ဆူး ကျိုး ဖက်

etoneJuly 8, 20111min26939

မိန်းမဆိုတဲ့ အမျိုးက အနေထိုင် ၊ အသွားအလာက စလို့ … စကားပြော ၊ ရယ်မောလျှင်တောင် အပြောမလွတ်တာမို့ … အစစအရာရာ ထိန်းသိမ်းရပြန်တယ် … ။ ဆီလို အပေါက်ရှာ ပြောချင်နေတဲ့ ပတ်ဝန်းကျင်ကြားမှာ … အပြောမတတ်လျှင် ဆဲသလို ၊ အထိုင်မတတ်လျှင် ဖြဲသလို ဖြစ်တာမို့ နေရာဒေသနဲ့ အချိန်ကို လိုက်ပြီး ထိန်းထိန်းသိမ်းသိမ်းနေရပြန်တယ် …. ။ လက်လှုပ်လက် ၊ ခြေလှုပ်ခြေ ပြောနေတဲ့ ကြားမှာ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘူးပြောပြီး ကိုယ်ကောင်းလျှင် ခေါင်းမရွှေ့ပါဘူး ခံယူထားတဲ့ ဂျစ်ကန်ကန် ကျွန်မလည်း နေရထိုင်ရ စိတ်ကျဉ်းကြပ်လှပါရဲ့ …. ။

 

အရင်ခေတ်တွေကလို မိန်းကလေးဆို အိမ်တွင်းမှာပဲ နေစေပြီး …ပညာစုံသင့်ခွင့်မရပဲ … အလွန်ပင်ပန်းတဲ့ အိုးသူကြီးရာထူးပေးပြီး ချော့လိုက် ၊ ခြောက်လိုက်နဲ့ ပိတ်လှောင်ခံရတဲ့ ခေတ်မဟုတ်တော့ နည်းနည်းတော်သေးတယ် … ။ လူကြီးတွေ ဘယ်လိုပဲ ထိန်းသိမ်းထိန်းသိမ်းပါ … မွေးရာပါဗီဇကလည်း အရေးကြီးတာကိုး … ။ ယခင်ခေတ်ကတော့ အတော်လေး ဖိနှိပ်ထားရတာမို့လို့ ဒီလောက်မသိသာလှပေမဲ့ … ဒီခေတ်မှာ ပြည်တွင်း၊ ပြည်ပတွေက မီဒီယာ တွေ ၊ ရုပ်သံလိုင်းတွေကရော … ထုတ်လွှင့်နေတဲ့ အစီစဉ်တွေမှာပါတဲ့ ဇာတ်ဝင်ခန်းတချို့က အတုမြင် အတတ်သင်တတ်သူတို့ အဖို့ ရင်လေးစရာပါပဲ ။ ဟိုးခေတ်တုန်းကတော့ ချစ်ကြောင်းကြိုက်ကြောင်း ဖွင့်ပြောဖို့ ယောကျာ်းလေးဘက်ကသာ စကြတယ်လို့ ပုံသေနည်းချထားခဲ့ပေမဲ့ … စီးဆင်းလာတဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေကနေ … အတုခိုးလိုက်ကြတာများ စုံပလုံစိနေတာပါပဲ ။

 

မကြာမကြာ ကြားနေရတဲ့ တိုးတိုးတိတ်တိတ် ဇာတ်လမ်းလေးတွေကလည်း မိန်းမတွေ ဦးဆောင်လို့ပါတဲ့လေ … ။ ကျွန်မတို့ မိန်းမတွေ ဒီလောက်တောင် ရဲတင်း ပွင့်လင်းကုန်ကြပြီလား .. ။ ကြားကြားချင်း မယုံခဲ့ပေမဲ့ အိပ်မက်မဟုတ်တဲ့ လက်တွေ့ဘဝမှာ ယုံလောက်စရာ သာဓကတွေ ဖြစ်ပျက်တာ တွေ့ပြီးပြီမို့ … တကယ် ဟုတ်တာပဲ လို့ လက်ခံလိုက်ရတယ် ။

