MZ ဘာလဲ၊ဘယ်လဲ

gabarJuly 6, 20111min14116

MZ မှာတင်တဲ့ post တွေကို Categories အရကြည့်ပြီး ရေးလိုက်တာပါ။ သတင်း အချက်အလက် နှင့် နည်းပညာခေတ်ရယ်လို့ ပြောစရာမလိုအောင်ကို သတင်းနဲ့သက်ဆိုင်တဲ့ပို့စ်တွေက အများဆုံးအနေနဲ့တွေ့ရပါတယ်။ ကျွန်တော်ကိုတိုင်လည်း သတင်းထူး သတင်းမြူးလေးတွေ သိချင်ရင် MZ ထဲမှာလည်းအများဆုံးဝင်ကြည့်ဖြစ်ပါတယ်။ သတင်းငတ် မခံနိုင်ဘူး၊ ထမင်းငတ်ခံနိုင်တယ် ဆိုပြီးတော့တောင်ဖြစ်လာကြတာကိုး။ သတင်းတွေအများဆုံးဖြစ်နေတာမဆန်းပါဘူး။ သတင်းထူး သတင်းဦး ဆိုရင် ကိုယ်တိုင်အရင်ဆုံးမောင်းကွဲ အောင်တီးပြီး ပြောလိုက်ချင်တာကတော့ ရပ်ကွက်ထဲကအစ အခုအင်တာနက်ပေါ်အထိပဲဖြစ်ပါတယ်။ နောက်ထပ် အများဆုံးပို့စ်က Creative writing ဖြစ်တာကတော့ MZ ကရွာသူ ရွာသားတွေရဲ့ စာရေးခြင်း ဝါသနာထုံတာရယ် စေတနာကောင်းတွေရယ်ကြောင့်ပေါ်လာတာဖြစ်တယ်လို့ ခံစားရပါတယ်။ တကယ့် Professional မြောက်အောင်ရေးထားတာတွေဖတ်ရလို့ အမြဲလိုလိုဖတ်ဖြစ်ခဲ့ပါတယ်။ အဲလောက်နဲ့ ပဲရပ်ပြီးဒီပု့ိစ်ကိုတင်လိုက်ပါမယ်။ MZ ရဲ့ Trend က ရွာသူ ရွာသားတွေရဲ့ လျှောက်တဲ့အပေါ်ကြည့်ရသလောက်တော့ သတင်းရယ်၊ ကိုယ်ပိုင်အတွေးခေါ် အရေးအသားလေးတွေရယ်နဲ့ ကိုတော်တော်ခရီးပေါက်ခဲ့တယ်လို့မြင်မိပါတယ်။

16 comments

  • gabar

    July 6, 2011 at 4:44 pm

    MZ လို့ကျွန်တော်ရေးခဲ့မိသွားတယ် MG လို့ရေးခဲ့သင့်တာ ပြန်ပြင်လို့လဲမရဘူး ဟူးးးးးးးး

  • မှန်ပါတယ် ညီလေးရေ မန်းလေးဂေဇက်ဆိုတဲ့ရွာထဲမှာ
    သတင်းဖြန့်ဝေပေးချင်သူလဲရှိသလို ဝါသနာအရ ကိုယ်သိတာလေးပြောချင်သူ(ကျနော့်လိုပေါ့)
    လဲရှိဆိုတော့ သတင်းပေးကြ စာတွေရေးကြ နောက် ကိုယ်ရောက်တဲ့နေရာလေးကို
    အမှတ်တရအနေနဲ့ဓါတ်ပုံတွေတင်ပေးကြ နဲ့ စည်ကားသိုက်မြိုက်ပါတယ်။
    တိတိကျကျပြောရရင် တတ်လို့ ရယ်တော့ မဟုတ် ဝါသနာအရ လုပ်ကြတာပါ။
    တကယ်တတ်တဲ့ ပညာရှင်ကြီးများက ဝင်ပြီး ပညာပေးတာလဲ ရှိမယ်ထင်ပါတယ်။
    အဲဒါကတော့ ကာယကံရှင်က ဖော်ပြမှ ဘယ်သူက ပညာရှိ ဘယ်သူကပညာတတ်ဆိုတာ သိမှာပါ။
    ကျနော်ကတော့ ဝါသနာရှင်လက်သင်ပါ။

    ပျော်ဘို့ကောင်းပါတယ်။
    တစ်ခါတစ်လေတော့ လဲ စိတ်လေစရာတွေရှိသပေါ့။
    ဘာဘဲပြောပြော ပျော်ဘို့ကောင်းပါတယ်။

  • ဆူး

    July 6, 2011 at 8:00 pm

    Creative writing ဖြစ်တာကတော့ MZ ကရွာသူ ရွာသားတွေရဲ့ စာရေးခြင်း ဝါသနာထုံတာရယ် စေတနာကောင်းတွေရယ်ကြောင့်ပေါ်လာတာဖြစ်တယ်လို့ ခံစားရပါတယ်။

