(အေ)ကိုက်နာ(၂)……။။။

(အေ)ကိုက်နာ(၂)……။။။

အင်း…ဒီလိုနဲ့ဒီလောကထဲရောက်လာခဲ့ရတာပါပဲ…..
ယောက်ျားကတော့ ထားခဲ့ပြီပေါ့…..ယောက်ျားရှိရက်နဲ့ မိန်းမဖြစ်သူဒီဘဝရောက်ရတာ အဲဒီယောက်ျား လည်းအပြစ်မကင်းဘူလို့
ကျွန်မတော့ထင်တာပဲ။။။။။။။
အခုဆိုရပ်ကွက်ထဲမှာ..ဒီအလုပ်လုပ်နေတဲ့အတွက် နေသားကျနေပါပြီ ချီးမွမ်းခုနှစ်ရက်ကဲ့ရဲ့ ခုနှစ်ရက်ပါပဲ.
…အခုဆိုလမ်းထိမ်အိမ်ကဖုန်းဆိုင်မှာနေ့စဉ်လိုလို
ကျွန်မနာမည်နဲ့ဖုန်းခေါ်သံဟာနေ့စဉ်လို့ပါပဲ…လူတွေကလည်းလူတွေပဲရှင့် အရင်တုန်းက ကျွန်စုတ်တဲ့သရက်စိလောက်တောင်
မတောက်ပြောင်တဲ့ ကျွန်မကိုခေါ်ပြောမယ့်သူတောင်မရှိဘူး အခုတော့လတ်လတ်ဝတ် လတ်လတ်စားနဲ့ အပြင်အဆင်ကလည်း ကျော့ကော့နေတော့
မကောင်းတာလုပ်စားနေပေမယ့်ခေါ်ချင်ပြောချင်ကြတယ်လေ ဒီအလုပ်ကြီးလုပ်နေတာတောင်သတိမရချင်တော့ဘူးပေါ့။။။။။။
ဒီအလုပ်ဆိုတာကလည်း နေ့စဉ်ဝင်ငွေရှိတာတော့မဟုတ်ဘူးရှင့်
ဖောက်သည်ကရချင်မှရတာ။။။။
တစ်ခါတစ်လေလည်း ကိုယ့်ကိုကိုယ် အသန့်လေးပါဆိုပြီးအတွေ့ကြုံမရှိသူလေးလိုနေလိုနေရ
တစ်ခါတစ်လေ ဆရာကြီးအထာနဲ့ ဂိုက်ဖမ်းရင်ဖမ်းနေရတာ
တစ်ခါတစ်လေတော့ ကောင်းကောင်းမွန်မွန်လူနဲ့နေရသလို
တစ်ခါတစ်လေ အပေအတေတွေနဲ့လည်းတွေ့ရင်တွေ့နေရတာ..
တစ်ခါတစ်လေ လည်းတောင်းပန်ပြီးပြန်ပြေးရသလို့
တစ်ခါတစ်လေလည်း မျိုးမျိုးမြက်မြက်ရတတ်တယ်လေ။။
အခုတော့ ပါတနာတစ်ဆင့်ခံတွေနဲ့မလုပ်တော့ပါဘူး နောက်မို့ဆို ကိုကလူစိုက်ပြီး
သူတို့ကပါးစပ်လေးနဲ့ တစ်ဝက်လောက်ယူခြင်ကြတာ
တစ်ခါတစ်လေနှစ်ဦး သုံးဦးဆုံနေတတ်သလို
တစ်ခါတစ်လေး ဖုန်းဆက်ခေါ်မယ်သူမရှိလို့မျှော်ရတဲ့ရက်တွေရှိတယ်လေ။။။။။။
လူကတော့အမျိုးမျိုးပေါ့ ရှင်။။။။။။
တစ်ချို့အသန့်ကြိုက်သူတွေ အတွက် သုံးလတစ်ခါ ဆေးစစ် ချက်လုပ်ပေးရသေးတယ်
တစ်ချို့ကတော့ ချဉ်ချဉ်တူးတူး မူးပြီးရောလူစားမျိုးတွေ
