ဆန်(၂) ဆန် ဘုရားသမိုင်း

mandalarthuJuly 7, 20113min1013

ထူးဆန်း အံ့ဖွယ် ဆန်(၂) ဆန်  ဘုရားသမိုင်းအကျဉ်း

၁၃၇၁ -ခုနှစ်၊  ကဆုန်လဆန်း(၁၃)ရက်၊       (၆.၅.၀၉)  ဗုဒ္ဓဟူးနေ ့   ညနေ(၅း၃၀)နာရီခန် ့တွင်   မန ္တလေးမြို ့၊  ချမ်းအေးသာစံမြို  ့နယ်၊၈၄x၈၅လမ်းနှင့်  ၃၂x၃၃လမ်းကြား၊ ယွန်းဝင်းယပ်ဝင်းရှိ  မဟာလောကဇိနရံသီ  စေတီတော် ဘုရားဝင်းအတွင်း၌  ပေါက်ရောက်လျက်ရှိသော   သက်တန်းနှစ်(၁၅၀)ခန် ့ရှိ  ဗမာကုကိ္ကုပင် ကြီးသည်  လေတိုက်သဖြင့်  လဲကျသွားခဲ့၏။ လဲကျစဉ်က ဓမ္မာရုံအတွင်းရှိ ဘုရားများနှင့် အနီးရှိအိမ်တို ့မှ လူများအား လုံးဝထိခိုက်ခြင်းမရှိပေ။


                                                             ယင်းကုက္ကိုပင်ကြီးကို (၂၃-၅-၂၀၀၉) ရက်နေ ့တွင်  ခုတ်ထွင်ရှင်းလင်းပြီး (၂၄-၅-၂၀၀၉) ရက်နေ ့တွင်  ပန်းပုဆရာကိုထွန်းလင်းအဖွဲ.သားများ၊ရပ်ကွက်ထဲကလူများ၏အကူအညီယူကာ ကရိန်းကားကြီးဖြင့် ဘုရားဝင်းအတွင်းမှ  ဆွဲထုတ်ကြသည်။                                      (၂၅-၅-၂၀၀၉)ရက်နေ.တွင်ကုကိ္ကုပင်ကြီးကိုလိုအပ်သလို လွှကြီးများဖြင့်ဖြတ်ပိုင်းပြီး၊ ကရိန်းကားနှစ်စီး  မ,ယူပြီး  ရေတံခွန်တောင်ခြေရှိ   သစ္စဝေဒဂူ မိုးကုတ်ရိပ်သာသို ့  အပြီးသယ်ဆောင်ခဲ့ကြပါသည်။.

သစ္စဝေဒဂူဆရာတော် ဦးခေမာစာရ၏ လမ်းညွှန်မှုြဖင့် “ဘုရားဒါယကာ  ဦးညိုဝင်း+ဘုရားဒါယိကာမ  ဒေါ်သီသီ”  (ရွှေသီဝင်း) မိသားစု မှ ဘုရားထုလုပ်ရန်  ပန်းပုဆရာ ကိုထွန်းလင်းအဖွဲ ့အား အပ်နှံခဲ့ပါသည်။

ထူးခြားသည်မှာ ကုကိ္ကုပင်  ကြီးအတွင်းရှိ  အမြစ်များသည်  အောက်မြေကြီးထဲသို ့ မဆင်းဘဲ  ပင်စည်အတွင်းမှနေ၍  အထက်ပေ(၇၀)ခန် ့အထိ ဆန်တက်နေသည်ကိုတအံ့တဩတွေ့မြင်ကြရခြင်းဖြစ်၏။


 

 


 




ထူးခြားလှသော  ဗမာကုက္ကိုတုံးကြီးများကို

 (၁)   (၃)ပေ(၂) လက်မ  အမြင့်ရှိ  ပင်ကုကိ္ကုသစ်မြစ်ဆုံကြီး၏  ဘေးပတ်လည်မှာ  မြတ်စွာဘုရား၏  အောင်ခြင်းရှစ်ပါးပုံတော် များကို  လက်ရာမြောက်စွာ ပန်းပုထုပုံဖော်ထားသည့်      အောင်ခြင်းရှစ်ပါး  ပလ္လင်ကြီးတစ်ခု

 


(၂) ပလ္လင်ကြီး ပေါ်၌  သီတင်းသုံးတော်မူသော  ဉာဏ်တော်(၄)ပေ အမြင့်ရှိ   ဘူမိဖဿမုဒြာရုပ်ပွားတော်သည်   ဗောဓိသစ္စာရ  မြတ်စွာဘုရား

 (၃)                  အလျား(၁၈)ပေ၊  အနံ(၄)ပေ (၄)လက်မရှိ၊ ခုတင်   ညောင်စောင်းပေါ်၌  သီတင်းသုံးတော်မူသည့်  ဉာဏ်တော်  အလျား (၁၈)ရှိ   ပရိနိဗ္ဗာန်စံတော်မူပုံ  ရုပ်ပွားတော်သည်   သနိ ္တသစ္စာရ မြတ်စွာဘုရား

                                                                                                             

              

                                                                                                                  သနိ ္တသစ္စာရ မြတ်စွာဘုရား

3 comments

  • Shwe Tike Soe

    July 8, 2011 at 9:48 am

    ပန်းပုလက်ရာတော်တော်ကောင်းတာပဲနော် ကြည်ညိုစရာကောင်းလိုက်တာ…
    ဒီတစ်ခေါက်မန္တလေးရောက်ရင် သွားဖူးအုံးမယ်..

  • ဆူး

    July 8, 2011 at 10:54 pm

    ပန်းပု တော် တော့လည်း သစ်လုံးကနေ ကြည်ညိုဖွယ် အဆင်းရှိတဲ့ ဘုရား ဆင်းတု ဖြစ်သွားတယ်။

  • shwe ni

    July 8, 2011 at 11:53 pm

    ကြည်ညိူစရာ အလွန်ကောင်းပါတယ် ။ မြန်မာ ပန်း(၁၀) မျိုးကို အားပေး ထိန်းသိမ်းသင့်နေပါပြီ ။ ဘာဂလေ က ဆရာတယောက်က သူအိမ်မှာ မြန်မာ (ရှမ်းလက်ရာ) ယွန်းဘုရား ရှိတယ် ၁၉၉၃ ကသယ်လာတာတဲ့ . သူကတော့မြန်မာရှေးဟောင်းပစ်စည်းရတယ် ဆိုပြီး ကြွားပြောတာ . ကိုကတော စိတ်အနှောက်အယှက်တွေဖြစ်ရတယ် ။

Leave a Reply