မင်းနေထိုင်တာ…ကြွယ်ဝတဲ ့ပတ်ဝန်းကျင်(Rich Environment) ထဲမှာလား ? ဒါမှမဟုတ်…….

alinsettJuly 7, 20111min742

WE   MUST  CULTIVATE  OUR  GARDEN.

ကျွန်တော်တို ့ဟာ… မိမိတို ့ ဥယျာဉ်ကို မိမိတို ့ ထွန်ယက်စိုက်ပျိုး ရမယ်။

*

။။ ။။  ။။     လူငယ်တွေမှာ ကြွယ်ဝတဲ ့ပတ်ဝန်းကျင်(Rich  Environment ) တစ်ခု လိုအပ်တယ်။ အဲဒီမှာ ဘဝအောင်မြင်မှုအတွက် မရှိမဖြစ်အရေးကြီးတဲ ့အရာတွေ  ရှိရမယ်။

စာအုပ်တွေလိုမယ်။   ခေတ်ကိုအမီလိုက်နိုင်ဖို ့    သင့်တင့်တဲ ့နည်းပညာတွေ လိုမယ်။ပညာကို  ကိုယ် ့ကို လက်ဆင့်ကမ်းပေးနိုင်မယ် ့သူတွေ လိုမယ် ။ အဲဒီလို ပတ်ဝန်းကျင်မျိုး   ဆိုတာက တချို ့အတွက် အလိုအလျောက်ရနေပေမယ် ့  တ့ချို့   ့အတွက်ကတော့ ကိုယ်တိုင်ကြိုးစားပြီး  ဖန်တီးယူမှ ရနိုင်တာ…။  ။။ ။။

ဆရာမဂျူး  ရေးတဲ့   စောင့်နေမယ်လို ့ မပြောလိုက်ဘူး ဆိုတဲ ့ စာအုပ်ထဲက စာသားလေး

တွေပါ။   ကျွန်တော် ့အသိဉာဏ်ထဲမှာ စွဲနေတယ်…..။ ကြွယ်ဝတဲ ့ပတ်ဝန်းကျင်….တဲ ့။

ဟုတ်တာပေါ ့။    လူငယ်တွေမှာ တကယ်လိုအပ်တာပေါ့။ ဒီနေ ့ လူငယ်တွေဟာ ကျွန်တော်တို ့တိုင်းပြည်ရဲ ့အနာဂတ်ကို  လှပအောင် ဖန်တီးပေးခဲ ့ရမှာလေ။ဒီတော့   ဒီလူငယ်တွေ   ကြွယ်ဝတဲ ့ပတ်ဝန်းကျင်ထဲမှာရှိနေ    ခဲ ့ဖူးမှ      အရည်အသွေးပြည် ့ဝတဲ ့     ၊

ထူးချွန် ထက်မြတ်တဲ ့ ကောင်းကျိုးပြုသူတွေ ဖြစ်လာမယ်။

စာအုပ်တွေများများ  ဖတ်ရလေလေ..၊ နည်းပညာတွေနဲ ့များများ ရင်းနှီးလေလေ.၊

ပညာပေးနိုင်သူတွေနဲ ့ များများတွေ ့ကြုံရလေ လေ… ဒီလူငယ်တွေဟာ..ပိုပြီး ထူးချွန်

ထက်မြတ်လာလေလေ ပဲပေါ့။

ဒီလိုကြွယ်ဝတဲ့ ့ ပတ်ဝန်းကျင် ကို လိုအပ်တာတော့  လက်ခံပါပြီ။ လိုအပ်နေသလို

ရ နေသလား။ ဒီလိုမေးတော့   ဖြေရ  ခက်သွားပါပြီ။   လက်ရှိ ကျွန်တော်တို့ရဲ ့ လူငယ်တွေ ကြွယ်ဝတဲ ့ ပတ်ဝန်းကျင်ထဲမှာ ရှိနေကြသလား။

ကြွယ်ဝတဲ ့ ဝန်းကျင်ကို ရနေတဲ ့ လူငယ်တွေက ဘယ်လောက်များများရှိနေလဲ။

ချို ့တဲ ့တဲ့ ပတ်ဝန်းကျင် (Poor  Environment)  ထဲမှာ နေထိုင်နေရတဲ ့လူငယ်တွေ က  ရော    ဘယ်လောက်များလဲ။

