ကျော်ဟိန်းသတင်း

researcherJuly 6, 20111min22031

ရုပ်ရှင်သရုပ်ဆောင် ကျော်ဟိန်းကို ရွာသာကြီးပို့လိုက်ပြီလို့ သတင်းကြားပါတယ်။ သတင်းမှန်သိသူများ ရေးသားပေးစေလိုပါတယ်။

 

ဖွတာမဟုတ်ပါ။ သတင်းမှန်၊ မမှန်သိချင်လို့ပါ။

 

 

31 comments

  • လင်းဝေကျော်

    July 6, 2011 at 4:10 pm

    ဒါလည်း ပို့စ်ဖြစ်တာပဲလား

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 6, 2011 at 4:17 pm

    လုပ်ကြပါဦးဘာတုန်းဗျို့

  • manawphyulay

    July 6, 2011 at 4:19 pm

    ကျော်ဟိန်းသတင်းဆိုလို့ သတင်းတွေ တကယ်ဖတ်ရပြီ မှတ်နေတာ။ ဟုတ်မဟုတ်တော့ မသိပါ။ ခုမှသိချင်လို့ ဝင်ဖတ်မိတာပါရှင်။ ခေါင်းစဉ်က သိချင်လို့ပါဆို ပိုမှန်မယ်ထင်တယ်နော်….

  • pooch

    July 6, 2011 at 4:19 pm

    အဲတော့် .. ဘယ်လိုများဖြစ်ရပြန်တာလဲ….

  • intro

    July 6, 2011 at 4:23 pm

    ဟုတ်ကဲ့ပါခင်ဗျာ… သက်ဆိုင်ရာဌာနကတဆင့် စုံစမ်းပေးပါ့မယ်…. 😛

  • cobra

    July 6, 2011 at 4:23 pm

    ဟာသလုပ်တာလား…။

  • king

    July 6, 2011 at 4:47 pm

    အွန် …..
    ဘယ်လိုကြီးတုန်းးးးးးးးးး 😛 😀 🙂

  • researcher

    July 6, 2011 at 4:48 pm

    မနောပြောသလိုပဲ ခေါင်းစဉ်ကို ဆီလျော်အောင်ပေးတာ ပိုကောင်းပါမယ်။ ကျွန်တော်လဲ အမှုမဲ့အမှတ်မဲ့ သုံးလိုက်မိပါတယ်။ နောက်ပြီးဒီသတင်းက တခြားသူတွေ သိပြီး၊ ကြားပြီးသားလဲဖြစ်ချင်ဖြစ်နေပါမယ်။ ကျွန်တော်ကတော့ အခုမှသိလို့ မေးကြည့်တာပါ။ မယုံလို့ကိုမေးကြည့်တဲ့သဘောပါ။ နောက်ပြီး post အနေနဲ့တင်မှပဲ ဖတ်မိပြီး ဟုတ်၊ မဟုတ် သိတဲ့သူက ပြန်ပြောနိုင်မယ်လေ။ ကောလဟာလဆိုလဲ ကောလဟာလပေါ့။ creative writing မဟုတ်ပဲ post အနေနဲ့ တင်ဖြစ်သွားတာ တောင်းပန်ပါတယ်။ point လိုချင်လို့မဟုတ်ပါဘူး။ စိတ်ထဲမှာ ရှင်းရှင်းလင်းလင်းသိလိုတဲ့ဆန္ဒကြောင့်သာ ရေးလိုက်တာပါ။ ဒီလိုအကြောင်းအရာမျိုးကို သီးခြားရေးလို့ရတဲ့ နေရာလေးရှိရင်ကောင်းပါမယ်။ ရှိတယ်ဆိုလဲ သိသူများပြောပြပေးစေလိုပါတယ်။

    ထပ်တောင်းပန်ပါတယ်။ sorry ပါ။

  • apulay

    July 6, 2011 at 5:13 pm

    အပုလေးလဲ အဲဒီလို ကြားထားပါတယ် ။

  • researcher

    July 6, 2011 at 5:32 pm

    သူကြီးရေ

    To admin မှာ အခုလောလောဆယ် comment ရေးလို့မရဖြစ်နေတဲ့အတွက် ဒီမှာပဲ ရေးလိုက်ပါတယ်။

    MG မှာ Point တွေနဲ့မပတ်သက်တဲ့၊ လွပ်လပ်စွာရေးသားလို့ရတဲ့ နေရာလေး တစ်ခုဖန်တီးပေးရင်သိပ်ကောင်းပါမယ်။ Forum ဆိုလဲ Forum ပေါ့။

  • nozomi

    July 6, 2011 at 5:37 pm

    ဖိုရမ်ထားဖြစ်ရင် ကောင်းပါတယ် “လင်းဝေကျော်” ကလည်း အဲဒီအကြောင်းပြောချင်တာ ဖိုရမ်မရှိလို့ ပို့စ်တင်ထားပါတယ် ဝင်ထောက်ခံပေးလိုက်ပါဦး