မိန်းမတွေ … ချီးမွမ်းခုနှစ်ရက် ၊ ကဲ့ရက်ခုနှစ်ရက်မို့ ပတ်ဝန်းကျင်ကို ဂရုမစိုက်တော့ပဲ  နစ်မွမ်းနေခဲ့တာ … အသံကောင်းဟစ်တော့ ပတ်ဝန်းကျင်ကို အရွဲ့ တိုက်တယ်တဲ့လား … ။ စိတ်ဓါတ်နဲ့ ဗီဇပါမလာလျှင် သကြားမင်း အတင်းခိုင်းတာတောင် မယိုင်တာမို့ … ဝါသနာပါလို့ ကဲတာလို့ပဲ အပြစ်ဖို့ချင်ပါရဲ့ … အနေစားချောင်လို့ စီးပွားရေးတစ်ခု လုပ်စားတဲ့လူကို မဆိုလိုပါဘူး … ။ ရတာ ခွာယူမယ်ဆိုတဲ့ ပိုင်းလုံးများကိုလည်း မဆိုလိုပါဘူး ….. ကျွန်မ အံ့ဩတာ … ကြူရတာ ဝါသနာပါတဲ့ မျက်နှာများတဲ့   ယောကျာ်းစိတ်ပေါက် … မမများကို ပါပဲ … ။ ယောကျာ်းစိတ်ပေါက်တယ်ဆိုလို့  ယောကျာ်းလျာတွေကိုပြောတာမဟုတ်ပါဘူး … ကိုရီးယားဇာတ်လမ်းတွေကို အားကျပြီး … မြင်းကမလှုပ် တိုင်ကလှုပ်တဲ့ ဖရီးကြော မမများကို ဆိုလိုတာပါ … ။ စန်းပွင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ … သူငယ်ချင်းပါ ဘယ်သူ့ ဂရုစိုက်ရမလဲ ဆိုပြီး ညကြီးမိုးချုပ် အတွဲ ခုတ်ပြန်သတဲ့ … ။ ဘီယာဆိုတာ ဆိုဂျူလောက်မပြင်းပါဘူး သူငယ်ချင်းတွေပြုစုလိုက်တာတဲ့လား … ။ ကိုယ့်ပိုက်ဆံနဲ့ ဝယ်တာ မဟုတ်ဘူး …သူပေးလို ့ ဝယ်လိုက်တာ ဖြစ်နိုင်လျှင် ဈေးတခုလုံးတောင် မလာချင်တာတဲ့လား … ။ ဒါပြင့် စိတ်တိုင်းမကျတော့လည်း ပြတ်ယုံပေါ့ဆိုတာတွေလည်း ပြောတတ်ပြန်တယ် ………။ အကြောင်းပြချက်ဆိုတာကတော့ လူတိုင်းကိုယ်စီရှိတတ်ပါရဲ့ … ဒါပေမဲ့လည်း ကိုယ့်ကိုယ်ကို မှ မသုံးသပ်လျှင် လ္ဘက်ဗန်းလို အမြည်းစားမဲ့ လူတွေချည်း ဝိုင်းရံနေတာမို့ … သတိထားရမဲ့ အချိန်ရောက်နေပါပြီ ။

 

ခေတ်ဆန်တာ ပြသနာမရှိပေမဲ့ ထိန်းထိန်းသိမ်းသိမ်းမှ မနေနိုင်လျှင်တော့ လက်နှီးစုတ်ပဲ ဖြစ်လိုက်ပါတော့ဟယ် … ။ ငါတို့ကတော့ ဖက်တော့ဖက်ပါပဲ  … ဒါပေမဲ့ ဆူးကျိုးဖက် ဆိုလျှင်တော့ အလှူကြီးပဲ ပေးလိုက်ပါတော့  အမျိုးသမီးတို့ရယ် ။ ။   

 

 

39 comments

  • ရီစရာလေးပြောရပါအုံးမယ်။
    ရှေးစကားပုံလေး။
    ကောက်ညှင်းကမစီးဘဲ ဆန်ကြမ်းကစီးနေတယ်ဆိုတာလေးကို ခုခေတ်ကလေးတွေကဘာပြန်ပြောသလဲဆိုတော့
    ကောက်ညှင်းက အိပ်စ်ပို့မရဘူးလေးလေးရေတဲ့။
    အဲတော့ ဆန်ကြမ်းက ပို အဖိုးတန်ပါသတဲ့
    အဲတော့အခုခေတ်မှာလူတွေက သူ့ဖက်ကိုယ့်ဖက်ဆိုတာထက် အသုံးချတန်ဘိုးသီအိုရီနဲ့သာ
    ယှဉ်ကြည့်နေတတ်ကြတော့ ရိုးရာယဉ်ကျေးမူ့ဆိုတာလေးက ပြောင်းပြန်လန်သွားပါလေရော.။
    တုံမမရေညည်းရေးသမျှထဲက ဖတ်ရသမျှထဲမှာ ဒီပိုစ်လေးကိုတော့ သိပ်ကြိုက်ပါတယ်။

  • moethidasoe

    July 8, 2011 at 3:53 pm

    etone ရေ .. ကိုးရီးယား ကားအတိုင်း လိုက်လုပ်တာ ကောင်းတယ် .. မကောင်းဘူး ဆိုတဲ့ forum တခု ထောင်ပြီး ဝိုင်းရေးကြရင် ကောင်းမယ်

    • etone

      July 8, 2011 at 4:08 pm

      ရေးတော့ ရေးချင်ပါရဲ့ Dr.ရေ … ကျွန်မရေးသမျှ ဘုတိုက်နေတဲ့ ကန့်လန့်ကောင်တွေ ရှိလို့ … 😥

      • nigimi77

        July 9, 2011 at 9:00 am

        ဟုတ်ရပါဘူးဗျာ…. 🙂

        အီးဒုံးရေ… ညည်းလည်း ရေးစရာရှိတာရေး။

        ညည်းပြောတဲ့ ကန် ့လန် ့ကောင်တွေလည်း ပြောစရာရှိတာ ပြောလိမ့်မယ်။

        အင်း…ကြုံလို ့ စဉ်းစားမိတာ တခုက မြန်မာပြည်ဟာ တံခါးပိတ်ဝါဒအောက်မှာ ပြင်ပ နဲ ့ Gap ဖြစ်သွားတာဟာ

