စာအိတ်

Big DefenderJuly 7, 20111min12710

ကျွန်တော်တို့ လိုင်းကားစီးရင်ခဏခဏ တွေ့ရတာရှိတယ်။

ကိုရင်လေးတွေ  စာအိတ်လေးတွေလာလာ ပေးတာလေ။ နောက်ပြီးတော့ပြန်လာသိမ်းသွားရော။

အဲဒါကိုရွာသူရွာသားတွေလည်း ကြုံဘူးမှာပါ။ နောက်ပြီးတော့ထူးခြားတာ တစ်ခုကတော့ဘယ်

လက်မောင်းမှာ ဆေးမင်ကြောင်ထိုးတာကိုတွေ့ရတာ ။ ဒါကတော့ ကျွန်တော်တွေ့ရတာကိုပြော

တာ။ အဲဒါဘယ်လိုများပက်သက်နေလဲမသိဘူးနော်။

10 comments

  • ဆူး

    July 7, 2011 at 8:18 pm

    လက်မောင်းမှာ ဆေးမှင်ကြောင် ထိုးထားတာတော့ မပြောတတ်ဘူး။
    တနေ့က သီလရှင်ကျောင်းကို ရောက်တော့ ဆန်ခံရတဲ့ အကြောင်းနဲ့ ဆန်ရတာကို စုပြီး ချက်စားရတဲ့ အကြောင်း ရှားပါးလို့ မလောက်မငှ ဖြစ်တယ် ဆိုတဲ့ အကြောင်း ပြောပြတယ်။
    အဲဒီ ကျောင်းက သီလရှင်တွေလည်း အိမ်ရှေ့ကြွပြီး ဆန်ခံနေကျ လှူလည်း လှူဖြစ်တယ်။ တကယ်လည်း စာတွေလေ့လာ သင်ယူနေတဲ့ သီလရှင်တွေ အများကြီးပဲ ပညာတတ် သီလရှင်တွေ တရားကို ကျင့်ကြံ အားထုတ်နေတဲ့ သူတွေလည်း အများကြီးပါပဲ။ သီလရှင် အများစုက အလှူခံ ထွက်တယ်ဆိုရင် ဥပုသ် မတိုင်ခင် ၂ရက် က အလှူခံ ထွက်တဲ့ နေ့ပါပဲ။

    အမြဲမြင်ကျ သီလရှင် ၂ပါး ရှိသေးတယ် ဘယ်ကျောင်းကမှန်း လည်း မသိ ပုံစံက ပေစုပ်စုပ်နဲ့ အသက် ၅နှစ် ၆နှစ် အရွယ် ၂ပါးက သီလရှင် ဆန်ခံ ထွက်တဲ့ နေ့မဟုတ်တဲ့ နေ့မှာ ဖလားလေး ပိုက်ပိုက်ပြီး အလှူလာခံတယ်။ အလှူခံရင်း ပြောတယ် ဆန်ပြန်ဝယ်မလားတဲ့.. တော်တော် လန့်သွားတယ်။ အကြောင်းအမျိုးမျိုးပြပြီး ကျောင်းစာအုပ်ဖိုး ဘာဖိုး ညာဖိုး လှူပါလား ဒကာမကြီးရယ် ဆိုပြီးကို လာတာ.. နောက်ဆို အဲဒီ ၂ပါး ကိုတော့ ဆောတီးပဲ.. ကောက်ညှင်းထဲ ကြွက်ချေး ရောတဲ့ လူတန်းစားတွေ.. အဲလို လူတွေကြောင့် တကယ် လုပ်တဲ့ လူတွေကို အထင်သေး အမြင်သေး ကြည့်ခံရပါလား ဆိုတဲ့ အတွေး ဝင်မိတယ်။

  • Big Defender

    July 7, 2011 at 8:27 pm

    ဟုတ်တယ် ကျွန်တော်လည်းနောက်ဆို မလှူမိအောင်ကို
    ဖြစ်သွားတာမမဆူးရယ်။ လူကို စေတနာကုန်အောင်လုပ်နေတာလို့
    ထင်ပါတယ်ဗျာ။ကျွန်တော်ဆို အခေါက်ခေါက်အခါခါပဲ။

