ကျွန်ုပ် အသိဉာဏ်တိုးပွားရသော နေ ့တစ်နေ ့

မောင် ပေJuly 7, 20111min16112

ပြောမယ့်သာ ပြောရသာဗျ

အများက  “ကျွဲ”  လို ့ဖတ်နေကြတဲ့ “ ဤ ”  ကို ဝင်ပြောချင်တာ ဆိုတော့ နဲနဲတော့ လန် ့တာပေါ့နော် ။ ဒါပေမယ့် လဲ ဘာဖြစ်ဖြစ် အနည်းဆုံး ဖတ်စရာ တစ်ခု တော့  ဖြစ်တန် ကောင်း ပါ ရဲ  ့လေ ဆိုပြီး ရေးမယ်ဗျာ ။

ဒီလိုဗျ တစ်ရက် က

ကျုပ် ရွာထဲ မှာ တစ်ပို ့စ်ချင်း စီ ဖတ်နေတုန်း ၊ ချာတိတ် တစ်ယောက် က အံ့ဩတကြီး ပြောလာတယ် ။ 

“ ကိုပေ လည်း ဒီဆိုက် ထဲ မှာ ဝင်ထားတာလား တဲ့ ”

ဒါနဲ ့ ခပ်ဆိတ်ဆိတ်နေပြ လိုက်တော့ 

“ ကျွန်တော် လည်း အဲဆိုက့်မှာ ရက်ဂျစ်စတာ လုပ်ထားတယ် တဲ့ ”

ဒါနဲ ့ကျုပ်လည်း ရွာသားချင်း တော့ ဆုံရပြီပေါ့ ။  အားရဝမ်းသာ နဲ ့

“ မင်း က ဘာနာမည် နဲ ့လဲ ”

လို ့  ဆိုလိုက်တော့

“ နာမည်တော့ မမှတ်မိတော့ဘူး ၊ ကြာပြီ  ”   တဲ့ ။

“ ဒါနဲ ့မင်း ပို ့စ်တွေ ဘာတွေ တင်ဖူးသလား လို ့မေးလိုက်တော့ ၊ တင်ဖူးတာပေါ့တဲ့ ၂ခု ၃ ခု လောက် တဲ့ ၊ ဒါနဲ ့ ၊ ဒါဆို မင်း ဘာတွေ များ တင်ခဲ့တာလဲ လို ့မေးကြည့်တော့ ၊ ပို ့စ်တင်တာများ ဗျာ…ကိုယ့်မေးလ်ထဲ သူများ ပို ့ထားတဲ့ တစ်ခုခု ကို ခပ်တည်တည် နဲ ့တင်လိုက် ပြီးနေတဲ့ဟာ ပဲ ၊ တဲ့ ။  ခင်ဗျားကော ဘာတွေ ရိုက်နေတာလဲ တဲ့ ။ ကျွန်တော့် လို ကော်ပီ ကူး ပြီး ပေ့စ် လုပ်လိုက် ပြီးနေတဲ့ဟာ တဲ့ ၊  ဒါနဲ ့အော် ဘာရယ်ညာရယ် မဟုတ်ပါဘူး ကွာ လို ့ ငါစဉ်းစားမိတဲ့ ဟာလေး ကို ဖတ်စရာအတိုလေး သဘောမျိုး ရေးကြည့်နေတာပါ လို ့ ဆိုလိုက်တော့  ခင်ဗျားနယ် ဗျာ ရှည်ရှည် ဝေးဝေး စဉ်းစားနေတယ် ၊ ကျွန်တော် အကြံပေးမယ် ဒီလိုလုပ် ၊ တဲ့ ၊ ဒါနဲ ့ဘယ်လို လုပ်ရမှာလဲ ဟ  ”

လို ့ဆိုလိုက်တော့

“  ဒီနည်းက နာမည်ကြီးဖို ့အရမ်းလွယ် အရမ်းမြန်တာနော် ။ သေချာမှတ်နော် ၊ ကျွန်တော် ပြောတဲ့အတိုင်း ခင်ဗျား လုပ်လို ့ခင်ဗျား နာမည်ကြီး စာရေးဆရာ ဖြစ်လာရင် ကျွန်တော့် ကို ့မမေ့ရဘူးနော် ”

“ အေးပါကွာ ၊ မမေ့ပါဘူး …ကဲပါ ပြောကြည့်စမ်းပါဦး ” လို ့ဆိုလိုက်တော့

“ ခင်ဗျား အကြည်တော် ဘီလူး ဝတ္ထု ဖတ်ဖူးတယ်မလား ”

“ အေး ဖတ်ဖူးတယ် ”

