သေဒဏ်ဆိုတာရှိသင့်သလား

DaveDecember 30, 20091min18611
တရုတ်နိုင်ငံတွင် မူးသစ်ဆေးဝါးမှုဖြင့် သေဒဏ်ပေးခံရသည့် အက်ခ်မားလ်ရှိတ်ခ်

နိုင်ငံတကာတရားစီရင်ရေးနယ်ပယ်တွင် အပြစ်ရှိသည်ဟု သတ်မှတ်ခံရသူများကို သက်ဆိုင်ရာပုဒ်မများတပ်ကာ ထိုက်သင့်သည်ဟု သတ်မှတ်သောပြစ်ဒဏ်များချမှတ်ကာ စီရင်အပြစ် ပေးကြသည်။ပြစ်မှုကျူးလွန်သူများအနေဖြင့်နောက်နောင်တွင်အလားတူပြစ်မှုမျိုးထပ်မံကျူးလွန်ခြင်း မပြုကြစေရန် ထိုသို့အပြစ်ပေးကြခြင်းဖြစ်သည်။နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ နောက်ခံ ယဉ်ကျေးမှု အခြေအနေမတူညီခြင်းအပေါ်တွင် မူတည်၍ အပြစ်ဒဏ်ပေးပုံခြင်းကွာခြားတတ်ကြသည်။လူ့ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားလာသည့် ၂ဝရာစုအတွင်း လူ၏အသိဉာဏ်သည်လည်း အတိုင်းထက်အလွန် ဖွံ့ဖြိုး လာသည်နှင့်အမျှ ပြစ်ဒဏ်စီရင်ရာတွင် လူသားတစ်ဦးတစ်ယောက်တိုင်းစီ၏ လူ့အခွင့်အရေးကို တန်ဖိုး ထားလာပြီး ကျူးလွန်သူများကို အမှားပြုလုပ်တတ်သောလူသား၏သဘာဝကို ထောက်ထားကာ ယခင်က ရှိခဲ့သောတရာဥပဒေစံသတ်မှတ်ချက်များကို ကမ ္ဘာ့နိုင်ငံအများစုတွင် ပြုပြင်ပြောင်းလဲလာကြသည်။နောက် ပိုင်းတွင် သေဒဏ်ဟူ၍ပင် မထားရှိသင့်ကြောင်း နားလည်သဘောပေါက်လာကြသည်။

သို့ရာတွင် နိုင်ငံအချို့တွင် သေဒဏ်ရှိနေသေးသည်မှာ ဝမ်းနည်းစရာကောင်းလှသည်။ယနေ့ကြားသိရသော သတင်းတစ်ပုဒ်တွင် တရုတ်နိုင်ငံ၌ ဗြိတိန်နိုင်ငံသားတစ်ဦးကို မူးယစ်ဆေးဝါးဥပဒေအရ သေဒဏ်အပြစ်ပေး လိုက်သည်ဟု ဖော်ပြထားပါသည်။

အသက်၅၃နှစ်အရွယ် အက်ခ်မားလ်ရှိတ်ဆိုသူကို ဘိန်းဖြူ ၅ဝဂရမ် လက်ဝယ်သယ်ဆောင်လာမှုဖြင့် တရုတ် နိုင်ငံ၏တည်ဆဲဥပဒေအရ သေဒဏ်အပြစ် ချမှတ်ခဲ့သည်။၎င်းသည် စိတ်ကျန်းမာရေးဆိုင်ရာ ချို့ယွင်း နေသည်ဟု သိရပြီး ယင်းကဲ့သို့ မထောက်မညှာပြစ်ဒဏ်ချခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ဗြိတိသျှအစိုးရက တရုတ်အစိုးရကို ပြစ်တင်ရှုတ်ချခဲ့သည်။အလားတူပင် နိုင်ငံအချို့ကလည်း ယင်းကိစ္စနှင့်ပတ်သက်၍ တရုတ် အစိုးရကို ဝေဖန်ပြစ်တင်လျက်ရှိကြောင်း သိရပါသည်။

အပြစ်ကျူးလွန်သူဖြစ်သော်လည်း ထိုသူသည် တစ်နိုင်ငံသားဖြစ်နေသဖြင့် ထိုနိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက် မှုပြုသင့်သည့်တိုင် မည်သည်ကိုမျှမထောက်ထားဘဲ မျက်ကန်းတရားဥပဒေစီရင်ချက်ဖြစ်နေသော ထိုစီရင်ချက်ကို နိုင်ငံတကာတရားဥပဒေပညာရှင်များကလည်း ကန့်ကွက်ရှုတ်ချခဲ့ကြသည်။

