ဒါတွေဖြစ်သင့်လား

Yin Nyine NwayJuly 7, 20111min26415

မူလတန်းကျောင်းသားများ ကျောင်းလခ ကင်းလွတ်ခွင့်တဲ့

ဒုတိယ သမ္မတကိုပဲ ကြိုးနဲ့တုတ်ပြီး ကျောင်းမှာ ချည်ထားရမလိုလို

သူပြန်သွားတာနဲ့ ကောက်လိုက်တဲ့ ပိုက်ဆံတွေ

ပြီးကို  မပြီးနိုင်တော့ဘူး …… ကျောင်းအပ်အပ်ချင်းပဲ 1600 ပဲကုန်တယ်ဆိုပြီး တူမလေး နဲ့ အဒေါ်တို့ ဝမ်းသာလုံးဆို့နေသလောက်

နောက်ပိုင်း နေ့တိုင်းကောက်ခံနေလို့ တူမလေးခမျာမှာ သနားစရာ နေ့တိုင်း သူ့ကိုပဲ အိမ်ကလူတွေဝိုင်းဆူနေကြတယ်လေ

နင့်ဆရာမက နင့်ဆရာမကနဲ့

ဒလက အသိအမကြီးတယောက်ပြောပြတာကတော့ သူများတွေ 1600 နေတာတောင် သူတို့နေရာမှာ 1ယောက်ကို 10000 လောက်နီးပါးကုန်သွားပါတယ်တဲ့

အလကားပေးတာပါလို့ ပြောနေတဲ့ ဖတ်စာအုပ်တွေကို အတင်းဝယ်ခိုင်းလို့ ပြောပါတယ်

ဒီထက်ပိုဆိုးတာက ….ကျောင်းဖွင့်ပြီး နောက်ရက်မှာပဲ စာအုပ် 3ဒါစင် အလကားပေးသလိုလို ယူလာရတာကိုပါ

ကလေးတွေခမျာ လေးလေးနဲ့ သယ်လာရတယ်

နောက်တရက်မကောက်သေးဘူး

အလကားပေးတာလားဆိုတော့ လဲ ဘာမှ မသိကြတဲ့ကလေးတွေခမျာ ဘုမသိ ဘမသိနဲ့ မသိဘူးပဲ ပြောနေကြတယ်

အဲ…စတာပဲ…နောက်တပတ်ကျတော့ ပေးလိုက်တဲ့ စာအုပ် 3ဒါစင် ဖိုး10000တဲ့

စာအုပ်တွေက ရိုးရိုး 1800တန်းကို 3500 လောက်နဲ့ လုပ်စားသွားတာ

ရှိတဲ့ကျောင်းသားမိဘတွေက တော်ပေမဲ့

မရှိတဲ့ ကျောင်းသားမိဘတွေအတွက် သနားစရာပါ

ဟူး……….. ပြောတမျိုး လုပ်တမျိုုး လုပ်နေကြတုန်းပါလား……

 

 

15 comments

  • နွယ်ပင်

    July 7, 2011 at 3:52 pm

    နွယ်ပင် တူမလေးဆို သူကျာင်းသွားအပ်တုန်းက (10000) နီးပါးလောက်ပေးလိုက်ရတယ်
    ပြီးမှ မူလတန်းကျောင်းကလေးတွေ ကျောင်းလခ ကင်းလွတ်ခွင့်ဘာညာဆိုပြီး ပြောတော့ သူတို့ ကျောင်းမှာပဲ အပ်တဲ့ သူ့သူငယ်ချင်း က 1500 ပဲ ကျသတဲ့
    နောက် တစ်ယောက်ကျတော့ ကျောင်းဖွင့်ခါနှးမှ အပ်တာ (8000) ပေးရတယ်တဲ့
    ဒါက တစ်ကျောင်းတည်း တစ်တန်းတည်းက ကလေးတွေရဲ့ ကျောင်းအပ်စရိတ်နော် …

