ကျွန်မတို့ နိုင်ငံမှာ အရင်းမြစ်တွေ ပေါများပါလျှက်နဲ့   …. ဈေးကွက်ရှာဖွေမှူ အားနည်းနေတဲ့ အချို့ ပစ္စည်းလေးတွေ ရှိတာ တွေ့ရပါတယ်… ပြည်တွင်း လည်ပတ်နေတဲ့ ပစ္စည်းများထဲမှာတောင် ကိုယ့်နိုင်ငံက ထုတ်တဲ့ လက်မှူ ပစ္စည်းများအပေါ် သုံးစွဲခြင်း အားနည်းတာလည်း တွေ့ရပါတယ် … ။ ဈေးပေါပေါနဲ့ ၀င်ရောက်လာတဲ့ တရုတ်ပစ္စည်းတွေကို  မြန်မာ့လက်မှူပစ္စည်းတချို့ နေရာမှာ အစားထိုးသုံးစွဲခြင်းကြောင့် ပြည်တွင်းဖြစ်လုပ်ငန်းအမျိုးစား တချို့ …. လည်ပတ်နိုင်မှူ အားနည်းလာတာ တွေ့ရပါတယ် … ။ ပုံလေးတွေကို ကြည့်ပါဦး …. ။ အထူးဆန်းတော့မဟုတ်ပါဘူး .. လက်နဲ့ ရက်ထားတဲ့ တောင်းလေးတွေပါပဲ … ။ ကျွန်မတို့ ဆီမှာလည်း ဒီလို တောင်းလေးတွေ လုပ်နိုင်တာမို့ အထူးဆန်းမဟုတ်ဘူးလို့ ပြောခဲ့တာပါ … အခုတောင်းလေးတွေကိုကြည့်ပါ  ဘယ်နိုင်ငံက ထုတ်တာ ထင်ပါသလဲ … ပြည်တွင်းက ထုတ်တာ မဟုတ်ပါဘူး  … တရုတ်ဈေးကွက်ထဲက ရလာတာလေးတွေပါ … ။ ၀ါးအမျှင် မထွက်အောင် သေသေသပ်သပ်လုပ်ထားတာကလွဲလို့ ကျွန်မတို့ မြန်မာ့လက်ဖြစ်ထည်တွေနဲ့ ချွတ်စွပ်တူပါတယ် ။  တရုတ်တွေ export လုပ်တဲ့ ဒီလိုတောင်းလေးတွေကို ကျွန်မတို့နိုင်ငံထဲက လက်မှူ ပညာတတ်သူတွေရော သေသေသပ်သပ် မလုပ်နိုင်ဘူးလား … ။ ကောင်းကောင်းလုပ်နိုင်မယ်လို့ ကျွန်မထင်ပါတယ်… ။ကျွန်မတို့ ပြည်တွင်းမှာတောင် အသုံးနည်းနေတဲ့ လက်မှူပစ္စည်းတချို့ကို တရုတ်က export ပို့နိုင်တာ သူ့ရဲ့ ဈေးကွက်ရှာနိုင်စွမ်းအား၊ အရည်သွေးနဲ့ … ပစ္စည်းတန်ဖိုးတို့ပေါ်မှာ မူတည်နေတယ်လို့ ထင်ပါတယ်  …  ဒီပစ္စည်းတွေရဲ့ တန်ဖိုးက ပြည်တွင်းမှာ အလွန်ဆုံး လေး ငါးရာ ထက်မပိုပါဘူး (ကျွန်မ နေရာတချို့ကို သွားစုံစမ်းပြီးပြီမို့ပါ ) ။ လေးငါးရာဆိုတာ တလုံးချင်း နှစ်လုံးချင်း ဈေးနှုန်းပါ … ။အော်ဒါ ဆယ်ဂဏန်းနဲ့ အထက် ဆိုလျှင် ဈေးပိုသက်သာမယ်လို့ ပြောပါတယ်… ။ ကျွန်မမှာသာ ရာဂဏန်း ၊ ထောင်ဂဏန်းအော်ဒါတွေ ရှိမယ်ဆိုလျှင် … ကောင်းကောင်း လုပ်လို့ ရမဲ့ ဘစ်ဇနက်မျိုးပါပဲ …ကြားရတာ ၀မ်းသာစရာပါ … ။ ကျွန်မတို့ရဲ့ FOB ရောင်းဈေးက တရုတ်ဈေးကွက်ကို ယှဉ်လို့ရပါပြီ ။ တရုတ်ဈေးကွက်ထဲမှာ ဒီပစ္စည်းလေးတွေရဲ့ ဈေးအကြီးဆုံးက 0.70 USD ၀န်းကျင် မို့လို့ … ကျွန်မတို့ ရောင်းဈေးနဲ့ ယှဉ်လျှင် ဘာလို့ မလိုက်နိုင်ရမှာလဲ … ။ ကျွန်မတို့ လက်မှူပစ္စည်းလေးတွေလည်း ဈေးကွက်ထဲ ထိုးဖောက်နိုင်တာမို့လို့ …. အနောက်နိုင်ငံက မားကတ်ထဲဝင်လေ့လာခဲ့ပါတယ် …. ။ အော်ဒါပေးမဲ့ final customer နဲ့ အဆက်သွယ်ရပါပြီ …. တရုတ်ဈေးကွက်အောက်ဈေးကနေ အရည်သွေးတူတဲ့ ပစ္စည်းလေးတွေ ပို့ပေးနိုင်မယ်ဆိုလျှင် ကျွန်မတို့ လက်မှူပစ္စည်းလည်း ဈေးကွက်ထဲ ၀င်ဖိုက်လို့ ရမှာပါ … ။

