ဒီဇိုင်းဆိုင်ရာ လေ့လာသုံးသပ်မိခြင်း

manawphyulayJuly 8, 20111min11110

အမြင်ဒီဇိုင်းပညာရပ်ဆိုတဲ့ Visual Art & Design ကိုတော့ အခြေခံအားဖြင့် သိနားလည်ထားဖို့လိုပါတယ်။ အမြင်ဒီဇိုင်းပညာဟာလည်း အနုပညာက ရှေးဆုံးကလို့ ဆိုလို့ရပါတယ်။ အင်း ဒါကြောင့် အနုပညာ ပါရမီရှင်များအဖို့တော့ အမြင်ဒီဇိုင်းဆိုင်ရာ အမြင် ခံစားနိုင်မှု၊ နားလည်သဘောပေါက်မှု၊ ဖန်တီးနိုင်စွမ်းဆိုတဲ့ အရာတွေဟာ မွေးကတည်းက ပါလာကြတာမို့ ဒီပညာရပ်ကို သိမထားပဲ ဖန်တီးနိုင်ကြပါတယ်။ ထူးခြားတဲ့ အနုပညာပါရမီရှင်များကို ချွင်းချက်ထားပြီး ဒီဇိုင်းပညာရပ်ကို တကယ်ဝါသနာပါ လိုက်စားလိုသူတွေအတွက် အမြင်ဒီဇိုင်းပညာရပ်ရဲ့ အခြေခံတွေကို မသိလို့ မဖြစ်နိုင်ပါဘူး။
ဒီပညာရပ်မှာ အရေးအကြီးဆုံးထားပြီး ပထမဆုံးအနေနဲ့ သိနားလည်ဖို့ လိုအပ်တာကတော့ ခံစားနားလည်မှု၊ ဝေဖန်အကဲဖြတ်နိုင်မှု စွမ်းရည် Appreciation ပါပဲ။ ဒီဇိုင်းတစ်ခုကို မြင်တဲ့အခါ ဒီဇိုင်းရဲ့အလှအပကို ခံစားနားလည်နိုင်မှု စွမ်းရည်ရှိမှသာ ကိုယ်ကိုယ်တိုင် ဒီဇိုင်းဖန်တီးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ပါရမီကို လိုက်လို့ တစ်ဦးနဲ့တစ်ဦး ခံစားနိုင်ရည် မတူကြတာကို လေ့လာတွေ့ရှိရပါတယ်။ နောက်ပြီး ဒီဇိုင်းနဲ့ ပတ်သက်လို့ Sensitivity ကောင်းဖို့လည်း လိုအပ်ပါတယ်။ Sensitivity ကောင်းတယ်ဆိုတာ ဆက်ပြီး လေ့ကျင့်နေမှသာ အချိန်အခါလိုက် ပြောင်းလဲလာနေတဲ့ Space, Time, Motion စတဲ့ အနုပညာကို ထိရုံနဲ့ သိနေမှာ ဖြစ်ပါတယ်။
ကျွန်မ လေ့လာမိသလောက်ပေါ့လေ… အဲဒီတော့ အမြင်ဒီဇိုင်းရဲ့ အခြေခံဖြစ်တဲ့
၁။ ဒီဇိုင်းဆိုင်ရာ ခံစားနိုင်မှု (Sensitivity)
၂။ ဒီဇိုင်းအကဲဖြတ်နည်း (Appreciation)
၃။ ဒီဇိုင်းဆိုင်ရာ အတွေးအခေါ် (Design Thoughts)
၄။ ဒီဇိုင်းအခြေခခံမှုများ (Design Principles)
ဆိုတဲ့ အချက်လေးချက်ကို အနည်းဆုံး သိအောင် လုပ်ရမယ်လို့ ကျွန်မ လေ့လာသုံးသပ်မိပါတယ်။ ဒီဇိုင်းဆိုတာဟာလည်း ပြောတော့သာ လွယ်တာ လေ့လာမယ်ဆိုရင် တော်တော်လေးကို နက်ရှိုင်းလှပါတယ်။ ကျွန်မတို့လို မသိနားမလည်တဲ့သူတွေအတွက် ကိုယ်တိုင်လေ့လာရုံနဲ့ မရပါဘူး။ အိုင်တီနယ်ပယ်မှာရှိတဲ့ မိတ်ဆွေအပေါင်းအသင်း ဆရာသမားများက ပညာများ ဖြန့်ဝေမယ်ဆိုရင်တော့ အတိုင်းထက်အလွန် ဖြစ်မိမှာပါ။ ငပိဖုတ်တာတောင် ဆရာမပြရင် နည်းမကျဆိုသလိုပေါ့။ အရင်ရောက်နေတဲ့သူတွေက သွားမယ့်လမ်းကြောင်းပေါ်ကို ခေါ်ဆောင်မှသာ လမ်းမှန်ကို ဖြောင့်ဖြောင့်ကြီး ရောက်မယ်လို့ ကျွန်မ မျှော်လင့်မိပါတော့တယ်။

10 comments

  • ကိုကိုလူဆိုး

    July 8, 2011 at 4:57 pm

    ဒါ ဖတ်ပြီးမှ Designer လုပ်ပါ

    ရှာရှာဖွေဖွေဖတ်ထားတာလေးတွေ ပြန်ရှဲတာပါ….ဒီဇိုင်းကိုစိတ်ဝင်စားတဲ့သူငယ်ချင်းရှိရင်ပေါ့

    နောက်ပီး အခုလိုသိမ်းထားတော့ ကိုဖတ်ချင်တဲ့အခါ တကူးတက သွားပီးဖိတ်စရာမလိုပဲ ဒီမှာပဲဖိတ်နိုင်တာပေါ့ 😛

    ဒီဇိုင်နာ တစ်ယောက် ဖြစ်ဖို့ လွယ်တယ်လို့ သင်ထင်ပါသလား။ ဒီဇိုင်းနဲ့ ပတ်သက်တဲ့ သင်တန်းတွေ တက်မယ်၊ တစ်ချို့တွေကတော့ သင်တန်း မတက်ဘူး။ ကိုယ်တိုင် လေ့ကျင့်မယ်။ အဲဒီနောက်မှာတော့ ဒီဇိုင်နာ အလုပ်တစ်ခု ဝင်လျှောက်မယ်၊ အဲဒီလို မလျှောက်ချင်ဘူး ဆိုရင်တော့ Freelance Designer လုပ်မယ် ဆိုပါတော့။ အများသူငါတွေက ဒီဇိုင်းတွေ အပ်ကြမယ်။ ကိုယ်က သူတို့လိုချင်တဲ့ ပုံစံတွေကို ဖန်တီးပေးမယ်၊ ပိုက်ဆံ ရမယ်။ ဒီလို တွေးကြည့်ရင်တော့ ဒီဇိုင်နာ လုပ်ရတာ မခက်ပါဘူ;/

    Wyeth Hansen Design

    ဒါပေမယ့် တကယ့်ကို တော်တဲ့ ကျွမ်းကျင်တဲ့ ဒီဇိုင်နာ၊ ဒေါင်ဒေါင်မြည် ဒီဇိုင်နာ တစ်ယောက် ဖြစ်ဖို့ဆိုရင် လေ့ကျင့်မှုတွေ အများကြီး လုပ်ဖို့ လိုပါတယ်။ အပြင်းအထန် ကြိုးစားဖို့ လိုပါတယ်။ မြှတ်နှံပြီး လုပ်ဖို့ လိုအပ်ပါတယ်။ အကယ်၍ သင့်အနေနဲ့ ခုမှ ဒီဇိုင်နာ ဖြစ်ဖို့ ကြံစည်နေတဲ့ သူတစ်ယောက် အနေနဲ့ ဆိုရင် ဒီဇိုင်နာအလုပ်ကို မေဂျာနေရာမှာ ထားရမလား၊ မိုင်နာ နေရာမှာ ထားရမလား စသည်ဖြင့် သိချင်လာပါလိမ့်မယ်။ ကိုယ့်အနေနဲ့ ဒီဇိုင်နာ တစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်း ပြုသင့်မပြုသင့် စမ်းစစ်ကြည့်ချင် လာပါလိမ့်မယ်။ ဒီလို မြှတ်နှံပြီး လုပ်ရမယ့် နေရာတွေမှာ အချိန်ပေးပြီး လုပ်ရမယ့်နေရာတွေမှာ ခရီးတော်တော်ပေါက်မှ မဖြစ်နိုင်မှန်း သိတဲ့အခါ တော်တော် စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒါကြောင့် မစခင်ကတည်းက ဖြစ်နိုင် မဖြစ်နိုင် ကြိုတင် စမ်းစစ်တာ အကောင်းဆုံးပါပဲ။ ကဲ ကျွန်တော်တို့ ကိုယ်ကိုယ်ကို ဒီဇိုင်နာ မဖြစ်သင့်တဲ့ အချက်တွေ စမ်းစစ်ကြည့်ရအောင် …

    ၁။ သင့်မှာ အနုပညာ ဓာတ်ခံမရှိရင် ဒီဇိုင်နာ မလုပ်ပါနဲ့

    ဒီလိုပြောလိုက်ရင် နည်းနည်းတော့ ခေါင်းခြောက် သွားပါလိမ့်မယ်။ တစ်ချို့တွေက ဒီဇိုင်နာနဲ့ အနုပညာဓာတ်ခံကို ခွဲခြားပြီး တွေးတတ်လို့ပါ။ လုံးဝမဆိုင်တဲ့ သီးခြား အုပ်စုတွေလို့ မြင်တတ်ကြပါတယ်။ တစ်ချို့တွေကတော့ အနည်းငယ် ဆက်စပ်မှု ရှိတယ်လို့ လက်ခံကြပါတယ်။