  • windtalker

    July 7, 2011 at 5:06 pm

    ကျူရှင်မှ ဖွင့်လို ့မရတော့တဲ့အခါ လုပ်မိလုပ်ရာ ဘာညာကွကွိ

  • ဆူး

    July 7, 2011 at 5:49 pm

    ထမင်းမစားခင် အရင် ဦးချပါ။ ဆိုပြီး ပိုစ် တင်လိုက်ပါသည်။

  • naywoonni

    July 7, 2011 at 8:05 pm

    ဒါလေးများ…..
    ကိုင်း.. ဘယ့်နှဲ့ရှိပါစ

  • unclegyi1974

    July 7, 2011 at 9:30 pm

    ဒေးဗစ်ကောပါးဖီးက
    မြန်မာမှာပညာသင်ယူမှုပြီးမှ
    ပညာစုံတာလို့ပြောနေပါလား

  • bigcat

    July 8, 2011 at 8:04 am

    ဒါလည်းပဲ အိမ်သားတွေ မစားမသောက်ပဲ စုဆောင်းပေးလိုက်ကြပေါ့ကွယ်။ ခလေး ပညာရေးကိုး။ သဂျီးပြောပြောနေတဲ့ လွှတ်တော်အမတ်ဆိုသူတွေကလည်း အားမကိုးရ။ ေဩာ် အနိစ္စ ဒုက္ခ အနတ္တ…

  • ရွှေဘိုသား

    July 8, 2011 at 9:46 am

    ဂျောက်ဂျက် သီချင်းတောင် သတိရမိတယ်
    မင်းတို.အလှည်. မိုးတွေရွာထား
    ငါ.အလှည်.ကျ မိုးကြိုးပါပစ်ချမယ်

    ရွာဘက်ကလူတွေပြောကြသလို ပြောလိုက်မယ်
    လုပ်ကြပေါ. ရှင်တို.ကရဲတွေကိုး

  • etone

    July 8, 2011 at 11:49 am

    သမ္မတက ပြောသာပြောတာ …သူပြောတဲ့အတိုင်းမလုပ်လျှင် ဘယ်လို အရေးယူမှူမှ မလုပ်တော့ … ဒီလိုတွေ ဖြစ်ကုန်တော့တာပေါ ့.. ။

  • char too lan

    July 8, 2011 at 12:16 pm

    ူမူလတန်း …. ကိုယ့်ခလေး ကျောင်းလေးတစ်ကျောင်းမှာ နေရာလေးတစ်ခုရဖို့ ကျနော်တို့မြို ့နယ်တွေမှာဆို ၁သိန်းကနေ သုံးသိန်းအထိပေးရတယ်ကြားတယ်
    စိတ်ပျက်စရာကောင်းတယ် ပြုတ်လိုက်ကြတာလဲ တစ်သီကြီး ကျန်လူတွေက
    တောက်မှတ်လဲမရှိဘူး တောက်ရှက်လဲမရှိဘူး ပြောလဲပြောပြောပဲ

  • May

    July 8, 2011 at 4:26 pm

    အင်း.. ဝင်ပြောပါရစေအုံး..
    သမီးငယ်ကို သူငယ်တန်းအပ်တာ တပြားမှမပေးရဘူး..
    ခုထိလဲဘာမှထပ်မကောက်သေးပါဘူး…
    အ.ထ.က.(၂)ဒဂုံ.. မြို့မကျောင်းပါ….

  • nature

    July 8, 2011 at 6:14 pm

    နဂိုထက်စာရင် အတိုင်းအတာ တခုတော့တိုးတက်လာပါတယ်။

  • naywoonni

    July 8, 2011 at 8:02 pm

    ဘယ်ကျောင်းတွေက ပေးရတာလဲ ဘယ်နှစ်တန်းလဲ
    တိတိကျကျ လုပ်လိုက်ရအောင် ပေးရတယ်ဆိုရင်……… gg ထဲထည့်ပြီး တွယ်လိုက်မယ်လေ……. ဂိုလ်ဂဲ ဂရု ကိုပြောတာပါ…။

  • Yin Nyine Nway

    July 8, 2011 at 8:23 pm

    taunggyifamily မှာတော့ တင်ထားတာပဲ
    ဒလ က ကျောင်းတော်တော်များများတော့ ပေးရတယ်
    စာအုပ်ဖိုးကောက်တာကတော့ စမ်းချောင်းက ကျောင်းတော်တော် များများ ကောက်တာပဲ

  • zawinaing

    July 8, 2011 at 10:51 pm

    ခုရေတွင်းတူး ခုရေကြည်သောက် ချင်လို့ရမလား … အနဲထိုင်အောင် လေး ငါး ဆယ်နှစ်လောက်တော့ စောင့်ရမှာပေ့ါ ….

  • pan pan

    July 11, 2011 at 2:38 pm

    ဒီလိုကြီးပညာသင်ရပြီး တကယ်တတ်တဲ့လူက လက်ချိုးရေလို့ရတယ်

Leave a Reply