        Culture Gap က အဆိုးဆုံး ဖြစ်သွားတာပဲ။ 😛

        • etone

          July 9, 2011 at 9:11 am

          အယ် ကဏန်းကြီး ဆဲဗမ်းဆဲဗမ်း ရိုက်မစစ်ရပဲ အတင်းဝင်ခံသွားပါလား 🙄

        • nigimi77

          July 9, 2011 at 9:55 am

          တယ် ဒုံးဝေးတဲ့ အီးဒုံးပဲ။

          Culture Gap ဖြစ်သွားလို ့ ညည်းတို ့ တွေ ဒီလို ဘာညာ သာတကာ ဆူညံနေတာပေါ့။

        • etone

          July 9, 2011 at 10:24 am

          ရော် … ခက်ပြန်ပြီ ကဏန်းကြီး ဆဲဗမ်းဆဲဗမ်းရယ် … Culture Gap ဖြစ်တာ ကျွန်မနားလည်တယ် … ။ စာရေးတော့ ဒီလိုပဲ ရေးရတာပေါ့ .. ဒါမှပြောချင်တဲ့လူ ဖတ်မိတဲ့အခါ သိမှာ … လက်တို့ ပြောလျှင် အဆဲခံရမှာ စိုးလို့ … .. ဝေးတာက သူ 😛 😛 😛 *-^

        • Foreign Resident

          July 10, 2011 at 3:32 am

          In this topic, I agree with nigimi77,
          “မြန်မာပြည်ဟာ တံခါးပိတ်ဝါဒအောက်မှာ ပြင်ပ နဲ ့ Culture Gap ဖြစ်သွားတာပဲ”
          The worst thing might be
          Even some women don’t understand “what is women right”.
          It seems, those women not only lock up themself,
          they also encourage other women to lock up theirselves by the name of culture.
          ( Like, Yae Thwin Htae Ka Phar Thu Nge )

          I am not a (male) virgin & so, I will not ask her to be virgin.
          This is human right & Fair go ( Tayar Mhya Ta Mhu ).

  • weRone

    July 8, 2011 at 3:57 pm

    သိပ်ကြိုက်သွားပြီး မetone ရယ်… မိန်းကလေး ဆိုတာ ကိုယ့် ကို ကိုယ် တန်ဖိုးမထားရင် ဘယ်သူ ကလာပြီးတန်ဖိုးထား မလဲ…

    • char too lan

      July 8, 2011 at 4:58 pm

      မိန်းခလေးမှ မဟုတ်ဘူးလေ ဝီဝီရယ် … ဘယ်သူပဲ ဖြစ်ဖြစ်
      ကိုယ့်ကိုယ်ကိုမှ တန်ဖိုးမထားရင်
      ဘယ်သူမှလာပီး တန်ဖိုးထားမှာမဟုတ်ဘူး
      ကိုယ့်ကိုယ်ကိုမှ မယုံကြည်ရင် ……………………………..
      ကိုယ့်ကိုယ်ကိုမှ ကောင်းအောင်မထိန်းသိမ်းရင်……………
      အီးတုံးက နာမည်သာရွံစရာကောင်းတာ
      ရေးလိုက်ရင်တော့ ယူစရာတွေချည်းပဲ 😀

    • Foreign Resident

      July 9, 2011 at 5:20 am

      In my opinion,
      “ကိုယ့်ကိုယ်ကိုမှ တန်ဖိုးမထားရင်”
      A Mature lady searching for her pleasure (sex) is her own right.
      This is nothing to concern with her value ” မိန်းကလေးရဲ့ တန်ဖိုး “.

      • kai

        July 9, 2011 at 9:04 am

        ကျူုပ်ကတော့…Foreign Resident စကားအပြည့်ထောက်ခံပါတယ်..။
        မိန်းကလေးတွေဟာ.. အသက်ငယ်တုန်း..လူဘဝအရသာ အပြည့်ခံစားကြစေချင်တာလေးပါ..ထပ်ဖြည့်ပေးချင်တယ်…။

        နိုင်ငံတကာမှာ.. တိုးတက်တဲ့နိုင်ငံတွေမှာ.. အထက်တန်းကျောင်းသူအရွယ် .. လိင်ကိစ္စနဲ့ပါတ်သက်ပြီး.. လုပ်ချင်တာတွေ လုပ်ကြပြီးတာ.. ၅ဝ ရာခိုင်နှုန်းအထက်ရှိတာပါ..။
        သာမန်အားဖြင့်တော့.. အသက်၂ဝကျော်ရင်.. ဖွင့်နိုင်သမျှ ရွက်ကုန်ဖွင့်ကြစေချင်တာပါ…။
        ရည်းစားထား..ယောကျင်္ားယူ၊ ပြီးရင်တော့ (နည်းနည်းတော့) ငြိမ်တော့ပေါ့နော..။
        အဲဒီကျမှ.. ငယ်တုံးက… ငါမလုပ်လိုက်ရလေချင်းဆိုပြီး.. ၂ဆတော့တိုးမကဲနဲ့ပေါ့…။ 🙂

        • moethidasoe

          July 11, 2011 at 12:20 pm

          အဲဒီလို တွေးမယ် ဆိုရင် .. အနောက်တိုင်းမှာ ငယ်ငယ်ကလေးနဲ့ ကဲကြတယ် ဆိုတာ အစစအရာရာ သိသင့်သိထိုက်တာ .. ကာကွယ်သင့် ကာကွယ်ထိုက်တာ သိကြပြီးလို့ ကဲကြတာ ..
          ဒီက မိန်းကလေးတွေ သိတော့ သိကြတယ် .. အတွင်းကျကျ မသိသေးဘူး .. ဒါကြောင့် ကဲကြည့်ကြမယ် ဆိုရင် အန္တရာယ် များမှာ သေချာတယ် .. ဒါကြောင့် မမြှောက်ပေးကြပါနဲ့နော် ..