  • ဆူး

    July 6, 2011 at 7:41 pm

    တရားအားထုတ်တာ လမ်းကြောင်းတွေ အလိုက်မှားလို့ ဂေါက်သွားတာ ဖြစ်မှာပေါ့.. သူနဲ့ ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ နဲ့ တရားဆွေးနွေးတဲ့ ဖိုင် နားထောင်ရတယ်။ တရားနဲ့ ပတ်သတ်လို့ သိပ်တော့ မဟန်ဘူး။ အထင်ကြီးတာတွေ များနေတာတွေ့ရတယ်။

    • realman

      July 12, 2011 at 12:26 pm

      တရားနဲ့ ပတ်သတ်လို့ သိပ်တော့ မဟန်ဘူး။ အထင်ကြီးတာတွေ များနေတာတွေ့ရတယ် ဆိုတာ ကျော်ဟိန်းမှာ တွေ့တာလား၊ ဒေါက်တာ နန္ဒမာလာဘိဝံသမှာ မှာ တွေ့တာလား၊ ဒါမှမဟုတ် နှစ်ဦးစလုံးမှာ တွေ့တာလား။
      ကျုပ်ကတော့ နှစ်ဦးစလုံး ဘဝင်မြင့်ပြီး ကိုယ့်ကိုယ်ကို အထင်ကြီးနေတာတွေ တွေ့နေရတယ်။
      ကျော်ဟိန်းကလည်း ဘယ်သူမှ ဆရာတင်ချင်တဲ့ပုံ မပေါ်ပဲ ကိုယ်တိုင် ဆရာကြီး လုပ်ချင်နေပုံပဲ။
      ဒေါက်တာ နန္ဒမာလာဘိဝံသကလည်း လမ်းညွှန်တာ တရားကိုမပြောပဲ၊ စာထဲက စကားတွေပဲ လျှောက်ပြောနေတော့ လိုရင်း မရောက်ဘူး။
      အင်းလေ – – – သူက စာထဲကပဲသိတော့ စာထဲက မှတ်တမ်းတွေပဲ မှန်းပြောရမှာပေါ့။
      စာနဲ့ မညီရင် တရားမဟောနဲ့ဆိုတာ ဘုရားဟောခဲ့တဲ့ တရားသဘောကို ကျော်သွားပြီး။
      အဲဒါ စာမာန်တက်နေတဲ့ စကားပဲ။ ကာလာမသုတ် တရားတော်ကို လုံးလုံး ဆန့်ကျင်သွားပြီ ။ ။
      အင်း – – – ဒီလိုပုဂ္ဂိုလ်တွေက ရှေ့တန်းရောက်နေကြတော့ ဗုဒ္ဓသာသနာအတွက် ရင်လေးပါတယ်လေ . . . . ။

  • fatty

    July 6, 2011 at 9:14 pm

    ဒေါ်ဆူးရေ … နားထောင်လို့ရမဲ့အခြေအနေလေးညွှန်းပါလား ..။ သူရဟန်းဝတ်ကထဲက ပြောတာတွေက
    သူနာမည်ကြီးချင်တာတွေပါနေလို့ .. သိပ်တော့အားမရလှဘူး ..။ နာမယ်ကြီးချင်တဲ့စိတ် ကိုယ့်ကိုယ်ကိုယ် မင်းသားလုပ်ချင်တဲ့စိတ်က ရဟန်းဝတ်သွားတဲ့အထိပါသွားတယ်ထင်ပါတယ်။
    အကျင့်ဆိုတာဖျောက်ရခက်တာကိုး ..။ ကျနော်တို့လဲဒီလိုပါဘဲလေ ..။

      • မိုက်ကယ်ဂျော်နီအောင်ပု

        July 7, 2011 at 11:29 pm

        ကောင်းတယ်ဗျာ
        ပါမေက္ခချုပ်ဆရာတော်ကြီးရဲ့
        မာနအကြောင်း အနုစိတ်သုံးသပ်ပြတာ အရမ်းကောင်းတယ်

        • realman

          July 12, 2011 at 12:33 pm

          ပါမောက္ခချုပ်ကြီးလည်း ကိုယ့်ရဲ့ စာမာန်မာန အကြောင်းလည်း အနုစိတ်သုံးသပ်ဖို့လိုပြီ။
          သူများကိုကြီးပဲ မသုံးသပ်ရဘူး၊

  • naywoonni

    July 6, 2011 at 10:33 pm

    မနောက်နဲ့နော် သိချင်လို့ လာကြည့်တာ……..

