တရုပ်နိုင်ငံရှိ မြေအောက်ဘူတာရုံ တစ်ခုတွင် လူပေါင်းများစွာ စီးနင်း လိုက်ပါလျက်ရှိသော စက်လှေခါးတစ်ခုသည် အထက်သို့ တက်နေရာမှ ရုတ်တရက် အဆင်းဘက်သို့ ဘက်ပြောင်း လည်ပတ်သဖြင့် အသက် ၁၃နှစ်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးပြီး လူပေါင်း ၃၀ ခန့် ထိခိုက်ဒါဏ်ရာများ ရရှိခဲ့သည်။
                ၅.၇.၂၀၁၁ နေ့ နံနက် ၉ နာရီခွဲခန့်၌ ဘေဂျင်း တိရစ္ဆာန်ဥယျာဉ် ဘူတာရုံတွင် ဖြစ်ပွားသော အဆိုပါ မတော်တဆမှုကြောင့် လူ ၃ ဦးမှာ ပြင်းထန်သော ဒါဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
                    စက်လှေခါးမှ ရှေးဦးစွာ ကျယ်လောင်သော အသံမြည်ပြီးနောက် အထက်သို့ တက်နေရာမှ အောက်ဘက်သို့ ပြန်ဆင်းသွားပြီးနောက် လူပေါင်းများစွာ လုံးထွေး ပြုတ်ကျသွားခဲ့ကြသည်။ အစပိုင်းတွင် ထိုလူများထံမှ အော်ဟစ် အကူအညီတောင်းခံသံများ ကြားရပြီးနောက်ပိုင်း စက်လှေခါးမှာ အလွန်လျင်မြန်သောနှုန်းဖြင့် အဆင်းဘက်သို့ လည်ပတ်သွားခဲ့သည်။
အဆိုပါ စက်လှေခါးများကို ၁၅ ရက် တခါ စစ်ဆေးလေ့ ရှိကြောင်း တာဝန်ရှိသူ၏ အဆိုအရ သိရပါသည်။


Source and photos: China Daily

About Zaw Wonna

Zaw Wonna has written 107 post in this Website..

မော်လမြိုင်သား ပါခင်ဗျာ။ စာဖတ်တာကို ဝါသနာပါပြီး စာရေးဖို့ ကြိုးစားနေတာပါ။ လိုအပ်ချက်တွေကို ဝေဖန်ထောက်ပြ ပေးမယ်ဆိုရင် ကျေးဇူးတင်စွာနဲ့ လက်ခံလိုပါတယ်။