          အသက်ကြီးလာလို့ မလုပ်လိုက်ရတာ လုပ်တာက သူ့သဘော သူဆောင်တယ် .. ဘာဖြစ်ဖြစ် သူ့ဇာတ် သူနိုင်ပါလိမ့်မယ် ..

      • Foreign Resident

        July 10, 2011 at 3:19 am

        “ဘယ်လောက်ခေတ်ရှေ့ပြေးတဲ့ယောကျာ်းဖြစ်ပါစေ
        သူတို့တကယ်အတည်ယူဖို့စဥ်းစားတဲ့အခါကျတော့”
        It’s not necessary “my wife should be virgin”.
        I am not a (male) virgin & so, I will not ask her to be virgin.
        This is human right & Fair go.
        I don’t mind much about her (previous) sex life,
        I will mind only her ideology, knowledge & fairness upon other people

      • Foreign Resident

        July 10, 2011 at 3:40 am

        Haaa Haaa Haaa…..
        By the way, Sayar Kai,
        ” ငယ်တုံးက… ငါမလုပ်လိုက်ရလေချင်းဆိုပြီး.. ၂ဆတော့တိုးမကဲနဲ့ပေါ့… ”
        Do you regret something ?
        Just Kidding Naw !!! 🙂

        • kai

          July 10, 2011 at 3:00 pm

          အဟမ်း..
          ဒီကိစ္စနဲ့ပါတ်သက်ပြီးတော့ကာ… ပြောရရင်တော့ (ကော်လိပ်ဂျင်နေဝင်းလေသံ)
          ဦးဝင်းဖေရိုက်တဲ့” နှင်းဆီနီအိပ်မက်” အကြောင်းပြောရမှာပဲ..။ အဲ..အဲ..ဒီရွာထဲမလဲ ပြောဘူးပါတယ်..။
          ဆိုတော့…။
          ငယ်တုံးက… ငါမလုပ်လိုက်ရလေခြင်းဆိုပြီး.. ၂ဆတော့တိုးကဲတဲ့ ..အိမ်ထောင်သည် မမအကြောင်းရုပ်ရှင်ရိုက်ထားတာပေါ့.။
          တကယ့်ဘဝတွေမှာလည်း..ဒီအတိုင်းမြင်နေရတယ်..။ 🙂

          ====
          ဦးဝင်းဖေရဲ့ နှင်းဆီနီအိပ်မက် ကိုးကားတာ၂ခါရှိပေမဲ့.. အဲဒီဇတ်ရဲ့ရင်းမြစ်အကြောင်း ဂဃနဏ မသိဖြစ်ခဲ့ဘူး..။
          အဲဒါ.. ခုလေးတင် ဖေ့စ်ဘုတ်မှာ ဖတ်ထားတာလေး.. ဖြတ်တောက်ကူးတင်..မှတ်တမ်းထားလိုက်ပါတယ်..။
          ဆရာအတ္တကျော် ရေးထားတာပါ..။ အပြည့်အစုံအောက်ကလင့်မှာဆက်ဖတ်ပါ..။
          http://www.facebook.com/note.php?note_id=150284961710670
          အဲလိုမဟုတ်ဘဲ သူများ ရေးထားတဲ့ ဇာတ်လမ်းကို အညွှန့်ခူးတာထဲမှာဆိုရင်တော့ မှတ်မိသလောက် အထင်ရှားဆုံးက ဒါရိုက်တာ ဝင်းဖေရဲ့ “နှင်းဆီနီအိပ်မက်” ဖြစ်ပါတယ်။ ဝတ္ထု၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ ဝင်းဖေဆိုပြီး စာတန်းထိုး၊ ကြော်ငြာ တင်ဆက်ခဲ့တာပါ။ မင်းသားက ညွန့်ဝင်း၊ မင်းသမီးတော့ မမှတ်မိတော့ဘူး။ (ဆွေဇင်ထိုက်လို့ ထင်ပါတယ်။)

          ရုပ်ရှင်ထွက်ပြီး၊ ပိုက်ဆံတွေရပြီး နှစ်ပေါင်းများစွာ အကြာကြီး ကြာတော့မှ မြန်မာ့ ရုပ်မြင်သံကြားမှာ အဲဒီ့ကားကို ပြတယ်။ အဲဒီတော့မှ မူရင်း စာရေးဆရာက အမှတ်မထင် ကြည့်မိသွားပြီး အဲဒီ့ဇာတ်လမ်းဟာ သူ့ဇာတ်လမ်းမှန်း သိသွားခဲ့လို့ ပြဿနာ “နည်းနည်း” တက်ခဲ့ဖူးတယ်။