    အထင်ပါ စကားရပ်လေး အတွက် ဝမ်းမြောက်မိပါတယ်။

  • nature

    July 6, 2011 at 9:35 pm

    MG နဲ့ kaba ပေါင်းလိုက်တော့ MG ရွာကနေ MG ကမ္ဘာဖြစ်သွားတာပေါ့။

  • ရွှေ မင်း သား

    July 6, 2011 at 9:42 pm

    အခုလို ရွာလေး သာယာ လှပ နေတာ၊ သဂျီး တော်လို့ လဲပါ ပါတယ်။
    သိသိ သာသာကြီးကို မြှောက်ထားတယ်နော်။
    း)

  • windtalker

    July 7, 2011 at 12:21 am

    အုန်းကျွန်းလေး တွေ ဆက်လက် တင်ဆက်နေဦးမယ်ဗျာ ။ ရွာထဲ မှာ နေရတာ ပျော်လို ့

    • char too lan

      July 7, 2011 at 2:40 pm

      အုန်းကျွန်း ချည်းပဲဆိုသိပ်မပေါက်လောက်ဘူး ထန်းကျွန်းလေးပါ
      ရောမယ်ဆိုရင်တော့ .. 😉

  • MaMa

    July 7, 2011 at 7:51 am

    ဘယ်သူမြှောက်မြှောက် တို့ မမြောက်။ (အရင်ထဲက မိုးပေါ်ရောက်နေလို့။)
    😉

  • etone

    July 7, 2011 at 9:15 am

    ရွာထဲဝင်လာကတည်းက ပြန်ထွက်သွားလို့ မရအောင်ပဲ စွဲဆောင်နိုင်လွန်းတဲ့ စာတွေ စုစည်းတဲ့နေရာမျိုးပါပဲ… ရုံးမှာ အင်တာနက်မကောင်းတဲ့နေ့နဲ့ ရုံးပိတ်ရက်တွေက လွဲလျှင် ရွာထဲမှာ အမြဲ လည်ပတ်နေပါတယ် ။ 🙄

  • Yin Nyine Nway

    July 7, 2011 at 10:06 am

    ဟုတ်တယ်..ကွန်နက်ရှင်ကောင်းရင်တော့ အမြဲ လည်ဖြစ်ပါတယ်

  • နွယ်ပင်

    July 7, 2011 at 10:18 am

    ဒီရွာကလေးရဲ့ ဆွဲဆောင်မူက တော်တော်လေးကောင်းတယ်
    ရွာထဲကိုဝင်ပြီးသွားရင် ပြန်ကိုမထွက်ချင်တော့ဘူး
    ရွာထဲ မဝင်ရလဲ မနေနိုင်တော့ဘူး
    ဒါ ဒီရွာလေးရဲ့ ထူးခြားချက်နဲ့ ဆွဲဆောင်မူပါပဲ ….

    • pan pan

      July 12, 2011 at 10:06 am

      အဲဒါကြောင့်ပေ့ါ
      ဒီရွာသားဖြစ်သွားရင် တခြားမပြောင်းချင်တော့ဘူး
      ရွာထဲလည်ရတာပျော်တာကိုး
      ကော်နက်ရှင်များကောင်းလို့ကတော့ ရွာရိုးကိုးပေါက် နှံ့တယ် 😀

  • chitpyae

    July 7, 2011 at 12:16 pm

    မနွယ် ပြောတာ အပြည့် အဝ ထောက် ခံပါသည် ….. 🙂
    သူကြီးက တစ်ခုခု တော့ လုပ်ထားတယ်ထင်တယ် .. ရွာထဲဝင်ပြီး ပြန်မထွက်နိုင်အောင် လို့ … 🙂

  • windtalker

    July 7, 2011 at 5:46 pm

    သူကြီး က ရွာထဲ စ ခြေတစ်လှမ်း မိ တယ် ဆိုတာနဲ ့
    ဖမ်းချုပ် လိုက်တယ်ပေါ့ လေ

  • Big Defender

    July 7, 2011 at 7:32 pm

    MG ကိုမှာရေးရတာပျော်ပါတယ်
    ကိုယ်မှာရှိတဲ့ အကြောင်းတွေကိုလွတ်လွတ်လပ်လပရေးပြီးတင်
    ပြနိုင်တာ ကြောင့်ပိုပြီးရေးဖြစ်တာပါ။

  • photwenty

    July 12, 2011 at 11:15 am

    ဒီ ပု ထဲမှာ ဝန်းနဲ စရာကောင်းတာ တွေ.ရတယ်ဗျ
    အဲ.ဒါက စာလုန်းပေါင်း သပ်ပုန် တွေ အရမ်းမြားနေတယ်နော်
    ကွမ်မမ်.တွေမှာ အြမြားချည်းပဲ:P

Leave a Reply