    Scrarch Guitar Singer

    တကယ့် သဘောမှာတော့ အဲဒီလို အမျိုး မတူဘူးလို့ တွေးတာ အနုပညာ ဓာတ်ခံမရှိပဲ ဒီဇိုင်နာ ဖြစ်နိုင်တယ် ဆိုတဲ့အတွေးဟာ မှားတယ်လို့ ဆိုနိုင်ပါတယ်။ ဒီဇိုင်နာဆိုတာ အနုပညာသမားပါပဲ။ အနုပညာ ဓာတ်ခံရှိတဲ့သူတွေ ဖြစ်ပါတယ်။ အဲဒီလို ဘာကြောင့် ဆိုနိုင်သလဲဆိုရင် ခုခေတ်မှာ တကယ့်အောင်မြင်တဲ့ ဒီဇိုင်းတွေ၊ ဖန်တီးချက်တွေ အားလုံးဟာ အနုပညာ ပစ္စည်းတွေ ဖြစ်လို့ပါပဲ။

    အကောင်းဆုံးဆိုတဲ့ ဒီဇိုင်းလိုဂိုတွေ၊ Website ဒီဇိုင်းတွေ အများစုဟာ စာရွက်ပေါ်မှာ ရေးခြစ်ပုံဖော်ပြီး ဒီဇိုင်းအဆင့်ကို စခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါက Website တွေမို့ ထားပါဦး။ ကွန်ပျူတာပေါ်မှာ ဒီဇိုင်းတွေ ဆွဲနိုင်ဖို့ အထောက်အပံ့ ပေးနေတဲ့ Photoshop လို Illustrator လို Software တွေမှာလည်း အနုပညာမြောက် ပစ္စည်းတွေ အပြင်မှာလို ဖန်တီးနိုင်အောင် စီစဉ်ပေးထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အနုပညာ ဓာတ်ခံ မရှိရင် ဒီဇိုင်နာ မလုပ်ပါနဲ့။

    ၂။ ဒီဇိုင်းတွေကို မချစ်တတ်ရင် ဖန်တီးဖို့ အရူးအအမူးမဖြစ်ရင် ဒီဇိုင်နာ မလုပ်ပါနဲ့

    တကယ့်ကို ဒေါင်ဒေါင်မြည် ဒီဇိုင်နာတွေဆိုတာ ဒီဇိုင်းတွေကို ချစ်တတ်ကြသလို ဖန်တီးဖို့လည်း အရူးအမူး စိတ်အား ထက်သန်ကြပါတယ်။ ဒီဇိုင်းဖန်တီးနေတဲ့ အချိန်မှာ ထမင်းမေ့ဟင်းမေ့ လုပ်တတ်ကြပါတယ်။ ရူးသွပ်တယ် ဆိုတာ ကြိုက်တယ်၊ နှစ်သက်တယ် ဆိုတာထက် အများကြီး ပိုပါတယ်။ အဲဒီနေရာမှာ ရူးသွပ်မှု အဆင့်ကို ဘယ်လို တိုင်းတာမလဲ။ အဓိကက ဒီဇိုင်းသမားဟာ ဒီဇိုင်းဆွဲဖို့သာ အာရုံကျနေဖို့ပါ။ ဒီ ဒီဇိုင်းက ပိုက်ဆံ ဘယ်လောက် ရမှာလဲ၊ ဘယ်လောက် အထိလုပ်ရမှာလဲ၊ စသည်ဖြင့် တွေးမနေတတ်ပဲ ဒီဇိုင်းက ဒီဇိုင်းအတွက်၊ Art for Art Sake ဆိုသလို တွေးတော ဖန်တီးနေတာမျိုးပါ။ အဲဒီလို အရူးအမူး ဖြစ်နေမှသာ အသစ်တွေကို ဖန်တီးနိုင်သလို အသစ်တွေကို ဆာလောင်တတ်လာမှာ ဖြစ်ပါတယ်။

    Art for art sake

    အဲဒီအပြင် ကိုယ့်အနေနဲ့ ဒီဇိုင်နာ တစ်ယောက် အရူးအမူးကို ဖြစ်ချင်နေဖို့ လိုပါတယ်။ မဟုတ်ရင်တော့ ဒီဇိုင်နာကောင်း တစ်ယောက် ဖြစ်လာမှာ မဟုတ်ပါဘူး။

    “လက်ကုန်သွားတယ်” ဆိုတဲ့ ပြဿနာဟာ ဒီဇိုင်နာတွေအတွက် အဓိက အတားအဆီး ဖြစ်ပါတယ်။ အဲဒီလို လက်ကုန်သွားတဲ့ အချိန်မှာ စာရေးတာပဲ ဖြစ်ဖြစ် ဒီဇိုင်းဆွဲတာပဲ ဖြစ်ဖြစ် ဘာမှ ရှေ့ဆက်လို့ မရ ဖြစ်သွားတတ်ပါတယ်။ အဲဒီလို လက်ကုန်သွားတဲ့ အချိန်မှာ လက်ပြန်တက်လာဖို့ အသစ်တွေကို ဆက်လက်ဖန်တီးဖို့ စောင့်ရတဲ့အချိန်ကို အတိအကျ ပြောလို့ မရတော့ပါဘူး။ အဲဒီလိုစောင့်ရင်း စောင့်ရင်း ပုံစံတူ ပရောဂျက် တစ်ခုများ ရောက်လာမလားလို့ တွေးရင် အချိန်တွေ ကုန်သွားတဲ့သူတွေ မနည်းပါဘူး။ အဲဒီလို လက်ကုန်ရခြင်း အကြောင်းအရင်းတွေကို ပြန်ကြည့်မယ်ဆိုရင် အကြောင်းအရင်းတွေက အများကြီး ဖြစ်လာပါလိမ့်မယ်။ အနုပညာ လွပ်လပ်ခွင့်မရတာ၊ ကြေးစားဒီဇိုင်နာ ဆန်လာတာ၊ အသစ်တွေကို တွေးတောဖို့ အချိန်မရတာ၊ ဉာဏ်မကွန့်မြူးနိုင်တာ၊ ကျင်လည်နိုင်တဲ့ နယ်ပယ် ကုန်သွားတာ စသည်ဖြင့် အများကြီး ရှိနိုင်ပါတယ်။ အဲဒီလို ဖြစ်လာပြီဆိုရင် ကိုယ့်ကို ပြန်လည် လက်တက်နိုင်ဖို့ အသစ်တစ်ဖန် ပြန်လည် မွေးဖွားပေးနိုင်ဖို့ တစ်ခုတည်းသော နည်းကတော့ ရူးသွပ်မှု ပါပဲ။ အဲဒီအချိန်မှာ ရူးသွပ်တဲ့စိတ် ကို ပြန်လည်မွေးမြူဖို့ လိုပါတယ်။ အဲဒီလို မွေးလိုက်မှ ဘေးကနေ သက်ရောက်နေတဲ့ အတားအဆီးတွေကို ဖယ်ရှား နိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ ဒီဇိုင်းတွေကို မချစ်ရင် ဒီဇိုင်းတွေကို ဖန်တီးဖို့ မရူးသွပ်ရင် ဒီဇိုင်နာ မလုပ်ပါနဲ့။

    ၃။ လွယ်လွယ်နဲ့ အရှုံးပေးတတ်သူ၊ အာရုံမစိုက်နိုင်တဲ့သူ၊ အချိန်မပေးနိုင်တဲ့သူဆိုရင် ဒီဇိုင်နာ မလုပ်ပါနဲ့

    ဒီဇိုင်နာတွေ အနေနဲ့ အာရုံစူးစိုက်မှု ရှိဖို့ဆိုတာ မရှိမဖြစ် လိုအပ်တဲ့ အချက်ဖြစ်ပါတယ်။ တစ်ခုတည်း အပေါ်မှာ အာရုံစူးစိုက်မှု ရှိရှိ ဈန်ဝင်စားပြီး လုပ်မှသာ ဒီဇိုင်းကောင်းတွေ ထွက်လာနိုင်ပါတယ်။ အဲဒီလို အာရုံစိုက်ပြီး ဒီဇိုင်းတွေကို ရေးဆွဲတဲ့အခါမှာလည်း တစ်ခါတစ်လေမှာ ၁၅ မိနစ်၊ နာရီ ဝက်နဲ့ ပြီးပြည့်စုံတဲ့ ဒီဇိုင်းတစ်ခု ထွက်လာနိုင်သလို တစ်ခါတစ်လေမှာ တစ်နှစ်၊ နှစ်ရက်၊ သုံးလေးရက် စသည်ဖြင့် အချိန်တွေ ကြာပြီး ဒီဇိုင်း ဖြစ်မလာတာလည်း ရှိတတ်ပါတယ်။ အဲဒီလို အချိန်မှာ လွယ်လွယ်နဲ့ လက်လျော့တဲ့သူ၊ အာရုံမစိုက်နိုင်တဲ့သူ အချိန်မပေးနိုင်တဲ့သူတွေ အနေနဲ့ ဘယ်လိုမှ ဒီဇိုင်းအလုပ် မလုပ်နိုင်ဘူးဆိုတာ အသိသာကြီး ဖြစ်ပါတယ်။

