ပိတ်ထားတဲ့ Site ကလေးတွေကို ကျော်ချင်ရင် လွယ်ကူလွန်းတဲ့ နေရာလေး

meengelayJuly 7, 20111min14713

ပထမဦးဆုံး ကိုယ်တိုင်ရေးမိတာလေးပါ ..
(ဖော်ဝပ်မေးလ်ထဲက ပို့တာလေးတွေက ရယ်ရလွန်းလို့ ဖတ်စေချင်တဲ့သဘောနဲ့ ပို့စ်တစ်ခုအဖြစ် တင်ခဲ့မိတာပါ.. မန်းဂေဇက်ထဲမှာလဲ ဟာသကလေးတစ်ခုအဖြစ် ပျော်ကြရအောင်လို့ ဆိုပြီး တင်ဖြစ်ခဲ့မိပါတယ်.. တခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး)
ခုတင်လိုက်တဲ့ပို့စ်လေးက ပိတ်ထားတဲ့ Site ကလေးတွေကို ကျော်ချင်ရင် လွယ်ကူတဲ့ နေရာလေးတစ်ခုပါ.
http://kyaysarlay.appspot.com/ အဲဒီနေရာလေးကနေ ကိုယ်ကြိုက်နှစ်သက်တဲ့ URL ကို ရိုက်ထည့်ပြီး Go လုပ်လိုက်ရုံနဲ့ Access Denied ဖြစ်နေတဲ့ နေရာလေးတွေက တက်လာမှာပါ.. အားနည်းချက်တစ်ခုရှိတာက Site မှာပါတဲ့အကြောင်းအရာတွေကို ဖတ်လို့ရမယ်.. ကြည့်လို့ရမယ် ဒါပေမယ့် Download လုပ်ဖို့တော့ အဆင်မပြေပါဘူး..ပိတ်ထားတဲ့ Site တစ်ချို့ကို ဖတ်နိုင်အောင် တင်ပေးလိုက်တာပါ.. (မသိသေးသောသူများအတွက်သာ)

13 comments

  • nature

    July 7, 2011 at 10:45 am

    ရှယ်ကျေးဇူးတင်ပါတယ်။ ကျနော်က IT မှာအားနည်းပြီး web တွေကို ရှာရမဲ့ keyword တွေမသိတော့ ဒါမျိုးတွေ မရှာတတ်ပါ။ bookmark လုပ်ထားလိုက်ပါပြီ။

  • ကိုကိုလူဆိုး

    July 7, 2011 at 11:05 am

    http://www.ctunnel.com ဆိုတာရှိပါသေးတယ် သူကတော့ နိုင်ငံစုံကသုံးတောပိုလေးတာပေါ့
    ကြားဖူးတာတော့ a ကနေ z အထိရှိတယ်ဆိုလားပဲ စမ်းသုံးကြည့်ပေါ့..

    • မီးမီး သော်

      September 19, 2011 at 5:05 pm

      ဟုတ်တယ်နော် A ကနေ Z အထိကို tunnel တွေရှိနေတယ်။တစ်ခု burnထားပေမယ့် နောက်တစ်ခုကအဆင်ပြေနေတတ်ပါတယ်။
      Polysolve ကိုတော့ burn ထားတုန်းပါဘဲ။ခုလို ဝေမျှပေးလို ့ကျေးဇူးပါနော့။

  • ဆူး

    July 7, 2011 at 12:40 pm

    ပိတ်တာ ကျော်ဖို့ ဒီမှာ တင်လိုက်ပြီ ဆိုရင် မကြာပါဘူး။
    သိတယ်ဆို အနီးအနား အချင်းချင်း လက်တို့ပြီး လက်ဆင့်ကမ်းရတယ်။

    • နွယ်ပင်

      July 7, 2011 at 2:18 pm

      ဆူးပြောတာဟုတ်တယ် ဒီလိုတင်လိုက်ရင် သူတို့က ဘန်းသွားရော
      အဲတာကြောင့် နွယ်ပင်သိတဲ့ ဆိုဒ်ကျော်နည်းကို မပြောပြတော့ဘူး
      အဘန်းခံမှာကြောက်လို့နော် …. 🙂

  • ကိုကိုလူဆိုး

    July 7, 2011 at 12:52 pm

    အော် ထပ်ပိတ်တော့လည်းနောက်တစ်ခုပြောင်းသုံးရမှာပဲ ဒီလိုပဲသံသရာလည်နေရမှာပဲ

  • intro

    July 7, 2011 at 1:02 pm

    ဟုတ်ပ… အခန့်မသင့်ရင် banned ခံရဦးမယ်နော်…

  • windtalker

    July 7, 2011 at 5:37 pm

    လက်တို ့ပြီးတော့ ပြောရဦးမယ် ။
    tunnel ကိုသာ သုံး အကောင်းဆုံး ။

  • Big Defender

    July 7, 2011 at 7:01 pm

    ရှာရင်တော့အများကြီး
    ဒါပေ့မယ် မရှာတတ်ဘူး

  • minchitthu

    September 16, 2011 at 11:40 pm

    Hi,
    နွယ်ပင်
    အကူအညီတစ်ခုတောင်းချင်တယ်၊ကျွန်တော် က တရုတ် အင်တာနက် လိုင်းသုံးထားတဲ့သူပါ။တရုတ်လိုင်းက
    facebook ပိတ်ထားတယ် ကျွန်တော်လည်း သိသလောက် ကျော် ခွ ပြီး သုံးကြည့်ဖူးတယ်(Vtunnel) သုံးမရဘူး။ကျေးဇူးပြုပြီး
    ဖြေကြားပေးပါဦး MG ရွာသူ/သားများ

  • YeMin1982

    September 19, 2011 at 4:44 pm

    plz tell me, how to open & download mediafire.com

Leave a Reply