လုပ်ကိုင်ချင်စိတ်ရယ်၊ ကျွမ်းကျင်မှုရယ်၊ ရှိပြီး လုပ်ကိုင်နေကျဆိုရင် ဘယ်အလုပ်မဆို လွယ်ကူသွားပါပြီ။

(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

အာယုဒါန (ကျန်းမာရေး) အလှူတော် .။

အခမဲ့ ဆေးခန်း

နန္ဒ၀န်ဓမ္မရိပ်သာ၊ သန်ဒေပင်ရပ်၊ ပြည်

အခုလာမယ့် စနေနေ့ 9-7-2011 ခရီးစဉ်ကတော့.. ကျောက်ကွင်းကျေးရွာ က မူလွန်ကျောင်း အဆောက်အဦး နဲ့ စားပွဲ-ကုလားထိုင်တွေ ပြီးသွားပြီ မို့ ကလေးတွေက အဆောက်အဦး အသစ်မှာ စားပွဲ ကုလားထိုင် အသစ်တွေနဲ့ စာသင်နေကြ ပါပြီ။ အဲဒါလေးလဲ သွားကြည့်ရင်း လှူစရာရှိတာလေးတွေလဲ လှူရအောင်ရယ်..။ နောက်ထပ် လှူထားတဲ့ ရေတွင်း ရေကန်တွေ လဲ ပြီးနေပြီမို့ အခြေအနေ သွားကြည့်ပြီး မှတ်တမ်းတင်ပုံတွေ ယူဖို့ပါ..။

ကျမတို့ ရဲ့ အလှူရှင်တွေ စုပေါင်းပြီး ရေတွင်းရေကန်တွေ လှူခဲ့တာ.. ရေရှားပါးလို့ မနှစ်က ၂၀၁၀ နွေ မှာ ၀မ်းရောဂါ တွေ ဖြစ်ခဲ့တဲ့ ပြည်တစ်ဝိုက်၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ အပြင်၊ ရေရဖို့ ပါ ခက်ခဲတဲ့ အရပ်တွေ မှာ.. ရေရနိုင်မဲ့ နည်းလမ်း မျိုးစုံ ကို နယ်ခံ (ကျောက်ကွင်း) ဆရာတော် နဲ့ ဒေသခံတွေ နဲ့ တိုင်ပင်၊ ကျောက်ကွင်းဆရာတော် ရဲ့ စံနစ်တကျ စီမံမှု နဲ့ ရေတွင်း၊ ရေကန်တွေ ကို တူးပေးခဲ့ တာ.. အခုအချိန်ထိဆိုရင်..

– ကော့မရွာ – စမ်းရေတွင်း (၃) တွင်း

– တောင်နံ့သာရွာ – စမ်းရေတွင်း (၂) တွင်း

– လေသာတောင်ကြီးရွာ – အုတ်စီတွင်း (၁) တွင်း

– ချောင်းခွကြီးကျေးရွာ – နှစ်ထပ်တုံကင်တွင်း (၁) တွင်း

– ကျောက်ကွင်းကျေးရွာ – အ၀ီစိတွင်း (၁) တွင်း၊ အုတ်ရေလှောင်ကန် (၁)

– နန္ဒ၀န် သီလရှင်စာသင်တိုက်၊ ပြည် – အ၀ီစိတွင်း (၁) တွင်း၊ ရေစက် (၁)၊ အုတ်ရေလှောင်ကန် (၁)၊ ရေချိုးကန်(၁)

– ကန်ဇွန်းအင်းကျေးရွာ – တုံကင်တွင်း (၂) တွင်း၊ မူလတန်းကျောင်းအတွက် ရေတုံကင်စက် (၁)

– မကျည်းပင်မြောက်စု – တုံကင်တွင်း (၂) တွင်း

– ကျောက်ကွင်းကျေးရွာ – မူလွန်ကျောင်းအတွက် ရေတုံကင်စက် (၁)၊ အုတ်ရေလှောင်ကန် (၁)၊ သောက်ရေအိုးစင် (၁)

