ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများအနက် ၂၃ဦးသာ ဆေးကုသမှု ဆက်လက်ခံယူလျက်ရှိ

klnMay 5, 20101min280

ဧပြီ ၁၅ရက်ကရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်ရှေ့၌ ဗုံးပေါက်ကွဲမှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံးကြီးနှင့် ဆေးရုံအသီးသီးတို့၌ ဆေးကုသမှုခံယူလျက်ရှိသော ဒဏ်ရာရ လူနာ ၁၇ဝ အနက် လူနာအများစုမှာ ဆေးရုံမှ ဆင်းသွားနိုင်ခဲ့ကြပြီး အမျိုးသား ၁၉ဦး၊ အမျိုးသမီး ၁၃ဦးစုစုပေါင်း ၃၂ဦးသာ ဆေးကုသမှုဆက်လက်ခံယူလျက် ရှိကြကြောင်း သတင်းများထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ယခုအခါ အဆိုပါ ဆေးကုသမှုခံယူလျက်ရှိသော လက်ကျန်ဒဏ်ရာရ လူနာများအနက် သက်သာပျောက်ကင်းသူများဆေးရုံးမှ ထပ်မံဆင်းသွားခဲ့ကြသဖြင့် မေလ ၃ရက်နေ့အထိ အမျိုးသား ၁၂ဦး ၊ အမျိုးသမီး ၁၁ဦးစုစုပေါင်း ၂၃ဦးသာ ဆေးကုသမှု ဆက်လက်ခံယူလျက်ရှိကြောင်းသတင်းရရှိသည်။