ပို့စ်တွေ တင်ယုံတင်မက ဖိုရမ်ပါထားစေချင်တယ်

လင်းဝေJuly 6, 20111min17621

အလုပ်တွေများနေလို့ ဒီဆိုက်ကိုမရောက်ဖြစ်တာ ကြာသွားပါတယ်။
အခုတစ်လော တက်ဖြစ်တော့ တိုနံ့နံ့ နဲ့ ပို့စ်မဟုတ်တာတွေကို တင်ထားတာတွေ့ဖြစ်တယ်။
မေးခွန်းတွေပါတယ်။ နည်းနည်းဖွကြည့်တာပါဆိုတာမျိုးတွေပါတယ်။
ဒီလို အကြောင်းကိစ္စတွေအတွက် ဖိုရမ် လေးလုပ်ပေးထားရင်ကောင်းမယ်။

ဖိုရမ်မှာ ပါဝင်ဆွေးနွေးနိုင်မှုကို အမှတ်ပေးချင်လည်းပေးပေါ့။ မပေးချင်လည်း နေပေါ့။
ဖိုရမ်လောက်မှာ သာ ရေးရမယ့် အကြောင်းလေးကို (ခပ်တိုတိုအကြောင်းကို) ပို့စ်အဖြစ်တင်ရင်၊ စာလုံးရေမပြည့်ပဲ တင်ရင် ပွိုင့်ကို အနှုတ်ပြန်လုပ်ကြည့်ပါလား။
ဒီဆိုက်မှာ စာတွေ တတ်နိုင်သမျှ သန့်သွားလိမ့်မယ်။ သတင်းတွေကို ကိုယ်ပိုင်အမြင်မပါပဲ အခြားက ကူးပြီး လာတင်ရင်လည်း နှုတ်မယ်လုပ်လိုက်ပေါ့။
သူများစာတွေ မေးလ်ထဲက ရတာတွေကို အလွယ်ကူးတင်တာတွေ မလုပ်ဖို့လည်း အနှုတ်စနစ်နဲ့ တားပေးပေါ့။ ( ပြန်လည်ဝေဖန်သုံးသပ်ချက်ပါရမယ် လုပ်ပေါ့ )

အခု ဒီအကြံကိုလည်း ဖိုရမ်မရှိလို့ ပို့စ်လုပ်ပြီး တင်ပေးလိုက်တယ်။

21 comments

  • nozomi

    July 6, 2011 at 5:00 pm

    အဲဒီအကြံကို ထောက်ခံပါတယ်

    တစ်ခါတစ်လေ ကိုယ်သိချင်တာမေးချင်တယ် ကိုယ်သိတာလေးပြောချင်တယ် မန်းရင်လဲ လူတိုင်းမသိနိုင်ဘူး အဲဒါကြောင့် ပို့စ်တင်နေရတာမျိုးတွေ တွေ့နေရတယ်

    သူကြီး မြန်မြန်အကောင်အထည်ဖော်ပေးပါဗျို့

  • kokolusoe

    July 6, 2011 at 5:57 pm

    ဖေ့ဘွတ်က မန်းကေဇတ် စာမျက်နှာလည်းအမြဲ update လုပ်ပေးမယ့် လူရှိရင်ကောင်းမယ်နော်.. း))
    ဖေ့ဘွတ်မှာရှာကြည့်တာ ဘာပို့မှရှိဘူး

  • ဆူး

    July 6, 2011 at 7:32 pm

    ဖိုရမ် ထားလို့ တခါ အကြံပေးလို့ ထားပေးဖူးတယ်။
    နောက်ပိုင်း ဆာဗာ မလိုက်နိုင်လို့လား မသိဘူး ဖျက်သိမ်းသွားတယ်။
    စနစ် တခုပြီး တခု စမ်းနေတာ ပိုစ်တင်တဲ့ စနစ်ကလွဲလို့ စာပို့ စနစ် ဖိုရမ် စနစ် အယ်ဘမ် စနစ် ချက်တင် စနစ် မအောင်မြင်သေးဘူး။ အကုန် ဖျက်သိမ်းထားရတယ်။

    • etone

      July 7, 2011 at 9:07 am

      ဆူးရေ ချက်တင်စနစ်ကတော့ ဒီမှာ မထားတာ ပိုကောင်းပါတယ် … ။ ဟိုဂွတီးဂွကျတွေလာရိုင်းရင် ပြန်ပြောမိနေမှာစိုးလို့ ပါ ။

      • ဆူး

        July 7, 2011 at 12:05 pm

        ဆူး က ရှိခဲ့ဘူးတယ် ဆိုတာ ပြောပြတာပါ။ ချက်ထားတုန်းက ဆိုက် အရမ်းလေးပြီး အဆင်မပြေခဲ့ပါဘူး။