တစ်ချိုကတော့ ကွန်ဒုံးဆိုတဲ့ဟာကြီးနဲ့အကာကွယ်ယူ တတ်သလို
တစ်ချို့က ကျွန်မထုတ်ပြတဲဆေးစာလေးကိုယုံစားပြီး အရဲစွန့်တတ်ကြတယ်။။။။။။
ရောဂါလား ။။။။။
ကျွန်မသိတာပေါ့ တီဗွိလေးဝယ်ထားတော့ အဲဒီအကြောင်းတွေခဏခဏ ပြလို့သိတယ်လေ
ဒါပေမယ် နေ့စဉ်စားဝတ်နေရေးထက် အဲဒီရောဂါတွေအကြောင်းမစဉ်းစားအားဘူး
သားလေးအတွက်အဖေ့အတွက် မောင်လေးအတွက် ညီမလေးအတွက်
အတွက်တွေများလွန်းလို့ တစ်ခါတစ်လေ လူပုံက ဂဏန်းပေါင်းစက်လိုရုပ်ပေါက်နေပြီလားမသိဘူး ။။
အော်။။။။။ကျမ လုပ်စားတာက…
လမ်းဘေးမှာရပ်ပြီးအဖော်ရှာတဲ့ အဆင့်တော့မဟုတ်ဘူးရှင့် ကျမက အိမ်မှာနေပြီးဖုန်းစောင့်ရုံပဲ လုပ်တာကြာလာတော့
အသိတွေများလာပြီ သူတို့အဆက်အဆက်တွေနဲ့ လာလာခေါ်ကြတာ ကားနဲ့လာခေါ်မှလိုက်တာနော်
အင်းမကောင်းတာလုပ်စားတဲ့သူတွေထဲမှာတော့
ဟင်းဟင်း…အသန့်လေးပေါ့ရှင်။။။။
ဒီလို့နဲ့ပဲ။။။။။။။နှစ်ပေါက်လာခဲပြီလေ
ကျမ အိမ်ခန်းထဲက ဘီရိုလေးလည်း အသစ်ဖြစ်နေပါပြီ
ဘီရိုလေးရဲ့ အံဝှက် အံဆွဲလေးထဲမှာသိမ်းထားခဲ့တဲ့ သွေးစစ်ချက်ဆေးစာလေးတွေက ကျွန်မရဲလုပ်သက်ကိုဖေါ်ပြနေသလိုပဲ
တော်တော်တောင်များနေပြီပဲ အင်း ဒီလိုနဲ့ဆေးမစစ်ဖြစ်တာတောင် ခြောက်လလောက်ရှိတော့မယ်
အဲလိုသွေးစစ်ရတာကြီးက ရှက်စရာရှင့်အကြိမ်ကြိမ်သွားနေရတော့ အားလုံးမှတ်မိကုန်ပြီ
ကျမဒီလုပ်ငန်းလုပ်စားတာလဲ ရိပ်မိသလိုလိုရှိလို့ အကာအကွယ်နဲ့နေဘို့ ရိပ်ဖမ်းသံဖမ်းပြောလာကြပြီ
ဒါပေမယ်။။။လူစုံကိုရှင့်
လူတစ်တယာက်နဲ့တစ်ယောက်စိတ်ချင်းမှမတူကြတာ
ကွန်ဒုံးလေးထုတ်ပေးရင်လက်ခံတဲသူရှိသလို့ တစ်ချို့ကျတော့
အလွာပါးပေမယ့် ကမ္ဘာခြားတယ် လို့ထင်တဲ့သူကရှိသေးတယ်။။
ဒီလိုပဲ လူအခြေအနေကြည့် ဆက်ဆံနေရတာပဲပေါ့လေ။။။
ကျမကိုယ်ကျမလဲ ယုံကြည်မှုရှိတယ်လေ ငါတော့မဖြစ်လောက်ပါဘူးလို့
နောက်ပြီး ကျမက ဒီလုပ်ငန်းမှာ ကြေးကြီးတော့ အပေအတေ တွေလည်းသိပ်မကပ်နိုင်ကြဘူးလေ။။။