    Give up

    ကိုယ့်အနေနဲ့ ကြော်ငြာလုပ်ငန်းအတွက် ဒီဇိုင်နာလုပ်မယ်လို့ စိတ်ကူးထားသလား။ ဒါဆိုရင်တော့ အရောင်တွေချိန်းတာ၊ စွန်းထင်းနေတာတွေ ဖယ်ရှားတာ၊ တကယ့် အစစ်အမှန်အတိုင်း ဖြစ်အောင် ဖန်တီးတာ၊ ဖောင့်တွေမျိုးစုံသုံးတာ အရောင်းတွေ ကစားတာ စသည်ဖြင့် ပျင်းလောက်အောင် ထိုင်ပြီး လုပ်ရပါတော့မယ်။ တစ်ခါတစ်လေ ဒီဇိုင်းတစ်ခုကို တစ်ပတ်နဲ့တောင် မအပ်နိုင်တာမျိုးတွေ ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ့် အလုပ်မှာတော့ အချိန်ကန့်သတ်ချက်တွေ ရှိလာမှာ ဖြစ်ပါတယ်။ အဲဒီလို ကျဉ်းထဲကျပ်ထဲ ရောက်တဲ့အခါ လွယ်လွယ်နဲ့ အရှုံးပေးတတ်တဲ့သူ၊ အာရုံမစိုက်နိုင်တဲ့သူ၊ အချိန်မပေးနိုင်တဲ့သူ ဒီဇိုင်းနာလုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး။

    ၄။ ပေါင်းသင်းဆက်ဆံရေး မကောင်းရင် ဒီဇိုင်နာ မလုပ်ပါနဲ့

    ဒါကတော့ ကိုယ့်အဖွဲ့ကလူတွေနဲ့ အဆင်ပြေရဲ့လား ဆိုတဲ့အပေါ် မူတည်ပါတယ်။ အဖွဲ့လိုက် လုပ်ကိုင်ဆောက်ရွက် တတ်ရဲ့လား။ ဒီမေးခွန်း ကတော့ လူတိုင်း ရင်းနှီးပြီးသား ဖြစ်မှာပါ။ အလုပ်လုပ်ဖူးတယ် ဆိုရင်ပေါ့။ အဲဒီလိုပါပဲ ဒီဇိုင်နာ အလုပ်တွေမှာလည်း လူအများနဲ့ ပူးပေါင်း ဆောင်ရွက် နိုင်ဖို့ လိုပါတယ်။ ဒါကတော့ ဒီဇိုင်နာ တော်တော်များများ ဘဝင်မကျနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒီဇိုင်းဆွဲမယ်ဆိုရင် တစ်ယောက်တည်း ထိုင်ပြီးဆွဲချင် ကြပါတယ်။ ဒါပေမယ့် တကယ့် အလုပ်လောကမှာ အဲဒီလို လုပ်လို့ မရပါဘူး။ အပိုင်းလိုက် အကန့်လိုက် တာဝန်ယူကြရပါတယ်။ သူက Heading Design ကိုယ်က Body Design စသည်ဖြင့် တာဝန်ယူ ရေးဆွဲကြရပါတယ်။ အဲဒီအခါမှာ ပူးပေါင်းဆောင်ရွက်မှု မရှိရင် တကယ်တန်း Product အဖြစ် ပြန်ပေါင်းတဲ့အခါ ဘယ်လိုမှပေါင်းလို့ ကိုက်မှာ မဟုတ်တော့ပါဘူး။ သူက Color Scheme တစ်မျိုး၊ ကိုယ်က Color Scheme တစ်မျိုးဆိုရင် ဘယ်လိုမှာ ပေါင်းလို့ရမှာ မဟုတ်ပါ။

    Collaboration

    ဒါပေမယ့် ဒီဇိုင်း အလုပ်တွေမှာ တစ်ခါတစ်လေ တစ်ဦးတည်း ကြိတ်ရတာတွေလည်း ရှိပါတယ်။ အဲဒီလို တစ်ဦးတည်း ကြိတ်ရတာလည်း ရှိသလို ပူးပေါင်းဆောင်ရွက် ရတာလည်း ရှိပါတယ်။ အဲဒီအတွက် ပေါင်းသင်းဆက်ဆံရေး ကောင်းဖို့ ပူးပေါင်းဆောင်ရွက် တတ်ဖို့ လိုလာတာ ဖြစ်ပါတယ်။

    ပေါင်းသင်းဆက်ဆံရေး ကောင်းဖို့ ဆိုတဲ့နေရာမှာ ကိုယ့်ကို အလုပ်အပ်တဲ့သူတွေနဲ့ အဆင်ပြေတာ၊ ကိုယ့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေတာ စတဲ့အချက်တွေတင် ပြောတာ မဟုတ်ပါဘူး။ တကယ်တော့ ဒီဇိုင်းဆိုတာကလည်း အချင်းချင်း အပြန်အလှန် ဆက်သွယ်တဲ့ ကြားခံ ဖန်တီးမှု တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ပေါင်းသင်းဆက်ဆံရေး ပစ္စည်းတစ်ခုပဲလို့ ဆိုရင် မှားမယ် မထင်ပါဘူး။ ဒါကြောင့် ပေါင်းသင်းဆက်ဆံရေး ကောင်းရင် ပေါင်းသင်းဆက်ဆံရေး သဘောတရားတွေကို နားလည်ရင် ဒီဇိုင်းကောင်းကောင်း ဖန်တီးနိုင်မယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပေါင်းသင်းဆက်ဆံရေး မကောင်းရင် ဒီဇိုင်နာ မလုပ်ပါနဲ့။

    ၅။ ဝေဖန်မှုတွေ မခံနိုင်ရင် ဒီဇိုင်နာ မလုပ်ပါနဲ့

    လူတစ်ယောက်က ကိုယ့်အိမ်ထဲ ဝင်လာပြီး မင်း အခန်းကို ဒီလိုပြင်ပါလား၊ ဟိုလိုပြင်ပါလားနဲ့ ပြောရင် ဝေဖန်ရင်၊ ချက်ချင်း စိတ်တိုလာမှာ သေချာပါတယ်။ မခင်တဲ့သူဆို မျက်နှာကို လက်သီးနဲ့ ပိတ်ထိုး ပစ်ချင်စိတ် ပေါက်လာမှာ သေချာပါတယ်။ ဒါပေမယ့် ဝေဖန်ရေးဆိုတာ ဒီဇိုင်နာတွေ အတွက် မရှိမဖြစ် အရေးပါတဲ့ အရည်အသွေးထိန်းသိမ်းရေး၊ တိုးတက်ရေး အခန်းကဏ္ဍ ဖြစ်ပါတယ်။ အဲဒီလို ဝေဖန်တာကို ခံနိုင်မှလဲ တကယ့်ကို ကောင်းမွန်တဲ့ ဒီဇိုင်းတွေ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။

    Craticism

    လူတစ်ယောက်ရဲ့ အိုင်ဒီယာကို မကောင်းဘူးလို့ သွားပြောတာ တကယ်တော့ ဘယ်သူမှ ကြိုက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဝေဖန်မှုတိုင်းတော့ အလုပ်ဖြစ်မယ် တပ်အပ် မပြောနိုင်ပါဘူး။ ဝေဖန်မှုကို ကောင်းကောင်းမွန်မွန် တုန့်ပြန်တတ်ဖို့ လိုသလို ကိုယ်က ပြင်ဖို့ လိုနေရင်လည်း ပြုပြင်တတ်ဖို့ လိုပါတယ်။ ဒီလိုဆိုတော့လည်း ဝေဖန်လာတိုင်း လည်ပင်းကြောထောင်အောင် ပြန်ငြင်းခိုင်းတာ မဟုတ်ပါဘူး။ အကောင်းဆုံး ဒီဇိုင်းတစ်ခု ထွက်ပေါ်လာရေး ဆိုတဲ့ အခြေအနေအပေါ်မှာ မူတည်ပြီး အလုပ်သဘော ဝေဖန်ဆွေနွေးကြတာကို ဆိုလိုပါတယ်။

    အဲဒီလို ဝေဖန်မှုဆိုတာ ကိုယ့်လုပ်ဖော်ကိုင်ဖက် အချင်းချင်းတင် မဟုတ်ပါဘူး။ ကိုယ့်ကို အလုပ်အပ်သူတွေနဲ့ ပြောဆိုဆက်ဆံတဲ့ အခါမှာပါ အရေးပါ ပါတယ်။ ကိုယ်ကို လာအပ်တဲ့ Customer အနေနဲ့ ဒီဇိုင်း အလုပ်နဲ့ မရင်းနှီးနိုင်တာ အများကြီးပါမှာ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေမျိုးနဲ့ အလုပ်အပ်တာ ဆိုရင် ကိုယ့်က အကောင်းဆုံး ဆွဲထားပေမယ့် Customer အနေနဲ့ ဝေဖန်မှာ သေချာပါတယ်။ ဟိုဟာ ပြင်ခိုင်း ဒီဟာ ပြင်ခိုင်းတွေ ရှိလာပါလိမ့်မယ်။ အဲဒါအခါမှာ ကိုယ့်အနေနဲ့ ဝေဖန်မှုဒါဏ်ကို ခံနိုင်ရည်ရှိပြီး Customer နဲ့ ညှိနှိုင်းတတ်ဖို့ လိုပါတယ်။ အဲဒီလိုမှ မညှိနှိုင်းပဲ၊ နားလည်တာလဲ မဟုတ်ပဲနဲ့ လာဝေဖန်နေတယ်လို့ မြင်ရင်တော့ မျက်နှာကို လက်သီးနဲ့ ပိတ်ထိုး ပစ်ချင်စိတ်တွေ တစ်ဖွားဖွား ဖြစ်လာမှာ သေချာပါတယ်။

