ipod ကနေ iphone ချိန်းသတဲ့

fattyJuly 7, 20111min867

ဒီအကြောင်းသူများတွေတော့သိပြီးဖြစ်လိမ့်မယ်ထင်တယ် …။ ကျနော်ကတော့သိပ်စိတ်မဝင်စားတော့
သတိမထားလိုက်မိဘူး။..
အကြီးကောင်က ဟိူဘက်မှာနေတော့ iphone ဝယ်တယ်။
အငယ်ကောင်ကိုတော့ ipod နဲ့ဘဲ ချွေးသိပ်ထားရတယ်။
အခုတော့ iphone ပြောင်းလုပ်လို့ရပြီ တဲ့ … ဗုဒ္ဒေါ …..
၉၀၀၀ဝ ပေးရုံဘဲတဲ့။
iphone ထုတ်တဲ့ ကုမ္ပဏီတွေ ဘယ့်နယ်လုပ်မလဲ ..။
မြန်မာတွေ လက်သံပြောင်လှချည်လားလို့

7 comments

  • Smiegol

    July 7, 2011 at 3:29 pm

    သိသလောက်ပြောပါ့မယ်
    အဲဒီပစ္စည်းလေးကို တရုတ်ပြည်မှထုတ်လုပ်ပြီးတော့ Apple Peel (ပန်းသီးခွံ) လို့ခေါ်ပါတယ်။
    iPod Touch ကိုတော့ Jailbreak လုပ်ထားဖို့တော့လိုပါတယ်။
    အဲဒီ Apple Peel (ပန်းသီးခွံ)မှာ SIM Card ထည့်ဖို့နေရာရယ်။ အပို Battery တစ်ခုရယ်ပါပါတယ်။
    နားထောင်ဖို့ စပီကာရယ်၊
    iPod Touch 3G နဲ့အောက်မော်ဒယ်တွေအတွက် စကားပြောဖို့ Mic နဲ့ဟာလေးရှိသလို
    iPod Touch 4G အတွက် Mic မပါတဲ့ မော်ဒယ်ရှိပါတယ်။ iPod Touch လေးကို အဲဒီအခွံလေးထဲထည့်ပြီးတာနဲ့။ Call Software ကို iPod မှာ Install လုပ်ပြီး Phone အဖြစ်သုံးနိုင်ပါတယ်။
    China မှထုတ်တဲ့ Product ဖြစ်ပါတယ်။

  • kai

    July 7, 2011 at 4:23 pm

    http://www.google.com/#hl=en&ds=pr&pq=apple%20peel&xhr=t&q=Apple%20Peel%20520&cp=11&qe=QXBwbGUgUGVlbCA&qesig=XNMaNrx5qaU5ZPPxgZ02jg&pkc=AFgZ2tlhdwkMyyjnFrkVJzjWKhYvdlRfgkXQrzcux6tCM8JclN4HCfZRYtZVVs2wO4BzFOBsUlQyGY714A39-GRsG97oxg71Ag&pf=p&sclient=psy&tbm=shop&source=hp&aq=0&aqi=&aql=&oq=Apple+Peel+&pbx=1&bav=on.2,or.r_gc.r_pw.&fp=e88630cdc138baf3&biw=1920&bih=871
    အပေါဆုံးက ၈ဝဒေါ်လာဖြစ်နေတာမို ့.. ၉သောင်းကျပ်ဆိုတန်တယ်ထင်ပါတယ်..။
    ယူအက်စ်ကနေ ပြန်မှာရမယ်ထင်တယ်..။
    @Smiegol
    Apple Peel ဆိုတဲ့ သတင်းအတွက် ကျေးဇူးနော…။

  • Snowy

    July 7, 2011 at 5:00 pm

    မဆိုးဘူး နော် … IPhone ကိုဈေးကြီးပေး ဝယ်စရာမလိုတော့ဘူးပေါ့ 🙂

  • windtalker

    July 7, 2011 at 5:42 pm

    သက်သာသော ဈေးနှုန်း နဲ ့ဆိုတော့ လူကြိုက်များမယ် ထင်ပါတယ်

  • Smiegol

    July 8, 2011 at 1:16 pm

    အခု ရန်ကုန်မှာ အရိန္တာမာဖုန်းဆိုင်မှာဝယ်လို့ရနေပြီလို့သိရပါတယ်။
    သတိတော့ထားပေါ့နော်။ တရုတ်ကလုပ်တယ်ဆိုတာရယ်ကြောင့်ရယ်။ နောက်တစ်ခုက Battery အပိုတစ်လုံး ပါပြီးတော့ iPod Touch နဲ့ ချိတ်ဆက်ရမှာမို့ပါ။
    တော်ကြာဖုန်းမဖြစ်ပဲ၊ တစ်သိန်းနဲ့ ရှိတဲ့ iPod Touch လေးဂိသွားဦးမယ်။
    ကျွန်တော် တရုတ်က လုပ်တဲ့ iPhone Charger လေးဝယ်သုံးဖူးပါတယ်။
    Original ဝယ်ရင် 16 US$၊ တရုတ်ဝယ်ရင် ၄၀၀ဝကျပ်ပဲပေးရလို့။ တရုတ်ဝယ်လိုက်တာ Charging လုပ်နေချိန်မှာ Phone ကအရမ်းနှေးသွားပြီး အတော်ပူလာတာဖြစ်ဖူးပါတယ်။ (၃)ခုလောက်ဝယ်စမ်းတော့လဲ အခြေအနေသိပ်မကောင်းတာနဲ့ 16$ ပဲ ကျိတ်မှိတ်ဝယ်လိုက်ရတော့ ၃သောင်းနီးနီး ဘတ်ဂျက်ထိသွားပါတယ်။
    သေချာစဉ်းစားပြီး သေချာသွားကြည့်ပြီး အဆင်ပြေမှဝယ်ပါ။ တော်ကြာရှိတာလေး….

  • etone

    July 8, 2011 at 3:30 pm

    အန်ကယ် ဖက်ကလည်း ဒါမျိုးလေးဆို လက်တို့ပါဦး 🙄

  • pan pan

    July 11, 2011 at 2:36 pm

    IPhoneက ကမာ္ဘကြီးကို တော်တော်လွှမ်းမိုးနိုင်ပ့ါလားနော်

Leave a Reply