          ဇာတ်ရဲ့ မူရင်းပိုင်ရှင် စာရေးဆရာက ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ငယ်သူငယ်ချင်း၊ ဆရာဘုန်းနိုင်နဲ့အတူ စာပေလောကထဲကို ပြိုင်တူ ရောက်လာခဲ့တဲ့ ဆရာ “တက္ကသိုလ် ခင်မောင်အေး”ဖြစ်ပါတယ်။ ဆရာက တပ်မတော် အရာရှိဟောင်းတစ်ဦးလည်း ဖြစ်တယ်။ စန္ဒာမဂ္ဂဇင်းထဲက သူ့ရဲ့ ပင်ကိုရေး “ကန့်ကော်တောမှ ဇာတ်လမ်းများ”ထဲမှ တစ်ပုဒ်ကနေ “နှင်းဆီနီ အိပ်မက်” ဆိုပြီး ဖြစ်သွားတော့ ဆရာ့ခမျာလည်း မျက်စိလည်သွားပြီး တော်တော်နဲ့ မသိနိုင်ရှာဘူးပေါ့။

  • weiwei

    July 8, 2011 at 4:01 pm

    ဒီပို့စ်လေးကို မိန်းကလေးတွေ ဖတ်သင့်တယ် ….
    ပတ်ဝန်းကျင်မှာ ပေါ့တီးပေါ့ပျက်မိန်းကလေးတွေ တွေ့နေရတယ် … ဒါပေမယ့် သွားဆုံးမလိုက်ရင် ကလော်တုတ်ခံရမှာစိုးလို့ မသိချင်ယောင်ပဲ ဆောင်နေရတယ် …

    • etone

      July 8, 2011 at 4:09 pm

      မဝေရေ အပြင်မှာ သ ွားမဆုံးမရဲလို့ စာထဲကနေ ပါးပါးလေး ဆုံးမလိုက်တာ … ။ 😛 😛 😛

    • မိုက်ကယ်ဂျော်နီအောင်ပု

      July 8, 2011 at 9:53 pm

      ဟုတ်ပဗျာ
      ( အထိုင်မတတ်လျှင် ဖြဲသလို ဖြစ်တာမို့ )
      ဆိုတဲ့အဆိုကတော့
      မိန်းကလေးတွေမှ မဟုတ်ပါဘူး
      ကျွန်တော်တို့လို ယောက်ကျားတွေတောင်
      ဟတ်ထိတယ် 😀 😀 😀

  • နွယ်ပင်

    July 8, 2011 at 4:12 pm

    ကိုရီးယား ဇာတ်လမ်းရဲ့ အကျိုးပေါ့ etone ရယ်
    အတုခိုးစရာက ဒီလိုဖက်တွေမှာ မြန်ပ ကျန်တာတွေတာ နှေးချင်နှေးမယ်
    သွားဆုံးမလို့ကတေ့ာ ကိုယ်က ဟိုးခေတ်မှာ ကျန်နေခဲ့တဲ့ ကျောက်ခေတ်ကလူဖြစ်သွားမယ်
    ဘယ်လိုပဲဖြစ်ဖြစ် ဒီပို့စ်လေးကို နွယ်ပင်တော့ သဘောကျတယ်

    • apulay

      July 8, 2011 at 10:33 pm

      ကိုရီးယားဇာတ်လမ်းတွေရဲ့ အကျိုးလို့ပြောမယ်ဆိုရင်တော့ရတယ် နွယ်ပင်ရေ ။ ဒါပေမယ့် အပုလေးသတိထားမိတာကတော့ မော်ဒယ့်ဖခင် ကိုဂျွန်လွင် နဲ့ မော်ဒယ့်မိခင် မတင်မိုးလွင်တို့ရဲ့ ကောင်းမှုကြောင့်လဲပါသေးတယ် ။ အပုလေးတို့ဆီမှာ မော်ဒယ်ဆိုတာတွေ စပေါ်လာကထဲက လူငယ်တော်တော်များများဟာ ပွင့်လင်းရဲတင်း ပြီး အရှက်မရှိကြတော့သလိုပဲ
      ပြောပြန်ရင်လဲ တုံးလိုက်တာနဲ့ရှိကြဦးမယ် ။

  • PinkCandy

    July 8, 2011 at 5:06 pm

    ဟုတ်တယ်နော်
    အခုခေတ်မိန်းခလေးတွေ ပိုကဲလာသလိုပဲ

  • cherrywine

    July 8, 2011 at 5:11 pm

    မမ etone ရဲ့ပိုစ့်လေးကို သဘောကျတယ် .. အခု မိန်းကလေးတော်တော်များများက အဲ့လိုဖြစ်နေတယ်။ သတိ္တရှိတာနဲ့ မိုက်ရူးရဲတာဟာ အတူတူပဲလို့ သဘောထားနေကြတယ်လေ ။ တကယ်မလွယ်ဘူး 🙁

