သူဌေးဖြစ်ချင်လား…ငါတို့ဘာတွေလုပ်ဖို့လိုမလဲ (၅)

SmiegolJuly 8, 20111min791

အရေးပေးပါ..အရာရောက်ပါလိမ့်မယ်..

 

ငါ့ဝန်ထမ်းတွေက အသုံးမကျဘူးဆိုတဲ့ သူဌေးတော်တော်များများရဲ့အသံတွေ ကြားဖူးမှာပါ

ခန့်တုန်းကတည်းက အသုံးမကျတာတွေရထားတာလား..ကိုယ့်ဆီရောက်မှအသုံးမကျတော့ တာလား။

သိသလောက်ပြောရရင် ကိုယ့်ဆီရောက်မှ အသုံးမကျတော့တာ ၇၀% ပါ

သူဌေးတော်တော်များများမှာ အမှားတစ်ခုရှိပါတယ်..ဘာလဲဆိုတော့ အရာရာကို ဝင်ပါချင်တာပါ။ ကိုယ်ကိုယ်တိုင်လဲ သူဌေးဖြစ်လာရင် အစစအရာရာဝင်ပါမိမှာပဲ.. အဲဒီဟာက ဝန်ထမ်းတွေအတွက် တကယ့်ကို ပြသနာအကြီးကြီးဖြစ်လာမယ်ဆိုတာ အမှုမဲ့အမှတ်မဲ့ဖြစ်ခဲ့ ပါတယ်။

 

သူဌေးတော်တော်များများက Planer ပဲဖြစ်သင်တယ်။ သူတို့က အရေးအကြီးဆုံးနေရာတွေ ကလွဲရင် ဝင်မပါသင့်ဘူး။ အလွယ်ဆုံးပြောရရင် ကိုယ့်ရဲ့ Power ကိုခွဲဝေပေးပါ။ Power ကိုခွဲ ဝေမပေးပဲနဲ့တော့ သင်ဘာမှပြန်ရမှာမဟုတ်ဘူး။ ဌာန Manager တိုင်းမှာ သူတို့လုပ်ပိုင်ခွင့် ရှိပါတယ်။ မဟုတ်ရင် သူတို့ဟာ ကြောက်စရာမကောင်းတဲ့ ဘုရားပေါ်က ဘီလူးရုပ်ဖြစ်သွားမှာ ပေါ့။ အဲဒါဆိုရင် သူဌေးလုပ်တဲ့ကောင်က အကုန်လိုက်လုပ်ပြီး ဟာကွက်တွေအများကြီးနဲ့ အလုပ် ဘယ်တော့မှမဖြစ်တော့ပါဘူး။ ဟုတ်ပြီ Admin က ဘာလုပ်ရမယ်။ HR က ဘာလုပ်ရမယ်။ အစကတည်းက Plan ကောင်းကောင်းဆွဲပါ။ ပြီးရင် ကိုယ်ကိုယ်တိုင်မဖျက်ပါနဲ့။ သူတို့ အလုပ်ကိုတကယ်လုပ်မလုပ်ပဲ ဆန်းစစ်ရင်ရပါပြီ..

 

သူဌေးအားလုံးဟာ ကိုယ့်စီးပွားရေးကို ကိုယ်ဖျက်တာများပါတယ်။ သူ့ကို ဘယ်သူတွေက ကူဖျက်လဲဆိုရင် သူဌေးအမျိုးတွေပါ။ အဲဒီတော့ အမျိုးတွေကို တစ်ခါတည်းပြောထားပါ ငါသူဌေးဖြစ်ရင် ငါ့ဆီမှာ ဘယ်တော့မှ အလုပ်လာမလုပ်နဲ့လို့..

 

လူတိုင်းမှာ ကိုယ်စွမ်းကိုယ်စရှိကြပါတယ်..ဖော်ပြဖို့ အခွင့်ရေးရတာနဲ့ မရတာပဲကွာပါတယ်..

ဝန်ထမ်းတိုင်းကို အခွင့်အရေးပေးပါ။ ဖော်ပြခွင့်ပေးပါ။

ဥပမာ- တစ်နှစ်လုံးအတွက် အကောင်းဆုံးဝန်ထမ်းဆိုတာမျိုးပေါ့

ကိုယ့်အတွက် ဘာမှမဟုတ်ပေမယ့် ဝန်ထမ်းတွေအတွက် Performance အများကြီး တက်လာတာကို တွေ့ရပါတယ်။

တိကျတဲ့ အရေးယူမှုက တိကျတဲ့ ဝန်ထမ်းကောင်းတွေထွက်လာပါတယ်..

