“ကိုပေါက်လမ်းသလားနေသည်( အပိုင်းနှစ်) (မြို့ကိုသွားရန်အကြောင်းဖန်)”

“ကိုပေါက်လမ်းသလားနေသည်( အပိုင်းနှစ်) (မြို့ကိုသွားရန်အကြောင်းဖန်)”

ပြီးခဲ့တဲ့ခြောက်လပိုင်း လလယ်လောက်မှာ ရန်ကုန်မှာနေတဲ့ တူမလေးတစ်ယောက်ကိုအိမ်ထောင်ချပေးတော့မယ်လို့
သူ့အမေက သတင်းပေးလာပါတယ်။
တူမလေးကလဲ သူမင်္ဂလာဆောင်တော့မယ်ဆိုတဲ့အကြောင်း သူ့အမေကလဲသဘောတူပြီဆိုတဲ့အကြောင်းကို အီးမေးလ်ကနေစာပို့လိုက်ပါတယ်။
သူ က မြန်မာပြည်ရဲ့ ပြင်ပက နိုင်ငံတစ်ခုမှာအလုပ်လုပ်နေရာကနေ ဝါမဝင်ခင်ပြန်လာ မင်္ဂလာဆောင်
ပြီးတာနဲ့လင်မယား နှစ်ယောက်အတူပြန်ထွက်ကြမှာပါ။
(လွမ်းစရာကောင်းအောင်ပြောရရင် အစက ကြောင်ကြီးအတွက်လို့ စဉ်းစားထားတဲ့တူမလေးပါ။
ကျနော်မသိလိုက်တာက အခုလက်ထပ်တဲ့ကောင်လေးနဲ့ကြိုက်နေတာ 5နှစ်တောင်ရှိပြီဆိုပါတယ်။
အားနာလိုက်တာ ကြောင်ကြီးရယ်)
ကျနော်တို့နဲ့သူ တို့မိသားစု မန္တလေးမှာ အတူနေခဲ့ကြတာပါ။
သူ ငယ်ကတည်းက ထိန်းကျောင်းချီပိုးလာတော့ အတော်လေးလဲ သံယောဇဉ်ရှိတဲ့ကလေးဖြစ်နေတော့ လက်ဖွဲ့လေးလှမ်းပေးရုံလောက်နဲ့ မကျေနပ်နိုင်ဘဲ မင်္ဂလာပွဲကိုကိုယ်တိုင်သွားချင်ပါတယ်။
နောက်တစ်ချက်ကတော့ ကျနော်ကလဲ ရန်ကုန်ကိုမရောက်တာကြာတော့ “ကိုပေါက် “ ဘဝရောက်မှသိလာရတဲ့မိတ်ဆွေများကိုလဲတွေ့ချင်တာလဲပါ ပါတယ်။
ဒါနဲ့ဘဲ သွားမယ်လို့ဆုံးဖြတ်ပြီးတော့ အလုပ်တွေလွှဲဘို့စီစဉ်ရပါတော့တယ်။

နောက်မန္တလေးဇာတိဖြစ်ပေမယ့်ရန်ကုန်မှာရောက်နေတဲ့အမျုးိတွေကလဲများပါတယ်။
အဲတော့ တစ်ချက်ခုတ်သုံးချက်တင်မကဘူးလေးချက်ပြတ်အောင်အလုပ်တွေကိုပါ
ယူလာခဲ့ပါတယ်။
နောက်ပြီး မင်္ဂလာဆောင်မယ့်အိမ်မှာဘဲတည်းမယ်လို့လှမ်းအကြောင်းကြားထားလိုက်ပါတယ်။
သူတို့အိမ်က လမ်းဘေးမှာတင်ဆိုတော့ ကားငှားရပြုရလွယ်တယ်ဆိုတာကိုလဲကြားထားလို့ပါ။
ရောက်တော့ တစ်ခါမှ မရောက်ဘူးသေးပါဘူး။
ဒီပြင်နေရာမှာတည်းမယ်ဆိုရင်လဲ သူတို့ကလက်ခံမှာမဟုတ်ပြန်ပါဘူး။