  • weiwei

    July 6, 2011 at 8:36 pm

    အရင်က တစ်ခါထားဖူးတယ် .. နောက်တော့ မရှိတော့ဘူး …
    ဖိုရမ်ရှိရင်တော့ အမေးအဖြလေးတွေ လုပ်ရတာ ပိုအဆင်ပြေမယ် …

  • fatty

    July 6, 2011 at 8:55 pm

    သူကြီးခင်ဗျားထောက်ခံပါ၏။ ကြိုးစားပေးစေချင်ပါသည်။

  • pooch

    July 6, 2011 at 11:16 pm

    အနော်လည်း ထောက်ခံပါတယ် ..

  • kai

    July 7, 2011 at 3:19 am

    လောလောဆယ်တော့.. ပိုကောင်းတဲ့ဆာဗာပေါ် အားလုံး ရောက်နေပါပြီ..။
    နည်းနည်းစီ (အရင်လိုပဲ) စမ်းသပ်လုပ်သွားပါဦးမယ်နော..။

    • manawphyulay

      July 16, 2011 at 3:09 pm

      စမ်းသပ်နေပါတယ် သဂျီးရှင့်။ အားလုံး ဆာဗာအဆင်ပြေပြီးဆိုရင် ပိုကောင်းတဲ့ ဖိုရမ်စာမျက်နှာများ ပေါ်ထွက်လာမယ်ထင်ပါတယ်။

  • ဆူး

    July 7, 2011 at 12:12 pm

    စာပို့ စနစ် နဲ့ ဆိုက် များများ ထားနိုင်မယ်ဆိုရင်တော့ ဖိုရမ် ကိုတော့ ထားပေး စေချင်တယ်။

  • Big Defender

    July 7, 2011 at 7:42 pm

    ကောင်းပါတယ်ဗျာ။

  • unclegyi1974

    July 7, 2011 at 9:38 pm

    ကဲ သူကြီးရေ
    အားလုံးကတောင်းဆိုနေပြီ
    လုပ်လိုက်လေကြာသလားလို့..

  • ရွှေဘိုသား

    July 8, 2011 at 9:35 am

    သူကြီး လုပ်လိုက်ပါတော.ဗျာ တိုးတက်တာပေါ.
    အလေအလွင်.စာတွေလည်း တက်မလာတော.တာပေါ.ဗျာ

    ချက်ဘောက် တော.မထားပါနဲ.ဗျာ
    အလကား အချိန်ကုန် ဆာဗာ လေးတာပဲရှိပါတယ်

  • manawphyulay

    July 8, 2011 at 9:42 am

    လေးကျော်ရယ်… ခုတောင် ဆာဗာက မနိုင်လို့ ခဏခဏဆိုက်ကို နေရာရွေ့နေရတာ။ ဖိုရမ်ပါထားလို့ကတော့ သိပ်တော့မလွယ်ဘူး။ ဖိုရမ်ပါရှိလာခဲ့ရင် တစ်ယောက်ထဲလည်း မနိုင်တော့ဘူး။ နောက် ဖိုရမ်ရဲ့ပြဿနာက ပိုဆိုးပါတယ်လေးကျော်ရာ… လုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့ရှင်။

  • blaze

    July 14, 2011 at 12:42 pm

    ကျွန်တော်လဲ ထောက်ခံပါတယ်။

  • kai

    July 14, 2011 at 1:35 pm

    … ရွာသားတွေ ဖိုရမ်ရှိနေပြီဆိုတာ… သိကြဖို့ပါ..။
    အပေါ်ညာဖက်ထောင့် မှာရှိပါတယ်..။
    http://myanmargazette.net/forum
    မေးတာဖြေတာ..ပြဿနာတွေ ရေးနိုင်ပြောနိုင်ပါကြောင်းနဲ့.. pm ပီအမ်လည်းဖွင့်ထားပါကြောင်း…။

    • manawphyulay

      July 16, 2011 at 3:11 pm

      ဖိုရမ်မှာ ခေါင်းစဉ်လေးတွေကို သဂျီးမှ စီစဉ်တင်ပေးစေလိုပါတယ်ရှင်။ နည်းပညာ၊ သုတ၊ ရသ စတဲ့ ကဏ္ဍအလိုက် ခွဲခြားပေးရင် ပိုအဆင်ပြေမယ်ထင်ပါတယ်။

  • suicide blind

    July 30, 2011 at 5:22 pm

    ဟုတ်ပါတယ်…ပျေ်ာဖို ့လဲကောင်းမယ်…..အပြန်ပြန်အလှန်လှန်လဲပြောဖြစ်ကြမယ်လေ

Leave a Reply