ဒါပေမယ့် ကျောသား ရင်သားခွဲလို့တော့မရပါဘူး..

သူဌေးဆိုတာ ဝန်ထမ်းတွေကို ညာခိုင်းတတ်ရပါမယ်..အလုပ်ချိန်အတွင်းမှာပြောတာပါ..

အလုပ်ချိန်ပြင်ပမှာ ညာခိုင်းတာကိုမပြောပါဘူး။ တန်ရာတန်ကြေးပေးပါ။ ကတိတွေချည်းမပေးပါနဲ့။

 

ကြုံဖူးတဲ့ဟာသတစ်ခုပါ..အလုပ်တစ်ခုမှာလုပ်တုန်းကသူဌေးက အမြဲတမ်း ဆင်တွေရော၊ နဂါးတွေရော၊ ဝေလငါးတွေရောဖမ်းပါတယ်။ ဒါပေမယ့် လစာတောင် သိပ်နပ်မမှန်ချင်ဘူး

နောက်ပိုင်းအလုပ်ထွက်လာပြီး ၆လလောက်ကြာတော့ အဲဒီအလုပ်မှာကျန်ခဲ့တဲ့သူငယ်ချင်းနဲ့ ပြန်တွေ့တော့ အခြေအနေတွေပြန်မေးမိပါတယ်..သူက ဘာပြောလဲဆိုတော့ သူဌေးက လစာတော့ တိုးမပေးဘူး..ဂတိတွေတော့ပေးတယ်တဲ့..သူလဲ ဂတိတွေပြန်ပေးပြီး ဒီလစာနဲ့ပဲ အဆင်ပြေအောင်လုပ်နေပါတယ်တဲ့..ကောင်းရော

 

ကိုယ့်ထက်တတ်တဲ့လူတွေကို ခိုင်းဖို့အရည်အချင်းရှိရင် တော်ပြီ..သူဌေးအနေနဲ့ ဘယ်အရာမှ ကိုယ်တိုင်ဝင်မလုပ်ပါနဲ့..အဲဒါ ကိုယ့်အတွက် အနှောက်အယှက်ပါ..

လုံခြုံရေးဝန်ထမ်းကို သူဌေးဆူတာထက်၊ သူ့အုပ်ချုပ်သူဆူတာ ပိုတန်ဖိုးရှိပါတယ်..

သေချာပြန်စဉ်းစားကြည့်ပါ..

သူဌေးဆူရင် ကြောက်တယ်..ဒါပေမယ့်သူဌေးဆူလို့ အလုပ်မပြုတ်ပါဘူး..သူဌေးက ခဏ လောက်တွေ့တာပါ..အုပ်ချုပ်သူက နေ့တိုင်းတွေ့မှာပါ။ အုပ်ချုပ်သူမကြိုက်ရင် ပြုတ်ဖို့ ပိုနီးစပ် ပါတယ်။

လူတိုင်းမှာ တာဝန်ကိုယ်စီနဲ့ တာဝန်ခံမှုကိုယ်စီပေးပါ ကိုယ်တစ်ယောက်ထည်းတာဝန်မခံပါနဲ့။

တာဝန်ခံခိုင်းမှာ တာဝန်ယူတတ်ပြီး တာဝန်ကျေကြမှာပါ။ အဲဒါဆို သင့်အတွက် ဝန်ထမ်းကောင်းတွေအများကြီးရလာပါလိမ့်မယ်။

 

သူဌေးအလုပ်က လိုတဲ့ငွေထုတ်ပေးဖို့နဲ့ Plan ဆွဲပေးဖို့ပါ..ကျန်တာဘာမှမလုပ်ပါနဲ့

ဆွဲထားတဲ့ Plan အတိုင်းဖြစ်အောင် လိုက်ထိန်းပေးရင်း ရုံးမှာရှိတဲ့ ပညာရှင်တွေကို ခိုင်းစားရအောင်..

ဝန်ထမ်းတွေကို နေရာအလိုက် အရေးပေးပါ..သင့်အတွက် အရာရောက်ပါလိမ့်မယ်

(ဆက်ရန်..)

One comment

  • ဆူး

    July 8, 2011 at 10:42 pm

    လုံခြုံရေးဝန်ထမ်းကို သူဌေးဆူတာထက်၊ သူ့အုပ်ချုပ်သူဆူတာ ပိုတန်ဖိုးရှိပါတယ်..