    ကိုယ်က Customer နဲ့ တိုက်ရိုက် ထိတွေ့ရတာ မဟုတ်ပဲ၊ အထက်မှာ ဘော့စ်နဲ့ သွားရတာမျိုးဆိုရင်လည်း ဝေဖန်မှုက လွတ်မှာ မဟုတ်ပါဘူး။ ကိုယ်က အကောင်းဆုံး ဖြစ်အောင် တစ်နေ့လုံး တစ်ညလုံးဆွဲထားတဲ့ ဒီဇိုင်းကို ဘော့စ်က အကောင်းမြင်ချင်မှ မြင်ပါလိမ့်မယ်။ အဲဒီအခါမှာ ဟိုဟာ မလုပ်နဲ့ ဒီဟာလုပ် စတဲ့ ညွှန်ကြားချက်တွေ ရလာနိုင်ပါတယ်။ အဲဒီအခါ ဝေဖန်မှုကို ခံနိုင်ရည် မရှိရင် မလွယ်ပါဘူး။ ဒီတော့ ဝေဖန်မှုဆိုတဲ့ အပူဒါဏ်ကို ခံနိုင်ရဲ့လား၊ မခံနိုင်ရင်တော့ ဒီဇိုင်နာ မလုပ်ပါနဲ့။

    Brainstorming ကို မကြိုက်ရင် ဒီဇိုင်နာ မလုပ်ပါနဲ့

    Designer နဲ့ Brainstorming ဆိုတာ အစာအဟာရနဲ့ ခန္ဒာကိုယ်လိုပါပဲ။ အစာမစားတဲ့ ခန္ဒာကိုယ် အသက်မရှင်နိုင်သလို Brainstorming မရှိတဲ့ Designer အနေနဲ့လည်း အသက်မရှင်တဲ့ ခန္ဒာကိုယ်နဲ့ မခြားပါဘူး။ Brainstorming တော့ လုပ်ပါရဲ့ အလုပ်ဖြစ်အောင် မလုပ်နိုင်ပြန်ရင်လည်း ဘာမှ အကျိုးထူးမှာ မဟုတ်ပါဘူး။

    Brainstorming

    Brainstorming လို့ ဆိုလိုက်တာနဲ့ အဖွဲ့လိုက် ငြင်းကြခုန်ကြ ဆွေးနွေးကြ အဲဒီလို တန်းမြင်တတ် ကြပါတယ်။ တကယ်တော့ Brainstorming က ကိုယ့်ဦးနှောက်ကို ကိုယ် မုန်တိုင်းပြန်ဆင်လို့ ရပါတယ်။ တကယ်တန်း Design ဆွဲနေတဲ့သူ အနေနဲ့ ကိုယ့်ဒီဇိုင်းကို မျိုးစုံစဉ်းစားရပါတယ်။ မကြိုက်လို့ အစက ပြန်ရေးရတာတွေလည်း ရှိတာပါပဲ။ အခက်အခဲမျိုးစုံကို ကျော်ဖြတ်ပါမှ Perfect ဒါမှမဟုတ် စိတ်ကျေနပ်မှု အဆင့်တစ်ခုရှိတဲ့ Design အဆင့် ရောက်တတ်တာ များပါတယ်။ ဒီလို အခက်အခဲတွေကို တစ်ခုပြီး တစ်ခု တွေးတော၊ အသစ်အသစ်တွေ စဉ်းစား၊ တစ်ခါတစ်လေ အစက ပြန်လုပ် ဆိုတာတွေကလည်း ဦးနှောက်မုန်တိုင်း ဆင်တာနဲ့ တူတူပါပဲ။ ဒါကြောင့် ဦးနှောက် မုန်တိုင်းဆင်တာကို မကြိုက်ရင် ဒီဖိုင်နာ မလုပ်ပါနဲ့။

    စနစ်တကျ စုစုစည်းစည်း မလုပ်တတ်ရင် ဒီဇိုင်နာ မလုပ်ပါနဲ့

    ဒီဇိုင်နာတိုင်း စနစ်တကျ စုစုစည်းစည်း လုပ်တတ်ဖို့ လိုပါတယ်။ ကိုယ်လိုတဲ့ အချိန်မှာ အသင်သုံးနိုင်အောင် စနစ်တကျ စုစည်းထားတတ်ဖို့ လိုပါတယ်။ ဖိုင်လေး တစ်ခုကအစ လိုတဲ့အချိန်မှာ တန်းရှာလို့ ရအောင် စီစဉ်ထားဖို့ လိုပါတယ်။ ဒါကတော့ ဒီဇိုင်နာတိုင် သိကြပါတယ်။ Graphic Designer ဆိုတာ နေရာတကာ အစအဆုံး ဆွဲနေလို့ မဖြစ်ပါဘူး။ အခမဲ့ယူသုံးခွင့် ရှိတာတွေကို မြန်မြန်ဆန်ဆန် အသုံးချတတ်မှ စနစ်တကျ ပေါင်းစပ်တတ်မှ အလုပ်ဖြစ်ပါတယ်။ အဲဒီလို ကိုယ်ကလိုချင်လို့ ရှာတဲ့အချိန် ကိုယ်လိုချင်တာ မရရင် အင်မတန် စိတ်အနှောက်အယှက် ဖြစ်ရပါတယ်။ အဲဒီလို စိတ်အနှောက်အယှက်ဖြစ်ရင် ဒီဇိုင်းဆွဲတဲ့နေရာမှာ အနှောက်အယှက် ဖြစ်စေပါတယ်။

    Disorganized

    အဲဒါတင်ပဲလာဆိုတော့၊ အများကြီး ရှိပါသေးတယ်။ Schedule တွေကိုလည်း စနစ်တကျ ထားတတ်ဖို့ လိုပါတယ်။ တကယ့်တော့ ဒီဇိုင်းအလုပ် ကိုယ်တိုင်က စနစ်တကျ စီစဉ်တဲ့အလုပ် ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ သတင်း အချက်အလက်တွေကို လူတွေ နားလည်လွယ်အောင် စနစ်တကျ စီစဉ်ရေးရတယ်ဆိုတာ ဒီဇိုင်းသမားရဲ့ အရေးကြီးတဲ့ အလုပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီတော့ စနစ်တကျ စုစုစည်းစည်း မလုပ်တတ်ရင် ဒီဇိုင်နာ မလုပ်ပါနဲ့။

    ပျင်းရင် ဒီဇိုင်နာ မလုပ်ပါနဲ့

    ပျင်းတယ်ဆိုတာ ဒီဇိုင်းကောင်းတွေရဲ့ ရန်သူပါပဲ။ ဒီလို ပျင်းတဲ့ ကိစ္စတွေကို အလုပ်ချိန်ပြည့် လုပ်ရတဲ့အခါ ပိုပြီး သိသာစေပါတယ်။ အလုပ်သဘော မဆန်ပဲ ကိုယ့်အိမ်မှာကိုယ် ပျော်တဲ့အခါလုပ်လိုက်၊ ပျင်းရင်ရပ်ထားလိုက် လုပ်လာခဲ့တာ တကယ့် အလုပ်နဲ့ နဖူးတွေ့ ဒူးတွေ့တွေ့တော့ ပျင်းတဲ့ ဒါဏ်ကို ခံရပါတော့တယ်။

    Lazy

    တကယ်တော့ ဒီဇိုင်းအလုပ်ဆိုတာ ပျင်းတဲ့အခါ ရပ်ထားလိုက်၊ ပျော်ရင် ထလုပ်လိုက် ဆိုတာမျိး လုပ်လို့မရပါဘူး။ အချိန်မှီ ပြီးရမှာတွေ ရှိသလို အချိန်မှီ လုပ်ရမှာတွေလည်း ရှိပါတယ်။ ပူးပေါင်းဆောင်ရွက်ရမယ့် ဒီဇိုင်းတွေဆိုရင် ပိုဆိုးပါတယ်။ ကိုယ်က ပျင်းနေလို့ ကျန်ခဲ့ရင် ကျန်တဲ့သူတွေပါ ဒုက္ခရောက်ရမှာ ဖြစ်ပါတယ်။ နောက်တစ်ခု ဆိုးတာက ဒီဇိုင်း အလုပ်ဆိုတာ အလုပ်ချိန်အတွင်း ဆိုပြီး အသေသတ်မှတ်ထားလို့ မရပါဘူး။ တစ်ခါတစ်လေ နေ့ရော ညပါဆက်တိုက် လုပ်ရတတ်ပါတယ်။ ဈန်ဝင်စားပြီး လုပ်မှသာ တကယ့် ကောင်းမွန်တဲ့ ဒီဇိုင်းထွက်နိုင်ပါတယ်။ ဒါကြောင့် အပျင်းကြောဖြတ်ထားမှသာ ဒီဇိုင်းအလုပ် လုပ်လို့ရမှာ ဖြစ်ပါတယ်။