တရားဥပဒေဟူသည် လူသားထုစုစည်းနေထိုင်ရှင်သန်သော လူ့ဘောင်လောကအတွက် ရေးဆွဲ ဖန်တီး ထားခြင်းဖြစ်ရာ လူသားတစ်ဦးချင်းစီအတွက်လည်း တရားမျှတသင့်ပါသည်။

မူးယစ်ဆေးဝါးနှင့်ဆက်နွယ်သောသေဒဏ်သည် အာဖဂန်နစ္စတန်၊ဘင်္ဂလားဒက်ရှ်၊ဘရူနိုင်း၊တရုတ်၊အီဂျစ်၊ အိန္ဒိယ၊အီရန်၊အီရတ်၊အင်ဒိုနီးရှား၊ကူဝိတ်၊လာအို၊မလေးရှား၊အိုမန်၊ပါကစ္စတန်၊စင်ကာပူ၊ဆော်ဒီအာရေဗျ၊ ထိုင်း၊အမေရိကန်၊ဗီယက်နမ်၊ဇင်ဘာဘွေနိုင်ငံတို့တွင် တည်ရှိနေဆဲဖြစ်ကြောင်း တွေ့ရသည်။

ယင်းသေဒဏ်များအပြင် အခြားသော ပြစ်မှုများတွက် ချမှတ်သော သေဒဏ်များကို လူသားတရားစီရင်ရေး နယ်ပယ်မှ အပြီးရုပ်သိမ်းသင့်နေပြီဟု ထင်မြင်ယူဆမိကြောင်း ရေးသားလိုက်ပါသည်။

11 comments

  • susunosuki

    April 19, 2010 at 11:18 am

    အမှားတွေကို လူတွေကပြုချင်လို့ပြုနေတာမဟုတ်ပါဘူး
    ရွေးချယ်ခွင့်နည်းလို့ရယ်
    ပညာမတတ်တာရယ်ကြောင့်သာ
    ကျူးလွန်ကြတာပါ
    သေဒဏ်ဆိုတာမရှိသင့်ပါ

  • မန်း ရိပ်

    August 17, 2010 at 2:18 pm

    တချို့ကြတော့လည်း အမှားတွေကို သိသိကြီးနဲ့လုပ်နေကြတာ
    ဥပဒေကို လက်တလုးံခြားလုပ်နေကြတာ
    လူတွေလက်မခံနိုင်တဲ့ ပြစ်မှုမျုးိအတွက် သေဒဏ်ဆိုတာရှိသင့်တယ် ထင်တယ်။

  • kai

    August 29, 2010 at 8:54 am

    သေဒဏ်ဆိုတဲ့အဓိပါယ်က သေအောင်သတ်ပြီး ဒဏ်ပေးတာဖြစ်ပါတယ်။
    တဦးတယောက်ကို တဦးတယောက်(ဒါမှမဟုတ်) တစုတဖွဲ့က သတ်တာပါပဲ။
    လူသတ်မှုပေါ့။
    ဘယ်သူတဦးတယောက်ကမှ..ဘယ်သူတဦးတယောက်ကိုမှ သတ်ခွင့်မရှိဘူးလို့မြင်ပါတယ်။
    ဒါက အသိဉာဏ်ရှိတဲ့သတ်တဝါ(လူသား)တို့ရဲ့ မွေးရာပါ ဥပဒေ(ပညတ်)ပါပဲ။
    အဲဒီလို မြင်ပါတယ်၊ပြောချင်ပါတယ်ခင်ဗျား။

  • bigcat

    August 29, 2010 at 9:13 am

    ခက်တယ်ဗျ။ တချို့ဟာတွေကြတော့လည်း မလုပ်ရင်မရ။ အန ္တရာယ်အရမ်းကြီးတဲ့ ရာဇဝတ်သားတွေကို ထိန်းသိမ်းရတဲ့စရိတ်က သိပ်ကြီးတာမှလား။ ဲမြန်မာပြည်မှာလို ထောင်ထဲမှာ တိရိစာ္ဆန်လို ထားလို့မှမရတာ။ တရုတ်တို့၊ အရှေ့အလယ်ပိုင်းဒေသက နိုင်ငံတွေကြတော့လည်း သေဒဏ်ပေးပုံက ကြမ်းလွန်း၊ ဆိုးလွန်း၊ ပညာမဲ့လွန်းပါတယ်။ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးနဲ့ တော်ရုံတန်ရုံ ရာဇဝတ်မှုမျိုးကို သေဒဏ်ပေးတာကိုတော့လုံးဝ ဆန့်ကျင်ပါတယ်။

