စိတ်ညစ်နေလား..သူငယ်ချင်း

စိတ်ညစ်နေလား ….သူငယ်ချင်း

သူငယ်ချင်းရေ ,
မင်းစိတ်ညစ်နေတယ်ဆိုလို့ ငါစာရေးလိုက်ပါတယ် ။

လူတိုင်းမှာခံစားချက် အမှတ်တရဆိုတာတွေ ကိုယ်စီရှိတတ်ကြတယ် ။
မင်းမှာလည်းရှိမှာပဲ ။ မခံစားနဲ့လို့ မပြောချင်ပါဘူး ။ ဒါပေမယ့်
အလုပ်တာဝန် နဲ့ ဘဝရဲ့ဝတ္တရားတွေကိုမေ့လျော့ ပျက်ကွက်တဲ့အထိတော့
မဖြစ်စေချင်ဘူး ။
သတိရတာက ရပါ ။ သတိနည်းနည်းတော့ ထားစေချင်ပါတယ် ။

တစ်ချို့တွေက အရက်သောက်ပြီးဖြေရှင်းကြတယ်၊တစ်ချိုကတော့
ဆေးလိပ်သောက်ပြီးဖြေရှင်းကြတယ်
။မူးယစ်ထုံထိုင်းစေတတ်တဲ့ဆေးဝါးတစ်ချို့မှီဝဲတာလည်းပါတယ်။

တစ်ချို့ ကတော့သူငယ်ချင်းတွေနဲ့အပြင်ကိုလျှောက်သွားကြတယ်၊တစ်ချိုကတော့
သီချင်းနားထောင်တာတို့ ၊ အသံအရမ်းဆူညံပြီး ပေါက်ကွဲလွယ်တဲ့သီချင်းတွေကို
ဆိုပစ်လိုက်တာတို့ လုပ်တတ်ကြတယ် ၊တစ်ချိုကတော့ ပန်းချီဆွဲတယ်
၊ကဗျာရေးတယ်၊ဝတ္တုရေးပြီးခံစားချက်ကို ဖေါက်ခွဲတတ်ကြပါတယ်။
ဘယ်လိုပဲ အနုနည်း အကြမ်းနည်းတွေနဲ့ ကုစားကုစား စိတ်ထဲက ဒဏ်ရာ ဒါမှမဟုတ်
အမှတ်ရစရာလေးတွေကတော့ အမြစ်ပြတ်သွားမှာမဟုတ်ပါဘူး ။ဒါလေးတွေလုပ်နေတုန်းခဏ
တော့ မေ့သွားသလိုလိုရှိတယ်။နောက်တော့ပြန်သတိရလာတာပဲလေ ။ခဏပဲသက်သာတော့
နောက်ပြန်ပြီးတစ်ခါလုပ်ရပြန်တာပေါ့ ။

တစ်ချို့က တိုင်ပင်ဖေါ်သူငယ်ချင်းမိတ်ဆွေထားပြီးရင်ဖွင့်တတ်ကြသေးတယ် …
ဒါလဲ မကောင်းသေးဘူး ….
သူက ကိုယ်အနားမှာဘယ်လောက်ရှိပေးနေနိုင်မှာလည်း… သူမရှိတဲ့အချိန်
ကိုယ်တစ်ယောက်တည်းနေရတဲ့အချိန်တွေမှာ ဘာလုပ်ရမလဲ…. စဉ်းစားပါနော်…..
တကယ်တမ်းကိုယ်နဲ့ အမြဲရှိနေနိုင်တာက ကိုယ့်စိတ်ပဲရှိတယ်…။

…..တကယ်တမ်းဖြစ်လာတော့ ကိုယ့်ကိုယ်ကိုပဲအားကိုကြရတာပါ .. ဘယ်သူမှ
လာလုပ်ပေးနိုင်တာမဟုတ်ပါဘူး ။
ဒီတော့ ကိုယ့်စိတ်လေးချမ်းသာဖို့ကို ကိုယ့်အားကိုယ်မကိုးပဲ
သူများအားကိုးတယ် ဆိုတာ…ကိုယ့်ဘဝကို
သူ့လက်ထဲပေးလိုက်သလိုဖြစ်နေမှာပေါ့….
ငါ့ဘဝကတော့ နင်မရှိရင်သွားပါပြီဟာ………နင်ရှိမှဖြစ်မှာ…အဲဒီလိုမျိုးဖြစ်သွားမှာပေါ့..
ကိုယ့်ကိုကူညီပါ့မယ်ဆိုတဲ့လူကိုယ်တိုင်က အဲဒီလိုခံစားချက်တွေ
မကင်းသေးတဲ့လူ ဖြစ်နေမှာအမှန်ပဲ သူှု့ဒုက္ခနဲ့သူရှိနေတဲ့လူက သူတပါးကိစ္စကို
အပြည့်အဝကူညီပေးနိင်မှာမဟုတ်ဘူး ။
အပေါ်ယံလောက်ပဲရမယ် … နွံအိုင်ထဲမှာနစ်နေတဲ့သူအချင်းချင်း နင့်ကိုငါ
ကယ့်ပါ့မယ်ပြောနေသလိုပါပဲ …