တစ်ခုတော့ရှိတာပေါ့လေ … တချို့ လူတွေ နိုင်ငံခြားဆို အရမ်းအထင်ကြီးတယ် …ကားစီးတာတောင် နိုင်ငံခြားသား စီးလျှင် ပိုက်ဆံပိုတောင်းချင်တယ် … ။ ဒါက ပုံသေနည်းလိုဖြစ်နေလို့ … ဒီပစ္စည်းတွေ နိုင်ငံခြားပို့တာနဲ့ မူရင်းဈေးထက် လေးငါးဆ ပိုတက်မယ်လို့ တွေးကောင်းတွေးနိုင်ပါတယ် … အဲ့ဒါမျိုးဆို အလုပ်မဖြစ်နိုင်ပါဘူး … ။ ယှဉ်ပြိုင်ရမဲ့ ပစ္စည်းမရှိလျှင်တော့ မျှော်လင့်ကောင်းမျှော်လင့်နိုင်ပေမဲ့ … ထိုးနှက်ရမှာက တရုတ်က ဈေးကွက်ကိုပါ …။ တချို့ အသက်ကြီးသူတွေ ၊ နယ်တွေမှာ ဆို တောင်းလေးတွေ ရက်ကြတယ် … ပလုံးလေးတွေ ရက်ကြတယ်…အိမ်တွင်းစီးပွားပါပဲ …. ပြည်တွင်းဈေးကွက်မှာတောင် ဒီလောက်ကြီး ရောင်းမကောင်းတဲ့ ပစ္စည်းမျိုး ရေရှည် စီးပွားဖြစ်မယ်ဆိုလျှင် စိတ်ဝင်စားလာကြမှာပါ ။ ဒီလို လက်မှူ လုပ်ငန်းမျိုး လုပ်နိုင်တဲ့ လူရှိလျှင် ဆက်သွယ်ပေးပါ … ။ အချိန်မှီ ပစ္စည်းပေးနိုင်ဖို့ စာချုပ်စာတမ်းနဲ့ လုပ်နိုင်ရပါမယ်… သိတဲ့ အတိုင်းလေ ကျွန်မတို့ လူမျိုးက တခုခု တချိန်ချိန်မှာ ရရမယ် ပြောထားပြီး ဆောရီးဆိုတာမျိုး လုပ်တတ်လို့ … ဈေးကွက်ထဲ ပျံ့နှံ့ ဖို့ … ကြို ကာကွယ်တဲ့သဘောပါ … ။ ပစ္စည်း လုပ်တတ်ဖို့ပဲ လိုပါတယ် … ကျွန်မဆီကို မေးလ်ပို့ပြီး ဆက်သွယ်ပါ ။ etone.mandalaygazette@gmail.com

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!

   Send article as PDF