  • windtalker

    July 7, 2011 at 9:15 pm

    ကျုပ်လည်း မန်းရမယ် ဆိုရင်
    ကျုပ်ဆီမှာ ဦးပုသ်မတိုင်ခင် ရှေ ့နှစ်ရက် ( အဝေးပိတ် ၊ အနီးပိတ် ) အမြဲတမ်း
    သီလရှင်များ ကို ဆန်လောင်းလှူပါတယ် မိဘများလက်ထက်ကတည်းက ယနေ ့ထိပါ
    (ကောင်းမှု ကို လည်း အမျှဝေ ပါတယ် နော် )
    ကြာတော့ ဘာတွေကို တွေ ့လာရသလဲ ဆိုရင်
    အစစ် ၁၀ဝ ဆို အတု ၁၀ဝ ဆိုကလား
    ဆန်လှူလောင်းလိုက်လို ့ ဆုတောင်းရွတ်ရင် ဘာတွေ ရွတ်လို ့ရွတ်မှန်းကို ကောင်းကောင်း နားထောင်လို ့မရဘူး ဗျ ။
    နောက်ပြီး ရှိသေးတယ်
    တစ်ကြော့ နှစ်ကြော့ တေးကိုသီကြတယ်
    အဲရှိသေးတယ်
    တစ်ချို ့က ကြ တော့
    ၃ ပါး ပဲ ကြွလာပြီး ` ဒကာကြီး နောက်မှာ ၃ ပါး ပါသေးတယ် ´ တဲ့
    ဒါနဲ ့အဲ့လို ကြုံရပါများလို ့ တစ်ပါးချင်းပဲ လောင်းမယ် ဆရာလေး လို ့ဆိုလိုက်ပြန်တော့လည်း
    သူ ့ဆုတောင်းက တစ်မျိုးဗျ ……မျက်နှာဆူပုတ်သွားပြီး ဘာတွေ ရွတ်မှန်းမသိ ရွတ်တယ်ဗျ
    ထားပါ မနေနိုင်လို ့တွေ ့ဖူးတာလေး ဝင်ပြောမိပါတယ် ။ မကောင်းပါဘူး ဗျာ ။
    စိတ်ထဲ တွေးနေတာတွေ ပြန်ဖျောက်ဦးမှပါပဲ ။

  • mzm

    July 9, 2011 at 12:19 pm

    199ကိုတိုင်လိုက် ပြီးရောဘယ်ဘက်လက်မှာဆေးမှင်ကြောင်နဲ့ဆိုတော့ဒါစနေမောင်မောင်ဂိုဏ်းပဲဖြစ်မယ်နဲ့တူတယ်

  • မောင်ဘလိူင်

    July 9, 2011 at 12:57 pm

    မနက်စောစော တိုက်ခန်းတံခါးကို ခပ်ပြင်းပြင်း လာခေါက်ပြီး
    အလှူခံတာ မကြာခဏပဲဗျာ..

  • စေတနာသုံးတန်ပြတ်ရင်လှူ။
    မပြတ်ရင်မလှူနဲ့။
    လှူပြီးရင်လည်းနောက်ကြောင်းပြန်လှည့်မကြည့်နဲ့.
    ကျနော်ကတော့ ပြတ်တယ်။
    မလှူဘူးဗျာ။
    တကယ်ပြောတာ လှူစရာ
    မရှိလို့လေ.

    • ပန်းနု

      July 9, 2011 at 7:30 pm

      လေးပေါက် လောလောဆယ်လေးတင် တူမတစ်ယောက်လှူပြီးတာကို ဘာမလှူတာလဲ 😛

  • Mg Mg Fight

    July 9, 2011 at 7:32 pm

    တစ်ခါက တစ်ညနေမှာပေါ့။ မြေနီကုန်းမှာ ဘုန်းကြီးတစ်ပါးက မှော်ဘီကို ပြန်ဖို့ လမ်းစရိတ်မကျန်လို့ ဒကာကြီး အလှူခံပါတယ် တဲ့။ လှူလိုက်ပါတယ် ၂၀ဝတန် တစ်ရွက်။ နောက် ၃ ရက်လောက် နေတော့ အဲဒီဘက်ကို တစ်ခေါက်ရောက်တော့ ဒီဘုန်းကြီး နဲ့ ပြန်ဆုံပါတယ်။ သူက မမှတ်မိဘဲ ထပ်အလှူခံပါတယ်။ ဒီတစ်ခါတော့ တင်ပါ့ဘုရားဆိုပြီး မှော်ဘီ ကားလည်းလာရော စပါယ်ယာကို ခေါ်ပြီး ကားခ ပေးလိုက်ပါတယ်။ မှော်ဘီထိ တင်သွားပါ။ လမ်းမှာ လုံးဝ မချပါနဲ့ လို့ မှာလိုက်တယ်။ လမ်းမှာ ဆင်းမယ်ပြောရင် ရဲစခန်းကိုသာ ပို့လိုက်ဆို ပြီးတင်ပေးလိုက်တယ်။ ဘုန်းကြီး(အယောင်ဆောင်ဖြစ်မှာပါ) လည်း မငြင်းသာဘဲ ပါသွားပါလေရော။ မှတ်ကရော….

  • Big Defender

    July 10, 2011 at 8:37 pm

    ဟုတ်ပါတယ်

  • pan pan

    July 11, 2011 at 2:17 pm

    မနေ့က အိမ်ကိုအလှူခံလာတယ်
    အိမ်ကမောင်လေးကလည်း ဘုမသိဘမသိ အလှူခံဆိုတာနဲ့ လှူလိုက်တာပဲ
    မလှူချင်လို့ပြောတာမဟုတ်ပါဘူး
    လာတဲ့လူကိုကြည့်ဦး
    ပျောက်ကျားရှော့ပင်ဘောင်းဘီနဲ့ တီရှပ်နဲ့ ရှာထိုးဦးထုပ်နဲ့
    တိုက်ခန်းပေါ်ထိ တက်လာပြီး တံခါးခေါက်တာ
    ဘုန်းကြီးလည်း တစ်ပါးမှ မပါဘူး
    သူတစ်ယာက်တည်း
    အဲလိုလည်းရှိသေးတယ်

Leave a Reply