ရှေးအရင်ကထက် ထူးနေတဲ့ဆူးလေ


ဟိုအရင်က ဆူးလေစေတီတော်ရဲ့ပုံတော်ကတော့ ကျနော်ရိုက်ထားတာမရှိပါဘူး။
ဆူးလေစေတီကို ကျနော်တို့က ကပ်ကျော်ဘုရားလို့လဲအမည်တပ်ပါတယ်။
ဘာလို့လဲဆိုတော့ ဆူူးလေဘုရားနားသာဖြတ်သွားတယ် တက်မဖူးဖြစ်တာများလို့ပါ။
အရင်ကဆိုရင်ဆူးလေဘုရားက လမ်းအလည်ခေါင်မှာ ထီးထီးကြီး မြင့်မြင့်မားမား
အခုတစ်ခေါက်ရောက်တော့ ဘုရားနဲ့အပြိုင်အဆောက်အဦးအပြာကြီးကိုမြင်လိုက်တော့
စိတ်ထဲမှာဘာလိုလိုကြီးဖြစ်သွားပါတယ်။
</a
ရန်ကုန်ရောက်တုန်းဆူးလေးကို ဖူးမြင်ရတော့မှတ်တမ်းတင်လိုက်မိပါတယ်။
ဟိုအရင် ရန်ကုန်ရောက်စက ကျနော်ဘယ်သွားသွား ဆူးလေကို လာပြီးမှသွားတာလေးကိုလဲပြန်သတိရမိပါတယ်။
အရင်ကနဲ့မတူ ထူးနေတဲ့ဆူးလေလို့စိတ်ထဲမှာထင်မိပါတယ်၊
ဒါကြောင့်လဲ……………………………………………..

20 comments

  • ပြောရအုံးမယ်
    ကျနော်ဆူးလေးကို ဘဲမူတည်ပြီး သွားခဲ့တဲ့အကြောင်းလေး။
    တစ်ရက် ချင်းချောင်းရိပ်သာနား ကို လူကြုံပေးလိုက်တဲ့ပစ္စည်လေးသွားပေးပါတယ်။
    နောက် ရန်ကုန်တက္ကသိုလ်ထဲက သူငယ်ချင်းဆီသွားမယ်စိတ်ကူးတော့ ဆူးလေကို ဘတ်စ်ကားပြန်စီးလာပါတယ်။
    နောက်ဆူးလေရောက်မှ ဘတ်စကားစီးပြီး တက္ကသိုလ်ထဲကိုပြန်သွားပါတယ်။
    အဲဒါကို သူငယ်ချင်းတွေကိုပြောပြတော့ရီလိုက်ကြတာဗျာ။
    အူကြောင်ကြောင်ကောင်တွေ…………………………..

    • etone

      July 8, 2011 at 3:43 pm

      လေးပေါက်က တပတ်လောက်ပဲ နေလို့ … တလလောက်သာ နေလျှင် မျက်စိမှိတ်ပြီးတောင် သွားတတ်ဦးမှာ … 😀

  • kai

    July 8, 2011 at 3:23 pm

    ဆူးလေစေတီက..ရန်ကုန်ရဲ့ ဗဟိုအလယ်ခေါင်လို့ သိဖူးတယ်..။
    ဆိုတော့.. ၆မိုင်ခွဲ.. ၈မိုင် စသဖြင့်တွက်ကြတာ ဆူးလှေကနေလို့ဆိုတာပဲ..။ ဟုတ်မဟုတ်တော့မသိ…။

    ပြောရရင်.. ဆူးလေအဝိုင်းပါတ်က… ပန်းပုအနုပညာတွေမှာ.. ကဒေါင်းကို လုပ်မဲ့သဘောရှိပေမဲ့..အကြောင်းတခုခုကြောင့် တန်းလန်းကြီးရပ်နေတဲ့..ပန်းရံ ဟန်ကိုလည်း ပြန်သတိရမိတယ်..။
    အခုဓါတ်ပုံထဲမှာလည်း မြင်နိုင်မှာပါ..။

  • မအူမလယ်တောသားလေးပါအေ.။
    ဘတ်စကားစီးဘို့သွားတာတောင် ကားဂိတ်ဘက်မသွားဘဲလမ်းမှားသွားတာ။
    သူများက မှားနေတယ်ပြောမှ ပြန်ပြီး ကားဂိတ်ဘက်သွားရတာပါ။