အဲဒီလိုလူစုံ စရိုက်စုံတွေကြားထဲမှာ ခုချိန်ထိ ကျမ ကျမ္မာရေးကောင်းနေသေးတာ
ဘာပိုးမှ မတွေသေးတာ ဟာ သိပ်ကိုကံကောင်းနေတာပေါ့ရှင်..
အဲဒီကံကောင်းခြင်းတွေဟာ …ကျမအတွက် ဘယ်လောက်ကြာရှည်တည်မြဲမှာလဲ
တစ်နှစ်လား…တစ်လလား ….တစ်သက်လုံးလား။။။။။။။။။။။။။။။။။။။

အဲဒီနေ့ကစခဲ့တာပဲပေါ့။။။။။။။
အခုတစ်လောချောင်းတွေဆိုးတယ် ဖျားချင်သလိုလို အကြိမ်ကြိမ်ဖြစ်နေလို့ ရပ်ကွက်ထိပ်ကဆေးခန်းလေးကိုခဏခဏသွားနေရတယ်
အရင်လိုမလန်းဆန်းသလိုပဲ ရက်ဆက်တွေများနေလို့လားတော့မသိဘူး တစ်ခါတစ်ခါ အားတွေကုန်နေသလိုပဲ
တစ်ခါ သွားပြီးရင် အိမ်ရောက်ရင်အိပ်ယာထဲခွေပဲနေချင်တယ် သွေးမစစ်ဖြစ်တာလဲကြာပြီလေ
အင်းဒီတစ်ပါတ်တော့ သွားစစ်မှ ပဲလို့တွေးမိတယ်။။။။။။
သွေစစ်ချက်အဖြေသွားယူတဲ့နေ့ကပေါ့…….ဓါတ်ခွဲခန်းကောင်တာမှာနာမည်ပြောပြီး ဆေးစစ်ချက်ယူမယ်ပြောလိုက်တော့
ကောင်တာကအမကြီးက ခဏစောင့်ပါညီမရယ် ဆရာဝန်ကြီးလာတော့မှာပါ သူနဲ့တွေ့ပြီးမှပေးပါလို့ မှတ်ချက်ရေးထားခဲ့လို့ပါတဲ့
အရင်ကဒီလို့မဟုတ်….တစ်ရက်စောင့်ပြီသွားယူရင်ရပြီ ..ဒီတစ်ခါထူးဆန်းနေတယ်
ညီမလေး ဒီဘက်ခန်းကိုလာတဲ့ ခေါ်သံကြားတာနဲ့ ဝန်ထမ်းအမညွန်ပြတဲ့ အခန်းဘက်လျှောက်လာခဲ့တယ်
အခန်းဝထိပ်က စာတန်းကို မော့ကြည့်မိတော့ …………
။။။။။။။။နှစ်သိမ့်ပညာပေးဆွေးနွေးခန်း။။။။။။။
ခန်းဆီးလိုက်ကာလေးကိုဖယ်ပြီး ဝင်လိုက်တော့ ..နုညံ တဲ့အပြုံးနဲ့ ရင့်ကြက် တည်ကြည်တဲ့ အကြည်နဲ့ ကြည်နေတဲ့ ဆရာဝန်ကြီးကို
တွေ့လိုက်ရတယ်။။။။သမီးလာထိုင်ဆိုတဲ့စကားတွေနောက်မှာတော့ …..ခုံမှာဝင်ထိုင်ရင်း လေဟာနယ် တစ်ခုကို ရောက်နေရသလို
ဆရာဝန်ကြီးရဲ့စကားသံတွေဟာ…… ဝေးသွားလိုက်နီးလာလိုက်။။အကြိမ်ကြိမ်စိတ်ဓါတ်မကျဘို့ပြောနေပေမယ်….အဲဒါတွေကိုမကြားချင်တော့ဘူး
ဆို့နစ်လာတဲ့ ခံစားမှုနဲအတူ လည်ချောင်းထဲက ပူလောင်ခြောက်သွေ့တဲ စကားအချို့ ပြန်ပြောမိတယ်
။။နက်ဂ္ဂတစ် တွေ ပေါ့စတစ် တွေမပြောပါနဲ့ ဆရာ ရှိတယ် မရှိဘူးပဲသမီးကိုပြောပြပါနော်။။။
အင်း။။။။။စိတ်ဓါတ်ကျဘို့ မဟုတ်ပေမယ့်ဆေးမှန်မှန်သောက်မယ် အနေအထိုင်ဆင်ချင်မယ်ဆိုရင် ကိုယ့်သက်တမ်းကိုဆွဲဆန့်လို့ရပါတယ်
သမီးရယ် …ဒီရောဂါကတော့ သမီးဆီမှာ………ရှိနေပါပြီ …သိပ်အဆိုဝါးကြီးမဖြစ်ခင် ထိမ်းထိမ်းသိမ်းသိမ်းနေရင်ရပါတယ်ကွယ်။။
ကျမ ခုံပေါ်က ဆေးစာကိုကောက်ယူပြီး အဲဒီနေရာကပြေးထွက်လာလိုက်မိတယ်။။။။။
အဲဒီ ဓါတ်ခွဲခန်ကြီးနဲဝေးရာကိုပေါ့…သူတို့ကပဲ ကျမကိုဒီရောဂါရှိတယ်လို့သိကြတာလေ…
သူတို့နဲ့ဝေးရင်ကျမ ဒီရောဂါက ..လွတ်မြောက်နိုင်မယ်…ဟုတ်တယ်။။။ဟုတ်တယ်.။။။ဟုတ်တယ်.။။။

ဆက်လက်ဖေါ်ပြပါမည်

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

9 comments

  • etone

    July 7, 2011 at 11:10 am

    အခုမှ စတွေ့ပြီဆိုလည်း ကမ္ဘာပျက်စရာတော့ မလိုသေးပါဘူး …. HIV ပိုးမွှားပေါက်ဖွားမှူ ကို ဟန့်တားပေးတဲ့ ARV ဆေးတွေ ပေါ်နေပါပြီ … ။ ဆေးမှန်မှန်သောက်နိုင်ဖို့သာ အရေးကြီးတာပါ ။ ဆေးကတော့ မှန်မှန်သောက်မှ ဖြစ်မယ် …. ဆေးနှစ်ရက်ခွဲသောက်တာ ပျက်တာနဲ ့… ဆေးယဉ်ပါးမှူကို ဖြစ်စေနိုင်လို့ပါပဲ … ။ ကျန်းမာရေး ဌာနတွေမှာ အခမဲ့ ပေးဝေဖို့ စီစဉ်နေပါတယ် … ။ လိုအပ်တဲ့ အချက်သုံးချက်စစ်ဆေးပြီးလျှင် သူတို့ဆီက အခမဲ့ဆေးထုတ်နိုင်မှာပါ ။ ရွာထဲက ဒေါက်တာတွေ ဝင်ဆွေးနွေးပေးပါဦး ။

  • chitpyae

    July 7, 2011 at 11:44 am

    ရောဂါရှိတာ သိတာနဲ့ စိတ်ဓါတ်အရမ်းကျစရာမလိုသေးပါဘူး။ ဘယ်သူမဆို သိသိချင်းမှာတော့ တော်တော် ကြောက်ကြမှာပါပဲ၊ ဒါပေမဲ့ ဘာဆက်လုပ်မယ် ၊ ဘယ်လို နေထိုင်သွားရင် ကိုယ့် အတွက် အကောင်းဆုံးလည်း ဆိုတာကိုလည်း စဉ်းစားရမှာပေါ့။ ဆေးဝါးတွေနဲ့ တတ်နိုင်သလောက် ထိန်းပြီးနေလို့ရသလောက် နေသွားချင်လည်း ရတာပဲ။ စိတ်ဓါတ်တော့ မာမာ ထားမှရမယ်ထင်ပါတယ် …

  • စုံ စုံ

    July 7, 2011 at 12:15 pm

    အရင်ကရုံးကိုခနခနလာနေတဲ့သူဌေးရဲ့ယောက်ဖတယောက်ရှိတယ်
    လူကထောင်ထောင်မောင်းမောင်းသန်သန်မာမာဘဲ
    ဘယ်လိုမှမထင်ရဘူးသူ့မှာHIVရှိမှန်း
    သူကျတော့သူ့ကိုယ်သူပိုးရှိမှန်းသိတယ်
    ဒါပေမယ့်အစားအသောက်နဲ့ဆေးဝါးကိုဂရုစိုက်တယ်ပြောတယ်
    အဲ့ဒါမျိုးကျတော့ရောဂါရှိမှန်းလဲအပြင်လူမသိရသလို
    သူလဲသက်တမ်းစေ့နီးပါးနေရမယ်ထင်တယ်

  • ogre

    July 7, 2011 at 12:42 pm

    အင်း…
    ကျွန်တော်စဉ်းစားနေရပြီ…ဇာတ်လမ်းအတိုင်းဆက်ရေးရင်ကောင်းမလား
    ဒါမှမဟုတ် ……ဝေဘာဂီ ဆေးရုံ ကိုပဲ ဒီကောင်မလေးကိုပို့လိုက်မလား
    လုပ်ကြပါ..အုံး…ဘယ်လိုလုပ်ရမလဲ…..