  • Snowy

    July 8, 2011 at 5:25 pm

    “ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘူးပြောပြီး ကိုယ်ကောင်းလျှင် ခေါင်းမရွှေ့ပါဘူး ခံယူထားတဲ့ ဂျစ်ကန်ကန် ကျွန်မလည်း နေရထိုင်ရ စိတ်ကျဉ်းကြပ်လှပါရဲ့ …. ။” အဲဒီစာသားတော့လုံးဝကြိုက်သွားပြီ … Snowy နဲ့တူလို့ တစ်ခါတစ်လေ … အမေကပြောတယ် ကိုယ့်ကိုယ် ကိုမိန်းကလေးဆိုတာလဲ သတိထားအုံးတဲ့ အရွဲ့တိုက် တက်လွန်းလို့
    ပွင့်လင်းတာနဲ့ … ရဲတင်းတာနဲ့မတူဘူး
    အရင်ခေတ်တွေတုံးကစကားပုံရှိတယ်လေ .. ယောကျာ်းကြိုက်တော့ဆိုက်ဆိုက်လာ .. မိန်းမကြိုက်တော့မျှော်လိုက်တာ တဲ့
    အုံ့ပုံးလုပ်ပြီး သူ့ခံစားချက်ကို ကိုယ်မသိ ကိုယ့်ခံစားချက်သူမသိလို့ ကြိတ်ပြီးခံစားရတာနဲ့စာရင် ပွင့်ပွင့်လင်းလင်း ကိုယ့်ခံစားချက်ကို ထုတ်ပြသင့်တယ်လို့တော့ထင်တယ် … ကိုယ့်အတွက်အဖြေတစ်ခုတစ်ခု ထွက်လာတာပေါ့
    ရဲတင်းတယ်ဆိုတာကြတော့ လူများအမြင်မှာ နဲနဲရိုင်းသလိုဖြစ်နေတတ်တယ် … ပေါ့ပျက်ပျက်ပုံစံဖြစ်သွားပြန်တယ် ….
    ကိုးရီးယားဇာတ်လမ်းတွေမှာလဲ ယူတတ်ရင်သင်ခန်းစာတွေ ရှိပါတယ်
    နောက်ရုပ်ရှင်ဆိုတာ ပြင်ပမှာလဲတစ်ကယ်ရှိနေလို့သာ ဒီလိုဇာတ်လမ်းတွေဖြစ်လာတာပေါ့ ….
    အတုယူခိုင်းတာမဟုတ်ပါဘူးနော် 😛
    အဲဒီကနေ အကျိုးရှိတာကိုယူသင့်တယ် လို့ပဲတွေးမိတာပါ ….

  • pooch

    July 8, 2011 at 8:07 pm

    အယ်… တုန်မမက … ရေးတတ်လိုက်တာ …ချက်နဲ့လက်နဲ့ …. ကောင်းပါ့တော်…
    ဒီမှာတော့ အဆောင်နေ ကလေးတွေ ပိုဆိုးတယ် တုန်တုန်ရေ….
    မကြားကောင်း ကြားကောင်းတွေ ကို စုံလို့… ပြောပြရမှာတောင် …စိတ်ကုန်လို့ မပြောတော့ပါဘူး …

  • Yin Nyine Nway

    July 8, 2011 at 8:19 pm

    ဟုတ်တယ်… အိတုန်ပြောတာလေး
    တချို့တွေက ကိုယ့်ကိုကိုယ် တန်ဖိုးမထားတဲ့လူများနေတယ်
    တခါတလေ သူတို့ တန်ဖိုးမထားတာတွေက
    ငါးခုံးမ တစ်ကောင်ကြောင့် တလှေလုံးပုတ်သလို
    အားလုံးပါသွားရော

  • unclegyi1974

    July 8, 2011 at 9:41 pm

    အခုခေတ်ကငါးခုံးမကတကောင်
    မဟုတ်တော့ပါဖူ မရင်ရေ
    အကြောင်းပြတာကကိုရီးယား
    ဒါလည်းမဟုတ်သေးဖူး
    ဒီအပိုင်းမှအတုယူ
    ရိုးသားကြိုးစား
    အတုမယူ
    မိသားစုအရေးနွေးနွေးထွေးထွေး
    အတုမယူ
    မြင်တာချင်းအတူတူ
    ဘာကွာခြားနေလို့
    ဒီလိုအမူအကျင့်ကိုမှအတုယူရတယ်
    ဘာအကြောင်းကြောင့်လဲ

    • pan pan

      July 11, 2011 at 11:58 am

      ရုပ်သံကလာတဲ့ ကိုရီးယားကားတွေ ခုတလော လင်ငယ် မယားငယ်ထားတဲ့ ဇာတ်တွေပြနေတယ်
      ဘာလို့ ဒီလိုကားတွေပြနေတာလဲမသိဘူး
      ပညာယူရအောင် တစ်ကားနှစ်ကားဆို တော်ရောပေ့ါ
      ခုတော့ အတုယူကုန်ရင် ငါးပါးမကမှောက်တော့မှာပဲ
      ပြည်ပကနေ ဇာတ်လမ်းတွေ တင်သွင်းရင်း အဲဒီဇာတ်လမ်းတွေမှာ သရုပ်ဆောင်တွေ ဝတ်တဲ့
      အဝတ်အစားတွေလည်း တပါတည်းသွင်းတယ်လို့ ကြားတယ်