မင်္ဂလာဆောင်မယ့်ရက်က (29-6-2011)ကြားရက် ဗုဒ္ဓဟူးနေ့ဖြစ်နေပါတယ်။
အဲဒီမှာစပြီး အုံးစား တော့တာပါဘဲ။
“ကိုပေါက် “ ဘဝနဲ့သိတဲ့လေထဲက မိတ်ဆွေအများစုရဲ့အလုပ်ပိတ်ရက်က တနင်္ဂနွေနေ့ဖြစ်တာများပါတယ်။
အဲတော့ စောသွားမယ်ဆိုရင် 24-6-2011သွားတနင်္ဂနွေနေ့ဖြစ်တဲ့ 26-6-2011နေ့မှာတွေ့လို့ရနိုင်ပါတယ်။
ဒါပေမယ့် အဲလိုစောသွားပြန်ရင်လဲ မင်္ဂလာဆောင်မယ့်အိမ်မှာက အလုပ်တွေရှုပ်နေတုန်း ဧည့်သည်သွားလုပ်မယ်ဆိုရင်အဆင်မပြေတဲ့အပြင်မင်္ဂလာဆောင်ပြီးတာနဲ့ပြန်မယ်ဆိုရင်လဲ တူမတွေက လက်ခံမှာမဟုတ်ဘူး။
အဲတော့ ရက်တော့ ကြာကြာနေမယ် အားလုံးနဲ့လဲတွေ့နိုင်အောင်27ရက်နေ့ ညကားစီး၊
28ရက်နေ့ရောက် စိတ်ထဲမှာရင်းနှီးတယ်ဆိုတဲ့ မိတ်ဆွေတစ်ယောက်နဲ့အရင်တွေ့။
29ရက်နေ့မင်္ဂလာဆောင်နွှဲ၊
30ရက်နေ့ အလုပ်ကိစ္စနဲ့ပါတ်သက်တာတွေ လုပ်။
လဆန်းတစ်ရက်နေ့ အမျုးိတွေနဲ့တွေ့၊
2ရက်နေ့ ရန်ကုန်က ဘုရားတွေဖူး၊
3ရက်နေ့ ကိုပေါက်ရဲ့မိတ်ဆွေတွေနဲ့ ကိုပေါက်တွေ့။
မဒမ်ပေါက်က တူမတွေနဲ့ ဈေးဝယ်ထွက်။
4ရက်နေ့ လိုအပ်တာတွေလိုက်ဝယ် ညကားစီးပြီးမန်းလေးပြန် ။
ကိုယ့်အစီအစဉ်နဲ့ကိုယ်ကွက်တိပါဘဲ။
အဲလိုလဲ အစီအစဉ်တွေချပြီးရော ချက်တင်မှာဆုံနေကြမိတ်ဆွေများကိုရော၊
ဖုန်းနဲ့အဆက်အသွယ်ရှိတဲ့သူတွေကိုရော 3ရက်နေ့မှာ ဆုံကြမယ်
တွေ့ကြမယ့် အချိန် တွေ့ကြမယ့်နေရာတွေကို စီစဉ်ပေးပါဆိုပြီးအကူအညီတွေတောင်းရပါတော့တယ်။

အဲတော့ ရန်ကုန်အကြောင်းမသိတဲ့ ကျနော်က

“မိတ်ဆွေတွေကိုဘယ်မှာတွေ့ရင်ကောင်းမလဲ?”
“မိတ်ဆွေတွေကိုဘယ်လိုတွေ့ရင်ကောင်းမလဲ?”
“မိတ်ဆွေတွေကိုဘယ်သူတွေတွေ့ရင်ကောင်းမလဲ?”