    ကိုယ့်အနေနဲ့ တကယ့် ဒီဇိုင်နာ တစ်ယောက်လို အသက်မွေးဝမ်းကျောင်း ပြုမယ်ဆိုရင် အလုပ်လုပ်တဲ့အခါ ဝတ်ကျေတန်းကျေ လုပ်လို့ မရတော့ပါဘူး။ အကောင်းဆုံး အလုပ်လုပ်ဖို့ လိုလာပါတယ်။ အဲဒီလို လုပ်တယ်ဆိုတာ ကိုယ့်အရည်အသွေး တိုးတက်ရေး အတွက်လည်း အများကြီး အထောက်အကူပြုပါတယ်။ အပြဲတမ်း လေ့ကျင့်နေဖို့ လိုသလို အချိန်အကန့်အသတ်မရှိ အမြဲသင်ယူနေဖို့ လိုပါတယ်။ ဒါကြောင့် ပျင်းရင် ဒီဇိုင်နာ မလုပ်ပါနဲ့။

    အလုပ်ဆိုတာ လှုပ်ရှားနေရာမှ ကြိုက်တယ်ဆိုရင် ဒီဇိုင်နာမလုပ်ပါနဲ့

    ဒီဇိုင်းအလုပ်ဆိုတာ ရေကူး၊ ပြေး၊ တောင်တက် စတာတွေလို မဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားပြီး လုပ်ရတာမျိုး မဟုတ်ဘူးဆိုပါတော့။ ဒီဇိုင်နာ အများစုက ကွန်ပျူတာရှေ့မှာ ကျောက်ချပြီး ထိုင်နေရတာမျိုးပါ။ လှုပ်တာဆိုလို့ လက်လောက်ပဲ ရှိတာလေ။ ဒီတော့ လှုပ်ရှားနေရမှာ ကြိုက်တယ် ဆိုရင် ဒီဇိုင်းအလုပ် ဘယ်လို လုပ်တော့မလဲ။ သူက ဖင်သေ ထိုင်နေရတာမျိုးကို ကြိုက်မှ မကြိုက်တာ၊ ဒီဇိုင်သမားတွေ ကြည့်လိုက်ရင် သစ်ပင်ဆို အမြစ်ပါ တွယ်လောက်တယ်။

    Physically Active

    ဒါပေမယ့် ကွန်ပျူတာ သမားမှန်ရင် လမ်းကို ၁၅ မိနစ်တောင် မလျှောက်ချင်ကြတော့၊ ဒီဇိုင်းသမားပဲ ဖြစ်ဖြစ်၊ အခြား ကွန်ပျူတာနဲ့ ဆက်စပ်သူ မည်သူမဆို ကိုယ်ပိုင်အချိန်မှာ ကိုယ်လက်လှုပ်ရှားတော့ လုပ်သင့်ပါတယ်။ ဒါမှလည်း ကိုယ့်ရဲ့ ကျန်းမာရေးကို အကောင်းအတိုင်း ထိန်းသိမ်းထား နိုင်မှာ ဖြစ်ပါတယ်။

    ဘဝတစ်လျှောက်လုံး သင်နေရတာမျိုးကို မကြိုက်ရင် ဒီဇိုင်နာ မလုပ်ပါနဲ့

    ဒီဇိုင်းဆိုတဲ့ အလုပ်ဟာ အမြဲတမ်း သင်နေရတဲ့ အလုပ်မျိုး ဖြစ်ပါတယ်။ သူများဆွဲထားတဲ့ ဒီဇိုင်းတွေကို လေ့လာမယ်၊ သင်ယူမယ်၊ စမ်းသပ်မယ်၊ နည်းစနစ် အသစ်တွေ ထွက်တဲ့အခါ လေ့လာမယ်၊ စသည်ဖြင့် အမြဲတမ်း သင်နေဖို့ လိုပါတယ်။ တကယ်တော့ ဒီလိုအမြဲတမ်း သင်ယူနေဖို့ ဆိုတာ ဝါဿနာ ပါနေဖို့လည်း လိုပါတယ်။ ကိုယ်ဝါဿနာ မပါတဲ့ အလုပ်ကို ဘယ်သူမှ အမြဲတမ်း မသင်ယူနေချင်ပါဘူး။

    Life-long Learning

    ဒီထက်ဆိုးတာက ဒီဇိုင်းသမားတွေ အနေနဲ့ အသစ် အသစ်သော Software တွေက အချိန်နဲ့ အမျှ ထွက်နေတာ ဖြစ်ပါတယ်။ အဲဒီလို အသစ်တွေ ထွက်တိုင်းလည်း လိုက်သင်ဖို့ လိုသလို၊ နည်းစနစ် အသစ်တွေကိုလည်း သုံးတတ်အောင် အမြဲတမ်း လုပ်နေဖို့ လိုပါတယ်။ တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ အတွေးအမြင်တစ်ခုလုံးကို လမ်းကြောင်းပြောင်းပြီး သင်ယူရတာ မျိုးတွေတောင် ရှိတတ်ပါတယ်။ ဒါကြောင့် အမြဲတမ်း သင်နေရတာ မကြိုက်ရင် ဒီဇိုင်နာ မလုပ်ပါနဲ့။

  • ကိုကိုလူဆိုး

    July 8, 2011 at 5:09 pm

    ပိုတိုရှော့ ဝက်ဆိုဒ်များနှင့် ဒီဇိုင်းဆိုဒ်များ

    http://www.worth1000.com/tutorial.asp
    http://www.photoshopcafe.com/
    http://www.worth1000.com/tutorial.asp http://www.PlanetPhotoshop.com http://www.tutorialfind.com/tutorials/adobe http://www.adobe.com/products/tips/photoshop.html http://www.myjanee.com/jnetuts.htm http://www.absolutecross.com/tutorials http://rainworld.com/psworkshop/ http://www….mccannas.com/pshop/photosh0.htm http://www.phong.com/tutorials http://www.stewartstudio.com/tips/phototip.htm http://www.savvy.net/photoshop.htm http://www.deepspaceweb.com/index.php http://www.designsbymark.com/ http://www.voidix.com/tutorialsphotoshop.php http://www.psworkshop.net http://www.eyesondesign.net/pshop/tuts.htm http://www.eyesondesign.net/ http://www.computerarts.co.uk/tutorials/2d/ http://www.handson.nu/ http://www.absolutecross.com/tutorials/photoshop/ http://www.designsbymark.com/index.shtml http://www.dsigning.com/photoshop/ http://www.visualxtreme.com/ http://eqwebdesigns.com/main.htm http://www.thinkdan.com http://www.rainworld.com/oe_99/forge/ps_tut/ http://www.phong.com/ http://hexvector.lux.ms/
    http://www.wastedyouth.org/index2.html
    http://www.photoshopuser.com/
    http://doodle.quadrent.net/main.html
    http://www.screamdesign.com/entry.html
    http://www.pankpages.com/
    http://www.teamphotoshop.com/
    http://www.screaming-art.com/
    http://www.eyeball-design.com/index3.htm
    http://www.neofrog.com/
    http://www.7thapocalypse.com/
    http://www.jlswebsource.com/
    http://liquid2k.com/phase/main.htm
    http://www.photoshopcafe.com/
    http://www.fmotion.net/Photoshoplinks.html
    http://user.fundy.net/morris/redirect.html?404.html
    http://www.planetphotoshop.com/
    http://www.mccannas.com/pshop/photosh0.htm
    http://www.actionxchange.com/newest.cfm
    http://actionfx.com/index2.shtml http://www.graphicsring.com/plugins/commercial.html
    http://www.afh.com/web/pshop/bevel01.gif
    http://www.thepluginsite.com
    http://www.photoshopcafe.com
    http://www.stab.se/aq/ny/index.htm
    http://www.metaeffect.com/main.m4?go=main
    http://www.aovs02.dsl.pipex.com/
    http://www.eyeballdesign.com
    http://www.eyesondesign.net
    http://www.spoono.com http://www.adobeevangelists.com/
    http://www.planetphotoshop.com
    http://www.neofrog.com http://www.jlswebsoruce.com
    http://www.piregwan.com/tutorials/
    http://www.psworkshop.net http://www.geocities.com/nessele/
    http://www.spoono.com/ http://www.dsigning.com/ http://www.opticnurve.com/
    http://www.digitalwebgold.com/resources/tutorials.htm#photoshop
    http://www.webslave.dircon.co.uk/photoshop/
    http://www.algonet.se/~dip/photoshop/tips/tips_00.html
    http://www.stewartstudio.com/tips/phototip.htm
    http://www.strider-web.virtualave.net/ http://www.handson.nu/ http://www.screaming-art.com/tutorial14.php http://www.photoshoptechniques.com/main/defaulth.html
    http://www.tutorialhound.com/photoshop/tutorials/photoshop_tutorials.shtml
    http://www.absolutecross.com/ http://www.netcolony.com/arts/d5uga/Pshop/tuts.html
    http://www.grafx-design.com/phototut.html
    http://www.wetzelandcompany.com/MonthlyTipB.html
    http://www.thedesigncore.com
    http://www.photoshopuser.com
    http://www.gurusnetwork.com/tutorials/
    http://www.effectlab.com http://www.voidfx.com http://www.iboost.com/build/software/pshop/index.html
    http://www.espressographics.com/
    http://www.deepspaceweb.com

    http://www.cbtcafe.com/photoshop/

    http://www.netcolony.com/arts/d5uga/Pshop/tuts.html http://www.candeekis.com/alltutorials.html