ကျွန်တော် ့အမြင်  ပြောရရင်တော့   ကြွယ်ဝတဲ ့ပတ်ဝန်းကျင်ထဲမှာနေရတဲ ့ လူငယ် အရေအတွက်က  အတော်ကို နည်းနေမယ် ထင်ပါတယ်။။ အခု ကျွန်တော်တို ့ ရဲ ့

နိုင်ငံကို ဖွံ ့ဖြိုးဆဲ…. လို ့ခေါ်ကြပါတယ်။ ဖွံဖြိုးဆဲ နိုင်ငံတစ်ခုအနေနဲ ့ ကြွယ်ဝတဲ့ ့ပတ်ဝန်းကျင်တွေ ကို အပြည့်အဝ   မဖန်တီးနိုင်သေးတာ ပြစ်ချက်မဟုတ်ပါဘူး။

အလိုအလျောက်လည်း   ရမနေတော့ ဒီလို ပတ်ဝန်းကျင်မျိုးကို လုပ်ယူဖို ့က

တစ်ယောက်ယောက်ကို  တာဝန်ပုံချထားမှာလား။  ဟင့်အင်း…။

အဲဒီအတွက်   ကျွန်တော်တို ့ အားလုံးမှာ တာဝန် ကိုယ်စီ ရှိတယ် လို ့ ယူဆမိပါတယ်။ ဒါဆို  ဘယ်လို လုပ်ယူ ကြမလဲ……။

ချို ့တဲ ့နေတဲ ့  ပတ်ဝန်းကျင်တစ်ခုကို  ကြွယ်ဝအောင် လုပ်ဖို ့ ဆိုတာ  ခက်ခဲ

မှာသေချာပါတယ်။  ဒါပေမယ့်  အပြည့်အဝကြွယ်ဝမှု ကို မလုပ်နိုင်ရင်တောင်      ကျွန်တော်တို ့ တတ်နိုင်သလောက်ကလေးနဲ့ အခုထက်ပိုကောင်းလာမယ့်  ပတ်ဝန်းကျင်လေးတစ်ခု ဖြစ်လာရင်တောင်  မဆိုးဘူးလေ..။

ကျွန်တော်တို ့ နိုင်ငံမှာက တခြားနိုင်ငံကြီးတွေ ထက်  နည်းပညာ  အားနည်းနေမယ် ထင်တယ်။ ဒါဆို ဒီအပိုင်းကို မကိုင်နဲ ့ဦး။

ပညာက  ကိုယ့်ဆီကို မလာရင်    ပညာဆီကို  ကိုယ်က မရောက် ရောက်အောင် သွားရမှာပဲ  ။     ပညာဆီ ကို သွားဖို ့   မဖြစ်မနေ လိုအပ်တာက  စာအုပ်တွေ ပဲ။

စာအုပ်တွေက ကြွယ်ဝတဲ ့ပတ်ဝန်းကျင်တစ်ခု ဖြစ်လာအောင် အတိုင်းအတာ တစ်ခုထိ  လုပ်ပေးလိမ် ့မယ်။   ဒီတော့ စာတွေများများ ဖတ်ကြ ၊ရေးကြ ဖို ့ လိုမယ်။

ကျွန်တော်တို ့နိုင်ငံက လူငယ်တော်တော်များများက စာဖတ်ရမှာ အရမ်းပျင်း

နေကြတယ်။။  ဝါသနာ မပါလို ့ မဖတ်ဘူး ဆိုတာလည်းပြောနေကြတယ်။

စာဖတ်တယ် ဆိုတာ ဝါသနာအရ ဖတ်တာ မဟုတ်ပဲ…ဘဝအောင်မြင်မှု

အတွက် မဖတ်ရင် မဖြစ်လို ့  ဖတ်ကိုဖတ်ရမယ်။

ဒါကို သိအောင်  ကျွန်တော်တို ့ရဲ ့ ညီ၊ညီမ ၊ တူ ၊တူမ    လေးတွေကို ပြောပြမှ ဖြစ်မယ်။

