2011 ASEAN TELMIN and TELSOM လိုဂိုပြိုင်ပွဲ

2011 ASEAN Telecommunications and IT Ministers Meeting (TELMIN)

and

2011 ASEAN Telecommunications and IT Senior Officials Meeting (TELSOM)

အစည်းအဝေးများအတွက် လိုဂို ပြိုင်ပွဲ ဖိတ်ခေါ်စာ

 

ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးရမည့် 2011 ASEAN Telecommunications and IT Ministers Meeting (TELMIN) နှင့် 2011 ASEAN Telecommunications and IT Senior Officials Meeting (TELSOM) အစည်းအဝေးများတွင် အသုံးပြုရန်အတွက် အမှတ်တံဆိပ် တစ်ခုအား ဆက်သွယ်ရေး ၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပပြီး ရွေးချယ်သွားမည် ဖြစ်ပါသဖြင့် လိုဂိုဖန်တီးရှင်များအား ပြိုင်ပွဲဝင်ရန်ဖိတ်ခေါ်အပ်ပါသည်။

၁။       စည်းကမ်းချက်များ

ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သူသည်-

(က)    မြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ)     လိုဂို (၁)ခုမှ (၂)ခု အထိပေးပို့ ယှဉ်ပြိုင်နိုင်သည်။

(ဂ)     လိုဂိုဒီဇိုင်းများ ပြုလုပ်ရာတွင် ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ သတ်မှတ်ဖော်ကြူးထားသည့် အဓိပ္ပါယ်များအတိုင်း ပြည့်မီအောင် ပြုလုပ်ရမည်ဖြစ်သည်။

(ဃ)    မိမိကိုယ်တိုင် ဖန်တီးထားသော လိုဂိုဖြစ်ရမည်။ အခြားအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၏ မူပိုင်ဖြစ်သော လိုဂိုများကို ကူးယူသုံးစွဲခြင်း မရှိရပါ။ မိမိကိုယ်တိုင် ဖန်တီးထားသော လိုဂိုဖြစ်ကြောင်း ဝန်ခံချက်ကို ပူးတွဲပေးပို့ရမည် ဖြစ်သည်။

(င)     TV, Web, Print, Animation, Letterhead စသည့်နေရာများတွင် မျိုးစုံအသုံးပြုနိုင်ရန် သင့်တော်သော ပုံစံဖြစ်ရမည်။

(စ)     လိုဂိုများကို တစ်ကြိမ်သာ ပေးပို့နိုင်သည်။ ပေးပို့ပြီးသော လိုဂိုများကို ပြန်လည်ပြင်ဆင်လိုခြင်း၊ အခြားလိုဂိုတစ်ခုနှင့် ပြန်လည်အစားထိုးခြင်းများကို ခွင့်မပြုပါ။

၂။       အမှတ်တံဆိပ် လိုဂိုအတွက် ဒီဇိုင်းရေးဆွဲရာတွင် အောက်ဖော်ပြပါ အချက်များ ပါဝင်စေရပါမည် –

(က)    အာဆီယံပေါင်းစည်းမှု၊ အာဆီယံအတွင်း ဖွံ့ဖြိုးတိုးတက်မှုတို့ကို ICT ဖြင့် အထောက်အကူပြုနိုင်မှု၊

(ခ)     အာဆီယံ (၁၀) နိုင်ငံပေါင်းစည်းမှုအတွက် ICT ကဏ္ဍ၏ အရေးပါမှုနှင့်

(ဂ)     အာဆီယံ၏ “ One vision, One identity, One community “ ဟူသည့် ဆောင်ပုဒ်

(ပြိုင်ပွဲဝင် လိုဂိုဒီဇိုင်းများမှ မြန်မာနိုင်ငံ၏ ထူးခြားသည့် ယဉ်ကျေးမှု၊ ပထဝီဝင်အနေအထား၊ (unique identity) ကိုလည်း ထင်ဟပ်ပေါ်လွင် စေသည့် ဒီဇိုင်းကို ဦးစားပေးရွေးချယ်သွားမည် ဖြစ်ပါသည်။)

၃။       ပြိုင်ပွဲဝင်ရောက်လိုသူသည် ပြိုင်ပွဲဝင်လိုသည့် ရောင်စုံပုံနှိပ်ထားသော Logo ပုံစံ(၃)စုံ၊ Logo ဒီဇိုင်းထည့်သွင်းထားသည့် CD (၃)ချပ်တို့နှင့် ပြိုင်ပွဲဝင် လျှောက်လွှာအား ပြည့်စုံစွာ ဖြည့်စွက်၍ ညွှန်ကြားရေးမှူးချုပ်၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော် လိပ်မူ၍ ၂၉-၇-၂၀၁၁ နေ့ နောက်ဆုံးထား၍ ပေးပို့ရမည် ဖြစ်ပါသည်။

၄။       ပြိုင်ပွဲဝင်လျှောက်လွှာများကို

(က)    ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ရုံးအမှတ် (၂)

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ နေပြည်တော်မှ လည်းကောင်း

(ခ)     ရတနာပုံ အင်တာနက်စာမျက်နှာ

http://www.yatanarpon.com.mm/asean-logo မှ download ပြုလုပ်၍ လည်းကောင်း ရယူနိုင်ပါသည်။

 

၅။       ရွေးချယ်ခံရသည့် Logo Design ကို အစိုးရသတင်းစာများတွင် လည်းကောင်း၊ ရတနာပုံ အင်တာနက်စာမျက်နှာများပေါ်မှ လည်းကောင်း၊ အများပြည်သူထံသို့ အသိပေး ကြေငြာပေးသွားမည် ဖြစ်ပြီး ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ဆုရရှိသူကို ဆုကြေးငွေ ၃၀၀,၀၀ဝ ကျပ် ( ကျပ် သုံးသိန်း တိတိ) ချီးမြှင့်သွားမည် ဖြစ်ပါသည်။ လိုဂိုပြိုင်ပွဲနှင့် စပ်လျဉ်းပြီး အသေးစိတ် သိရှိလိုပါက အောက်ဖော်ပြပါ လိပ်စာများသို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည် –

 

 

(က)    ဦးသန်းဇော်                                                                                   (ခ)     ဦးသန်းထွန်းအောင်

ညွှန်ကြားရေးမှူး၊                                                                                       ဒုတိယ ညွှန်ကြားရေးမှူး

ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန                                                                ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

ဖုန်း – ဝ၆ရ – ၄၀၇၂၂၆                                                                                ဖုန်း – ဝ၆ရ – ၄၀၇၄၃၅

 

 

၂၀၁၁ ခုနှစ် အာဆီယံ အစည်းအဝေးများ

လိုဂိုရွေးချယ်ရေး အဖွဲ့

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန