ဒီနေ့မနက် အိပ်ယာက စောစောနိုးနေတာနဲ့ အိပ်က လူတွေအတွက်စားဖို့ မနက်စာလေးသွားဝယ်ပေးမိပါတယ် ..တစ်ခါထဲပြောမပြောချင်ဘူး အဟုတ်ကိုပဲ ၊
အရင်နေ့တွေကဆို နွယ်ပင်တို့က အလုပ်ပင်ပန်းလို့ အိပ်ယာက စောစောမနိုးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်က ဝယ်ကျွေးတဲ့ မနက်စာကို အခန့်သင့်စား တစ်ခါတစ်လေ ကိုယ်မကြိုက်တဲ့ မုန့်ဝယ်ထားတာတို့ မုန့်ကို ကိုယ်စားနိုင်ထာထက်ပိုဝယ်ထားလို့ ဆိုပြီးအိမ်က လူတွေကို ဂဂျီဂဂျောင်ကျနဲ့ အဲလို ဇီမ်ယူဖြစ်တာများတယ် ။
ဒီနေ့တော့ အဲလို မဟုတ်ဘဲစိတ်ကောင်းလေးဝင်နေတာနဲ့ မနက်မုန့်စာလေး သွားဝယ်ဖြစ်ခဲ့တာ အိမ်ကလူတွေက တစ်ယောက်တစ်မျိုးမှာနေတာနဲ့ ဆိုင်(3) ဆိုင်လောက်ပတ်ပြီး ဝယ်နေခဲ့ရတယ်လေ ။ တစ်ယောက်က ပဲပြုတ်နဲ့ နံပြားစားမယ်ဆိုလို့ အရင်ဆုံးပဲပြုတ်သွားဝယ်တာ (1000) တန်မို့မအမ်းနိုင်ပါတဲ့ အကြွေ၇ှိမှ ရောင်းလို့ရမယ်တဲ့ အဲတော့လဲ အသုပ်ဆိုင်ကို ပြေးရပြန်ရော ” အသုပ်တစ်ပွဲ (300) အစ်မ ဘယ်လောက်တန်ပေးမှာလဲလို့ “မဝယ်ခင်ကတည်းက အသုပ်သည်ကမေးတော့ (1000) တန်းလေးကိုပြလိုက်တော့ အကြွေအမ်းဖို့မ၇ှိလို့ (400) ဖိုးယူပါလားတဲ့ အဲတာနဲ့ အသုပ်ဆိုင်မှာ အကြွေပြသာနာဖြေ၇ှင်းလာခဲ့တယ် နောက် နံပြားသွားဝယ်တော့ နံပြား တစ်ချပ် (150) နှစ်ချပ်ဆိုတော့ (300) ဆိုတော့ (500) တန်လေးပေးလိုက်တာ အကြွေတော့ ပြန်အမ်းပါရဲ့ ပေးလိုက်တဲ့ ပိုက်ဆံက တကယ်ဘုရားစု ပိုက်ဆံ အဟုတ်ပဲ ပိုက်ဆံသားကိုမရှိတော့ပဲ တိပ်တွေချည်းပြည့်နေတဲ့ ထူလပျစ်ကြီးကို ဘေးနားက အပြဲလေးကို နှစ်ဆယ်တန်နဲ့ ဖာထားသေးတယ် ပြန်လဲခိုင်းတော့ ဒါမြန်မာပြည်ဖြစ်ပိုက်ဆံစစ်စစ်ပါတဲ့ ယုံကြည်စိတ်ချစွာ သုံးဆွဲနိုင်ပါတယ်လို့ ရွဲ့အပြောခံထိတာပဲ အဖတ်တင်တယ် ။ အဲတာနဲ့ မုန့်ဟင်းခါးဆိုင်ဘက်ဆက်လက်ချီတက်တော့ မုန့်ဟင်းခါးအကြော်နဲ့ တစ်ပွဲကို လေးရာအကြွေပါရင်အကြွေပေးပါ အကြွေမပါရင် အကြော်တစ်ခုပိုထည့်ပေးပါအစ်မဆိုတာနဲ့ မုန့်ဟင်းခါးလဲ အကြော်တစ်ခုအပိုလေးနဲ့ပေါ့ ပြိးတော့မှ စောစောက မဝယ်ခဲ့တဲ့ ပဲပြုတ်သည်ဆိခြေဦးလှည့် ပဲပြုတ် (200) ဖိုးကို အကြွေပေးပြီး ခပ်တည်တည်ဝယ်လိုက်တော့ အစ်မ ပိုက်ဆံကလဲဖို့မပါဘူးလားတဲ့ အဲတာနဲ့ နံပြားဆိုင်ကပြောခဲ့သလို “ဒါမြန်မာပြည်ဖြစ်ပိုက်ဆံစစ်စစ် ယုံကြည်စိတ်ချစွာ သုံးဆွဲလို့ရပါတယ်လို့ပြောလိုက်တော့ “မယုံကြည်လို့မဟုတ်ဘူးအစ်မရေ ဝယ်သူတွေက ပြန်အမ်းရင် မယူတော့ ဒိပိုက်ဆံ အစုတ်က ကျွန်မတို့ဆီမှာပဲ အဖတ်တင်ကျန်တာလို့ပြန်ပြောခံတိပါလေရော အဲတာနဲ့ ဒါဆိုလဲ 1000 တန်အမ်းဆိုတော့ ဆူဆူအောင်အောင့်နဲ့ ပိုက်ဆံ အစုတ်ကိုယူထားလိုက်တယ်လေ ။အဲတာနဲ့ မနက်ခင်းမုန့်ဝယ်ချင်းအစိစဉ်ပြိးလို့ အိမ်ပေါ်ပြန်တက်တော့ အိမ်ကလူတွေက သိပြိလားဆိုတဲ့ မျက်နှာပေးတွေနဲ့ စောင့်ကြိုနေကြတယ် ဒါပေမဲ့ ဘယ်ရမလဲ နွယ်ပင်ပဲဟာ မနက်မုန့် သွားဝယ်ရတာ တော်တော် အဆင်ပြေတာပဲနော် မနက်ခင်းလဲ စောစောထရတော့ စိတ်ကြည်သလို မုန့်ဆိုင်တွေကို ဟိုပြေးဒီပြေးပြေးရတော့ လမ်းပိုလျှောက်ဖြစ်ပြီး ဈေးသည်တွေနဲ့ စကားပြောရတော့ ဗဟုသုတ တစ်ခုတိုးတာပေါ့လို့ပြောထည့်လိုက်တာပေါ့ ဒါပေမဲ့ စိတ်ထဲမှာကတော့ တော်ပါပြီ မနက်ပိုင်းနောက်ဘယ်တော့မှ အိပ်ယာက စောစောမထတော့ဘူး နိုးခဲ့ရင်တောင် အိပ်ခန်းထဲက အပြင်ကိုယောင်လို့တောင်မထွက်တော့ဘူးလို့ …… :P

About နွယ်ပင်

နွယ် ပင် has written 243 post in this Website..