ဆိုတဲ့မေးခွန်းလေးတွေကို လူတိုင်းလောက်နီးပါး အင်တာဗျူးသလိုမေးကြည့်တဲ့အခါမှာ
မတူညီသောအဖြေလေးတွေကိုရလာပါတယ်။
ဘာလိုလဲလို့ပြန်သုံးသပ်ကြည့်တဲ့အခါမှာ ရွာထဲမှာက အသက်အရွယ်ရော
အလုပ်အကိုင်နေရာဌာနတွေက အရွယ်စုံ အတန်းအစားအစုံဖြစ်နေလို့ပါဘဲ။
တစ်ချို့ကလဲ လူငယ်ပိုင်းတွေစုတွေ့ချင်တယ်။
တစ်ချို့ကလဲ လူကြီးတွေတစ်ဖွဲ့လူငယ်တွေတဖွဲ့ခွဲတွေ့ရင်အားမနာရဘူးလို့ တွေးပါတယ်။
တစ်ချို့ကလဲ လူများများတွေ့ချင်တယ်။
တစ်ချို့ကတော့လဲလူနည်းနည်း ဘဲကောင်းမယ်ထင်တယ်လို့ အကြံပြုပါတယ်။
တစ်ချို့ကတော့လဲ အရင်သိဘူးသူနဲ့ဘဲ။
တစ်ချို့ကတော့လဲ မသိဘူးသူနဲ့လဲတွေ့ချင်။
အဆင် အမျိုးမျုးိတွေ အဖြေရပါတယ်။
ခက်တာကသူတို့တစ်တွေက
”ဘယ်သူတွေပါအုံးမလဲ?
လို့မေးခွန်းတွေပြန်မေးတာကြုံရတဲ့အခါ ကျနော်လဲ“ရဲလေး”လို “အိုင်ဒုန်းနုးိ” ရပါတော့တယ်။

