ကမာ္ဘလှည့်ခရီးသည် ၄၀ဝခန့်ပါဝင်သော MV. Crystal Symphony ဇိမ်ခံသင်္ဘောကြီး ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာ

klnMay 5, 20101min520

ကမာ္ဘလှည့်ခရီးသည် ၄၀ဝနီးပါး၊ သင်္ဘောဝန်ထမ်း ၅၅ဝကျော် စုစုပေါင်း လူဦးရေ ၁၀၀ဝနီးပါးပါဝင်သော MV. Crystal Symphony ဇိမ်ခံသင်္ဘောကြီး ရန်ကုန်ဆိပ်ကမ်းသို့ မေလဆန်းတွင် ရောက်ရှိလာမည်ဖြစ်ကြောင်း၊ Myanmar Voyages ကုမ္ပဏီမှ သိရသည်။ အဆိုပါသင်္ဘောကြီးမှာ ၂၀၀၉၊ ၂၀၁ဝခရီးသွားရာသီတွင် နောက်ဆုံးအနေဖြင့် လာရောက်လည်ပတ်သောသင်္ဘောကြီးဖြစ်ပြီး ကမာ္ဘလှည့်ခရီးသည်အများဆုံးပါဝင်သော သင်္ဘောလည်းဖြစ်ကြောင်း၊ ရန်ကုန်သီလဝါဆိပ်ကမ်းသို့ ဆိုက်ရောက်မည်ဖြစ်ကာ ရန်ကုန်ရှိအထင်ကရနေရာများသို့ လည်ပတ်လေ့လာမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့လာရောက်လည်ပတ်ကြသည့် ကမာ္ဘလှည့် ခရီးသည်များတွင် တရားရိပ်သာများသို့ သွားရောက်ကာ လေ့လာမည့်သူများလည်း ပါဝင်ကြောင်း သိရှိရသည်။ MV. Crystal Symphony ဇိမ်ခံသင်္ဘောမှာ ၂၀၀၁ခုနှစ်က ပထမအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ခရီးသည်နှင့် သင်္ဘောဝန်ထမ်း ၁၂၂ရဦး ပါလာခဲ့ကြောင်း စတုတ္ထအကြိမ်အဖြစ် ယခုရောက်ရှိလာခြင်းဖြစ်ကာ ရန်ကုန်မြို့တွင်းခရီးစဉ်များအပြင် ပဲခူး၊ ပုဂံ၊ မန္တလေး၊ အင်းလေးသို့ Overland Tour အဖြစ် သွားရောက်မည်ဖြစ်ပြီး သုံးရက်တာခန့် ဒေသန္တရဗဟုသုတရှာဖွေမည်ဖြစ်ကြောင်း၊ MV. Crystal Symphony သင်္ဘောမှာ ထိုင်းနိုင်ငံဖူးခက်ဆိပ်ကမ်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ဝင်ရောက်ပြီး အိန္ဒိယနိုင်ငံ ကိချင်ဆိပ်ကမ်းသို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။