ဒီတော့ ကို်ယ်အားကိုယ်ကိုးရမယ်ဆိုတာထင်ရှားနေပြီနော်….
စိတ်ချမ်းသာဖို့အရေးကိုအချိန်ဆွဲချင် သေးလား…. ရင်ဝ ကိုမြားမှန်တာကို
ဘယ်သူပစ်လဲ အရင်ရှာရမှာလား …? မြားဒဏ်ရာကို ဆေးကုမှာလာ ……?
သေချာစဉ်းစားနော်…….. စိတ်ချမ်းသာမယ့်အချိန်ဆိုတာ အခုပါ………..
မနက်ဖြန်မှ မဟုတ်ဘူး ..
နောက်နေ့မှမဟုတ်ဘူး… အခု လက်ရှိအချိန် မှာစိတ်ချမ်းသာဖို့အရေးအကြီးဆုံးပါပဲ …..

( နည်းကောင်းလေးတစ်ခုရှိတယ် )

တစ်ယောက်ယောက်ကို သတိရတာနဲ့ အဲဒီသတိရတဲ့ စိတ်ကလေး ကို အပြစ်မတင်ပဲ၊
မေ့ပစ်ဖို့မကြိုးစားပဲ သတိရနေတဲ့စိတ်ကလေးကို သေသေချုာချာ
ဂရုစိုက်ပြီးကြည့်နေပါ ။ အဲဒီစိတ်ကလေးက အမြဲတမ်း
ဆက်တိုက်ဖြစ်နေတာမဟုတ်ဘူးဆိုတာကို တွေလာလိမ့်မယ် ။ပျောက်သွားလိုက်
ပြန်ပေါ်လာလိုက်နဲ့ အဆက်မပြတ်ဖြစ်နေတာကိုတွေရလိမ့်မယ် ။မင်း လုပ်ရမှာ က
သတိရတဲ့စိတ်လေး လွမ်းတဲ့စိတ်ကလေး ကို မေ့ ပစ် ဖို့
မကြိုးစားပဲ၊တစ်ခြားအာရုံတစ်ခုနဲ့အစားထိုးဖို့မကြိုးစားပဲ သေသေချာချာ
စူးစူးစိုက်စိုက် ကြည့်နေပေးရုံလေးပါပဲ ။ အရမ်းလွယ်ကူတဲ့နည်းလမ်းလေးပါပဲ
သူများကိုလည်း အားကိုးစရာ မလိုဘူး… အခုလုပ်ရင်အခုစိတ်ချမ်းသာမယ်..

(သေချာစဉ်းစားနော်…….. စိတ်ချမ်းသာမယ့်အချိန်ဆိုတာ အခုပါ………..
မနက်ဖြန်မှ မဟုတ်ဘူး ..
နောက်နေ့မှမဟုတ်ဘူး… အခု လက်ရှိအချိန် မှာစိတ်ချမ်းသာဖို့အရေးအကြီးဆုံ
းပါပဲ …..)

ခင်မင်မှုများစွာဖြင့်
ရွှေအိမ်စည်

ဆောင်ပါးကိုကြိုက်နှစ်သက်လျှင်စာရေးသူအမည်ထိကူးတင်ပြီးမှမျှဝေပါရန်တောင်းဆိုပါတယ်

16 comments

  • etone

    July 8, 2011 at 3:18 pm

    ရေးထားတာကိုတော့ နှစ်သက်ပါတယ် … ကူးပြီးတော့ မဝေချင်ပါဘူးနော် … ယူတို့ သူငယ်ချင်းအချင်းချင်းရေးတဲ့စာမျိုးမို့လို့ပါ 😛 😛 😛