နေု့တိုင်းလောက်ချက်တင်ကနေရော ဖုန်းနဲ့ပါ မိတ်ဆွေတွေနဲ့ဆုံတွေ့ဘို့ အတွက် စီစဉ်ရအောင်လူပေါင်းများစွာနဲ့စကားပြောပြီးတဲ့အခါမှာ
သိလာတဲ့တစ်ချက်ကတော့ လူအများကြီးတစ်ပြိုင်နက်ထဲတွေမယ်ဆိုရင် နေရာအခက်အခဲ ရှိလာနိုင်တယ်ဆိုတာပါဘဲ။
တွေ့ဘို့ချိန်းတဲ့နေရာက လည်း ရန်ကုန်မြို့မှာနေရာအနှံ့အပြားနေကြတဲ့သူများ အလွယ်တကူလာနိုင်မယ့်နေရာဖြစ်ဘို့ိုလိုတယ်ဆိုတာပါဘဲ။
(မအူမလယ်တောသား ကိုပေါက် သွားတတ်လောက်တဲ့နေရာဖြစ်ဘို့ကလည်း အဓိကကျပြန်ပါတယ်။)
နောက်တစ်ချက်က ရွာထဲမှာတင်လာတဲ့ပို့စ်တွေက မန်းတာတွေကိုဖတ်ရင်း ၊
ချက်တင်တွေမှာ ဟိုရောက်ဒီရောက်ပေါက်တတ်ကရ ပြောကြရင်း ကနေ
ဘယ်သူနဲ့ဘယ်သူအဆင်မပြေလောက်ဘူး။
ဘယ်သူတွေကလဲ ဘယ်သူပါမယ်ဆိုရင် မလာလောက်ဘူးဆိုတာကိုအားနာလို့ ဖွင့်မပြောကြပေမယ့်
ရိုးတိုးရိပ်တိတ်လေးသိနေရပါတယ်။
အဲတော့ အများနဲ့အဆင်မပြေလောက်သူကို ခေါက်ဘို့ဆုံးဖြတ်ရပါတော့တယ်။
သူတို့ချင်းတကယ်အဆင်ပြေတာ မပြေတာက တစ်ကဏ္ဍ ကျနော်စီစဉ်တဲ့ပွဲမှာ ပျော်ပွဲကနေ အထေ့အငေါ့တွေနဲ့
ဆော်ကြတဲ့ပွဲအဖြစ်မခံနိုင်တာကလဲအမှန်ပါဘဲ။
ဒါနဲ့ဘဲ ချက်တင်ကနေတစ်ဆင့် အတည်စီစဉ်ပါတော့တယ်။
(2-6-2011)နေ့မှာ တညင်ကို ဘုရားဖူးနဲ့ ဓမ္မရိပ်သာတွေကို လူကြီးအဖွဲ့နဲ့သွားမယ်။
ရွာထဲက ကလေးတွေနဲ့ တော့(3-7-2011)နေ့ မှာတွေ့မယ်ဆိုပြီးစီစဉ်ဘို့အကူအညီတောင်းရပါတယ်။
သူတို့လဲဖိတ်ကျနော်လဲဖိတ်ဆိုတော့ အားတဲ့အချိန်တွေညှိရင်းနေ့လည်တစ်နာရီမှာ မြေနီကုန်းစီးတီးမတ်မှာဆုံဘို့
အတည်ဖြစ်သွားပါတယ်။
အဲဒီနေ့ကတော့ရန်ကုန်ကိုမလာခင်(26-6-2011)နေ့မှာပါ။
လူသိပ်မများချင်တဲ့အတွက် ကျနော်နဲ့နေ့စဉ်တွေ့နေသူတွေလောက်သာပြောလိုက်ပေမယ့် ကလေးတွေကိုလဲ ဖိတ်ချင်သူကို
ဖိတ်နိုင်တယ်ဆိုတာသံချောင်းခေါက်လိုက်ပါတယ်။
အဲဒီနေ့ ညနေ 4 နာရီမှာတော့ ကျန်တဲ့ဆိုက်က မမြင်ဘူးတဲ့မိတ်ဆွေ(3)ယောက်နဲ့
41လမ်းမဟာဗန္တုလလမ်းက ဝန်ကြီးများရုံးနားမှာရှိတဲ့
ရွှေခရားကြီးဆိုတဲ့ လက်ဖက်ရည်ဆိုင်မှာချိန်းထားလိုက်ပါတယ်။
ရန်ကုန်မှာနေတဲ့ရက်အတွက် စကက်ဂျူးတွေအပြီးဆွြဲုပီးတဲ့အချိန်မှာ(27-6-2011)နေ့သွားဘို့လက်မှတ်ဖြတ်လိုက်ပါတယ်။
အဲလိုအစီအစဉ်တွေဆွဲပြီးလို့ကားပေါ်မတက်ခင်တစ်ရက်မှာရန်ကုန်မှနေတဲ့နောက်ထပ်အမျုးိတစ်ယောက်ရဲ့သားမင်္ဂလာဆောင်
ဖိတ်စာကအိမ်ကိုရောက်လာပါတယ်။
ခက်တော့ခက်ကုန်ပါတယ်။
ဒါပေမယ့်ဆုံးဖြတ်ချက် ချက်ခြင်းချလိုက်ပါတယ်။
တညင်သွားမယ်ဆိုတဲ့ရွာထဲက အဖွဲ့ က ကျနော်လာလို့ စီစဉ်ပေးတာ။
မင်္ဂလာဆောင်က ကျနော်မလာလဲသူတို့ပွဲခင်းမှာ။
ဒီတော့မူလအစီအစဉ်အတိုင်းချီတက်ဘို့ဆုံးဖြတ် ၊
27-6-2011နေ့ည 8နာရီမှာမန်းရွှေပြည်ကားပေါ်တက် ရန်ကုန်ကိုခရီးထွက်ခဲ့ပါတော့တယ်။

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(ဆက်လက်ဖတ်ရူ့ပါရန်။)
(7-7-2011)

22 comments

  • မဖတ်ခင်အမှားပြင်လိုက်ပါအုံးမယ်နော်.။
    ((2-6-2011)နေ့မှာ တညင်ကို ဘုရားဖူးနဲ့ ဓမ္မရိပ်သာတွေကို လူကြီးအဖွဲ့နဲ့သွားမယ်။)
    ဒါလေးကို (2-7-2011)နေ့လို့ ကျေးဇူးပြုြ့ပီးပြင်ဖတ်ပေးပါနော်။
    သူများမမြင်ခင်အရင် ဝန်ခံလိုက်ပါကြောင်း။

  • weiwei

    July 8, 2011 at 1:35 pm

    ကိုပေါက်ရေးတဲ့ လူကြီးအဖွဲ့ဆိုတာကို မရှင်းဘူး …
    အသက်ကြီးလို့လား? လူတွေက ကြီးထွားနေလို့လား?
    ကျွန်မက တညင်သွားတဲ့အကြောင်းရေးထားလို့ လူကြီးလို့ အထင်ခံရတော့မှာပဲ … 🙁 😛