“ ဒီလိုလုပ်လေ ၊ အကြည်တော် က ဘီလူး ဆိုပြီး ရေးထားတာကို ခင်ဗျား က သူရဲ ဆိုပြီး ခေါင်းစဉ်ပေး ၊ ပြီးရင် ဘီလူး က ရွာမှာ ထန်းရည်မူးတာ တို ့သူကြီးသမီး ကို ကြိုက်တာ တို ့၊ အင်းဂလိပ်တွေ ကို တော်လှန်တာတို ့ဘာတို ့ကို ခင်ဗျား က ဒီလို ပြန်ရေး ။  သူရဲ က ဘီအီးမူးတယ် ၊ ရပ်ကွက်လူကြီး နဲ ့မတည့်ဘူး ။ ရပ်ကွက်လူကြီး ရဲ  ့ကစ်ပင် ကို မရမက ကြံတယ် တို ့၊ နောက်ပြီး ခင်ဗျား ဇါတ်ကောင် ကို တစ်ခုခု ကို တော်လှန်ခိုင်းလိုက်ဗျာ ၊ မဟုတ်ဘူးလား ။ ကဲ ဘယ်လောက် လွယ်သလဲ ။ ပို ့စ်တင်တာများ လွယ်လွန်းလို ့လွယ်လွယ်လွယ် နဲ ့တောင် ထအော်လိုက်ချင်သေး ”

သူ ့စကား အဆုံး ၊ ကျွန်ုပ် လည်း

“ ဟ ကောင်းလှချီလား ဟ မောင်ရင့် အကြံ က ၊ ဒါနဲ ့ ပြဿနာ တက်ခဲ့ရင်ကော ဘယ်လို လုပ်ကြမလဲ ”

“ အာ ခင်ဗျား နှယ် ပိန်းတိန်းလိုက်တာ လွန်ရော ၊ လူ ့ပြည် က အပ်တစ်စင်း နဲ ့ဗြဟ္မာပြည့် က အပ်တစ်စင်း တွေ ့ဖို ့မလွယ်ပေ မယ့်  လူတစ်ယောက်ရဲ  ့စိတ်ကူး နဲ ့တစ်ခြားလူတစ်ယောက် ရဲ  ့စိတ်ကူး နဲ ့ကတော့ အမြဲ တိုက်ဆိုင် နိုင်ပါတယ် ပေါ့ ဗျာ ၊ ဥပမာ ဆိုရရင် တစ်ဦးက ထမင်းစားချင်စိတ် ပေါက်လာချိန်မှာ နောက်တစ်ဦး ကလဲ သူ ့ဘာသာသူ ထမင်းစားချင်စိတ် ပေါက်တာ ကို ခင်ဗျား တို ့ဘာပြဿနာ ရှာချင်တာလဲ ဘာလဲ နဲ ့ ခပ်တည်တည် ပြန်အော် လိုက်လေ ။ ဘာခက်တာ မှတ်လို ့ ”

“ အေးကွာ ၊ ဟုတ်သား ပဲ ။ မင်း ပြောလိုက်တော့ လဲ ရှင်းနေတာပဲ ၊ ဟုတ်ပြီလေ ဒါဆို သေချာ မှတ်ထားလိုက်တော့မယ် ။ ဟုတ်ပြီလား ”

“ အောင်မယ်  ဒီလို လွယ်လွယ်တော့ ဘယ်ရမလဲ ၊ ကျုပ်ပြောသလို ခင်ဗျား လုပ်မှာ ပါ သေချာပါတယ် ။ ဒီတော့…လာလာ ဘီယာလေးတော့ အရင်လိုက်တိုက် လိုက်ဦး ၊ ခင်ဗျား ရှင်းပြ ရတာ အာမောတယ် ။ လာလာ  ”   ဟု ဆိုကာ ကျွန်ုပ် လက် ကို ဇွတ်ဆွဲ ခေါ  ်နေသဖြင့်  ကျွန်ုပ် သိရှိမိလိုက်သော အဖိုးတန် အကြောင်းအရာ များ ကို ရွာသူ ရွာသား များ အပျင်းပြေ ဖတ်ရန် အလို ့ငှါ တိုက်ပင်းလေး ရိုက် ၊ Publish လုပ်လိုက်ရပါကြောင်း ။

အားလုံး ကို ကျေးဇူးတင်ပါသည် ။

 

12 comments

  • windtalker

    July 7, 2011 at 7:14 pm

    ဪ ရေးဖို ့တစ်ခု ကျန်ခဲ့လို ့
    အကြည်တော် ရဲ ့“ လူလည်ကြီးများရွာ ” ဆိုတဲ့ စာအုပ်လေး ကို ဖတ်ကြည့်မယ် ဆိုရင်
    သော်တာဆွေ ဘာသာပြန်ထားတဲ့ “ ဘော့ပရစ်တီး ဝတ္ထုတိုများ ” စာအုပ် ထဲ က ပထမ ဆုံး ဝတ္ထုလေးနဲ ့ဇါတ်လမ်း များ မတူ ဘူးလား လို ့ ။