  • blue

    August 29, 2010 at 2:38 pm

    အကယ်ရျ် သန်းရွှေတို ့ မောင်အေးတို ့လိုကောင်မျိုးတွေ အတွက်ဆိုရင်ကော
    ခင်ဗျားတို ့ဘယ်လိုသဘောထားကြမလဲ။
    တကယ်တော့ သေဒါဏ်ဆိုတာ ရှိကိုရှိသင့်ပါတယ်။
    လူမဆန်လွန်းတဲ ့ ရာဇဝတ်မှုတွေအတွက်ပေါ့..

  • Cuper

    August 30, 2010 at 3:04 am

    တကယ်ကို မှားမှန်းသိသိကြီးနဲ့ ပြင်ခိုင်းလို့မရတဲ့လူမျိုးတွေတို့ အမှားကိုအမှားလို့လက်မခံကြတဲ့သူတွေတို့က ကြောက်ဖို့ကောင်းတယ်။
    တကယ်လို့ သူတို့ရဲ့ အမှုက ကြီးမယ် နောက်ပြန်ပြင်ဖို့ အလားအလာမရှိဘူးဆိုရင်တော့ သေဒဏ်ဆိုတာက ရှိသင့်ပါတယ်။ အများအတွက်ပေါ့။
    ဒါပေမယ့် ဘာမဟုတ်တဲ့ပြစ်မှုကိုတော့ သေဒဏ်နဲ့ ဆုံးဖြတ်တာက လူမဆန်တဲ့လုပ်ရပ်လို့ပဲထင်ပါတယ်။
    လူလူချင်းမစာမနာသတ်နေကြတာပါပဲ။
    ဒါပေမယ့် ပြောမရတဲ့အကြောင်းတွေကြောင့်လဲ ပါချင်ပါမှာပေါ့နော်။
    ဥပဒေတော့ရှိသင့်ပါတယ်။ ဒါပေမယ့် အရမ်းတော့ အသုံးမချသင့်ပါဘူး။
    တစ်သက်တစ်ကျွန်းဆိုတာလဲ သေဒဏ်နဲ့မခြားပါဘူး။
    အလွန်အပြစ်ကြီးသူဆိုရင်တော့ တစ်သက်တစ်ကျွန်းနဲ့ကို ခံရခက်ပါတယ်
    လို့ ထင်ပါတယ်။

  • doekalay

    October 6, 2010 at 6:31 am

    သေဒဏ်ကတော ့ရှိသင် ့ပါတယ။်

  • michaelaungpu

    October 6, 2010 at 6:55 am

    အမှန်တိုင်းဝန်ခံရရင် ဒီမေးခွန်းကြီးကို မဖြေတတ်ဘူး
    ဒါပေမယ့် အဖြေရအောင်တော့ ရှာသင့်တယ်

  • nwl

    October 6, 2010 at 7:07 am

    သေဒဏ်ဆိုတာ ရှိသင့်တယ်လို့ထင်တာပဲ ဘာလို့လဲဆိုတော့ လူမဆန်လွန်းတဲ့ ပြစ်မူမျိုးတွေအတွက်က

    သေဒဏ်ဆိုတာ လိုအပ်ပါတယ် ။ တော်ရုံပြစ်မူမျိူးဆိုရင်တော့ သေဒဏ် ကမလိုအပ်ပါဘူး ၊ မပေးသင့်ဘူးပေါ့ ။

  • cum min

    June 20, 2012 at 4:10 pm

    ရှိသင်တယ်

    • etone

      June 20, 2012 at 4:44 pm

      ဘာရည်ရွယ်ချက်နဲ့ အဟောင်းတေ ွပြန်ရှာ မန့် နေတာလဲ .. ပို့စ်အသစ်တွေကို လူစိတ်မဝင်စားစေချင်လို့လား … ။

Leave a Reply