(Nature) နာဂစ်မှာ ဓါတ်တိုင်တွေ ဘာကြောင့် လဲ 17July2011

natureJuly 8, 20111min65

မြန်မာနိုင်ငံမှာ နာဂစ် မုန်တိုင်း တိုက်ခဲ့တာကို မြန်မာပြည်သားတွေ မေ့နိုင်ကြမယ်မထင်ပါဘူး။ ကျနော်တို့ မိဘတွေတောင် ဒီလောက် ကြီးမား  ပြင်းထန်တဲ့ မုန်တိုင်းကြီးကို တသက်နဲ့ တကိုယ် မကြုံခဲ့ဘူးပါ။ ထူးတာလေး တခုကတော့ လဲတဲ့သစ်ပင်တွေ အများစု ဟာ အိမ်ဘက်ကို မလဲလို့ သက်သာပါတယ်။ သစ်ပင်နဲ့ အတူ ဓါက်တိုင် တော်တော်များများ လဲခဲ့ပါတယ်။ ရန်ကုန် တမြို့လုံးအနှံ့ ဓါက်အားတွေ ပြတ်တောက် ခဲ့ရပါတယ်။ အဲဒီမှာ ထူးထူးခြားခြား မလဲတဲ့ ဓါက်တိုင်  ကိုတွေ့ရှိလိုက်ရပါတယ်။

တချို့ ဓါက်တိုင်တွေ ဘာကြောင့် လဲရလည်း ၊ တချို့ ဓါက်တိုင်တွေက ဘာကြောင့် မလဲရသလည်း လေ့လာကြည့်သောအခါ –

လဲသော ဓါက်တိုင်များသည် ယခုနောက်ပိုင်း တွင် လုပ်သော hollow  type(ခေါင်းပွဓါက်တိုင်များ) ဖြစ်နေသည်ကို တွေ့ရှိရပါသည်။

မလဲသော ဓါက်တိုင်များသည် ယခင်ကထုတ်လုပ်ခဲ့သော  solid type (အသားပြည့်ဓါက်တိုင်များ) ဖြစ်နေသည်ကို ထူးခြားစွာတွေ့ရှိရပါသည်။

နာဂစ်မုန်တိုင်းသာ မတိုက်ခတ်ပါလျှင် အသားပြည်ဓါက်တိုင်နှင့် ခေါင်းပွဓါက်တိုင်များသည် မည်သို့မျှ ကွာခြားမှု မရှိသော်လည်း နာဂစ်မုန်တိုင်း တိုက်ခတ်သောအခါ ပျက်စီးဆုံးရှုံးမှုမှာ နှိုင်းယှဉ်၍ မရအောင်ပင်ကွာခြားလှပါသည်။

အသားပြည့် ဓါက်တိုင်များသည်ပင် မလဲသော်လည်း အတော်များများ အက်ကုန်သည်ကို တွေ့ရပါသည်။ ထို့ကြောင့် နောက်ပိုင်း စံချိန်မှီသော အသားပြည့် ဓါက်တိုင်များကိုသာ ထုတ်လုပ်ရန်နှင့် အက်နေသော အသားပြည့်ဓါက်တိုင်များကိုလည်း တဖြေးဖြေး လဲလှယ်စေလိုပါသည်။

ဗုဒ၏ တရားတော်အရ ဆုတ်ကပ်ကြီးတွင် ရောဂါများ  မုန်တိုင်များ ငလျှင်များသည် တခေတ်ထက် တခေတ် ပိုဆိုးပြီး ပိုပြင်းထန်လာ နိုင်ပါသည်။ ထို့ကြောင့် အဆောက်အဦးများ ဆောက်လုပ်ရာတွင် လည်း ငလျှင်ဒဏ် ခံနိုင်ရန် ခိုင်ခိုင်ခံ့ခံ့ ဆောက်လုပ်စေလိုပါသည်။