    • AKKO

      July 7, 2011 at 1:30 pm

      ဇာတ်နာကျအောင် ရေးပါ … ဒါမှ ဒီလောက် လူညွှန့်တုံးအောင် ကူးစက်နေတဲ့ ပိုးကို ကြောက်ရကောင်းမှန်းသိမှာ ။ ပညာပေးတွေ လုပ်နေလျှက်နဲ့ ဖြစ်နေတုန်းဆိုတော့ ဘယ်လိုနားလည်ရပါ့မလဲ …

  • နွယ်ပင်

    July 7, 2011 at 1:02 pm

    ဇာတ်လမ်းအတိုင်းဆက်ရေးပြီးမှ (or) ခံပြီး
    ဝေဘာဂီဆေးရုံကိုပို့လိုက် … 🙂

  • good

    July 7, 2011 at 1:36 pm

    ဒီလို နေလို့ HIV ရ တာ တော့ အား လုံးက နား လည် နေ ကြ ပါပြီ။ သိသိ ကြီး နဲ့ မဆင်ခြင် ကြတဲ့ သူတွေ တော့ ဖြစ်ဖို့ များမယ်လို့ ထင်ပါတယ်။
    မထင်မှတ် ရာ ကနေ HIV ဗိုင်း ရပ် ကူးစက်ခံ ရတာ တွေ၊ HIV ရှိရာ က AIDS ရောဂါ အဆင့် ကို စတင် ပြောင်းလဲ လာပြီ ဆိုရင် ရောဂါရဲ့ သွင်ပြင် လက္ခဏာ အသေးစိတ် ကို ပညာပေး ရေးစေချင်တယ်။
    တချို့ လူတွေ ဆို မူယစ်ဆေးဝါး၊ အပျော်အပါး မလိုက်စားပါဘဲ မထင်မှတ်တဲ့ နေရာက နေ ကူးစက်ခံ လာရလို့ ဆေးမစစ် မိသူတွေ အတွက် ပေါ့၊ ဘယ်အနေထား ဆိုရင် ရ နိုင် မရနိုင် စတာတွေ ကို အတွေ့ကြုံ ရှိတဲ့ သူတွေ က ဝင်ဆွေးနွေးစေချင်ပါတယ်။

  • windtalker

    July 7, 2011 at 5:08 pm

    ဇါတ်ထဲမှာတော့ မင်းသမီးလေးငို ။ ဒီအခန်းဟာ အလွမ်းဆုံးပေါ့

  • ogre

    July 7, 2011 at 6:08 pm

    ဒီဇာတ်လမ်းလေးဟာ တစ်ကယ်အဖြစ်အပျက်ပါ
    ဒါပေမယ့် ကျွန်တော်ကလဲ မိန်းခလေးမဟုတ်
    AIDS လဲမဖြစ်ဘူးတော့ ဘယ်လိုခံစားရတယ်ဆိုတာကိုတစ်ကယ်မသိပါ
    ပြီးခဲ့တဲ့ သုံးရက်ကမှ ဒီဝေဒနာနဲ့သေသွားသူ
    အရင်ကလုပ်ဖော်ကိုင်ဖက်တစ်ဦးနဲ့ ဒီကောင်မလေး ကတော့ ကျွန်တော်အရင်နေခဲ့တဲ့
    ရပ်ကွက်လေးကပါပဲ သူတို့ကိုကြည့် ပြီးခံစားရေးဖွဲခြင်းပါ
    အဓိက..က ဇာတ်လမ်းဖြစ်အောင် အခုလိုရေးစရာပေါ် လာအောင်လုပ်ပေးတာက
    အဝါရောင် သားရေးကွင်းလက်မှာမပတ်ကြနဲ့ ဆိုတဲ ပိုစ့်ရယ် ကြေးကြီးတိုင်းသန့်ပါ့မလားပိုစ့် တွေက
    နေ ရေသားဘို့အကြောင်းဖန်လာခြင်းဖြစ်ပါတယ် ။။
    ဒီဝေဒနာခံစားမှုဘယ်လိုရှိတယ်ဆိုတာများသိတဲ့ ဆရာဝန် မန်ဘာများကပြောပြရင်
    ကျေးဇူးတင်မိမှာပါပဲ…ဖေါ်ပြပါပိုစ့်များ ရေးသားသူများကိုလည်း
    အထူးကျေးဇူးတင်လျှက်ပါ။။။။။။။

Leave a Reply