စွယ်တော်ရဲ့စွယ်တော်


ရန်ကုန်ကစွယ်တော်စေတီကိုသွားတဲ့လမ်းတစ်လျောက်မှာ မန်းလေးမှာကျနော်မမြင်ဘူးတဲ့စွယ်တော်ပန်းအဖြူတွေကိုတွေ့ရပါတယ်။
ဒီပုံလေးကတော် စွယ်တော်ပွင့် တစ်ပွင့်ထဲပုံလေးပါ။
စြွယ်တော်ဘုရားနဲ့စွယ်တော်လမ်း အင်မတန်မှလိုက်ဖက်လှပါတယ်။
ရန်ကုန်စွယ်တော်မြတ်စေတီသွားရာလမ်းမှာတွေ့ခဲ့ရတဲ့ စွယ်တော်ပန်းအဖြုနဲ့ လမ်းတစ်လျောက်က စွယ်တော်ပင်ကိုတင်ပေးလိုက်ပါတယ်။

22 comments

  • ဆူး

    July 6, 2011 at 11:30 pm

    မှတ်မိသေးတယ် အထက်တန်း ကျောင်းသူ ဘဝ တုန်းက ကျောင်းကား အလာ ကို စောင့်ရတာ စွယ်တော် ပင်အောက်မှာ.. အရွက်ကလေးတွေကို သူငယ်ချင်းတွေက ခူးပြီး စာတွေ ရေးကြတယ်။

  • pooch

    July 6, 2011 at 11:33 pm

    လေးပေါက် ၅ ပုံမြောက် က ပုံလေး သဘောကျတယ် .. အလွမ်းဓာတ်ခံ ရှိလို့လားတော့ မသိဘူး ..
    အဲဒီပုံ ကြည့်ပြီး လွမ်းလိုက်တာ… အခုရက်ပိုင်း တယောက် ထဲ အထီးကျန် သလို ဖြစ်နေလို့လားမသိဘူး ..
    ဘာတွေ့တွေ ဘာ မြင်မြင် .. . လွမ်းပြီးရင်းကို လွမ်းနေတော့တာပါပဲ…

  • windtalker

    July 7, 2011 at 12:11 am

    ဆူး က အဲဒီကတည်း က နာမည်ကြီးတာ

  • windtalker

    July 7, 2011 at 12:12 am

    ကျန်သွားလို ့၊ သူ နာမည်ကြီးတာ စာရေးဆရာမကြီး တဲ့

  • ကိုကိုလူဆိုး

    July 7, 2011 at 8:12 am

    ကိုပေါက်ရေ စွယ်တော်ရွက်လေးတွေအောက်မှာ အတွဲလေးတွေထိုင်မနေတာ တစ်မျိုးလိုနေသလိုပဲ ..ရွာသူတွေ သွားထိုင်ရမှာ 😛

    • ကောင်းမြတ်သူ

      July 11, 2011 at 1:03 am

      ဒါဆို လူရှင်းတုံး ကိုပေါက်တို့စုံတွဲဈေးဦးဖောက်ခဲ့တယ်ပေါ့

  • weiwei

    July 7, 2011 at 8:48 am

    နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်ရတာဆိုတော့ ချစ်သူတွေနှစ်သက်ကြတယ် …

  • etone

    July 7, 2011 at 1:08 pm

    ” ဆွယ်တော်ပင်က အရွက်လေးလို …..
    နှစ်လွှာပေါင်းမှာ တရွက်ထဲဆို
    တနေ့တော့ပေါင်းမယ် ငါ့တို့နှစ်ယောက်ရဲ့ နှလုံးသား နှစ်ခုလည်း တခုတည်းအဖြစ်သို့ ရောက်နိုင်ဖို့ …
    ငါ့တို့ ရဲ့ အမှတ်တရများစွာလည်း မင်း မေ့မပစ်လိုက်ပါနဲ့ ….
    ဘယ်လိုနေရာတွေ ဝေးလို့သွားပါစေငါ့ရင်ထဲမှာ မင်းတယောက်ထဲ… ။ ” တဲ့လေ …။ အဲ့ဒီသီချင်းလေး အရမ်း ကြိုက်တယ် … 😳

  • AKKO

    July 7, 2011 at 1:18 pm

    ကြယ်ပွင့်လေးများ လမ်းပြဦး …
    ကောင်မလေးနဲ့ နီးနိုင်ဖို့ …
    အနေဝေးလို့ သွေးအေးသွားမှာ ငါကြောက်လို ့
    မင်း စိတ်ထဲ အမြဲတမ်းရှိပါစေ … ဆုံနိုင်မှာပါ တို့နှစ်ယောက်တနေ့ …
    တယ်လီဖုန်းလေးထဲပဲ အလွမ်းပြေ အနမ်းတွေ ပေး 😛 😛 😛 😛 သီချင်း ဆက်ဆိုပေးတာပါ …. နောက်တီးနောက်တောက်လုပ်တာ မဟုတ်ပါဘူး တုံမမရဲ့ (ရန်မတွေ့နဲနော် 😀 )