    • shweaeimsi

      July 8, 2011 at 3:52 pm

      Ning ဆိုဒ်တွေ ကလေ..ကူးတင်ရင်..သူ ့တို ့ရေးသလိုလိုဘာလိုလို..ရေးကြလို ့ပါ..။

    • shweaeimsi

      July 8, 2011 at 3:53 pm

      ဟယ်…..ေျနွ ရာသိဆို..အပူရှပ်မှာပေါ့..စိတ်ညစ်ချိန်ပြောတာပါ

    • Yin Nyine Nway

      July 8, 2011 at 9:05 pm

      ဂစ်တာတီး….ဟုတ်တော့ဘူးလား
      ဂစ်တာကြိုးပျက်နေလို့ထင်တယ်

  • ကိုကိုလူဆိုး

    July 8, 2011 at 5:34 pm

    စိတ်ညစ်လိုက်တာ သိန်း ၁၀၀ဝ ထီဆုကလည်းမပေါက် ထီဘိုးလည်းကုန် .နောက်ဆုံးဆေးလိပ်သောက်ဘို့ချန်ထားတဲ့ ငွေယားလေးတောင် ပေါက်စဉ်ဘိုးနဲ့ ကုန်သွားတယ် 😀

  • pooch

    July 8, 2011 at 8:12 pm

    စမ်းကြည့်တာပေါ့ ရွှေအိမ်စည်ရယ်… ဟုတ်လိုဟုတ်ငြား…

  • ဆူး

    July 8, 2011 at 9:52 pm

    စိတ်ညစ်ရင် အိပ်လိုက်.. ပျော်သွားလိမ့်မယ်။

  • ရွှေဘိုသား

    July 9, 2011 at 9:28 am

    ဒီဆိုဒ်ထဲကလူတွေများ ကူးပြီးတင်တဲ.သူတွေကျနေတာပဲ ပြောပုံက
    ဘယ်သူမှ ကော်ပီ ကူးပြီးမတင်ဘူး
    ကျွန်တော် တစ်ယောက်ပဲ တင်တာပါဗျာ တခါတလေ

    • shweaeimsi

      July 9, 2011 at 9:31 am

      လု လူ လူး

      မည်သို့ပင်ဖြစ်စေ…….

      လူတွေသည်
      အကျိုးအကြောင်းလဲ မသိ
      ကျိုးကြောင်းဆင်ခြင်ခြင်းလဲ မရှိ
      အတ္တစိတ်လဲ များလှသည်။
      မည်သို့ပင်ဖြစ်စေ မေတ္တာထား လိုက်ပါ။

      လူတွေသည်
      ကောင်းသောအမှုကို
      သင်မည်မျှပြုသော်လည်း
      မရိုးမသား
      ကိုယ်ကျိုးစီးပွားရေးအတွက်ပါဟု
      စွပ်စွဲကြလိမ့်ဦးမည်။
      မည်သို့ပင်ဖြစ်စေ
      ကောင်းသောအမှုကိုပြုမြဲပြုပါ။

      -သင်အောင်မြင်ပြီဆိုလျှင်
      သင်၌ မိတ်ဆွေအတုအယောင်များရော
      ရန်သူစစ်စစ်များရော
      ရရှိလာလိမ့်မည်။
      မည်သို့ပင်ဖြစ်စေ
      အောင်မြင်ရန်သာ အားထုတ်ပါ။

      -ရိုးဖြောင့်ခြင်း၊ပွင့်လင်းစွာ
      စကားပြောဆိုခြင်းကြောင့်
      သင့်မှာ ထိခိုက်စရာတွေ
      ကြုံကောင်းကြုံရလိမ့်မည်။
      မည်သို့ပင်ဖြစ်စေ
      ရိုးဖြောင့်ပွင့်လင်းစွာသာ
      ပြောဆိုဆက်ဆံပါ။

      -ယနေ့ သင်ပြုသော
      ကောင်းသောအမှုကို
      မနက်ဖြန်
      သူတို့ မေ့ကောင်းမေ့လျော့ကြလိမ့်မည်။
      မည်သို့ပင်ဖြစ်စေ
      ကောင်းသောအမှုကို ပြုမြဲပြုပါ။

      -အကြီးကျယ်ဆုံး
      စိတ်ကူးဉာဏ်ရှိသည့်
      အမြင့်မားဆုံးပုဂ္ဂိုလ်သည်လည်း
      အနုံချာဆုံး စိတ်ထားရှိသည့်
      အသေးမွှားဆုံးပုဂ္ဂိုလ်ထံမှ
      ဝေဖန်ခြင်း၊
      ကဲ့ရဲ့အပုပ်ချခြင်း ခံချင်ခံရနိုင်သည်။
      မည်သို့ပင်ဖြစ်စေ
      ကြီးကျယ်မြင့်မြတ်စွာသာ
      စဉ်းစားကြံစည်ပါ။