  • etone

    July 8, 2011 at 4:16 pm

    ဆူးလေဘုရားက ကပ်ကျော်ဘုရားဆိုတာတော့ဟုတ်တယ်… ။ လူနည်းတော့ ဖိနပ်ခိုးမဲ့လူချည်း ချောင်းနေတာ … ဖိနပ်မအပ်မိလျှင် ချိုင်းကြားသာညှပ်ထားပေတော့ … မဟုတ်လျှင် ပျောက်ဖို့ တစ်ရာရာခိုင်နှုန်းသေချာတယ် 😛 😛

  • nature

    July 8, 2011 at 7:21 pm

    ရှေးအရင်ကထက် ထူးနေတဲ့ဆူး လို့ ဖတ်မိပြီး ဘာများလဲလို့..။ ဆူး ဘာတွေများထူထူးခြားခြား လုပ်နေပြီလဲလို့..။ 🙂

  • pooch

    July 8, 2011 at 7:36 pm

    အနော်လည်း ရန်ကုန်ရောက် ရင် ဆူးလေ မရောက်ဖြစ်ဖူး … ကပ်ကပ်ပြီးကျော်သွားတာ ….

  • ဆူး

    July 8, 2011 at 9:59 pm

    ဘုရား ဘုရား ဘုရား.. ဆူးလေ ဘုရားပါ..
    ဆူးလေ နားမှာ ကားတွေ အများကြီးပဲ.. လူတွေလည်း အများကြီးပဲ..
    ဓါတ်ပုံဆိုင်တွေလည်း အများကြီးပဲ..
    ၁ဝတန်းလောက်တုန်းကဆို အဲဒီ ဝန်းကျင်မှာ တနေ့ တနေ့ လမ်းလျှောက်နေရတာ ဟိုကျူရှင်က ဆင်း ဒီကျူရှင် ပြေးနဲ့ လမ်းမှာ ဘာရှိမှန်းတောင် သေချာ မကြည့်မိဘူး။

  • bigcat

    July 9, 2011 at 7:30 am

    ဘုရားနောက်ခံ အထပ်မြင့်အဆောက်အဦးကြီးက ၁၉၉ရအာရှစီးပွားပျက်ကပ်တုန်းက တန်းလန်းကြီးရပ်သွားတဲ့ ဆိုဖီတယ်ဟိုတယ်ထင်တယ်။ ဦးပေါက်ကသာ ထူးတယ်ပြောတယ်။ ၁၉၈၈ခုနှစ် နောက်ပိုင်း ဘုရားဘက်စုံမွမ်းမံပြီးကထဲက အနေအထားအတိုင်းပဲ၊ ဘာမှမပြောင်းဘူး။

  • chitpyae

    July 9, 2011 at 10:25 am

    ဆူးလေ ဘုရားကို ကပ်ကျော် ဘုရားလို့ ပြောကြတာကြားဖူးတယ် … တကယ်လည်း ဟုတ်တာပဲ ။
    ရန်ကုန်မြို့ရဲ့ အလည်ခေါင် ဖြစ်ပြီး အဲဒီ့ကနေ စပြီး တိုင်းတာတာလို့ ပြောတာလည်း ပြောကြတယ် …. ပြိးတော့ ဆူးလေ ဘိုးဘိုးကြီးက ရန်ကုန်တမြို့လုံးကို ပိုင်တယ်လို လည်း ဆိုကြပါသေးတယ် ….. 🙂
    နယ်က လာတဲ့ အဒေါ်တယောက်ကျပြန်တော့ ရန်ကုန်မှာ လုပ်စရာရှိတာ မလုပ်ခင် ဆူးလေ ဘုရားကို သွားပြီး ဘိုးဘိုးကြီးဆီ အရင် သွားဆုတောင်းတယ် ။

  • photwenty

    July 9, 2011 at 12:50 pm

    ဆူးလေဘိုးဘိုးကြီးဆီမှာ သားဆုပန်လို.ရလားဗျ
    မရရင်ဘယ်မှာပန်ကြလဲသိရင်ပြောပြေပေးကြပါဗျာ…..

    • kai

      July 9, 2011 at 2:32 pm

      ရွှေတိဂုံစေတီမှာ ကလေးချီထားတဲ့ သိကြားမင်းလိုလို အရုပ်မှာ သားဆုပန်နိုင်တယ်ပြောကြတယ်..။
      ဘေးက နောက်တရုပ်က.. ပန်းလားကြာဖူးလားမသိကိုင်ထားတာ… အဲဒီမှာက.. သမီးဆုပန်နိုင်တယ်ပြောတယ်..။

      သေချာတာကတော့.. ယောက်ျားဖြစ်လို့ ကလေးလိုချင်ရင်.. မိန်းမဆီမှာဆုပန်ပါ..။
      မိန်းမဆိုရင်တော့.. ယောက်ျားဆီမှာ ပန်ပေါ့..။ ဆုပန်ပြီး ထိုင်နေရင် ဘာမှရမှာမဟုတ်.. လက်တွေ့ကျကျလည်း ကြိုးစားပါ..။
      ဒါတောင်မရသေးရင်.. ဆရာဝန်ဆီမှာ ဆေးစစ်လိုက်ပါဦး..။ 🙂