– မြေနီကျောရွာ – မြေသား တစ်ဖက်ဆည်ကန်

စတဲ့ နေရာတွေမှာ လှူဒါန်းခဲ့ပါတယ်..။

(နောက်ထပ် တစ်ချို့ အလှူရှင်တွေကလဲ ရေလှူချင်လို့ ဆက်သွယ်ထားကြတာရှိပါတယ်..။ ရေ လိုအပ်တဲ့ နေရာတွေ လဲ ရှိနေသေးတာမို့ ဆက်ပြီး ကူညီရပါအုံးမယ်..။ လှူချင်သူများလဲ ဆက်သွယ်ကြပါရှင်..)

နန္ဒ၀န် သီလရှင်စာသင်တိုက် မှာ အိမ်သာ နောက်ထပ် ၃ လုံး လှူထားတာလဲ ပြီးနေပါပြီ.။ အဲဒါလေးလဲ မှတ်တမ်းတင် ရအုံးမှာ..။

အခုခရီးစဉ်က နန္ဒ၀န် သီလရှင်စာသင်တိုက်- ပြည်၊ ကန်ဇွန်းအင်းကျေးရွာ၊ ကျောက်ကွင်း ကျေးရွာ – ၀က်ထီးကန်၊ မကျည်းပင်မြောက်စု ရွာ – ပေါက်ခေါင်းမြို့နယ်၊ နဲ့ မြေနီကျောရွာ – သဲကုန်းမြို့နယ် အစပ် ကတစ်ဖက်ဆည်ကန် တွေ ကို သွားကြည့် မှာပါ..။

သွားလက်စ နဲ့ နန္ဒ၀န်ဓမ္မရိပ်သာ၊ ပြည် မှာ အခမဲ့ဆေးခန်းလေး ဖွင့်ပေးနိုင်အောင် လို့ အလှူရှင်များနဲ့ ၊ Volunteer ဆရာဝန်များကို ဖိတ်ခေါ်ပါရစေရှင်..။

အဲဒါတွေ အားလုံးပေါင်းပြီး .. ခရီးစဉ် တစ်ခု သွားမှာပါ..။ ဒါပေမဲ့ Volunteer ဆရာဝန် မရ ရင်တော့ ဆေးခန်းဖွင့်ပေး မယ့် အစီအစဉ် ကတော့ ပျက်သွားမှာ ပေါ့ …

ဒါကြောင့် သမီး၊ သား ဆရာဝန်တွေ… ဒီတစ်ခါလဲ .. ကူညီကြပါ အုံး… နော်..။

ခရီးစဉ်ကတော့ တော်တော်လေး များပါတယ်.. ကျမအတွက်ပါ..။ ဆရာဝန်တွေကတော့ ပြည်မှာဘဲ ဆေးခန်းဖွင့်မှာ ဆိုတော့ ပြည်မှာဘဲ နေခဲ့ ရမှာပါ..။ သောကြာနေ့ည ၈ နာရီ ကားနဲ့ ရန်ကုန်က ထွက်၊ ပြည် ကို မနက် ၂ နာရီရောက်၊ ပြည်၊ သန်ဒေပင်ရပ် က နန္ဒ၀န် သီလရှင်စာသင်တိုက် ကိုသွား၊ မနက်လင်းရင် ဆရာဝန်တွေက အခမဲ့ ဆေးခန်းဖွင့်။ ကျမ ကတော့ ကျောက်ကွင်းဆရာတော် နဲ့ ဆိုင်ကယ် တစ်စီးစီနဲ့ ..၊ ပြည် ကနေ ၀က်ထီးကန်၊ ကန်ဇွန်း အင်း ရွာ၊ ပြီးရင် ကျောက်ကွင်းကျေးရွာ၊ အဲဒီမှာ ကလေးတွေ နဲ့လဲ တွေ့၊ စာသင်ကျောင်းကို ၀င်၊ ပြီးတော့ မနက်စာစား ပြီးရင် မကျည်းပင် မြောက်စုရွာ၊ အဲဒီကနေ ဆက်ပြီး မြေနီကျောရွာ ကိုသွား၊ ပြီးမှ .. ပြည်ကိုပြန်လာမှာ ပါ..။ ခရီးစဉ် တစ်နေ ကုန်မှာပါ..။ ပြည်ကို ပြန်ရောက်ရင် ညစာစားပြီး (အဲဒီအချိန်ဆို ဆေးခန်းလဲ ပိတ်ပြီပေါ့..) ည ကားနဲ့ ရန်ကုန် ပြန်လာမှာပါ..။