    http://www.phong.com/tutorials

    http://www.deviantart.com/thumbnails.php?sectioon=ps6

    http://www.razorart.com http://www.zeroplace.com/ http://www.liquidsoft.com http://www.pixeljunction.com

    http://www.thinkdan.com http://www.solardreamstudios.com

    http://www.tutorialfind.com/tutorials/adobe

    http://www.wastedyouth.org

    http://www.teamphotoshop.com

    http://www.toeng.com http://www.endeffect.com http://www.turtleshell.com

    http://www.aovs02.dsl.pipex.com/

    http://www.cognitivedistortion.com

    http://www.somethingleet.com

    http://www.actionfx.com http://www.geocities.com/vitseeus/photoshop_recipes.htm

    http://www.hyperpark.com/ http://www.icehousedesigns.com/tutorials/photoshop/

    http://www.myjanee.com/jnetuts.htm

    http://www.arraich.com/ps_intro.htm

    http://www.jlswebsource.com/tutorials.html

    http://www.multimania.com/harvestr/logos/

    http://www.iboost.com/build/software/pshop/index.html

    http://www.icehousedesigns.com/tutorials/photoshop/

    http://www.iservice.at/isset.html

    http://www.itgraphics.com.au/tutorial/index.htm

    http://www.visual-redemption.com/

    http://www.magicpixel.com.au/html/workwel.html

    http://www.sketchpad.net/ http://www.iservice.at/isset.html

    http://www.itgraphics.com.au/tutorial/index.htm

    http://www.visual-redemption.com/

    http://www.magicpixel.com.au/html/workwel.html

    http://www.sketchpad.net/ http://www.netpedia.com/graphics/tips/

    http://www.opticnurve.com/

    http://www.orionnetlinks.com/Photoshop/photoshop.asp

    http://www.ozones.com/handson/

    http://www.pageresource.com/

    http://www.pagetutor.com/ http://www.pankpages.com/ http://www.piscespub.com/pcpp50.html

    http://www.pixelpunk.8m.com/

    http://www.espressographics.com/

    http://www.evening.demon.co.uk/articles.html

    http://www.eyeball-design.com/page09.htm

    http://www.eyewire.com/tips/photoshop/

    http://www.firelily.com/ http://www.freegraphics.com/10_Tutorials/Photoshop/

    http://www.codewarrioru.com/CodeWarriorU/

    http://www.webspace.com.br/opus/web3.htm

    http://www.gifart.com/graphictips5.shtml

    http://www.2ginc.com/ http://www.goranation.com/

    http://www.grafx-design.com/tutorials.html

    http://www.gurusnetwork.com/

    http://www.hyperpark.com/ http://www.icehousedesigns.com/tutorials/photoshop/

    http://www.myjanee.com/jnetuts.htm

    http://www.arraich.com/ps_intro.htm

    http://www.veraldar.net/ari/

    http://www.bizark.com/ http://www.bluesfear.com/ http://www.candeekis.com/alltutorials.html

    http://www.cbtcafe.com/photoshop/

    http://www.computerarts.co.uk/tutorials/2d/

    http://www.cyberinkdesign.com/tutor.htm

    http://www.dacort.com/tutorials.php

    http://www.dalinise.com/ http://www.absolutecross.com/ http://www.cbtcafe.com/ http://www.designsbymark.com/ http://www.dimitrix.net/ http://www.effectlab.com/ http://www.sindergard.com/ http://www.wastedyouth.org/ http://www.wastedyouth.org/ http://www.almani.org

    http://www.axxessdenied.com

    http://www.carbonfour.com

    http://www.deaddreamer.com/v10/index2.html

    http://www.digitexturia.com

    http://www.eyeball-design.com

    http://www.eyesondesign.net

    http://user.fundy.net/morris/main.html

    http://www.ebmasters.net/

    http://www.handson.nu

    http://www.metaeffect.com

    http://www.phong.com

    http://www.photoshopcafe.com

    http://www.photoshoproadmap.com

    http://www.pixeljunction.com

    http://www.psworkshop.net

    http://www.reality9.com

    http://www.sevenflow.com

    http://www.shadowness.com http://www.spoono.com

    http://www.stridingstudio.com

    http://gurus.onlinedesignschool.com

    http://www.designsbymark.com

    http://www.geda-online.com

    http://www.thewebmachine.com http://www.opticnurve.com

    http://www.robouk.mchost.com http://www.thinkdan.com

    http://xen-fx.com http://www.spyroteknik.com

    http://www.pixelshade.com

    http://www.pixelvoid.com

    http://www.wastedyouth.org

    http://www.vivaciousweb.com

    http://www.deviantart.com

    http://www.planetphotoshop.com

    http://www.ps6.com

    http://www.teamphotoshop.com

    http://www.somethingleet.com/tuts http://www.solardreamstudios.com http://www.reactionzero.com http://www.neofrog.com http://jereme.gfxsites.net http://www.voidix.com http://www.absolutecross.com http://student.powerhouse.net/andreas.Oberg http://www.screaming-art.com

    Tutoriais:

    http://www.voidix.com http://www.neofrog.com/tutorials.html

    http://www.effectlab.com/

    http://www.jlswebsource.com/tutorials.html

    http://tutorials.dreaminfinity.com/

    http://www.designsbymark.com/pstips/index.shtml

    http://www.eyeball-design.com/page09.htm

    http://www.absolutecross.com/tutorials/photoshop.htm

    http://www.myjanee.com/jnetuts.htm

    http://www.eyesondesign.net/pshop/tuts.htm

    http://www.deepspaceweb.com/sections.php

    http://www.thinkdan.com/tutorials/photoshop.html

    http://www.savvy.net/photoshop.htm

    http://www.photoshopcafe.com

    http://www.phong.com/tutorials

    http://robouk.gdesign.nl/tutorials/

    http://www.planetphotoshop.com/tutorials.html

    http://www.opticnurve.com/tutorials.asp

    http://www.pankpages.com/tutorials/photoshoptut.htm

    http://www.stewartstudio.com/tips/phototip.htm

    http://www.stab.se/aq/ny/index.htm

    http://www.magicpixel.com.au/html/workwel.html

    http://www.darkerimaging.com/tutorials.htm

    http://jereme.gfxsites.net/

    http://graphicssoft.about.com/cs/ph….htm?once=true&

    ;
    http://www.rtideas.com/ticks/

    http://x-tremefx.cnhost.com/tutorial/tutorials.html

    http://www.screaming-art.com/tutorials.php

    http://www.webinfractions.com/~defe…rials/index.htm

    http://w1.243.telia.com/~u24308054/…s/tutorial.html

    http://www.digitaltropic.com/tutorials.htm

    http://www.perfectpixels.com/index.cfm?met…ethod=photoshop

    http://www.perfectpixels.com/index.cfm?met…ethod=photoshop
    http://www.distortion.co.uk/freebies/tutorial.html

