IMF ညွန်မှုးသစ်

ထာ၀ရJuly 7, 20111min572

ဈေးကွက်ဂျာနယ်ထဲကသတင်းတပုဒ်ပါ

ဖတ်ကြည်.ပြီးကြိုက်လို.တင်လိုက်တာပါ

 

စီးပွားပျက်ကာလမှာ IMF ကို ဘယ်သူပဲ့ကိုင်ခွင့် ရမည်နည်း

ခေတ်မီခြင်း၊ ခေတ်ရှေ့ပြေးခြင်း စသည်တို့၌ ကမ္ဘာ့ရှေ့ တန်းနေရာတွင် ရောက်နေသော ပြင်သစ်နိုင်ငံ။ ထိုနိုင်ငံဖွား ပြင်သစ်မျိုးနွယ် အမျိုးသမီးဖြစ်ပါလျက် …။
သက်သတ်လွတ်စားသူ။
အရက်ကို မည်သည့်အခါမှ မသောက်သုံးသူ။
ယောဂလေ့ကျင့်ခန်း မှန်မှန်လုပ်သူ။
ရေကူး၊ ရေငုပ် အားကစား၌ ပျော်မွေ့သူ။
ပန်းအလှစိုက်ခြင်း၌ ဝါသနာထုံသူ။
စသည့် အရည်အသွေးများရှိသူ ခရစ္စတင်းလာဂတ်ကို ၁၉၅၆ ခု၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ယခု အသက် ၅၆ နှစ် ရှိပြီဟုဆိုရမည်။
လောလောဆယ်၌ သူသည် ပြင်သစ်နိုင်ငံ၏ စီးပွားရေး၊ ဘဏ္ဍာရေး နှင့် စက်မှုဆိုင်ရာ ဝန်ကြီးတာဝန်ယူထားသည်။ ယင်းတာဝန်ကို ၂ဝဝရ ခုနှစ်၊ ဇွန်လတွင် သမ္မတ ဆာကိုဇီက ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
ယခင် အစိုးရလက်ထက်၌ လာဂတ်သည် စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်း ဝန်ကြီးဌာနများ အပြင် ကုန်သွယ်ရေးဝန်ကြီး တာဝန်များကိုပါ ထမ်းဆောင်ခဲ့ဖူး၏။
စက်မှုအင်အားကြီး ရှစ်နိုင်ငံ G -8 နိုင်ငံများ ထဲ၌ ပထမဦးဆုံး အမျိုးသမီး စီးပွားရေးဝန်ကြီး ဖြစ်လာသူ။
လာဂတ်၏ဘဝ၌ ပထမဦးဆုံး ဆိုသော ဖြစ်ရပ် အများအပြားနှင့် ကြုံတွေ့ခဲ့ရသည်။
နိုင်ငံတကာ၌ ထင်ရှားကျော်ကြားသော Baker Mekenzie ဥပဒေလုပ်ငန်း၏ ပထမဦးဆုံး အမျိုးသမီးဥက္ကဋ္ဌ ဖြစ်ခဲ့သည်။
၂ဝဝ၉ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့ထုတ် The Financial Times သတင်းစာကြီးက ဥရောပစီးပွားရေးဇုန်၌ အကောင်းဆုံး၊ အတော်ဆုံး ဘဏ္ဍာရေးဝန်ကြီး အဖြစ် ရွေးချယ် သတ်မှတ်ခံရသူဖြစ်သည်။
၂ဝဝ၉ ခုနှစ်အတွက် နိုင်ငံတကာတွင် ဩဇာအာဏာ အရှိဆုံး အမျိုးသမီးများကို Forbes မဂ္ဂဇင်းကြီးက ရွေးချယ်ရာ လာဂတ်သည် ၁ရ ယောက်မြောက် အမျိုးသမီး အဖြစ် အရွေးခံရပြန်သည်။
ထိုသို့သော အရည်အသွေးများနှင့် ပြည့်စုံသော ခရစ္စတင်း လာဂတ်သည် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ International Monetry Fund – IMF အဖွဲ့ ညွှန်ကြားရေးမှူးရာထူးမှ နုတ်ထွက် သွားသော Dominique Strauss Kahn နေရာ၌ ဝင်ရောက် အရွေးခံမည်ဟု ၂ဝ၁၁ ခုနှစ်၊ မေလ ၂၅ ရက်နေ့၌ တရားဝင် ကြေညာခဲ့သည်။
[မှတ်ချက် ။ ။ ၂ဝ၁၁၊ ဇွန်လ ၂၉ ရက်နေ့တွင် ရရှိသောသတင်းများအရ၊ သူမကို IMF ညွှန်မှူးရာထူးအတွက် အတည်ပြု ရွေးချယ်လိုက်ပြီဖြစ်သည်။ စာတည်းအဖွဲ့]

ဆောင်းပါး အရှည်ကို ဒီအပတ်ထုတ် ဈေးကွက်ဂျာနယ်တွင်ဝင်ရောက်ဖတ်ကြည်.ပါကသူ.အကြောင်းအသေးစိတ်နှင်.တကွ IMF နှင်.အာရှသားတို.အကြောင်းသိနိင်မည်ဖြစ်ကြောင်းစာညွန်းလိုက်ရပါသည်

2 comments

  • kai

    July 8, 2011 at 4:05 am

    အရင်လူကတော့ နယူယောက်ဟိုတယ်ကမိန်းမကိစ္စနဲ့ ပြုတ်သွားတယ်..။ 🙂

  • MaMa

    July 8, 2011 at 6:37 am

    (အရက်ကို မည်သည့်အခါမှ မသောက်သုံးသူ။)
    အနောက်တိုင်းသူက အရက်ကို မည်သည့်အခါမှ မသောက်သုံးဘူး ဆိုပါလား။ အရှေ့တိုင်းသူတွေကတော့ ကိုရီးယားကားကြည့်ပြီး အရက်ကို တော်တော်သောက်လာကြပြီ။
    🙁

Leave a Reply