    • ဆူး

      July 8, 2011 at 10:07 pm

      အသက်ကြီးလို့လား လူတွေ ကြီးထွားနေလို့လား မေးလိုက်တော့ 🙁 စိတ်တောင် မကောင်းဘူး။ ဆူး က သန်လျင် သွားတာ ကလေးတွေနဲ့ သွားတာ.. ကလေး တွေနဲ့ ဆိုတော့ ပျော်ဖို့ကောင်းတယ်။ ဟွန့်… နောက် အသံမပေးတော့ဘူး။

  • etone

    July 8, 2011 at 2:12 pm

    ကောင်းတယ် ကောင်းတယ် …. လူစုံနဲ့ တွေ ့ခဲ့တာပေါ့ လေးပေါက်က … 😀

  • မဝေရေ ဘယ်လိုလူကြီးတွေနဲ့တွေ့တယ်ဆိုတာ သိချင်ရင် အပိုင်းငါးမှာပါလာမယ်စောင့်မျှော်လို့
    အားပေးပါ…………..5ကျပ်ဘိုးလေးပေါ့။

  • လူစုံမဟုတ်ပါဘူး တုံမမရဲ့

    စိတ်ဓါတ်ခြင်းနီးစပ် ရင်ဘတ်မှာဂျက်ပင်ထိုးထားသလို
    ဘာသာစကားတူတဲ့ မိတ်ဆွေ အများကြီးနဲ့တွေ့ခဲ့တာပါကွယ်။

  • char too lan

    July 8, 2011 at 2:30 pm

    ဒါအိမ်မက်လား ~~ တကယ်လား ~~ တိုင်ပင်စရာအဖော် အချစ်ကလဲမရှိတော့…….
    😛

  • ချူးတာလန် မင်းအိပ်မက် မက်နေပြီထင်တယ်ကွာ။
    ငါရေးတဲ့အထဲမှာ အချစ်အကြောင်းတစ်ခုမှ မပါဘူးလေ။

    • char too lan

      July 8, 2011 at 3:55 pm

      ဟိုမင်းသားတွေနဲ့သွားတွေ ့တယ် ဒီမင်းသမီးတွေနဲ့မုန့်စားတယ်
      ပြောပြောပီး နောက်ဆုံးကျမှ အိမ်မက်မက်တယ်လုပ်နဲ့နော် ……….. 😀

  • နွယ်ပင်

    July 8, 2011 at 2:36 pm

    လေးပေါက် အပိုင်း (3) (4) ဘယ်တော့ လာမှာလဲ
    မြန်မြန်ရေးပါဗျို့ ဖတ်ချင်နေပါပြီ
    ဘယ်လို ရင်ဘတ်ချင်းဂျက်ပင်ထိုးထားတဲ့ လူတွေနဲ့ တွေ့ခဲ့တယ်ဆိုတာ …. 😛

  • မြင်တာနဲ့ခင်
    ပြောတာနဲ့ပေါက်
    စိတ်ကောက်စရာလဲမလို။
    မကျေနပ်ရင် ရှင်းရှင်းပြော
    ထေ့ငေါ့စရာလဲမလို။
    သူလိုကိုယ်လို
    ဝါသနာတူချင်းစု
    ပညာအတုတွေနဲ့လဲ
    ဆကာကြီးလုပ်မပြ
    သဘောကျရင် တဝါးဝါး
    မကျရင်တော့ နင်တစ်လုံးငါတစ်လုံး
    အရှုံးမပေးစတမ်းငြင်းကြမယ်။
    ချစ်ခင်မူ့အပြည့် မွှမ်းထုံ
    ပျော်စရာတွေနဲ့ပြည့်စုံတဲ့လူအစု
    စိတ်ဓါတ်ခြင်းထပ်တူ
    ရင်ဘတ်မှာဂျက်ပင်တပ်ထားသူတွေပေါ့

    ကဲ နွယ်ပင်သိပြီလား မသိရင် ဘာရမလဲ ငါကွဆိုတဲ့သူကို ထပ်မေးလိုက်နော်……………

    • နွယ်ပင်

      July 8, 2011 at 4:06 pm

      ဟိဟိ သိပါပြီလေးပေါက်ရေ
      ငါကွတော့ မမေးတော့ပါဘူးလေ …..