      -လူတွေသည်
      နိမ့်ပါးသူအောက်လူများကို
      စေတနာပိုတတ်ကြသည်ဆိုလဲ
      လက်တွေ့၌
      အပေါ်စီးရသူ၊
      ထိပ်ဆုံးလူများ
      နောက်သို့သာ လိုက်ပါကြသည်။
      မည်သို့ပင်ဖြစ်စေ
      နိမ့်ပါးသူအောက်လူတို့အတွက်သာ
      ရပ်တည်တိုက်ပွဲဝင်ပေးပါ။

      -နှစ်ပေါင်းများစွာ
      သင်တည်ဆောက်ခဲ့သောအရာသည်
      နေချင်းညချင်းပြိုလဲ
      ဖျက်ဆီးခြင်းခံချင်ခံရလိမ့်မည်။
      မည်သို့ပင်ဖြစ်စေ
      တည်ဆောက်စရာရှိတာကို
      ဆက်၍သာတည်ဆောက်ပါ။

      • zoe

        July 9, 2011 at 11:40 am

        ဒါက ” Anyway “ကဗျာ ကို ဘာသာ ပြန် ထား တာ ပါ ။ တ ကဲ့ မူရင်း ရေးသူ က Kent M. Keith လို့ ခေါ်ပါတယ် ။ Mother Teresa နဲ့ဆက်နွှယ်သွား လို့ကဗျာ နံမယ်ကြီးသွား တာ ပါ ။ဘယ်သူ ဘာသာပြန် ထားလဲ ဆိုတာ ဖော်ပြနိုင် ရင်ကောင်း မယ် ။ shweaeimsi ပြန်တာလား ဟင် ။ ဘာပဲ ဖြစ်ဖြစ် ကျေးဇူး တင်ပါတယ် ။

        http://dbooth.org/guat2000/small/teresa.htm

        Mother Teresa’s Anyway Poem

        People are often unreasonable, illogical and self centered;
        Forgive them anyway.

        If you are kind, people may accuse you of selfish, ulterior motives;
        Be kind anyway.

        If you are successful, you will win some false friends and some true enemies;
        Succeed anyway.

        If you are honest and frank, people may cheat you;
        Be honest and frank anyway.

        What you spend years building, someone could destroy overnight;
        Build anyway.

        If you find serenity and happiness, they may be jealous;
        Be happy anyway.

        The good you do today, people will often forget tomorrow;
        Do good anyway.

        Give the world the best you have, and it may never be enough;
        Give the world the best you’ve got anyway.

        You see, in the final analysis, it is between you and your God;
        It was never between you and them anyway.

        [Reportedly inscribed on the wall of Mother Teresa’s children’s home in Calcutta, and attributed to her. However, an article in the New York Times has since reported (March 8, 2002) that the original version of this poem was written by Kent M. Keith.]

        • shweaeimsi

          July 11, 2011 at 5:30 pm

          ငယ်ငယ်ကတော့..အဖေ ကဘာသာပြန်ပေးတာပါ..။
          ဒါပေမယ့်ကျနော်တို ့အလေးမထားခဲ ့မိဘူး…
          စာရေးဆရာဖေမြင့်ရဲ ့စာအုပ်ထဲ မှာပြန်တွေ ့လို ့ကျက်မိတာလေးပါ..
          ဆရာနဲ ့တူမတူတော့မသိဘူ..ပြန်တိုက်ကြည့်ပေးမယ်…
          ကျနော်ကလည်း..ရွီးပြိးရေးတတ်တယ်လေ

  • manawphyulay

    July 9, 2011 at 3:46 pm

    စိတ်ညစ်တဲ့အခါ အရင်တုန်းကတော့ လျှောက်သွားတယ်။ နောက်ပိုင်းတော့ ဝက်ဘ်ဆိုက်ရေးဖြစ်ခဲ့တယ်။ ရင်ထဲခံစားချက်တွေကို ရေးရင်းနဲ့ ပျော်ရွှင်အောင်နေကြည့်မိတယ်လေ…. http://myanmargazette.net/6289/creative-writing လေ့လာမှတ်သားသွားပါတယ်ရှင်။

  • pan pan

    July 11, 2011 at 3:02 pm

    စိတ်ညစ်ရင် ရွာထဲလျှောက်လည်
    စိတ်ညစ်တာပျောက်ကရော

  • ရွှေဘိုသား

    July 11, 2011 at 3:46 pm

    ရွာထဲလျှောက်လည်တော. ရေခပ်ဆင်းတဲ. မပန်ပန်တို. မမ မနောဖြူတို. မမအိတုန်တို.ရှိတော.
    စိတ်ညစ်ပြေသွားတာပေါ.

Leave a Reply