    • etone

      July 7, 2011 at 1:41 pm

      နောက်စရာများအောက်မေ့နေလား မသိဘူး ။ စိုက်ကြည့်လျှင် အလိုက်သိနော် … ဟင်း ဟင်း … 🙄

  • နွယ်ပင်

    July 7, 2011 at 1:21 pm

    ငယ်ငယ်တုန်းကဆို စွယ်တော်ရွက်လေးတွေကို
    စာအုပ်ကြားထု မှာ ညှပ်ပြီးသိမ်းရတာ အရမ်းဝါသနာပါခဲ့တာပေါ့
    အခုတော့ စိတ်ကိုမဝင်စားတော့ စာမျက်နှာတွေညစ်ပတ်လို့ ……. 🙂

    • etone

      July 7, 2011 at 2:38 pm

      စာမျက်နှာတွေ ညစ်ပတ်တာ ဟုတ်ရဲ့လား နွယ်ပင် …
      မလိုတော့ဘူးထင်လို့ မို့လား ။ 😛 😛 😳

      • နွယ်ပင်

        July 7, 2011 at 3:00 pm

        ဟုတ်ပါတယ် etone ရဲ့ စာမျက်နှာတွေ ညစ်ပတ်ကုန်လို့ပါ
        မလိုတော့တာလဲ ပါကောင်းပါမှာပေါ့ 😳 🙂

  • စုံ စုံ

    July 7, 2011 at 1:41 pm

    လွန်ခဲ့တဲ့၃နှစ်လောက်ကစွယ်တော်ရွက်တရွက်နဲ့
    ယတြာချေခဲ့ဖူးတာ
    အခုထိလဲအဲ့ဒိစွယ်တော်ရွက်ရှိနေတုန်းဘဲ
    မလွှင့်ပစ်ရသေးဘူး
    အမှတ်တရပေါ့ 🙂

  • မမလေး

    July 7, 2011 at 1:58 pm

    ကိုယ့်ချစ်တဲ့သူနဲ့ အမြန်နီးစပ်ချင်ရင်တဲ့ စွယ်တော်ရဲ့ ညာမှာ ကောင်လေးနာမည်ရေး ၊ ဘယ်မှာ ကောင်မလေး နာမည်ရေး … မင်္ဂလာဆောင်ဖိတ်စာ ကြားမှာ ညှပ်ထားပါ လို့ ကြားဖူးတယ် … စာအုပ်ထဲမှာ ဖတ်ဖူးတာပါ .. ကြာပြီ …

  • kai

    July 7, 2011 at 4:27 pm

    စွယ်တော်ပင်တွေနဲ့ဝေဆာတဲ့ တက္ကသိုလ်တခု မြန်မာပြည်မှာရှိခဲ့ဖူးတယ်…။
    အဲဒီမှာ စွယ်တော်ပင်တွေ တဝင်းလုံးနေရာအနှံ ့ပေါက်နေတာပေါ့…။
    အော်ပီကျယ်၊ ခင်မောင်တိုး၊ မောင်စိန်ဝင်း(ပုတီးကုန်း)၊ မစန႖ာ၊ ဒွေး၊ တူးတူး၊ တင်မိုးလွင်တို့ အဲဒီကျောင်းကထွက်ခဲ့တာပါ..။

    • ကောင်းမြတ်သူ

      July 11, 2011 at 1:12 am

      အခုဘယ်ပျောက်သွားလဲဟင်……….

  • (1)နောက်စရာများအောက်မေ့နေလား မသိဘူး ။ စိုက်ကြည့်လျှင် အလိုက်သိနော် … ဟင်း ဟင်း …

    စိုက်ကြည့်လို့အလိုက်မသိရင် ရိုက်ခံထိမှ မငိုနဲ့နော် သိလား။
    (2)ဟုတ်ပါတယ် etone ရဲ့ စာမျက်နှာတွေ ညစ်ပတ်ကုန်လို့ပါ
    မလိုတော့တာလဲ ပါကောင်းပါမှာပေါ့ ။

    မလိုတော့ ဘူး တော်ပြီ မချစ်တော့ဘူး တင့်တင့်ထွန်းဆိုထားတာလေ

  • Big Defender

    July 7, 2011 at 7:15 pm

    ကောင်းပါတယ်ဗျာ။

Leave a Reply