စာအုပ်တွေထဲ ကနေ    အသိ ပညာတွေ ယူတတ်အောင်…၊ယူချင်စိတ်

ရှိလာအောင်  စည်းရုံး ၊လှုံ ့ဆော်ပေးရင် ကောင်းမယ်ထင်ပါတယ်။

စာကြည့်တိုက်တွေ များများရှိလာဖို ့ ၊ စာကြည့်တိုက်ဟာ….ဆိုင်းဘုတ်

ပဲ ရှိနေပြီး စာအုူပ်တွေ မရှိ   ပဲ  ဖြစ်မနေဖို ့    ၊   ကျွန်တော်တို ့နိုင်ငံက  လူငယ်လေးတွေ စာကို

များများဖတ်လာစေဖို ့   (သိပ်အရေးကြီးနေလို ့)   ကျွန်တော်တို ့တတွေ… ကူညီပေးကြရင်

ပိုကောင်းမယ် ထင်ပါတယ်။

ကြွယ်ဝတဲ ့ပတ်ဝန်းကျင်တစ်ခု တစ်ခုဆီကို    စာအုပ်တွေနဲ့အရင်ဆုံး

သွားကြည့်ကြမယ်လေ…။ ( လမ်းတော့   မမှားလောက်ပါဘူး။)

ရေနစ်နေသူ  တစ်ယောက်က   ကောက်ရိုးတစ်မျှင်ကို   အားကိုးမိသလိုမျိုး……………….  ရနိုင်တဲ ့နည်းလမ်းးကလေးနဲ ့  ရသလောက် ကို ကြိုးစားကြည့် ကြမှာပေါ့။     ကဲ………

အခုပဲ      စ  လိုက်ကြရအောင်နော်။

 

*                          *                               *

(   ဒီစာကို  ဆရာကြီးလုပ်ချင်လို ့ ရေးတာ မဟုတ်ပါဘူး။ ကျွန်တော် စာဖတ်သူတွေကို ကျွန်တော် ဘယ်တော့မှလည်း ဆရာကြီး မလုပ်ပါဘူး။ ကျွန်တော်က ဆရာကြီးလည်းမဟုတ်ပါဘူး။

ကျွန်တော်တို ့နိုင်ငံ က  လူငယ်တွေ စာဖတ်  အား  အရမ်းနည်းနေတာ ကို တွေ ့နေရ တဲ ့အခါ     ဝမ်းနည်းစိတ်၊ အားမရ စိတ်တွေ ဖြစ်မိလို ့

ဒီစာကိုရေးမိတာပါ။ ။      အတွေးမှား   ၊ အရေးမှား   ပါနေရင် ကျွန်တော့် မသိနားမလည်မှု

ကို ခွင့်လွှတ်နားလည်ပေးပါ..လို ့  တောင်းပန်အပ်ပါတယ်။။)

 

လေးစားစွာ ဖြင့်

 

အလင်းဆက်

alinsett.art@gmail.com

 

 

2 comments

  • weRone

    July 7, 2011 at 2:24 pm

    “ပညာက ကိုယ့်ဆီကို မလာရင် ပညာဆီကို ကိုယ်က မရောက် ရောက်အောင် သွားရမှာပဲ ။ ”
    ” ပညာဆီ ကို သွားဖို ့ မဖြစ်မနေ လိုအပ်တာက စာအုပ်တွေ ပဲ။ ”
    သိပ်ကောင်းတဲ့ စာသားတွေပါ။ တကယ့်လက်တွေမှာ ရော ပညာက ကိုယ့်ဆီကို မလာရင် ပညာဆီကို ရောက်အောင်သွားချင်တဲ့ လူဘယ်နှစ်ယောက်ရှိလိမ့်မလဲ။
    သာမာန် အပေါးစာ ဝတ္ထူ တွေကို ဖတ်ပြီး ဘယ်နှစ်ယောက်များ ပညာဆီကိုရောက်သွားပြီလဲ။

  • gabar

    July 7, 2011 at 5:31 pm

    ကိုယ့်ရပ်ကွက် ပတ်ဝန်းကျင်ကစာကြည့်တိုက်လေးတွေကိုအသက်ဝင်လာအောင်လုပ်ပေးသင့်ပါတယ်။

Leave a Reply