  • shweaeimsi

    July 8, 2011 at 3:29 pm

    ကိုပေါက်တူမတောင်မင်္ဂလာဆောင်ဆိုတော့….
    ချက်တင်တွေ ဘာတေါ မတွေးပါနဲ ့…ဝါဝင်ခါနီးပြိ….တရားဘဲ……အဲလေ…

  • pooch

    July 8, 2011 at 7:50 pm

    ွလေးပေါက်ရဲ့ ဆက်ရန်ကို မျှော်နေပါတယ် …. ခရီးသွားအပိုင်းလေးတွေ ပြီးသွားရင် လည်း အနော် ပြောတဲ့
    series လေးကိုလည်း စဉ်းစားကြည့်ပါ အုန်း …. တကယ်ကို အားပေးကြမှာပါ….
    ရှေးတုန်းက အတွေး လေးတွေနဲ့ အခုခေတ် အတွေးလေးတွေ ရယ် … ဆောင်ရန် ရှောင်ရန် လေးတွေပါ ဆိုရင် …. ပိုတောင် စိတ်ဝင်စားစရာကောင်းမှာ…
    လေးပေါက် အနော်က အတည် ပြောတာနော်… 🙂

  • pooch

    July 8, 2011 at 7:54 pm

    ဒါနဲ့ လေးပေါက် တူမလေးက ညိုချောလေးနော် ..ဦးကြောင်ကြီးအတွက် စိတ်မကောင်းပါဘူး … လက်နှေးတာကိုး… 🙂

  • Yin Nyine Nway

    July 8, 2011 at 8:05 pm

    လွင်မိုးခရီးသွားနေသည်…ကိုပေါက် လမ်းသလားနေသည်…ဟီး

  • naywoonni

    July 8, 2011 at 8:14 pm

    ကိုပေါက်ရေ…
    အပေါ်က ကဗျာက မောင်ချောနွယ်ရဲ့ ကဗျာမဟုတ်လား?

  • ဆူး

    July 8, 2011 at 10:12 pm

    ဘယ်သူမှ မသိလိုက်သော လျှို့ဝှက်ချက်ကတော့ ကြောင်ကြီး သည် လေးပေါက် မန်း ရန်ကုန် ရောက်တဲ့ အချိန်မှာ ရန်ကုန်မှာ ရှိနေပြီး လေးပေါက် တူမ နှင့် တိတ်တဆိတ် ချစ်ကြိုက်ခဲ့သည်မှာ ၅နှစ် ရှိပြီးမှ တရားဝင် လက်ထပ်ပြီး ပြန်သွားတာ ဖြစ်ပါသည်။ အဲဒါ လူမသိသေးတဲ့ ကြောင်လျို့ဝှက်ချက်ပါပဲ။

  • ကိုနေရယ် ကိုပေါက်လက်ဖြစ်ကဗျာပါ။
    အမူ့ကြီးအောင်မလုပ်ပါနဲ့။
    ကိုချောစာလုံး ရင်ဘတ်ဂျက်ပင်ထိုးတာတော့ ယူသုံးထားသပေါ့။

  • shwe ni

    July 9, 2011 at 12:11 am

    ကိုကြောင်ကြီး ဒီပိုစ်မဖတ်ရသေးဘူးဖြစ်မယ် ။

  • bigcat

    July 9, 2011 at 9:06 am

    ဦးပေါက်တူမ
    သူများရ
    ကြောင်ကြီးငတ
    သွားရည်ကျ..
    သမီးဖွေးဖွေး
    သူတို့မွေး
    မျိုးဆက်သစ်လေး
    ကြောင်အားပေး..
    ဘယ်သောအခါ
    မအိုဘု
    စိတ်ပျိုကိုယ်နု
    ကြောင်အာယု 😳

  • ပျို့ကြောင်ကြီးရေ စောင့်အုံးတဲ့ပြန်ဖြေပေးလိုက်ပါတယ်။
    ပိုက်ဆံသာ များများ စုထားတဲ့။
    ဒေါ်လာ မလိုချင်ဘူး ဈေးကျနေတယ်တဲ့
    ကဲ…………..

Leave a Reply