    http://www.arraich.com/ps_intro.htm

    http://www.teamphotoshop.com/photos…ials/ps_tut.php

    http://www.stridingstudio.com/tutorials/

    http://www.eyeland.com/tutorials.php

    http://user.fundy.net/morris/main.html

    http://europa.spaceports.com/~beatop/tutorials.htm

    http://www.axxessdenied.com/photoshoptut.php

    http://www.bizark.com/learn/

    http://www.carbonfour.com/tutorials/

    http://umojan99.tripod.com/

    http://www.webteknique.com/

    http://www.dsigning.com/photoshop/t…intwithfilters/

    http://www.nebulus.org

    http://www.gurusnetwork.com/tutoria…shop/index.html

    http://www.wastedyouth.org/tutorials/index.html

    http://www.masteratwork.com/ed/7denierave/

    http://www.somethingleet.com/forumd….php?forumid=24

    http://www.tutorialforums.com/index.php?referrerid=62

    http://www.theroot42.org/forum/

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 8, 2011 at 9:43 pm

    ထူးဆန်းပေးစွ
    အံဩစရာကောင်းပေစွ
    မဖြစ်ဘူးဘဲ ဖြစ်ပေစွ
    ကော်မန့်က ပို့စ်နေရာရောက်ပြီး
    ပို့စ် က ကော်မန့်နေရာရောက်နေတယ်
    ဇောက်ထီးကြီးဘာလားဟရို့
    …………………………..
    ကျုပ်ကတော့ ဒီဇိုင်နာတော့ဟုတ်ဘူးဗျ
    ကိုလူဂျမ်းပြောတာတွေကတော့ စာအုပ်ထဲကအတိုင်းကွက်တိဘဲ
    အထူးသဖြင့်ခေါင်းစဉ်လေးတွေတတ်ပြီးရေးထားတာ
    တော်တော်သဘာဝကြတယ်
    လေ့လာသူတွေတွက် ( အထူးသဖြင့် လက်ရှိလုပ်ကိုင်နေသူတွေ ) တော်တော်သတိချပ်စရာဖြစ်တယ်
    ဝေဖန်မခံနိုင်ရင် မလုပ်နဲ့ဆိုတာလေးကို
    တော်တော်ဘောတော်ကျတယ်
    တစ်ခါတစ်လေမှာ ဒီဇိုင်းတစ်ခုကို သဲကြီးမဲကြီးလုပ်ရင်းကနေ
    အပြင်လွန်ပြီး ဖင်ချွန်သွားတာတွေရှိကြတတ်ကြတာလားနော
    လေ့ကျင့်မှုအပိုင်းမှာတော့
    တစ်ယောက်ယောက်ရဲ့ သို့မဟုတ်
    ကောင်းပေ့ဆိုတဲ့ ဒီဇိုင်းတွေကို နမူနာလုပ်ကြည့်တာကလည်းအတွေ့ကြုံတစ်ခုဖြစ်မယ်ထင်တယ်နော
    ဒီဇိုင်းဆိုလိုပြောရဦးမယ်
    ဂုံနီအိပ်ရဲ့ဖင်ကို အလယ်ကနေ ခေါင်းဝင်သာအောင်ဖောက်လိုက်
    ပြီးရင် ဘေးဘက်တွေကို လက်နှစ်ဖက်အဖြစ်ဖောက်လိုက်မယ်ဆိုရင်
    စလိဗ်စ်လက်စ် အင်္ကျီတစ်ထည်ရလိမ့်မယ်
    နောက်ပြီး ပစ္စည်းထည့်တဲ့
    ကျွပ်ကျွပ်အိပ် ခပ်ကြီးကြီး ( ကိုယ့်ရဲ့ဘော်ဒီနဲ့အနေတော် )
    အိပ်တစ်အိပ်ကို ဖင်ကိုလုံးလုံးဖြတ်ပြစ်လိုက်
    ပြီးရင်ကောက်စွတ်လိုက်
    ခင်ဗျားတို့ပြောနေတဲ့ ကြိုးတစ်ချောင်းဆိုတဲ့
    စင်းဂလက် အင်္ကျ ီတစ်ထည်ရလိမ့်မယ်
    ဘယ်သူ့မှလိုက်မပြောနဲ့ ဒါကျုပ်ရဲ့ ထိပ်တန်းလျှို့ှုဝှက်ထားတဲ့ ဒီဇိုင်းနည်းတွေပါ
    ကိုယ့်ရွာသားတွေကို အင်မတန်ခင်လို့ပြောပြတာ

    • bigcat

      July 9, 2011 at 7:19 am

      တကိုယ်လုံးထုံးသုတ်လိုက်ရင် အသားကပ်ဝတ်စုံ ဖြစ်မသွားနိုင်ဘူးလား။ လူကြီးတွေ ဖဲရိုက်နေတာ ကွာစိဝင်မနှိုက်ပါနဲ့ ပုပုရယ်။

    • ကိုကိုလူဆိုး

      July 9, 2011 at 7:50 am

      အဲလို ဂုန်နီအိတ်နဲ့ ကြိုးတစ်ချောင်း ချုပ်ပီးတွားရင် ဘီတူက ဝတ်မှာလည်းမိုက်ကယ်ပုပုရဲ့
      ဝတ်မဲ့လူမရှိရင်နင့်ကိုလာစွပ်ပေးမယ် 😀

  • ကိုကိုလူဆိုး

    July 9, 2011 at 7:16 am

    ဟီးဟီး ဟုတ်ပါ့ ကိုကိုဂျော်နီရေ
    ခေါင်းစဉ်လေးရှိတုန်း ဝင်ဖတ်တဲ့သူတွေတစ်ခါတည်းလေ့လာလို့ရသွားအောင်လို့ပါ..
    အဲတစ်ခုက ရှိသေးတယ် ဝါသနာမပါရင် ဒီဇိုင်းမလုပ်နဲ့ း)

  • manawphyulay

    July 9, 2011 at 10:03 am

    ဆောင်းချမ်းမိုးရဲ့ ပိုစ့်လေးကို ပြန်လည်ဖော်ပြထားခြင်း ဖြစ်ပါသည်။

    ဒီဇိုင်းနဲ့ပတ်သက်လာရင် ရောထွေးလွန်းတတ်တဲ့ Web Design နဲ့ Graphic Design အကြောင်းကို အနည်းငယ်ရှင်းပြချင်ပါတယ်။ အလွယ်ဆုံးနားလည်ထားကြတာကတော့ Graphic Design ဆိုတာ Printing ပိုင်းက ပိုစတာတွေ၊ လက်ကမ်းကြော်ငြာတွေ၊ ဆိုင်းဘုတ်တွေ၊ သတင်းစာ၊မဂဇင်း Layout ဒီဇိုင်းတွေ၊ လိပ်စာကဒ်၊ လိုဂိုတွေ၊ Package တွေကို ဒီဇိုင်းလုပ်ပေးတဲ့အပိုင်းလို့ အလွယ်တကူနားလည်ထားကြပါတယ်။ Web Design ဆိုတာကတော့ Web Site တွေကို တည်ဆောက်တဲ့နေရာမှာ Site တစ်ခုလုံးကိုဖြစ်စေ၊ အစိတ်အပိုင်းတွေကိုဖြစ်စေ ဒီဇိုင်းလုပ်ပေးရတဲ့ အပိုင်းပေါ့။

    တကယ်တော့ ဒီဇိုင်းပညာရပ်နှစ်ခုစလုံးဟာ ကျယ်ပြန့်နက်နဲလှသလို စိတ်ကူးစိတ်သန်း၊ တင်ပြမှု၊ အသွေးအရောင်၊ အသွင်အပြင် အဖက်ဖက်ကလည်း အရေးကြီးလှပါတယ်။ ကွန်ပျူတာ နည်းပညာနဲ့ ဖန်တီးလုပ်ကိုင်ရတာခြင်းအတူတူ၊ ဒီဇိုင်းအခြေခံသဘောတရား တူသယောင်ယောင်ရှိပေမယ့် အနည်းငယ်ကွဲပြားခြားနားချက်တွေ ရှိနေပါတယ်။ တချို့သော ဒီဇိုင်းနာတွေက Graphic Design အပြင် Web Design ကို တွဲလုပ်ကြသလို တချို့ Web Designer တွေကလည်း Graphic Design ကိုပါ တွဲဖက်လုပ်ကိုင်လေ့ရှိကြပါတယ်။ များသောအားဖြင့်ကတော့ Web Design သီးသန့်၊ ဂရပ်ဖစ်ဒီဇိုင်း သီးသန့်ကိုပဲ လုပ်ကိုင် ဆောင်ရွက်ကြပါတယ်။ နှစ်ခုတွဲလုပ်ကိုင်ကြတဲ့သူတွေကတော့ နှစ်မျိုးစလုံးရဲ့ ကွဲပြား ခြားနား ချက်ကို သိထားကြရပါတယ်။ သိထားမှလည်းဖြစ်ပါမယ်။

    ကျနော့်အနေနဲ့ကတော့ ဒီဇိုင်းနာသမားတွေ သိထားသင့်တယ်လို့ ယူဆတဲ့အတွက် Web Design နဲ့ Graphic Design တို့၏ ကွာခြားချက်များကို ကျနော့်အတွေ့အကြုံ၊ ကျနော့်အတွေးအမြင် ပုံစံလေးအနေနဲ့ တင်ပြလိုက်ရပါတယ်။

    (၁) Layout ပိုင်း

    Layout ပိုင်းအမြင်မှာတော့ Graphic Design တွေက Print ထုတ်ပြီး မြင်ရတဲ့အပိုင်းဆိုတော့ အားလုံးကို မျက်စိတစ်ဆုံးအောက်မှာပဲတွေ့မြင်နိုင်ပါတယ်။ Web Design မှာတော့ Screen ပေါ်မှာ ကြည့်ရတဲ့အတွက် Print Design နဲ့ ကွာပါတယ်။ အထူးသဖြင့် 800×600 Screen ပေါ်မှာကြည့်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် Layout ဟာ ရှည်ရင် ရှည်သလို Scroll လုပ်ပြီး ကြည့်ရပါတယ်။ ကိုယ်လုပ်ထားတဲ့ ဒီဇိုင်းတစ်ခုကို စာရွက်တစ်ရွက်တည်းပေါ်မှာ ကြည့်ရတာနဲ့ Screen မျက်နှာစာပေါ်မှာကြည့်ရတာ အလွန်ပဲကွဲပြားခြားနားကြောင်း တွေ့ရပါလိမ့်မယ်။

    (၂) Resolution

    Graphic Design မှာ Resolution ကို 300 dpi ထားပြီး လုပ်ကိုင်ကြပေမယ့်။ Web Design မှာတော့ 72dpi ကိုသာ အသုံးပြု လုပ်ကိုင်ကြပါတယ်။ Graphic Design မှာ Resolution မြင့်လေ ပုံအရည်အသွေးပိုမိုကောင်းမွန်လာလေလေ ဖြစ်ပေမယ့်၊ Web Design မှာတော့ resolution မြင့်မြင့်သုံးစွဲခြင်းဟာ ပုံရဲ့ File Size ကို ပိုမိုမြင့်မားလာစေပါတယ်။ Printer တွေရဲ့ အနိမ့်ဆုံးဖော်ပြနိုင်မှုက 300 dpi ရှိပြီး၊ Computer Screen တွေရဲ့ အမြင့်ဆုံး ပုံဖော်နိုင်မှုအရည်အသွေးဟာ 72dpi ပဲရှိတာကြောင့် Web နဲ့ Print မှာ ပုံထွက် အရည် အသွေးတွေက ကွဲပြားခြားနားမှုတစ်ခု ဖြစ်လာပါတယ်။

    (၃) အတိုင်းအတာ

    Print Design မှာ မီလီမီတာ၊ စင်တီမီတာ၊ လက်မ စသည်ဖြင့် တိုင်းတာ ခေါ်ဝေါ် သုံးစွဲကြ ပေမယ့်၊ Web Design မှာ pixel နဲ့သာ သုံးစွဲကြပါတယ်။