    • hmee

      July 9, 2011 at 2:44 pm

      ရွှေတိဂုံမှာ သားဆုပန်တဲ့နေရာက မြောက်ဖက်မုဒ်နားမှာ ဗုဒ္ဓဟူးဂြိုလ်တိုင်နဲ့ အင်္ဂါဂြိုင်တိုင်ကြားမှာရှိတယ်။ နတ်ရုပ်တရုပ်က ကြာပန်းကိုင်ထားပြီး တရုပ်ကတော့ ကလေးလေးပွေ့ထားတယ်။ ဆူးလေမှာတော့ မပြောတတ်ဘူး။ သိတာလေး ဝင်ရွှီးတာ။ 🙂

  • ဦးပေါက်ကသာ ထူးတယ်ပြောတယ်။ ၁၉၈၈ခုနှစ် နောက်ပိုင်း ဘုရားဘက်စုံမွမ်းမံပြီးကထဲက အနေအထားအတိုင်းပဲ၊ ဘာမှမပြောင်းဘူး။
    ထူးတာပေါ့ တူလေးရဲ့ ဦးပေါက်က 1983 နောက်ရန်ကုန်မရောက်တော့ လေးပေါက် က အဲဒါကြီးကို မမြင်ဘူး ဘူးလကွာ

  • Anzartone

    July 9, 2011 at 3:25 pm

    ဆူးလေ ကို space လေး ခြားလိုက်ရင် ပိုကောင်းသွားမယ် ထင်တယ်။

  • ဆူးလေစေတီက..ရန်ကုန်ရဲ့ ဗဟိုအလယ်ခေါင်လို့ သိဖူးတယ်..။
    ဆိုတော့.. ၆မိုင်ခွဲ.. ၈မိုင် စသဖြင့်တွက်ကြတာ ဆူးလှေကနေလို့ဆိုတာပဲ..။ ဟုတ်မဟုတ်တော့မသိ…
    အဲဒါက ဆူးလေးကို မူတည်တာ မဟုတ်ဘူး ကိုကိုကိုင်ရ
    မြို့တော်ခန်းမ ကိုမူတည်ပြီး ယူထားတာပါ။
    ရန်ကုန်နဲ့မန်းလေးအကွာအဝေးသည် ရန်ကုန်မြို့တော်ခန်းမနဲ့ မန်လေးမြို့တော်ခန်းမ ကြားနှစ်ခုအကွာအဝေးလို့ ကြားဘူးပါတယ်။
    ဟုတ်မဟုတ် ပြည်လည်၍စစ်တမ်းထုတ်ကြစေလိုပါသည်။

    • shweaeimsi

      July 10, 2011 at 5:16 am

      သေချာတာကတော့အိမ်ဈေးမြေဈေးတော ့ဆူးလေဘုရားအကွာဝေးနဲ ့တွက်တာ(အရင်က)ကြားဘူးတယ်

  • padonmar

    July 12, 2011 at 12:04 am

    ကျွန်မက သဂျီးဘက်ကလိုက်ပါသည်။ရန်ကုန်ရဲ့ မိုင်တိုင်ကို ဆူးလေမှတိုင်းသည်ဟုသိထားပါသည်။
    မြို့တော်ခန်းမက ဆူးလေဘုရားထက် နောက်ကျပါသည်။
    အထောက်အထားရှာပါအုံးမည်။

    • ကြောင်ကြီး

      July 12, 2011 at 7:18 am

      နှစ်ဖက်စလုံး မှားပါသည်။ အဖြေအမှန်မှာ အင်ဂျင်နီယာ ပေကြိုးစချတဲ့ နေရာဖြစ်၏။ အဲဒီအချိန်က ရန်ကုန်မြို့တည်ဆောက်သူများသည် မျက်နှာဖြူများဖြစ်လို့ ဆူးလေဘုရားအနီးက ဧမာနွေလ အမည်ရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်း ဖြစ်နိုင်ပေသည်။
      မှတ်ချက်။ ပညာရှိနှင့်ပေါင်းလျင် ပညာရမည်၊ သဂျီးနှင့်ပေါင်းလျင် အကုသိုလ်ရမည်၊ သဂျီးကို အတိုက်အခံပြုသူများနှင့်ပေါင်းလျင် တုတ်စာရမည်။ ကြိုက်ရာရွေးလော့ ငါ့ရှင်… 😎

Leave a Reply