဆိုလျှင် တောင် ဖုန်းလေးဖြစ်ဖြစ် ၊ မက်စေ့ချ်လေးဖြစ်ဖြစ် ပို့လိုက်ပါ … ဘဝက တိုတိုလေးပါ … ပျော်ရွှင်ပါစေကွာ

    • shweaeimsi

      July 6, 2011 at 5:07 pm

      မျော်လင့်ခြင်းရေ……..
      မင်းကတော့ နေရာမရွေးရှင်သန်နိုင်တဲ့ သစ်ပင်တဲ့လား…………
      ဒါဆို ငါတို့ အဲဒိသစ်ပင်မှာ နေထိုင်ကြတယ်………

      မက်စေ ့ကောကျပ်စေ ့ကောပို ့စရာမရှိလို ့ပါ

      • etone

        July 12, 2011 at 1:03 pm

        မက်စေ ့ကောကျပ်စေ ့ကောပို ့စရာမရှိပေမဲ့ ဖလိုင်းကစ်တော့ 😳 လှမ်းပို့လို့ ရပါသေးတယ်နော် … ။ စိတ်ချင်းဆက်စပ်နေလျှင် နားလည်လိမ့်မယ် …

  • ဆူး

    July 6, 2011 at 7:54 pm

    ဒီနေ့ ခြင်ကိုက်တယ်
    ဒီနေ့ နေပူတယ်
    ဒီနေ့ မိုးရွာတယ်
    ဒီနေ့ အိုက်တယ်
    ဒီနေ့ မအိုက်ဘူး။

  • ရွှေ မင်း သား

    July 6, 2011 at 9:48 pm

    ဒီနေ့ ဆိုတာက မနက်ဖြန်ရဲ့ ရာဇဝင်ထဲက သမိုင်းကြောင်းတစ်ပုဒ် မျှသာ။
    သို့သော်လဲ ဒီနေ့ ဆိုတာ မနေ့က ရဲ့ မျှော်မှန်းချက်၊ ရှင်သန်ခြင်းရဲ့ ဧရာမ အလင်းတန်းကြီးပါ။

  • windtalker

    July 6, 2011 at 10:39 pm

    ` မနေ ့က နေတွေ အရမ်းပူလို ့တဲ့ အပြင်ကို မထွက်ဘူး အဲဒါရှော်တား ´ ( စနဲ )
    မှတ်ချက် ။ ။တစ်ကြောင်းထဲ ပဲနော် ၊ အဆက်မပါဘူး

    • shweaeimsi

      July 7, 2011 at 9:59 am

      မနေ ့က နေတွေ အရမ်းပူလို ့တဲ့
      အပြင်ကို မထွက်ဘူးတဲ ့..
      နင်ညာနေတယ်ပင်လယ်ဆိုရင်…

      ပင်လယ်ဆိုတာ မယဉ်ပါးသရွေ့တော့
      မူးလိုက် အန်လိုက်နဲ့
      အရိုးသားဆုံး အချစ်နဲ့ မျှားယူခဲ့သမျှ
      အရိုး ကော အသားပါဆုံးရတဲ့အဖြစ်…။

      အပ်ထည်မရတဲ့ ကဗျာဆရာငါ
      ရုံတင်ခွင့်မရှိတဲ့ ပစ္စုပ္ပန်တွေအတွက်
      ဒဏ်ရာရ ကြယ်ကြွေတွေကောက်ရင်း
      အထူးပြုလုပ်ချက်မပါတဲ့ တမ်းတချိန်တွေမှာ
      မင်း…လေ..
      ဖုန်းဆက်လိုက်တိုင်း ဧရိယာပြင်ပရောက်နေတယ်..။

      ဘာမှမဟုတ်ဖူးနော်….နင့်ငါ့ကိုလာလာစပြိးကောမက်ရေးနေလို ့..

      ငါလည်း..ကျိစယ်တာပါ..(ကဗျာလေးနဲ ့)

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 6, 2011 at 11:05 pm

    ဒီမိန်းကလေးကို
    ဒီအချိန်
    ဒီနေရာမှာ
    ဒီပန်းကလေးပေးပြီး
    ဒီလိုလေးနမ်းလိုက်တာ
    ဒီလိုရှက်ပြုံးလေးနဲ့
    ဒီလိုလေးပါးအရိုက်ခံလိုက်ရတယ်
    ဗျန်း………………….

    • shweaeimsi

      July 7, 2011 at 9:55 am

      မိုက်ကယ်
      ဂျော်နီ
      အောင်ပု

      …..ပေးတဲ ့ပန်းက..ဂေါ်ဖီပန်းပေးပြိးသွားနမ်းတာကိုးးးးးးးးးးးး

      ဆိုးပါ

  • စုံ စုံ

    July 7, 2011 at 10:39 am

    ဒီနေ့လွမ်းတယ်
    ဒီနေ့သတိရတယ်
    ဒီနေ့ပြန်ဆုံချင်တယ်
    ဒီနေ့ပြန်လာမှာကိုမျှော်နေတယ်
    ဒီနေ့…….
    ဒီနေ့…….
    သူပြန်လာမယ့်ဒီနေ့
    မြန်မြန်ရောက်ချင်ပြီ

  • ဆူး

    July 7, 2011 at 12:11 pm

    ပုံတွေ ပါတာ အခုမှ မြင်မိတယ်။

  • char too lan

    July 7, 2011 at 2:30 pm

    အောင်းမက်လေး ချွေအိန်ချီရယ် ကိုယ်ငွေ ့ကိုဖော်ပြဖို့ ကြောင်ကြီးပုံပဲချိဒါရား…
    တောက်ကျိုးဒေါ့ နဲဂုန်ဒေါ့မယ်…….. 😀

    “ဒီနေ့မှ မဟုတ်ဘူး
    ဘယ်နေ့မှ ငါ…
    မနက်စောစော
    မထချင်ဘူး ”
    …………ပုံ/ချာတူး 😛

    • နွယ်ပင်

      July 7, 2011 at 2:57 pm

      ဒီနေ့ ……
      ဒီနေ့ …..
      ဒီနေ့ ……
      ဒီနေ့ မှာ လုပ်ချင်တာတွေ ဖြစ်ချင်တာတွေ အကုန်ဖြစ်ရင်ကောင်းမယ် ……

  • Big Defender

    July 7, 2011 at 8:02 pm

    ဒီနေ့ဟာကျွန်တော်အတွက်ကတော့ ဒီအတိုင်းပါပဲ

  • pan pan

    July 12, 2011 at 10:15 am

    ဒီနေ့…ကုန်ဈေးနှုန်းတွေ ထပ်မတက်ပါစေနဲ့…

  • weiwei

    July 12, 2011 at 11:16 am

    ဒီနေ့ …
    ဘာမှ မလုပ်ချင်ပါ …

  • Yan Shin

    July 12, 2011 at 5:31 pm

    ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ပါ။

    ဒီနေရဲ့ကောင်းခြင်းတွေကို ဒီနေရာမှာ
    မထားခဲ့ကြပါနဲ့။

Leave a Reply