အခမဲ့ ဆေးခန်းအတွက် ဆေးလှူချင်တယ် ဆိုရင်..
ကျောက်ကွင်းဆရာတော် နဲ့ ချောင်းခွကြီး ဆရာတော် အတွက် ဆွမ်း၊ သင်္ကံန်း၊ ကျောင်း၊ ဆေး၊ ၀တ္တုငွေ လှူချင်တယ် ဆိုရင် ..
နန္ဒ၀န် သီလရှင်စာသင်တိုက် က သီလရှင် များ အတွက် ဆွမ်း၊ သင်္ကံန်း၊ ဆေး၊ ၀တ္တုငွေ လှူချင်တယ်ဆိုရင် ..
ကျောက်ကွင်းရွာက ကလေးတွေ အတွက် မုန့်လှူချင်တယ်.. ဆိုရင်..

Volunteer လုပ်အားဒါန ပြုလိုသူ ဆရာဝန်များ ရှိတယ်ဆိုရင် ..

ကျမကို ဆက်သွယ်ပါရှင်…။

email နဲ့ 2000.group.donation@gmail.com သို့ ဆက်သွယ်နိုင်ပါတယ် ရှင်.. ။

အလှူရှင် များလည်း ကျန်းမာ ချမ်းသာ ကြပါစေ..။

အလှူခံ များလည်း ကျန်းမာ ချမ်းသာ ကြပါစေ..။

လိုအပ်သူတိုင်းကို ကူညီနိုင်သောသူ ဖြစ်ချင်ပါတယ်..။

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000 GROUP

P.S – ကျမရဲ့ notes များကို.. Share လိုပါက ခွင့်တောင်းရန် မလိုပါ.. Share နိုင်ပါသည်.. ရှင်..

Dear bros and sis,

We would like to organize to open a FREE CLINIC at Pyay, Than-dae-pin Quarter on 9-Jul-11.

SCHEDULE

8-7-11 8 pm – Leaving Yangon by Highway Bus

9-7-11 2 am – Arrival of Pyay

9-7-11 9 am to 4 pm – Free Clinic

9-7-11 9pm – Leaving Pyay by Highway Bus

10-7-11 5am – Arrival of Yangon

We would like to request your donation for Medicines for the Free Clinic.

At the same trip I will go around this area to see our donation of water wells, toilets and small Dams in Ka-zun-inn village, Ma-gyi-pin-myauk-su village, Myae-ni-kyaw village and Pyay.

We will also go to Kyauk-kwin village for School building, new tables and chairs and will meet with the teachers and students.

If you’re interested to donate medicines, food, Education Support for Kyauk-kwin students, (in kind or in cash ) and any doctors who wish to be volunteers,

please contact to my g-mail 2000.group.donation@gmail.com.

Thanks and best regards,

May Aye Oo

2000 GROUP

2000.group.donation@gmail.com

GIVE THE WORLD THE BEST YOU HAVE!

I LEARN TO GIVE NOT BECAUSE I HAVE MANY, BUT BECAUSE I KNOW THE FEELING OFံNOTHING.

IF I CANNOT BE A BRICK, I WISH TO BE A PIECE OF SAND TO HEAL THE WORLD .

DO SMALL THING IN A GREAT WAY.

padonmar

About padonmar

has written 227 post in this Website..

THAKHIN CJ #12112010 (5/2/16)