  • windtalker

    July 6, 2011 at 10:35 pm

    ဘိုကျော်ဟိန်း တရားဟောတာ နဲ ့ပတ်သက်ပြီး ဂဂနန သိချင်ရင် ` ဦးတင်ဦး ကျူရှင် ´ ရေးထားတဲ့ စာအုပ်လေး ကို တစ်ခါလောက် ဖတ်ကြည့်ကြပါ လို ့ညွှန်းဆိုပါရစေ နော် ။

  • zaw min

    July 6, 2011 at 11:49 pm

    ဟုပ်ကဲ့ ကျနော့် ဂျီးဒေါ်ကြီး နေမကောင်းဘူးလို့ကြားပါတယ်၊ MG မှတဆင့်မေးပေးပါလားခင်ဗျာ….

    • Yin Nyine Nway

      July 7, 2011 at 10:32 am

      ဟုတ်ကဲ့ ဆုံးသွားပြီလို့ပြောပါတယ်:)

      • nature

        July 7, 2011 at 10:57 am

        ကိုကျော်သူ လှမ်းခေါ်ပေးရမလား။

  • မမလေး

    July 7, 2011 at 2:14 pm

    လူသာူအားလုံးကိုလေးစားတယ်ဗျာ … ဘာသတင်းမှမကြားဘူး … အခြေအနေတော်တော်စိုးနေလို့လားမသိဘူး

  • mzm

    July 7, 2011 at 3:49 pm

    မဟုတ်လောက်ပါဘူးဒကာတို့ရေကောလဟာလနေမှာပါ………..
    ယုံကြနဲ့နော်………………….

  • R Ga

    July 7, 2011 at 4:02 pm

    ကျော်ဟိန်း ကျော်ဟိန်း သူကတော့ ဘယ်နေရာရောက်ရောက် သူနာမည်ကြီးအောင်လုပ်နေတဲ့လူပဲဗျ.။
    အဘိဓမ္မာ မတတ် ဘာမတတ်။ ဓမ္မာစရိယလည်းမဟုတ်ပဲနဲ့ သူအထင် သူအမြင် သူအရူးစိတ်တွေနဲ့ ရွာတွေ တောတွေက လူတွေကို အဓမ္မ တရားတွေဟောလို့ဟော..။ ဘုန်းကြီးဝတ်ခါနီးတောင် စပွန်စာ ဗလဗွ နဲ့ ကြော်ငြာတွေရိုက်ပြီမှ ဘုန်းကြီးဝတ်ရှာသတဲ့..။ နောက်ဆိုသေး ဒင်းက ပိဋိကပ် သုံးပုံဆိုတာ တကယ် ရှိလို့လားလေးဘာလေးနဲ့။ နောက် ဆရာရှိသလားမေးရင် ကျုပ်ဆရာ က ဂေါတမ တဲ့ လာလာချည်းသေး ဘုရားနဲ့တောင်ကိုင်ပေါက်လိုက်သလေး။ အခုကြားရသလောက်ကတော့ တရားဟောရင် ဖမ်းမယ်ဆိုလို့ ပဲခူးက ဘုန်းကြီးကျောင်းမှာ အယူလွဲတွေအဟုတ်လုပ်လို့ ခိုးပြီးတရားဟောနေသတဲ့..။

  • Big Defender

    July 7, 2011 at 7:40 pm

    မသိဘူးဗျ

  • unclegyi1974

    July 7, 2011 at 9:35 pm

    ကျော်ဟိန်းသတင်းဆိုလို့
    ဘာများလည်းလို့
    သူကပြန်မေးနေသေး

  • shwe ni

    July 7, 2011 at 10:21 pm

    Magazine interview တွေမှာ သူပြောတုန်းကလဲ သူု့.သားသမီးတွေ အရမ်းတော်တယ်တဲ့

  • ရွှေဘိုသား

    July 8, 2011 at 9:55 am

    မမဆူး ပြောတာမှန်တယ်ဗျ
    သူတို. ဆွေးနွေးတာတွေက သိပြီး တတ်လွန်းနေတယ် သူတို.က အတတ်လွန်နေတာလို.ထင်တယ်
    ကျွန်တော် ဘုန်းကြီးကျောင်းသားမို.ပြောပြမယ်နော်
    တစ်ခါက ကျော်ဟိန်းတို. အဖွဲ.အစည်းက ပြောထားတာ တစ်ခုပြောပြမယ်
    မြတ်စွာဘုရားက တဏှာစိတ်ရှိတယ်တဲ. အဲဒါကြောင်. သူ.ရဲ့.သား ရာဟုလာ ကိုမွေးတာပါတဲ.
    နောက်ပြီး ယောက်ျားတစ်ယောက်က မိန်းကလေးတစ်ယောက်ကို လိင်ဆက်ဆံပြီးမယူတာ ငရဲမကျဘူးတဲ.
    ကုသိုလ်တောင်ရတယ်ဆိုပဲ ဆန္ဒဖြည်.ပေးလို.တဲ.

    ဂိုဏ်းနံမည်က မိုးပြာဂိုဏ်းဆိုလားပဲ

Leave a Reply