  • ဆူး

    July 8, 2011 at 10:29 pm

    မျက်စိရှေ့မှာ မြင်နေရတာ တော်တော် ဆိုးတယ်.. ကိုရီးယား အားကျလို့ မလုံ့ တလုံနဲ့ သွားလာ နေလိုက်တာ လေတိုက်ရင် အတိုင်းသား သူတို့ကို ကြည့်ရတာ တမျိုးကြီးပဲ.. လှတယ် ထင်တော့ လုပ်နေကြတာ.. ဆုံးမလို့ မရဘူး။
    ဒါနဲ့ စကားမစပ်.. တနေ့က တနေရာမှာ ထိုင်စောင့်နေတဲ့ အချိန် ခဏလေးပါ.. သီချင်းဖွင့်ထားတယ် ရဲလေး သီချင်း.. ဆိုနေတာ အချိန်တွေတိုင်း ငါမပြောရဲပါ နင်ဟာ ငါ့ရဲ့ လမင်းတစင်းပါလို့ ဆိုတဲ့ သီချင်း သိမှာပါ.. အဲလိုလေး စင်ပေါ်မှာ ဆိုနေတယ် သူနဲ့ အတူ သရုပ်ဆောင်ဖို့ ခေါ်ထားတဲ့ မိန်းကလေးက အသက်က ၁ဝနှစ် စွန်းစွန်း အရွယ်.. အပျိုတောင် မဖြစ်သေးတဲ့ ကလေး ပိစိမလေး ကို တွဲပြီး သရုပ်ပြနေတယ်။ ဒီလို ရှေ့ဆောင် နမူနာ တွေ ရှိနေလို့ ကလေးတွေလည်း စိတ်က ဟိုလူကို ချစ်ရတာနဲ့ ဒီလူ့ကို ချစ်ရတာနဲ့ ကိုရီးယား ခတ်ဖြစ်နေတာ.. ခေတ်က ဒီလိုရှိနေမှတော့ ဆိုတဲ့ အတွေးနဲ့ မျက်နှာ လွဲပြီး စောင့်နေတဲ့ အချိန် နာမည်ခေါ်တာနဲ့ ထပြီး လုပ်စရာ ရှိတာ လုပ်ပြီး ပြန်လာခဲ့တယ်။ သရုပ်ဆောင်တာ အသက်နည်းနည်း ကြီးမဲ့ အရွယ်ခပ်ထွားထွား အပျိုလေးတွေ သရုပ်ဆောင်ခိုင်းလည်း ရတဲ့ ဟာကို အပျိုမဖြစ်သေးတဲ့ ၅နှစ်အရွယ် နဲ့ လက်ထပ်ပွဲ ပုံတွေ အင်တာနက်မှာ ခဏခဏမြင်ဘူးတာကိုသာ ပြေးမြင်မိပါတော့တယ်။

  • bigcat

    July 9, 2011 at 9:10 am

    လုံးဝ ကန့်ကွက်ပါတယ်….. 😡

  • etone

    July 9, 2011 at 9:18 am

    ရည်ရွယ်ပြီး ရေးလိုက်တဲ့စာပါ .. ဖတ်မိပါ့မလား မသိဘူးနော် ။

  • chitpyae

    July 9, 2011 at 10:12 am

    မမရေးထားတာတွေ က မှန် လွန်းလို့ ပြောစရာတောင်မလိုတော့ပါဘူး …
    မိန်းကလေးတွေ ကိုယ့်ကိုကိုယ်တန်ဖိုးမထားရင် ဘယ်သူကမှ သူ့ကို တန်ဖိုးထားမှာ မဟုတ်တော့ဘူး။
    ယောကျင်္ားလေးတွေကတော့ ယောကျင်္ားစိတ်ရှိမှာပဲလေ …. ပြောလို့ရလို့ပြောကြည့်ပြီး ပါလာတော့လည်း သူတို့က အားနာမှာ မဟုတ်ဘူးလေ။ ကျား ဆိုမှပဲ ။ အမြည်းစားရတော့ ရော ဘာဖြစ်လဲ အမြည်းစားမှာပေါ့။ တချို့မိန်းကလေးတွေကျပြန်တော့ တခါ မှားခဲ့တာကိုပဲ တတက်စားလည်း ကြက်သွန် နှစ်တက်စားလည်း ကြက်သွန်လို် သဘောထားပြီး နေလိုက်ကြတာတွေရှိမှာပေါ့ ။ တခါမှားခဲ့ဖူးပေမဲ့ ကိုယ့်အမှားကို သိပြီး ပြင်နိုင်ရင် ကိုယ့်အတွက်အကောင်းဆုံးဖြစ်မှာပါ ။
    ကိုယ့်ကိုကိုယ်တန်ဖိုးရှိအောင် နေပြီး တန်ဖိုးထားရင် တကယ်လည်း ကိုယ့်ကို တန်ဖိုးထားတဲ့သူနဲ့ ဆုံတွေ့မယ်လို့ ယုံကြည်ပါတယ် … ။