    သေချာပြန်စဉ်းစားကြည့်ပါ..

    သူဌေးဆူရင် ကြောက်တယ်..ဒါပေမယ့်သူဌေးဆူလို့ အလုပ်မပြုတ်ပါဘူး..သူဌေးက ခဏ လောက်တွေ့တာပါ..အုပ်ချုပ်သူက နေ့တိုင်းတွေ့မှာပါ။ အုပ်ချုပ်သူမကြိုက်ရင် ပြုတ်ဖို့ ပိုနီးစပ် ပါတယ်။

    အဲဒါကို နည်းနည်း ဆွေးနွေးချင်တယ်…

    သူဌေး ကို ငပေါကြီးလို ပြောချင်သလို ဖြစ်နေတယ်။
    သူဌေးဆိုတာ သဘောမကျတာကို အခန်းထဲမှာ အုပ်ချုပ်ရေးမှုးခေါ်ပြီး မိန့်မိန့်ကြီး ထိုင်ပြီး နည်းနည်း ပြောလိုက်တာနဲ့ အုပ်ချုပ်ရေးမှုးက သူ့တာဝန်အတိုင်း ဆက်လက် ရှင်းသွားမှာပါ.. သူဌေး တယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ ယှဉ်ပြီး လုံခြုံရေး ဝန်ထမ်းကို ဆဲဆိုကြိမ်းမောင်းစရာ မလိုပါဘူးလို့ ပြောရင် ပိုကောင်းမယ် ထင်တယ်။
    ————————————————————-
    ရာထူး အဆင့်ဆင့် ထားတဲ့ အတွက် အဆင့်ဆင့် ကွပ်ကဲတဲ့ အခါ အောက်ဆုံး အဆင့် ဝန်ထမ်းများသည် သူဌေးကို မမြင်ဖူးပဲ ဖိန့်ဖိန့်တုန်အောင် ကြောက်တတ်ပါသည်။ အဆင့်ဆင့် အုပ်ချုပ်မှု အပိုင်းမှာလည်း ငါလုပ်တာ မဟုတ်ဘူး အထက် အမိန့်လိုသာ တပ်လိုက်ရင် အရာရာ အဆင်ပြေသွားနိုင်ပါတယ်။ မြွေကို နိုင်တာ မြွေ အလံပါယ် ဆရာရှိသလိုပါပဲ.. သူ့အရပ်နဲ့ သူ့ဇတ် အဆင်ပြေအောင် က နိုင်ကြပါတယ်။

    သူဌေး နဲ့ လက်ရည်တပြေတည်း ဖြစ်နေတဲ့ ဝန်ထမ်း တွေ အလုပ်သမားတွေ ကို မြင်ဖူးတယ်။ သူဌေးက လည်း အရမ်း သဘောကောင်း အားလုံးက သူတို့ သူဌေး ကို မထိနဲ့ မီးပွင့်မယ် ဆိုတာကြီးပဲ.. အားကြီး ချစ်ကြတယ်။ နေရာတကာ ပါတာ မပါတာဆိုတာ အလုပ်အားနေလား မအားနေလားနဲ့ ဆိုင်မယ် ထင်တယ်။ အလုပ်သိပ်ရှုပ်တဲ့ လူ တယောက် အတွက် နေရာတိုင်းကို ထောင့်ပေါင်းစုံက ဖြစ်နေတာ မသိနိုင်ဘူး ကြည့်လည်း မကြည့်နိုင်တော့ဘူး အဆင့်ဆင့် လွဲထားရမှာပါ.. အလုပ်သိပ်မရှိသေးတဲ့ လုပ်ငန်း အသစ်စတင်တဲ့ သူဌေး အဖို့ကတော့.. ဝန်ထမ်းတွေနဲ့ လုပ်အားတူတူ မျှပြီး.. မှားတယ် မှန်တယ် ပြောဆိုနေကြမှာပဲလို့ ထင်ပါတယ်။

    ပွဲမဝင်ခင် အပြင်က ကျင်းပ ဆိုတဲ့ စကားအတိုင်း ရေကူးနည်းကို ကုန်းပေါ်မှာသင်သွားလို့ ရေထဲ ရောက်ရင် သင်ထားတာတွေ မေ့သွားတတ်ပါတယ်။ ရေထဲမှာ သင်ရင်းနဲ့မှ တတ်သွားပြီး ကူးတတ်မယ်လို့ ထင်ပါတယ်။

Leave a Reply