    (၄) အမြင်

    Print Design မှာ မိမိကွန်ပျူတာ Screen ပေါ်မှာ ပေါ်တဲ့ ဒီဇိုင်းနဲ့ Print ထုတ်ပြီး ထွက်လာ မယ့် ဒီဇိုင်းမှာ အရောင်တွေ၊ အနေအထားတွေ ကိုယ်လိုချင်တဲ့ပုံစံထွက်အောင် ချိန်ညှိကြရ ပါတယ်။ Web Design မှာတော့ Screen အမျိုးမျိုး၊ Browser အမျိုးမျိုးနဲ့ ချိန်ညှိ လုပ်ဆောင်ကြရပါတယ်။

    (၅) အရောင်

    Colour ပိုင်းမှာတော့ Printing ပိုင်းက CMYK Spot ကာလာကို သုံးပြီးတော့ Web ပိုင်းက RGB ကာလာကိုသာ အသုံးပြုကြပါတယ်။ Web Site တွေရဲ့ စာလုံးအရောင်၊ နောက်ခံ အရောင်၊ အရောင်တိုင်းမှာ ကြိုက်တဲ့အရောင်ကို အလွယ်တကူအသုံးပြုလို့ မရနိုင်ပါဘူး။ ဒါကြောင့် Web Safe ကာလာ၊ Web Smart ကာလာတွေ ရယ်လို့ ဖြစ်လာတာပါ။

    (၆) Application များအသုံးချမှု

    Graphic ဒီဇိုင်းနာရော Web ဒီဇိုင်းနာပါ Application အများစုကို အတူတူသုံးပါတယ်။ Adobe Photoshop, Illustrator, InDesign စတဲ့ အသုံးချဆော့ဖ်ဝဲတွေဟာ ဒီဇိုင်းနာတွေအတွက် မရှိမဖြစ်၊ မသိမဖြစ်တွေပါ။ InDesign က ပိုအသုံးများပြီး၊ Web Designer ကတော့ Photoshop ကို အသုံးပြုမှု ပိုများပါတယ်။ အဓိကကွာခြားချက်တစ်ခုက Coding ပါပဲ။ Web Designer တစ်ယောက်က Program တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ မရေးတတ်ရင်တောင် Program တွေကို ဘယ်လို အသုံးပြုရတယ်၊ ဘယ်လိုရေးသားရတယ်ဆိုတာ သိတဲ့သူဖြစ်နေ သင့်ပါတယ်။ Graphic ဒီဇိုင်းနာတစ်ယောက်ကတော့ Programming ကိုနားလည်နေဖို့ မလိုအပ်ပါဘူး။

    (၇)Publishing အပိုင်း

    Graphic ဒီဇိုင်းနာတစ်ယောက်က သူ့ရဲ့ဒီဇိုင်းကို ပြုလုပ်ပြီး တကယ့်ပုံစံအနေအထားကို ပုံနှိပ်ပြီးမှ တွေ့မြင်နိုင်ပေမယ့် Web Designer တစ်ယောက်ကတော့ ချက်ချင်း Screen ပေါ်မှာ တွေ့မြင်ခံစားနိုင်မှာ ဖြစ်ပါတယ်။

    (၈) Errors Fixing လုပ်ရာတွင်

    Graphic ဒီဇိုင်နာတစ်ယောက်က ထုတ်ဝေပြီးနောက် ဒီဇိုင်းတစ်ခုရဲ ့ အမှားကို ပြုပြင်နိုင်ဖို့ အလွန်ခဲယဉ်းလှပြီး Web Design မှာကတော့ ချက်ချင်းအလွယ်တကူ ပြုပြင်ယူနိုင်ပါတယ်။

    (၉) Graphic

    Graphic တွေနဲ့ ပတ်သက်ပြီး Print ပိုင်းမှာ TIFF, EPS,JPEG တွေက အဓိကအသုံးများလေ့ ရှိပြီး၊ Web Design မှာတော့ JPEG, GIF နဲ့ PNG ဖိုင် format တွေကို သာသုံးပါတယ်။

    (၁၀) Page Composition

    Graphic ဒီဇိုင်းပိုင်းမှာ စာရွက်စာတမ်း၊ A4, A3 စသဖြင့် သုံးကြပေမယ့် Web Design ပိုင်းမှာတော့ Screen Size အကျဉ်းအကျယ်တွေကို လျာထားပြီးသုံးပါတယ်။ ဥပမာ- 800×600,1024×700 စသဖြင့်။ နောက်တစ်ခုက Graphic ဒီဇိုင်နာတွေက စာမျက်နှာ Column တွေကို fixed သတ်မှတ်ပြီး လုပ်ဆောင်ရပေမယ့်၊ Web Design မှာတော့ fixed ရော Fluid ရောလုပ်ဆောင်နိုင်ပါတယ်။ ဒီနေရာမှာ Fluid (Liquid Layout) ဆိုတာ column တွေဟာ Screen ရဲ့ အရွယ်အစားကို လိုက်ပြီးတော့ အချိုးကျ အကျဉ်းအကျယ် လုပ်ပေး နိုင်တာလို့ အကြမ်းဖျဉ်းသတ်မှတ်နိုင်ပါတယ်။

    (၁၁) Fonts

    Graphic ဒီဇိုင်းမှာ ကြိုက်တဲ့စာလုံး၊ အရွယ်အစား၊ အကျဉ်းအကျယ်၊ အဖောင်းအကားကို အလွယ်တကူ သုံးစွဲနိုင်ပေမယ့်၊ Web Design မှာ စာလုံးတွေနဲ့ပတ်သက်ပြီး စိတ်ကြိုက် ကစားဖို့ဆိုတာ အကန့်အသန့်တွေရှိနေပါတယ်။ ကွန်ပျူတာအမျိုးမျိုး၊ Browser အမျိုးမျိုးမှာ စာလုံးတွေက ကွဲပြားခြားနားမှုရှိသွားတာကြောင့် ဖြစ်ပါတယ်။ Web Design မှာ Standard အနေနဲ့ သုံးလို့ရတဲ့ Web Safe Fonts တွေဆိုပြီးရှိပါတယ်။ တခြားစာလုံး (fonts)တွေ သုံးချင်တယ်ဆိုရင်လဲ ရပေမယ့် CSS3 ဆိုတဲ့ နည်းပညာအသစ်တစ်ခုကို ဆက်လက်လေ့လာ ရပါမယ်။

    (၁၂)လေ့လာခြင်း

    နောက်ဆုံးအနေနဲ့ ပြောရမယ်ဆိုရင်တော့ Web Designer တွေဆိုတာ Web နည်းပညာပိုင်းနဲ့အညီ Web Standard, Web Accessibility, Usability တွေနဲ့ ကိုက်ညီအောင် ပုံစံပြု ဒီဇိုင်းလုပ်ရပါတယ်။ အထူးသဖြင့် Web နည်းပညာပိုင်းနဲ့ နွယ်ယှက်နေတဲ့ အတွက် ဒီဇိုင်းပညာရပ်တွေအပြင် Web နည်းပညာရပ်တွေကိုပါလေ့လာ လိုက်စားရပါတယ်။

    အချုပ်ဆိုရလျှင် ပုံနှိပ်မီဒီယာဘက်မှာလာသော ဒီဇိုင်းနာတစ်ဦးအနေဖြင့် Web ပေါ်တွင် လုပ်ကိုင်ရသောအခါ တွေ့ကြုံရမည့် ပြဿနာရပ်များနှင့် ဆန်းကြယ်လှသော ဖန်တီးမှု နည်းပညာအသစ်များကို ရင်ဆိုင်ကြရချိန်တွင် Web နှင့် Print Design တို့၏ ကွာခြားမှုများကို သိရှိထားပါက အဆင်ပြေချောမွေ့စွာလုပ်ကိုင် နိုင်မည်ဖြစ်ပါကြောင်း …

    ဆောင်းချမ်းမိုး

  • kai

    July 9, 2011 at 11:59 am

    … တခုဝင်ဖြည့်ပေးလိုက်မယ်..။
    KISS တဲ့..။
    အဲဒါကို ဒီဇိုင်းတင်မက.. ဘာအနုပညာလုပ်လုပ်.. စွဲသုံးသင့်တယ်..။
    “Keep it simple, Stupid!”.

  • manawphyulay

    July 9, 2011 at 12:16 pm

    ဟုတ်ပါတယ်ရှင်။ ဘယ်အရာပဲလုပ်လုပ် ဝါသနာရယ်၊ ဇွဲရယ်၊ လေ့လာသင်ယူမှုရယ်… စူးစမ်းမှုတွေ စတဲ့ အရာတွေ အားလုံးပေါင်းစပ်မှသာ အောင်မြင်မယ်လို့ မျှော်လင့်မိပါတယ်။

  • pan pan

    July 11, 2011 at 1:32 pm

    ဒီဇိုင်းနဲ့ ပတ်သက်တာ ကွန်ပျူတာမှာပဲမဟုတ်ပါဘူး
    အဝတ်အစား၊ ဆံပင်မိတ်ကပ်၊ အိမ်အလှဆင်၊ အဆောက်အဦး၊ အများကြီးပါပဲ
    အဲဒါတွေမှာ အားလုံးဘုံအနေနဲ့ အရေးကြီးတာကတော့ အရောင် လို့ထင်ပါတယ်

Leave a Reply