  • စုံ စုံ

    July 9, 2011 at 11:19 am

    ခေတ်မမှီဘူးပြောပြော၊ခေတ်နောက်ကျတယ်ဘဲပြောပြော
    etone ရဲ့အခုပို့စ်ကိုထောက်ခံတယ်
    မြန်မာမိန်းကလေးဟာမြန်မာမိန်းကလေးစိတ်ဓါတ်တော့ရှိရမှာပေါ့
    အခုချိန်မှာဘယ်လောက်ပွင့်လင်းလာတယ်ပြောပြောမိန်းကလေး
    တယောက်စောင့်ထိန်းရမယ့်ကျင့်ဝတ်ကတော့သိနားလည်ရမယ်လေ
    ကျမအထင်ပေါ့ ဘယ်လောက်ခေတ်ရှေ့ပြေးတဲ့ယောကျာ်းဖြစ်ပါစေ
    သူတို့တကယ်အတည်ယူဖို့စဥ်းစားတဲ့အခါကျတော့
    ကိုယ့်ကိုကိုယ်တန်ဖိုးထားတတ်တဲ့မိန်းမကိုဘဲသူတို့ကလဲတကယ်တန်ဖိုးထားပြီး
    လက်ထပ်ယူမယ်လို့ထင်တယ်

    • Foreign Resident

      July 10, 2011 at 3:18 am

      “ဘယ်လောက်ခေတ်ရှေ့ပြေးတဲ့ယောကျာ်းဖြစ်ပါစေ
      သူတို့တကယ်အတည်ယူဖို့စဥ်းစားတဲ့အခါကျတော့”
      It’s not necessary “my wife should be virgin”.
      I am not a (male) virgin & so, I will not ask her to be virgin.
      This is human right & Fair go.
      I don’t mind much about her (previous) sex life,
      I will mind only her ideology, knowledge & fairness upon other people.

  • တညင်သား

    July 9, 2011 at 12:33 pm

    အီးတုန်းရဲ့ အကောင်းဆုံးပို့စ်တခုပါ… နေထိုင်ရာဒေသ ပတ်ဝန်းကျင် ကိုလိုက်ပြီး ပြောင်းလဲ သွားကြတာ မြန်မာလူမျိုတဦး အနေနဲ့ လက်မခံနိင်းသေပါဘူး … တိုးတက်တဲ့ နိင်ငံတွေရဲ့ လူတွေပြုမှုဆောင်ရွတ်နေတာပါ … တိုးတက်ပြီးမှာ ဒီလိုနေရမှာလား ..ဒီလိုလုပ်မှ တိုးတက်မှာလား …စဉ်စားစရာပါပဲ…တကယ့်ကို အကောင်းဆုံးပို့စ်တခုပါ……

  • chityaaung

    July 10, 2011 at 5:34 pm

    ကိုရီးယားကားဆိုလို့ ပြောရဦးမယ်…။ အရင်က တစ်ချို့ ကောင်လေးတွေ မကြည့်ဘူး ..။ ခုတစ်လောကြည့်လာကုန်ပြီ…။ ဘာလို့လဲသိလား ? တစ်ချို့ကားတွေမှာ အိပ်ယာဝင်အညှီလေးတွေ ပါလာလို့တဲ့လေ… ။ကောင်းပါလေရဲ့……။

  • apulay

    July 11, 2011 at 6:04 pm

    etone ရေ တို့တတွေရဲ့ commemt လေးတွေမှာ ရဲပတောင်းခတ်လို့ ပါလား ။ ဆိုဆုံးမလို့ မလွယ်ဘူးပဲ ။
    အဲဒီလိုလူတွေကမွေးလာမဲ့ နောင်လာနောက်သားလေးတွေ အတွက်တော့ ရင်လေးစရာပဲ ။

    • Foreign Resident

      July 12, 2011 at 7:58 am

      Dear A Pu Lay,

      ” ဆိုဆုံးမလို့ မလွယ်ဘူးပဲ ။ အဲဒီလိုလူတွေကမွေးလာမဲ့ နောင်လာနောက်သားလေးတွေ အတွက်တော့ ရင်လေးစရာပဲ ”

      If you want to teach ( ဆိုဆုံးမ ) others,
      1. you must have enough (wide) knowledge.
      2. your idea must be logical & justifiable.
      3. you must be mature/wise enough to decide when, where & how.
      Are yo sure you are suitable with those ? Please, think twice.

      Concerning ” အဲဒီလိုလူတွေ က —- ရင်လေးစရာပဲ ”
      I am definitely sure, some of them ( အဲဒီလိုလူတွေ ) are better than you
      in age, knowledge, wisdom, wealth, position, honor & idea.
      Please, behave your usage in your comment.

      In fact, I really worry ( ရင်လေး ) for some people who cannot go out from the well & widen their knowledge ( Like “Yae Twin Htae Ka Phar Thu Nge” )

      Sorry for my severe usages.
      I have no intention to hurt you by my comment,
      but, I want some people to realize that there are some ideas ( logics )
      beyond Myanmar & Buddhism & don’t underestimate others bcoz of ideas are different.

      Thanks.

  • Yan Shin

    July 11, 2011 at 9:20 pm

    etone ရေ
    စာကတော့ ခန့်ပါရဲ့…..

    action ပုံလေးတွေက အီတုန်းပုံလေးတွေလားဟင်။
    အတွင်းစိတ်ကို နဲနဲလှစ်ပြနေသလိုပဲ။

Leave a Reply