  • ဆူး

    July 7, 2011 at 7:40 pm

    လုပ်ကြပေါ့ ရှင့်တို့က ရဲတွေပဲ.. ဒီနှစ် အတွင်း ဆံပင်တွေ ပိုဖြူ လာသလား တွေးမိတယ်။

  • Big Defender

    July 7, 2011 at 8:22 pm

    လုပ်တာတော့လုပ်ပေါ့ဗျာ
    ကျွန်တော်မပါဘူးP

  • naywoonni

    July 7, 2011 at 8:28 pm

    ခပ်ပေါပေါ စာအုပ်တွေ မဖတ်လို့ မသိလိုက်ဘူးတော်ကာရေ……… မင်းကတော့ မထသ ပဲ…။

  • unclegyi1974

    July 7, 2011 at 8:56 pm

    နာမည်ကြီးချင်သလား
    ပိုလွယ်တဲ့နည်းဘပေးမယ်
    စာရွက်ကြီးကြီးပေါ်စာလုံးကြီးကြီးရေး(နာမည်)
    သွားလေရာတိုင်ထောင်ကိုင်သွား
    လွယ်လွယ်လေး

  • windtalker

    July 7, 2011 at 9:05 pm

    ဆရာသုမောင် ဟောပြောပွဲ တစ်ခု မှာ ဟောခဲ့တာလေး ရှိတယ်ဗျ ။
    ကျုပ်ရေးတာ နဲနဲ လွဲနေရင် ကျုပ် အပြစ်ပါနော် ကျုပ် အသုံးမကျလို ့ပါ လို ့ပြောကြပါ
    ဆရာသုမောင် ဟောခဲ့တာလေး ကို အရမ်းကြိုက်လို ့ပြန်share ရရင်
    ` မောင် တို ့စာ ပေ ပေါင်းစုံ ဖတ်ကြပါ ၊ အယုတ်စွဆုံး မမြင်ကွယ်ရာ မှာ ဖတ်ရတဲ့ စာအုပ်တွေ ပါ ဖတ်ကြပါ ။ အဲ အရမ်းတော့….လိုက်မလုပ်ကြနဲ ့ပေါ့…..ကောင်းတာကိုယူ ၊ မကောင်းတာကို ပယ်ကြပါ ´ လို ့
    ဆရာသုမောင် က ဟောပြောပွဲ တစ်ခု မှာ ဟောခဲ့ဖူးပါတယ် ။

  • MaMa

    July 7, 2011 at 9:49 pm

    မတတ်အပ်သည့် ပညာမရှိ။
    အသုံးချသင့် မချသင့် သာ စဉ်းစားချင့်ချိန် ရပေမည်။- လို့ မှတ်သားဖူးပါတယ်။

  • ရွှေ မင်း သား

    July 7, 2011 at 10:01 pm

    “ ဒီနည်းက နာမည်ကြီးဖို ့အရမ်းလွယ် အရမ်းမြန်တာနော် ။ သေချာမှတ်နော် ၊ ကျွန်တော် ပြောတဲ့အတိုင်း ခင်ဗျား လုပ်လို ့ခင်ဗျား နာမည်ကြီး စာရေးဆရာ ဖြစ်လာရင် ကျွန်တော့် ကို ့မမေ့ရဘူးနော် ”
    မိုးဟေကို ဘယ်လိုနာမည်ကြီးသွားလဲ သိတယ်နော်…….
    သူ့ ရဲ့ကြိုးစားအားထုတ်မှု ကို ပြောပါတယ်။
    သူ့ ရဲ့ ဆန်းလဲပါတာပေါ့….
    သူလို လိုက်တုကြပေမယ့် သူ့ကိုမမှီတာတွေ တော့ရှိတာပေါ့….
    ကြိုစားကြည့်ပါလား။
    း)

  • Yan Shin

    July 7, 2011 at 10:31 pm

    အင်း……………………….
    ဘယ်လိုမန်းရရင်ကောင်းမလဲ…..
    ဒီလိုပဲ ဆယ်ပိုင့်ယူတာကကောင်းပါတယ်လေ။
    အမှိုက်မဖြစ်တော့ဘူးပေါ့။

  • ရွှေဘိုသား

    July 8, 2011 at 10:08 am

    နံမည်ကြီးချင်တာတော. ကောင်းပါတယ်။ ကြိုးစားမှုတိုးတက်တာပေါ.
    ဒါပေမဲ. အမေရိကန်သမ္မတ လင်ကွန်း ကိုသတ်ပြီး နံမည်ကြီးချင်တဲ. ပြဇာတ်မင်းသားလိုတော. လိုက်မလုပ်နဲ.
    လူမုန်းတာပဲရှိမယ်

  • မောင်ဘလိူင်

    July 8, 2011 at 1:27 pm

    ဟုတ်တယ်..ဘော့ပရစ်တီး နဲ့တူတာ..။အကြည်တော်ကို သော်တာဆွေတို့ ကုသ တို့ လွှမ်းမိုး
    ခဲ့ပုံပဲ။

  • လေ ပြော သူလေးရေ
    ညောင်မြစ်မတူးပါနဲ့ကွယ်………..
    တော်ကြာပုတ်သင်ဥထွက်မလာဘဲ
    အမိူက်တွေထွက်လာတော့ အားလုံးနံကုန်ပါမယ်ကွယ်

Leave a Reply